Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းနှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  မုန့်ညှင်းရွက်၊ အိုးမုန့်ညှင်း ရွက်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင်အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လစတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

      တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၅၅၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၅၅၀၀)ကျပ် တို့ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဩဂုတ် တတိယအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဘိလပ်မြေဈေးနှုန်းများမှာ ကျိုင်းတုံ မြို့နှင့်တာချီလိတ်မြို့တို့တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်း

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ နဂါမောက်သီး တစ်လုံးလျှင် (၆၀၀/၇၀၀)ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ လိမ္မော်သီးတစ်လုံးလျှင် (၁၅၀၀/၂၀၀၀) ကျပ် ၊ သရက်သီးတစ်လုံးလျှင်(၂၀၀၀/၂၅၀၀ )ကျပ်၊ ဩဇာသီး တစ်လုံးလျှင် ( ၈၀၀/၁၀၀၀ )ကျပ်၊ မလာကာသီးတစ်လုံးလျှင် (၆၀၀/၇၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ နာနတ်သီးတစ်လုံးလျှင် (၁၅၀၀/၂၀၀၀)ကျပ် ၊ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်(၃၀၀၀/ ၃၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဝလံအရောင်းဆိုင်များမှ သိရသည်။

DOCA (စစ်ကိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

    ၂၀၂၅ခုနှစ် ဩဂုတ်လ (တတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင်(၁၄၂၅-၁၄၃၀)ကျပ်ဖြင့် ပြောင်းအသစ်များစတင်ပေါ်လာပြီဖြစ်၍ အဟောင်းလက်ကျန်ဈေးကျနေပြီး စီးဆင်းမှုမှာ ဝယ်လက်များသဖြင့် အနည်းငယ်ပိုလာပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၃၀၀၀ကျပ်၊ ထူး ၂-၄၅၀၀ကျပ်၊ ထူး ၃-၅၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် အဝယ်နည်းသဖြင့် ဈေးကျသွားပြီး စီးဆင်းမှုမှာ လျော့နည်းခဲ့ပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2-S3(၅၅၀၀-၅၀၀၀)ကျပ်၊ မျက်နီ S1-S2 (၄၅၀၀- ၄၀၀၀)ကျပ်၊ OK-၃၅၀၀ကျပ်၊ A1-၃၀၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ဝယ်လိုအားကောင်းသဖြင့် စီးဆင်းမှုမှာ များနေပါသည်။

          ချင်းသီးနှံမှာ ချင်းဥမကြီးတစ်ပိဿာလျှင်( ၂၂၀၀-၂၅၀၀)ကျပ် နှင့် ဥမအလတ်မှာ (၈၀၀-၁၀၀၀)ကျပ်ဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ပြည်ပဝယ်လိုအားကောင်းသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၁၀၀၀-၁၄၀၀)ကျပ်၊ ပန်းမုံလာ (၂၀၀၀-၂၅၀၀)ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၄၀၀၀)ကျပ်၊ မုန်ညှင်း (၂၇၀၀-၃၀၀၀)ကျပ်၊ ဖရုံသီး (၂၀၀၀-၂၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၃၀၀-၁၈၀၀)ကျပ်၊ ငရုတ်ပွ (၇၅၀၀-၈၀၀၀)ကျပ်၊ မုန်လာဥနီ (၃၅၀၀-၃၇၀၀)ကျပ် နှင့် ဘိုစားမှာ (၂၅၀၀-၃၀၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ရွှေပဲ၊ ငရုတ်ပွ နှင့် ဘိုစားသီးနှံတို့မှာ ဈေးကွက်အဝင်များ၍ ဈေးကျသွားပါသည်။ ဖရုံသီး သီးနှံမှာ ဈေးကွက်အဝင်နည်း၍ ဈေးအနည်းငယ်တက်လာပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေသဖြင့် စီးဆင်းမှုမှာ ဒုတိယအပတ်ထက် အနည်းငယ်ပိုလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျော်ဖရုံသီးဈေးနှုန်း

      ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီး တစ်လုံးလျှင် (၉၀၀-၁၀၀၀-၁၂၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ် အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး  အကြီး တစ်လုံးလျှင် (၄၂၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ခဝဲသီး ဈေးနှုန်း

      မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးနှင့် ခဝဲသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့်ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြ ပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ်လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက်ဖြစ်ပြီး ခံတွင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

       မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ် နေသော  ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင်(၈၀၀)ကျပ်နှင့် ဗုံလုံသီး(ခေါ်) ပဲလင်း မြွေသီးအသေးတစ်တောင့်လျှင် (၆၀၀)ကျပ်ဖြစ်ပြီး၊ ခဝဲသီးဈေးနှုန်းများမှာ လက်ကား တစ်ပိဿာ လျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

          စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့ ၂၅.၈.၂၀၂၅ ရက်နေ့တွင် MT AU GEMINI သင်္ဘောဖြင့် MEC ဆီကန်သို့  3000 MT၊  မြဝတီ ဆီကန်သို့ 1375 MT၊ စုစုပေါင်းတန်ချိန်(4375) ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့တွင် ရောင်းချနေသော  ဖီးကြမ်းငှက်ပျောနှင့် ဖရဲသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ဒေသအတွင်း စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရာသီစာဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်း ငှက်ပျောကိုလည်း အများအပြား စိုက်ပျိုးပါကြောင်း၊ ရာသီစာဖြစ်သည့်ဖရဲသီးများ လည်းဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

      ငှက်ပျောသီးကို ငှက်ပျောသီးမှည့်အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို ရှေ့လူကြီးများ အဆိုအရ မနက်ငှက်ပျော ညသင်္ဘောဆိုသလို မနက်စာ ဖီးကြမ်းငှက်ပျောသီးမှည့်တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး ကိုများစွာအထောက်အကူပြုပြီး ကိုယ်ခံအားကောင်းစေပါသည်။အစာအုပ်စု(၃)စုအနက် အာဟာရ ပြည့်ဝသည့် အစာအုပ်စုတွင်ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါ သည်။ ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ် သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါများမဖြစ် စေရန် ကာကွယ်ပေးပါသည်။

    ဖရဲသီးကိုအမျိုးမျိုးစားသုံးကြပါသည်။ အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးခြင်း၊ ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သော ကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုး လည်း ဖြစ်ပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်တွင် မုံရွာမြို့၊ ကန်သာယာဈေးအတွင်းရှိ အုန်း၊ ငှက်ပျောရောင်းဝယ်ရေးဆိုင်များတွင် ငှက်ပျောတစ်ဖီးလျှင် ကျပ်(၂၅၀၀-၃၅၀၀)ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက်အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိပြီး၊ ဝင်ရောက်လာသည့်ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၂၅၀၀ ကျပ်၊ အလုံးလတ် ၂၀၀၀ ကျပ်နှင့် အလုံးသေး ၁၀၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း သီးနံရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

၂၆.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

          ၂၆.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၇၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀၊  အောင်ပန်းထူး-၃ ကျပ် ၅၀၀၀အောင်ပန်းထူး-၄ ကျပ် ၆၀၀၀အောင်ပန်းထူး-၅ ကျပ် ၇၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၄၅၀၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၁၅၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၇၅၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၁၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၀၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၄၅၀/၁၆၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၃၀၀/၁၄၅၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၁၀၀/၁၂၅၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၇၅၀/၈၅၀၊ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်းအိုကေ(သစ်) ကျပ် ၄၅၀၀၊ အောင်ပန်း အက်စ်ဝမ်း(သစ်) ကျပ် ၅၅၀၀၊ တရုတ်အာလူး ကျပ် ၅၈၀၀ ရှိကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်နီ/ ဖြူဈေးနှုန်းများမှာ ကျဆင်း လျက်ရှိပြီး အာလူးဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း    သိရှိရပါသည်။

DOCA(ရန်ကုန်)

သာစည်ဈေးရှိ ပဲတောင့်ရှည်သီး၊ တောကြက်ဟင်းခါးသီးနှင့်  ကြောင်လျှာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးများနှင့် ကြက်ဟင်းခါးသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိပြီး မုံရွာမြို့၊သာစည်ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး ငါးတောင့်ပါတစ်စီးလျှင် (၃၅၀) ကျပ်ရှိပြီး ဆယ်တောင့်ပါ တစ်စီးလျှင်(၇၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည်လျှင် (၅၅၀၀/ ၆၀၀၀)ကျပ်၊ ခဆော့သီးတစ်ပြည်လျှင် (၃၀၀၀/ ၃၅၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာသီးအသေး တစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း