သံလမ်းဈေး၊ ချင်းတွင်းရတနာဈေးနှင့် မြသလ္လာဈေးတို့တွင်ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မုံရွာမြို့ရှိ သံလမ်းဈေး၊ ချင်းတွင်းရတနာ ဈေးနှင့် မြသလ္လာဈေးတို့တွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ရခါးသီးအကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးညွန့် တစ်စည်းလျှင် (၅၀၀)ကျပ်မှ (၁၀၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး (၁) ဘူးလျှင် (၇၀၀)ကျပ်၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၃)စည်းလျှင် (၂၀၀)ကျပ်၊ နံနံပင်(၁)စည်းလျှင် (၁၅၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၃၀၀)ကျပ်၊ ဗမာသခွားသီး အကြီး (၁)လုံးလျှင် (၈၀၀) ကျပ် နှင့် ရိုးရိုးဗမာသခွားသီးအလတ်(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၄၀၀) ကျပ် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး အကြီးတစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၉၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)









