Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းမြို့နယ်ရှိ ဈေးများတွင်ရောင်းချနေသော ငါး ဈေးနှုန်းများ

နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၂၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၁၈၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၁၆၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၈၀၀၀)ကျပ်၊ ငါးမွှေထိုး တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ငါးကြင်းခြစ် တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ်တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၁၈၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများကပြောင်းလဲမှုမရှိဘဲ ငါးခူ့နှင့် ငါးကျည်း ဈေးနှုန်းများကတော့ အနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

ယခုအချိန် ရာသီပေါ်ငါးများဖြစ်ကြသော ငါးသလောက် တစ်ပိဿာ (၃၀၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာ ဈေးနှုန်းမှာ (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးနှုန်းများ

   နတ်တလင်းခရိုင် နတ်တလင်းမြို့ ညဈေးနှင့် မြို့မဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးနှုန်းများမှာ  ဒီဇင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ အကြီး တစ်ပိဿာ (၅၅၀၀)ကျပ် ၊ ကြက်သွန်နီ အသေး တစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၅၀၀)ကျပ်၊ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၂၄၀၀)ကျပ်အထိရှိပြီး ယခု ဒီဇင်ဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီးတစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သွန်နီ အသေးတစ်ပိဿာ (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၂၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိရာ ဒီဇင်ဘာလ  ပထမပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများ အနည်းငယ်ကျဆင်း လျက်ရှိကြောင်းသိရှိရပါသည်။

          ကြက်သွန်နီ/ကြက်သွန်ဖြူ သီးနှံသည်    စားသုံးသူများအတွက် စားဖိုဆောင်တွင် မရှိမဖြစ် လိုအပ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် ပုံမုန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော ကြက်ဥ၊ဘဲဥ ၊ငုံးဥ ဈေးနှုန်းများ

   နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် ရောင်းချလျှက်ရှိသော ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ  ဒီဇင်ဘာလ ဒုတိယပတ်တွင် ကြက်ဥအလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥ အလုံးလတ် တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံး (၄၀၀)ကျပ်အထိရှိပြီး၊ ဘဲဥအလုံးကြီး တစ်လုံးလျှင် (၆၀၀)ကျပ်၊ ဘဲဥ အလုံးလတ် တစ်လုံး(၅၅၀)ကျပ်၊ ဘဲဥအလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ် ၊ ငုံးဥ တစ်လုံးလျှင် (၁၀၀)ကျပ်အထိရှိပြီး ဒီဇင်ဘာလ တတိယပတ်တွင် ကြက်ဥအလုံးကြီး တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥအလုံးလတ် တစ်လုံးလျှင် (၄၀၀)ကျပ်၊ကြက်ဥ အလုံးသေး တစ်လုံးလျှင် (၃၈၀)ကျပ်၊ဘဲဥ အလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ဘဲဥ အလုံးလတ် တစ်လုံးလျှင် (၄၅၀)ကျပ်၊ဘဲဥ အလုံးသေး တစ်လုံး(၄၀၀)ကျပ် ၊ငုံးဥ တစ်လုံး (၁၀၀)ကျပ် (၁၀)လုံး (၉၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းများကျဆင်းသွား ကြောင်းသိရပါသည်။

              ကြက်ဥသည် အလွယ်တကူ ချက်ပြုတ်.စားသုံးနိုင်ပြီး အစားအသောက်အတော် များများတွင်ပါဝင်ပါသည်။ အချိန်ကုန်သက်သာခြင်း၊ မုန့်များပြုလုပ်ရာတွင် အသုံးများခြင်း တို့ကြောင့် အရောင်းဝယ်သွက်လျက် ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဆောင်း ကြက်သွန်နီ စိုက်ပျိုးမှုများပြား

ကြက်သွန်နီ (ဆောင်း)သီးနှံကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အတွင်းရှိ  ဝဲကြီးကျေးရွာ၊ ကျောင်းကြီးကျေးရွာ၊ ပေါက်တန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုး ကြပြီး အခြားကျေးရွာအချို့တွင်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။

          ကြက်သွန်နီ (ဆောင်း)ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင်စိုက်ပျိုးကြပြီး ယခင်နှစ်က ကြက်သွန်နီပျိုးပင်ရေ (၁၀၀၀) လျှင် (၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်)နှုန်း ရှိပြီး ယခု ၂၀၂၄ခုနှစ် ဒီဇင်ဘာ လတတိယပတ်တွင် ကြက်သွန်နီ ပျိုးပင်ရေ (၁၀၀၀) လျှင် (၆၅၀၀ကျပ်မှ ၇၀၀၀ ကျပ်)နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပြီး ကြက်သွန်နီ စိုက်ပျိုးတောင်သူများမှ မိမိတို့ ကိုယ်တိုင်စိုက်ပျိုးရန်နှင့် ရောင်းချ ရန်အတွက် ကြက်သွန်နီ မျိုးစေ့(ဒေသမျိုး) နို့ဆီဗူး တစ်ဗူးလျှင် (၂၅၀၀၀)ကျပ်နှုန်းဖြင့် အောက်တို ဘာလနှင့် နိုဝင်ဘာလများတွင် ဝယ်ယူပျိုးထောင်ကြကြောင်း ကြက်သွန်နီစိုက် တောင်သူ များထံမှသိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် ဆောင်းရာသီ ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှု

  နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ၂၀၂၄ခုနှစ်  ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း  မတ်ပဲနှင့် ပဲမျိုးစုံ စုစုပေါင်း စိုက်ဧက ၆၁၇၆၀ ကိုစိုက်ပျိုးပြီးစီး ကြောင်းသိရပါသည်။ ၂၃.၁၂.၂၀၂၄ ရက်နေ့အထိ မြို့နယ်အတွင်း တောင်သူများ၏ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှုများမှ ပဲတီစိမ်း ၉၇၃၁ ဧက၊ မတ်ပဲ ၄၂၀၇၈ ဧက၊ ကုလားပဲ ၃၇၆၅ ဧက၊ ဘိုကိတ်ပဲ ၁၅၄၇  ဧက၊ ပဲနောက် ၁၇၅၄ ဧကနှင့် ပဲကြီး၂၈၈၆ ဧက တို့ကို စိုက်ပျိုးပြီးစီးကြောင်းသိရပါသည်။

ယခုနှစ်တွင် မြို့နယ်အတွင်း သီးထပ်စွမ်းအားနှင့် စိုက်စွမ်းအား တိုးမြှင့်လျှက် တောင်သူများ  ၏ အကျိူးစီးပွားနှင့် အတူ နိုင်ငံစီးပွားကို ထပ်တူမြှင့်တင်နိုင်ရေးတို့အတွက် သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းများရရှိအောင် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ကြရန် မြို့နယ်စိုက်ပျိုးမှု့ ကြီးကြပ်ရေးအဖွဲ့ မှ လမ်းညွှန်မှာကြားခဲ့ပါသည်။ တောင်သူများ ပဲအထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီး  ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ခရမ်းသီးဈေးနှုန်း၊ ဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာ နှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထားပြီး စိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေး အပါအဝင်စုစုပေါင်း ၈၂၀၀၀၀ကျပ် ကုန်ကျပါကြောင်း  တစ်ဧကအထွက်နှုန်းမှာ အလုံးရေ ၁၃၀၀၀ ခန့်ထွက်ရှိကြောင်း တစ်လုံးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ် နှုန်းဖြင့် ဒေသတွင်းသာမက ကုန်စိမ်းဒိုင်များမှ တဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူ တစ်ဦးထံမှသိရပါ သည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်း ကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ် ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

          ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို(၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧက ပျိုးပင်(၃၅၀၀) ခန့်စိုက် ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာနောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့် အကြာတွင် စတင်ခုတ်ယူ ရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧက စိုက်ပျိုးရာတွင် ကုန်ကျ စရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊  ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာ ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀)  ကျပ် ကုန်ကျပါကြောင်း အထွက် နှုန်းမှာ  အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလ တတိပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစား ကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များ မှတဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချ လျက်ရှိပါကြောင်း  ပန်းဂေါ်ဖီစိုက် တောင်သူတစ်ဦး ထံမှသိ ရပါသည်။                    

DOCA(ပဲခူး)                 

ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေတဲ့ ပဲစဉ်းငုံ

မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြသည့် ပဲစဉ်းငုံမျိုးများမှာ သက်ကြီးမျိုးဖြစ်ပြီး ပဲစဉ်းငုံ ကို သီးညှပ်သီးနှံအဖြစ်လည်း စိုက်ပျိုးကြပါသည်။ အပင်သက်တမ်းတလျှောက် နှင်းခါးရိုက်မှုဒဏ်ခံ နိုင်ရည်မရှိပါ။ ပဲစဉ်းငုံ၏ အမြစ်သည် ရှည်လျား၍ ရေငတ်ဒဏ်ခံနိုင်ရှိပါသည်။ ပဲစဉ်းငုံသည် ရေဝပ် ခြင်း ဒဏ်ခံနိုင်ရည်မရှိပါ။ ပဲစဉ်းငုံသည် နေ့တာအတိုအရှည်ပင်ဖြစ်၍ စိုက်ချိန်သည် အပင်ကြီးထွား မှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပဲစဉ်းငုံကို တချို့အရပ်ဒေသတွေမှာ “စစ်ပိုင်ပဲ” လို့ ခေါ်ကြပါတယ်။ ပဲစဉ်းငုံအသီးက ခပ်ပြားပြားပုံသဏ္ဌာန် ဖြစ်ပါတယ်။ သူရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေဒေသပေါ် မူတည်ပြီး အစေ့၏ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင်တို့ကွဲပြားခြားနားကြပါ သည်။ တချို့ဒေသထွက် ပဲစဉ်းငုံအစေ့မှာ လုံးဝန်း၍ တချို့က ဘဲဥပုံ ဖြစ်ပါတယ်။  တချို့မှာ အဖြူ၊ အညို၊ အနီ၊ မီးခိုရောင် (သို့) ခရမ်းရောင်သန်းပါတယ်။ ပဲစဉ်းငုံအတွက် မြေဆီလွှာရွေးချယ်ခြင်း ပဲစင်းငုံအတွက် မြေအမျိုးစားမရွေး သဲသမမြေမှ ရွှံ့သဲသမမြေအထိ စိုက်ပျိုးနိုင်ပါတယ်။ မြေနီ ကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေနက်တို့တွင် ဖြစ်ထွန်းပါတယ်။ နုန်းမြေစေး၊ မြေဩဇာထက် သန်၍ မြေသားနက်သည့် သမမြေတွင် ပိုမိုဖြစ်ထွန်းပါတယ်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ သို့သော် ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အပူချိန်မြင့်ခြင်း အခြေအနေမျိုးမှ လွတ်အောင်စိုက်ပျိုးရန် လိုအပ်ပါသည်။ ပန်းပွင့်ရန် နေ့တာတိုကာလ လိုအပ်ပါသည်။ ပန်းစောပွင့်လျှင် အဆံမတည်တက်ပါ။ ဒေသမျိုးများကို မိုးဦးကာလတွင် စိုက်ပျိုးသင့်ပါသည်။  ပဲစဉ်းငုံမျိုးတွင် ပင်ပြန့်၊ ပင်ထောင်ဟူ၍ အခြေခံမျိုးကြီးနှစ်မျိုးရှိသည်။ အသက်ရက်ကိုလိုက်၍ သက်ကြီးမျိုး၊ သက်လတ်မျိုး၊ သက်လျှင်မျိုး ဟူ၍လည်း ခွဲခြားခေါ်ကြသည်။ ပဲစင်းငုံသီးနှံအား သီးသန့်(သို့)သီးညှပ် စိုက်ပျိုးလေ့ရှိပါသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တန်းအလိုက် သတ်မှတ်ထားသော အပင်အရေအတွက် ဝင်အောင် စိုက်ပျိုးရမည်။ သီးညှပ်အဖြစ် ပဲစင်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း ၊နှမ်း ၊မြေပဲ၊ ဝါ၊ နေကြာနှင့် နှံစားပြောင်း(၃)တန်းမှ(၅)တန်းထိ ညှပ်၍စိုက်ပျိုးကြသည်။ သက်ကြီးမျိုးကို တန်းကြား (၄.၅)ပေ၊ ပင်ကြား(၁)ပေ၊ သက်လတ်မျိုးကိုတန်းကြား(၃)ပေ၊ ပင်ကြား(၁)ပေ၊ သက်လျှင်မျိုးကို တန်းကြား(၂)ပေပင်ကြား(၆)လက်မ စိုက်ပျိုးရသည်။ ပဲစဉ်းငုံကို သီးညှပ်စိုက်ပျိုးရာတွင် ပင်ကြား တန်းကြားကို (၁.၅-၃)ပေ (၇-၁၀.၅) ပေထိထား၍ စိုက်ပျိုးလေ့ရှိပါသည်။ ပဲစဉ်းငုံကို ဟင်းချိုအဖြစ် လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းသီးဟင်းရွက်စုံနှင့် အချဉ်ချက်၍ လည်းကောင်း အမျိုးမျိုးအဖုံဖုံ စားသုံးနိုင်ပါသည်။ ပဲစဉ်းငုံကို ပြည်တွင်း၌ ပဲဟင်း၊ ပဲကြော်၊ ပဲပြုတ်၊ ပဲသီးစိမ်း ပြုတ်၍စားသုံးကြသော်လည်း အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ ပဲစဉ်းငုံများကို အစည်းကလေးများစည်း၍ ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ပဲစဉ်းငုံကို ပြည်မြို့အနီးအနားရှိ ကျေးရွာများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများမှ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချလျက်ရှိပြီး ပဲစဉ်းငုံ ခန့်မှန်းခြေတစ်ဆယ်ကျပ်သားခန့်ရှိ အစည်းကြီးတစ်စည်းကြီးလျှင် ကျပ် ၁ဝဝဝ၊ ငါးကျပ် ခန့်သားလောက်ရှိ အလတ်တစ်စည်းလျှင် ကျပ် ၅၀၀၊ ၃ကျပ်သားလောက်ခန့်ရှိသော အသေးတစ်စီး လျှင် ၃ဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ပဲစဉ်းငုံကို ဈေးကောင်းပေး၍ စားသုံးသူများမှ ဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရပြီး အရောင်း အဝယ်ဖြစ်ကြောင်းလည်း သိရပါသည်။

ပဲစင်းငုံသည်ပြည်တွင်း၌အသင့်အတင့်သာစားသုံးပြီးပြည်ပ(အဓိကအားဖြင့်အိန္ဒိယ)သို့တင်ပိုရောင်းချလျှက်ရှိပြီးနိုင်ငံခြားငွေအများဆုံးရှာဖွေပေးသောပဲသီးနှံတစ်ခုဖြစ်ပါသည်။ပဲစင်းငုံအထွက်တိုးအောင်စိုက်ပျိုးလာနိုင်နှင့်အမျှတောင်သူများဝင်ငွေတိုးတက်၍လူနေမှုအဆင့်မြင့်မားလာနိုင်မည်ကြောင်း ဖော်ပြလိုက်ပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်ဆီထွက်သီးနှံများ၏ဒီဇင်ဘာလကုန်ပတ် ကာလတူနှိုင်းယှဉ်ခြင်း

 

ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲများကို စိုက်ပျိုးထားရှိပါသည်။ အထွက်နှုန်းအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းမမှီတောင် မလျော့သော အထွက်နှုန်းများ ထွက်ရှိ ပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း နှစ်အလိုက်မြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်များက သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များမှာ အနည်းငယ်သာရှိခဲ့သော်လည်း နှစ်အလိုက်ဈေးနှုန်း များမြင့် တက်လာခဲ့ပါသည်။ လွန်ခဲ့သော(၃)နှစ်အတွင်းရှိ ပြည်မြို့နှင့်ဈေးကွက်များနှင့် ပွဲရုံများ တွင်ဖြစ် ပေါ်ခဲ့သော ဆီထွက်သီးနှံများ၏ ကာလတူဈေးနှုန်းနှိုင်ယှဉ်ချက်များအား အောက်ပါ အတိုင်း တင်ပြအပ်ပါသည်။

စဉ်      အမျိုးအမည်             ရေတွက်ပုံ      ၂၀၂၁            ၂၀၂၂            ၂၀၂၃            ၂၀၂၄

၁        နှမ်းနီ                      တင်း             ၃၆၀၀၀         ၈၆၀၀၀         ၁၀၁၀၀၀       ၁၂၀၀၀၀

၂        နှမ်းနက်                  တင်း             ၅၆၀၀၀         ၉၃၀၀၀         ၉၅၀၀၀         ၁၆၇၀၀၀

၃        စမုံနက်နှမ်း              တင်း             ၆၀၀၀၀         ၁၀၆၀၀၀       ၁၀၆၀၀၀       ၂၀၀၀၀၀

၄        မြေပဲလုံးဆန်(ဖြူ)      တင်း             ၂၅၀၀            ၃၀၀၀           ၅၅၀၀           ၈၄၅၀

၅        မြေပဲလုံးဆန်(နီ)        တင်း             ၂၂၀၀            ၂၉၀၀            ၅၃၀၀           ၈၄၀၀

၆        မြေပဲဆီဆန်(ဖြူ)       တင်း             ၂၃၀၀            ၂၈၀၀            ၆၇၀၀           ၈၀၀၀

၇       မြေပဲဆီဆန်(နီ)         တင်း             ၂၀၀၀            ၂၆၀၀            ၆၅၀၀           ၇၈၀၀

          ထို့ကြောင့် နှမ်းနီမှာ ၂၀၂၁ခုနှစ်မှ ယခု ၂၀၂၄ခုနှစ်အထိ ဈေးနှုန်းကွာခြားချက်မှာ တစ်တင်းလျှင် ၈၄၀၀၀ကျပ် ခန့်ကွာခြားပြီး ဈေးနှုန်းမှာမြင့်တက်လာခဲ့ပါသည်။ နှမ်းနက်မှာလည်း ထို့အတူ ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၄ခုနှစ်အထိ ဈေးနှုန်းကွာခြားချက်အနေဖြင့် တစ်တင်းလျှင် ၁၁၄၀၀၀ကျပ် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ယခုလိုနှစ်အလိုက်ဈေးနှုန်းများ မြင့်တက်လာ ရခြင်းမှာ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးစရိတ်များမြင့်တက်လာခြင်း၊ သွင်းအားစုဈေးများ မြင့်တက် လာခြင်းတို့ကြောင့်ဖြစ်ပါသည်။

          ထို့အပြင်အခြားဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆီကြိတ်မြေပဲဆန်(အဖြူ)ဈေးမှာ ၂၀၂၁ခုနှစ် မှ ယခုနှစ်ဖြစ်သော ၂၀၂၄ခုနှစ်အထိ ဈေးနှုန်းကွာခြားချက်မှာ တစ်ပိဿာလျှင် ၆၂၀၀ကျပ် မြင်တက်လာသလို ဆီကြိတ်မြေပဲဆန်(အနီ)ဈေးမှာလည်း တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ လုံးဆန်(အဖြူ)ဈေးမှာလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ ဈေးနှုန်းကွာခြားချက်မှာ တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ လုံးဆန်(အနီ)ဈေးမှာ တစ်ပိဿာလျှင် ၆၄၀၀ကျပ်ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲမှာ ရာသီအလိုက် ထွက်ပေါ် လာသော သီးနှံဖြစ်၍ မိမိတို့ခရိုင်အတွင်းသို့ အခြားတိုင်းများဖြစ်သော မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့မှ ဝင်ရောက်မှုရှိသလို မိမိတို့ခရိုင်အတွင်းရှိ ပေါက်ခေါင်း၊ ရွှေတောင်နှင့် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးပြီး ပြည်ဈေးကွက်သို့လာရောက်ရောင်းချကြပါသည်။ နှမ်းသီးနှံပေါ်စ အချိန်တွင် တစ်နေ့လျှင် အိတ် (၁၀၀၀)ကျော်ဝင်ရောက်မှုရှိသလို မြေပဲသီးနှံမှာလည်း ပေါ်ခါစတွင် အိတ်(၁၅၀၀)ခန့် ဝင်ရောက်မှုရှိသဖြင့် ပြည်ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ပြည်ဈေးကွက်တွင် ယခုအပတ်ဒီဇင်ဘာနောက်ဆုံးပတ်တွင် နှမ်းဈေးများအနေဖြင့် နှမ်းနီ တစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၆၇၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ဆီကြိတ် မြေပဲဆန်(အဖြူ) တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ဆီကြိတ်မြေပဲဆန်(အနီ) တစ်ပိဿာလျှင် ၇၈၀၀ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၈၄၅၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၈၄၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုန်စည်စီးဆင်းမှု အနေဖြင့် မြေပဲဆန်ကို ပြည်မြို့အနီးတဝိုက်ကျေးရွာများနှင့် ပန်းတောင်းဘက်မှ ဝင်ရောက်မှုရှိပြီး တစ်နေ့လျှင် အိတ် ၃၀၀/၄၀၀ခန့် အဝင်ရှိပြီး ရန်ကုန်ဝယ်လက်နှင့်ဆီစက်လုပ်ငန်းရှင်များက အဝယ်ရှိပါသည်။ နှမ်းနီမှာ ပစ္စည်းလက်ကျန်နည်း၍ အရောင်းအဝယ်မဖြစ်ဘဲ ကျန်နှမ်းနက်နှင့် စမုံနက်နှမ်းသာ တစ်ခါတစ်ရံအရောင်းအဝယ်ဖြစ်၍ အရောင်းအဝယ်ဖြစ်လျှင် အိတ် ၁၀၀/၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဒေသထွက်ကုန်ပစ္စည်းအဖြစ်ရောင်းချလာရသောပြည်ထမင်းသုပ်

ထမင်းသုတ်ဟုဆိုလိုက်လျှင် ပြည်ထမင်းသုပ်ကိုနေရာဒေသအနှံ့အပြားရှိဆိုင်များတွင် Special Menu တစ်ခုအဖြစ် ရောင်းချရသောစားသောက်ဖွယ်ရာတစ်ဖြစ်ပြီး နာမည်ရလူကြိုက်များ လျှက်ရှိပါသည်။ ပြည်မြို့တွင် ရောင်းချလျှက်ရှိသော ထမင်းသုပ်များသည့် သူ့မူနှင့် သူ့ကိုယ်ပိုင် နာမည်များဖြင့် ရောင်းချကြပါသည်။ ပြည်မြို့တွင် ရောင်းချလျှက်ရှိသော ထမင်းသုပ်ဆိုင် နာမည် များမှာ မစန်းလေး၊ ဒေါ်တင်အေး၊ ဒေါ်ဥ၊ မြင့်မြင့်အေးနှင့် ပွင့်လှသိမ်ကုန်းဟူ၍ ရှိကြပါသည်။ မစန်းလေး၊ ဒေါ်တင်အေး၊ ဒေါ်ဥ၊ မြင့်မြင့်အေးဆိုင်များမှ ထမင်းသုပ်များ၏ ပါဝင်ပစ္စည်းများကတော့ ဆီချက်၊ ပဲမှုန့်၊ ကြက်သွန်ဖြူကြော်၊ ကြာဇံ၊ အာလူးတို့ဖြင့်သာ သုပ်ကြပြီး၊ ဟင်းအသားကြော် တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးကြပါသည်။ ပွင့်လှထမင်းသုတ်ကတော့ တို့ဖူး၊ စိန်ပန်း(တို့ဖူးကို အတုံးလေးများလှီး၍ကြော်ထားသော) သင်္ဘောသီး၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူး၊ မျှစ်၊ တရုတ်စကားဖူး စသည်တို့ဖြင့် သုပ်လုပ်ရောင်းချကြပါသည်။ ယခင် ပြည်ထမင်းသုတ်ကို ပြည်မြို့အတွင်းတွင်သာ ဝယ်ယူစားသောက်၍ရသော်လည်း ယခုမူ Ready Made အထုတ်များကို စနစ်တကျသေသပ် လှပသော ကော်ဘူးများဖြင့်ထုတ်လုပ်ထားသောကြောင့် ရပ်ဝေး၊ ရပ်နီးမှ လာရောက်ကြသော ခရီး သွားဧည့်သည်များအတွက် သယ်ဆောင်ရလွယ်ကူပြီး ကျန်းမာရေးနှင့်အညီ ပဲဆီစစ်စစ်ကိုသာ အသုံးပြုကာ အချိုအရသာအတွက် ပုစွန်ခြောက်မှုန့်ကို အသုံးပြုထားပါသည်။  Ready Made ထမင်းသုတ်ဘူးဈေးနှုန်းများကတော့ မစန်းလေးသုတ် (၃)ပွဲစာ ပါတစ်ဘူးလျှင် ၄၅၀၀ကျပ်၊ ဒေါ်ဥ၊ မြင့်မြင့်အေး ထမင်းသုတ် (၅)ပွဲစာပါ ကော်ဘူးတစ်ဘူးလျှင် ၅၀၀၀ကျပ်၊ ဒေါ်တင်အေး ထမင်းသုတ် (၅)ပွဲစာ ပါတစ်ဘူးလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် ရောင်းချကြပါသည်။ ပြည်မြို့မှ ရောင်းချသော ထမင်းသုပ်အချို့ကို Super Market များတွင် အလွယ်တကူ ဝယ်ယူ၍ရသဖြင့် ပြည်ပနိုင်ငံများ သို့တင်ပို့ရာတွင်လည်း အဆင်ပြေသောကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသား များအတွက်လည်း အဆင်သင့် စားသုံးနိုင်မည်ဖြစ်ပါသည်။ ယခုအခါ ပြည်ထမင်းသုတ် Ready Madeဘူးအချို့ကို ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသော အရောင်း ပြခန်းများတည်ရှိရာ ပြည်မြို့ ၊ တောင်ငူမြို့နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အလွယ်တစ်ကူ ဝယ်ယူရရှိနေပြီဖြစ်ပါသည်။ ထို့အပြင် ရံဖန်ရံခါ တိုင်း၊ ပြည်နယ်များတွင် ကျင်းပပြုလုပ်သော ဒေသထွက်ကုန်ရောင်းချသော ကုန်စည်ပြပွဲများတွင်လည်း လုပ်ငန်းရှင်များကိုယ်တိုင် သွားရောက် ရောင်းချလျက်ရှိသောကြောင့် ပြည်မြို့မှ အထင်ကရဖြစ်သော ပြည်ထမင်းသုတ် Ready Made ဘူးများကို နေရာဒေသအနှံ့ ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါသည်။

ထို့ကြောင့် ပြည်ထမင်းသုပ်အနေဖြင့် Ready Made အထုပ်များအားထုပ်ပိုးမှုပုံစံများကို ဒီထက်မက အဆင့်မြှင့်တင်ပြီး ပြုလုပ်လာနိုင်မည်ဆိုပါ MSME လုပ်ငန်းအတွက် ဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း