Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ဈေးကွက်အခြေအနေ

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ဒီဇင်ဘာလဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ်(၂၁၀၀၀)ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်း ဈေးနှုန်းသည် ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင်(၁၀၀၀)ကျပ်မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)  

ကန့်ဘလူမြို့နယ်တွင် နှမ်းနက်ဈေးနှုန်းနှင့် နှမ်းဖြူဈေးနှုန်းများ မြင့်တက်လျက်ရှိ

   မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

   ယခုအခါ နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းမှာ ဒီဇင်ဘာလဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၁၅၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)တစ်တင်းလျှင်(၅၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၅၀၀၀)ကျပ် မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)  

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

   ဒီဇင်ဘာလဒုတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kgတစ် အိတ်လျှင် (၁၁၃၀၀၀)ကျပ်၊ အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပန်းဖူး(50)kg တစ်အိတ်လျှင် (၅၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၅၀၀)ကျပ်နှင့် အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၅၀၀၀)ကျပ် ၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင်(၂၀၀၀)ကျပ် မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရပါသည်။ 

DOCA(စစ်ကိုင်း)  

ရွှေဘိုမြို့ဈေးကွက်တွင် နှမ်းဖြူဈေးအနည်းငယ်ကျ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းဖြူများ ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၂၅၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၁၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်း လျှင်(၁၂၈၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် နှမ်းဖြူတစ်တင်းလျှင် (၃၅၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းဖြူတစ်တင်းလျှင် (၂၅၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

 

ရွှေဘိုမြို့ဈေးကွက်တွင် နှမ်းနက်များ ဈေးငြိမ်နေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

    ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းနက်များ ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင်(၂၂၁၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိကြောင်း၊  အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/(၄၄၁)တန်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်ပတ်၌ နှမ်းနက် တစ်တင်းလျှင်(၂၂၁၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၁၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၁၀၆၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း) 

 

 

တစ်ပိုင်တစ်နိုင် ဂေါ်ဖီထုပ်စိုက်ပျိုးခြင်းအကြောင်း

          ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး အစိမ်းလိုက်တို့မြုပ်စားသုံးခြင်း၊ အသုပ်သုပ်စားခြင်း၊ ကြော်ချက်၍စားခြင်း၊ ဟင်းရည်သောက်အဖြစ်ချက်စားခြင်းနှင့် ကြော်လှော်ချက်စားခြင်း စသည့်နည်းလမ်းများဖြင့် စားသုံးလျက်ရှိကြောင်းသိရှိရပါသည်။

          ဂေါ်ဖီထုပ်ကို မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် မတ်လမှအောက်တိုဘာလအထိစိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်မျိုးအား တစ်ဧကစိုက်ပျိုးရန် မျိုးစေ့ ၄၀၀ ဂရမ် ပျိုးထောင်ရန်လိုအပ်ပြီး ပိုးမွှားနှင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးစိုက်ရန် အထူးလိုအပ်ကြောင်းသိရှိရပါသည်။

          ဘောင်နှင့် ပျိုးထောင်စိုက်ပျိုးလေ့ရှိကြပါသည်။ ပျိုးထောင်ပြီး (၃)ရက်ခန့်အကြာတွင် အပင်ပေါက်လာပြီး (၅)ရက်တွင် အပင်ပေါက်စုံလာမည်။ ပျိုးသက် ၁၄ရက်သားတွင် အချိုးညီ(၂၀:၂၀:၂၀)ရွက်ဖျန်း မြေဩဇာပက်ဖျန်းပေးရန်လိုအပ်ပါသည်။ ရေကိုနေ့စဉ်မပြတ်လောင်းရန်နှင့် ပိုးမွှားရောဂါကာကွယ်ရန် အထူးလိုအပ်ပါသည်။

            သက်လျင်မျိုးကို(၉၀-၁၀၀)ရက်၊ သက်လတ်နှင့်သက်ကြီးကို(၁၃၀-၁၅၀)ရက်တွင် ခုတ်သိမ်းနိုင်ကြောင်းသိရှိရပါသည်။ ရင့်လာသောအထုပ်ကို အပေါ်မှနှိပ်ကြည့်၍ အထုပ်ကျစ်လစ်မှုကိုခန့်မှန်းနိုင်ပြီး ခုတ်သိမ်းနိုင်သည်။ စိုက်ခင်းမှ ပွဲရုံ၊ ကားတင်သည့်နေရာ စသည့်နေရာများသို့ သယ်ဆောင်ရာတွင်လည်း မထိခိုက်စေရန် အထုပ်ကိုအထူး ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်ကြောင်းသိရှိရပါသည်။ အောင်ရွက်ပါအောင်ခုတ်၍ အထုပ်ကို အောက်ဆုံးထပ်တွင် အတည့်၊ ဒုတိယအထပ်တွင် ပြောင်းပြန်လှန်ထပ်၍ မျက်နှာချင်းဆိုင် တစ်လှည့်စီထပ်၍ ထည့်ခြင်းဖြင့်အထုပ်များကို ထိခိုက်မှုသက်သာပြီး အရည်အသွေးကောင်းသော ဂေါ်ဖီထုပ်များကိုရရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံဂေါ်ဖီထုပ်ဈေးကွက်

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မိုးသီးနှံ ဒေသထွက်တစ်မျိုးဖြစ်သော ဂေါ်ဖီထုပ်ကို ရေလုံလောက်စွာရရှိပါက နှစ်စဉ် အိမ်၊ ခြံ၊ မြေ၊ ဥယျာဉ်ခြံများ၌ တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ထွက်ရှိသောဂေါ်ဖီထုပ်သည် ကျိုင်းတုံမြို့မဈေးကြီးသို့ တစ်ရက်လျင် အထုတ်(၃၀) ပါ ဆာလာအိတ်ပေါင်း (၃၅) အိတ်ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ကောင်းနေကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်ထံမှ သိရပါသည်။

           ယခု ဒီဇင်ဘာကာလအတွင်း ကျိုင်းတုံမြို့မဈေးကြီးအတွင်း၌ ရောင်းချသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျင်အကြီးအသေးပေါ်မူတည်၍ တစ်ထုပ်လျင် (၃၅၀၀-၅၀၀၀)ခန့် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်ကားဈေးနှုန်းမှာ (၃၀၀၀ကျပ်မှ ၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း ဝယ်ရောင်းသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းလား

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ)တွင် အာလူးဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်၊ ပွဲရုံများထံမှ လေ့လာသိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်) ပင်လောင်းမြို့နယ်၊ နောင်တရား၊ တီကျစ်ဒေသတို့မှ အာလူးအဝင်များလာသောကြောင့် အားလူးဈေးနှုန်းကျဆင်းရခြင်းဖြစ်ပါသည်။ ယခုအပတ်တွင် အာလူးဈေးနှုန်းများနေဖြင့် မျက်နီ S2- ၈၀၀၀ကျပ်၊ မျက်နီ S1-၇၀၀၀ ကျပ်၊ OK- ၆၅၀၀ကျပ်၊ A1- ၄၅၀၀ကျပ်၊ ဆွဲသီး- ၃၅၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ်- ၂၀၀၀ကျပ်ခန့် ဈေးပေါက်နေကြောင်းနှင့် စီးဆင်းမှုမှာာလည်း ပုံမှန်သာရှိနေကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်၊ ပွဲရုံများထံမှ လေ့လာစုံစမ်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်း(တောင်)ကုန်စိမ်းသီးနှံအများစုဈေးကျဆင်း

          ၂၀၂၄ခုနှစ် ဒီဇင်ဘာလပထမပတ်အထိ ဈေးနှုန်းအမြင့်တွင်ရှိခဲ့သော ကုန်စိမ်းသီးနှံအများစု မှာ(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် ဈေးနှုန်းများထက်ဝက်နီးပါးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်ပွနှင့် မုန်ညှင်း စသောကုန်စိမ်းသီးနှံများမှာ နှစ်စဉ်ဆောင်းကာလတွင် ဈေးလျော့ကျသည့်အစဉ်အလာရှိပြီး ယခုနှစ်တွင် ကုန်စည်ထွက်ရှိမှုလျော့ခြင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းအချို့ပျက်စီးခြင်းနှင့် အခြားဒေသမှ ကုန်ထွက်ရှိမှုနောက်ကျခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုကာလတွင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့မှ ကုန်စိမ်းများလှိုင်လှိုင်ပေါ်လာချိန်ဖြစ်၍ ဈေးကွက်ဝယ်လိုအားနှင့် ကုန်ထွက်ရှိမှုမျှတလာသဖြင့် ဈေးနှုန်းများကျဆင်းလာရခြင်းဖြစ်ပါသည်။ဒီဇင်ဘာလ ဒုတိယပတ်၏ ကုန်စိမ်းဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၂၇၀၀-၃၅၀၀)ကျပ်၊ ဂေါ်ဖီ (၁၅၀၀-၁၈၀၀)ကျပ်၊ ပန်းမုံလာ (၁၅၀၀-၂၀၀၀)ကျပ်၊ မုန်ညှင်း (၁၅၀၀-၁၆၀၀)ကျပ်၊ ငရုတ်ပွ (၃၅၀၀-၄၅၀၀)ကျပ်၊ ဘိုစားပဲ (၁၈၀၀-၂၀၀၀)ကျပ်စသဖြင့် ဈေးပေါက်လျက်ရှိပြီး အာလူး (၂၅၀၀- ၅၅၀၀)ကျပ်သာ ဈေးကွက်ပေါက်ဈေးရှိပါကြောင်း နှင့် ကုန်စိမ်းသီးနှံများ ဈေးဆက်လက်ကျဆင်းနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

“ ဆောင်းရာသီစာ ချဉ်ပေါင်သီးဈေးကွက် ”

            တောင်ကြီးမြို့ရှိ မြို့နယ်အနှံ့အပြားတွင် မိသားစုအိမ်ခြံဝင်း၌လည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍လည်ကောင်း ချဉ်ပေါင်ပင်များကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ဒေသအခေါ်အဝေါ်အရ ချဉ်ပေါင်ပင်ကို ချဉ်ပေါင်လက်ကြားနှင့် ချဉ်ပေါင်ဗီးလပ်ဟူ၍နှစ်မျိုးရှိပြီး ချဉ်ပေါင်လက်ကြားကို ဆေးချဉ်ပေါင်အဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ချဉ်ပေါင်ရွက်များကို တစ်နှစ်ပတ်လုံးစားသုံးရန် စိုက်ပျိုးကြသော်လည်း ချဉ်ပေါင်သီးမှာ ဆောင်းရာသီအချိန်ရောက်မှသာ အဖူးများထွက်လာပြီး ရာသီစာသီးနှံအဖြစ် ရောင်းချကြကြောင်းသိရှိရပါသည်။

              တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေးနှင့် (၅)ရက်တစ်ပတ်ဈေးတို့တွင်  ရာသီစာတစ်ခုဖြစ်သော ချဉ်ပေါင်သီးများ ဈေးကွက်အတွင်းနေရာအနှံ့မှ အများအပြားလာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။ ချဉ်ပေါင်သီးကို အလေးချိန်ဖြင့်လည်းကောင်း၊ အပုံဖြင့်လည်းကောင်း နှစ်မျိုးရောင်းချကြ ကြောင်းသိရှိရပါသည်။  (၃.၁၂.၂၀၂၄)ရက်နေ့ ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသည့် ချဉ်ပေါင်သီး ရောင်းဈေးနှုန်းမှာ  (၂၅ ကျပ်သား)လျှင်(၁၀၀ဝိ/-)ကျပ်၊ အလုံး(၂၀)ခန့်ပါတစ်ပုံလျှင် (၅၀ဝ/-)ကျပ်နှုန်း ဖြင့်လည်းကောင်း ရောင်းချကြကြောင်းသိရှိရပါသည်။ ချဉ်ပေါင်ရွက်ဈေးမှာ အစည်းတစ်စီးလျှင် (၅၀ဝ/-)ကျပ်နှုန်းဖြင့် ရောင်းချကြကြောင်းသိရှိရပါသည်။ ပေါ်ခါစတွင် ရာသီစာချဉ်ပေါင်သီးမှာ ဈေးနှုန်းကောင်းနေပြီး ရောင်းအားကောင်းလျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း