Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နဂါးမောက်သီးဈေးကွက်

     ပြင်ဦးလွင်ဒေသနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးအနီးတဝိုက်မှ နဂါးမောက်သီးများ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ထိုမှတစ်ဆင့် မန္တလေးမြို့အတွင်းရှိ ဈေးကလေးများသို့ ဝယ်ယူရောင်းချကြသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက် မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသား အနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။ ယခုအချိန်သည် နဂါးမောက်သီး ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက် အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ (၇-၈) ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် (၅-၆)လခန့် ဝင်ငွေရရှိနေသော စီးပွားရေးတွက်ခြေ ကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဩဂုတ်လ တတိယပတ်အတွင်း မန္တလေးမြို့ သစ်သီးဈေး ကွက်အတွင်းရောင်းချနေသော နဂါးမောက်သီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် (၅၀၀/၇၀၀/၁၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော ဝက်သားဈေးနှုန်းဈေးကွက်

       မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ကုန်ခြောက်ပစ္စည်း အမျိုးမျိုးနှင့် အသားငါး မျိုးစုံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူဝယ်သူများဖြင့် စည်ကား လျှက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် အသားတန်းဈေး၌ ရောင်းချနေသော ဝက်သား(အသားသန့်)တစ်ပိဿာလျှင် (၃၇၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်၊ ဝက်ပေါင်သားတစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ ဝက်နံရိုး တစ်ပိဿာလျှင် (၃၂၅၀၀)ကျပ်၊ ဝက်ကလီစာတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ ဝက်အသည်းတစ်ပိဿာလျှင်  (၃၅၀၀၀) ကျပ်နှင့် ဝက်ရိုးတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဝက်သား သည် လူကြိုက်များသောကြောင့် စားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ်သွက်ကြောင်း၊ နေ့စဉ်ဝက်သား အချိန်ပိဿာ (၁၅-၂၀) ခန့်ရောင်းချရကြောင်း၊ စားသောက်ဆိုင်များနှင့် ဝက်သားဒုတ်ထိုးဆိုင်များမှလည်း နေ့စဉ် ဝယ်ယူမှုရှိကြောင်း၊ အရောင်းအဝယ်ကောင်းကြောင်း ဝက်သားရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။ ဝက်သားသည်အာဟာရတန်ဖိုးအနေဖြင့် ဗီတာမင်ဘီဝမ်း၊ ဘီ6၊ ဘီ12၊ သံဓာတ်၊ ဇင့်ဓာတ်စသည့် ပရိုတင်းဓာတ်များ ကြွယ်ဝသော်လည်း ကျန်းမာရေးအရ အဆီပါဝင်နှုန်းကို ထိန်းညှိစားသုံးရန် လိုအပ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

                                                                            

       နွားထိုးကြီးမြို့နယ်၏ မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်

     မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်သည် ဆည်မြောင်းကန်ချောင်းများအသင့်အတင့်ရှိပြီး ထန်းလုပ်ငန်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရပ်ဝန်းဖြစ် မိုးငရုတ်ကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ကာအထိ (၄) လခန့်ကြာမြင့်ကြောင်း သိရှိရသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွာထိုးကြီးမြို့နယ်တွင်  မိုးငရုတ်စိုက်ဧကပေါင်း (၆၉၉) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသောဧကများ ဆက်လက်စိုက်ပျိုးဖြစ်မည်ကြောင်း၊  မိုးငရုတ်များကို မြင်းနီရွာ၊ လက်ဝဲရွာ၊ ရွာကြီးရွာ၊ ဝက်လူးရွာနှင့် နနွင်းတော်ဘိုးရွာ များတွင် အဓိကစိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊  ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၀၅၀၀-၁၃၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ၂၀၂၅ခုနှစ်၊စက်တင်ဘာလ၁၅ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၆၁၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

ကျွန်းလျမြို့တွင် ဈေးမြင့်တက်လျက်ရှိသော  ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း  

      ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ငါးဖယ်ခြစ်ကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပုံမှာ ငါးဖယ်ခြစ်ကို အဆုတ်ကလေးများလုပ်ပြီးချက်ခြင်း၊ ငါးဖယ်ခြစ်ကို ကြော်ခြင်း၊ ငါးဖယ်ကြော်ကို ပါးပါးလှီးပြီး အချို /အချဉ် သုပ်စားခြင်း နှင့် ငါးဖယ်ခြစ်ကို  အချဉ်သိပ်စားခြင်း စသည့်တို့ဖြင် စားသောက်ကြပြီး ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များနှင့် စားသောက်ဆိုင်များတွင် အများဆုံး အသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ်ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁၀)ကျပ် သားလျှင်(၂၄၀၀)ကျပ်၊ ငါးဖယ်အကောင်လိုက် လက်လီ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အနည်းငယ်ဈေးနှုန်းမြင့်တက် သော်လည်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးရောင်းချသူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)     

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်မှ ငါးဖန့်ဝိုင်း ဈေးနှုန်း

        ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် ငါးဖန့်ဝိုင်း တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သည့် ငါးဒိုင်ပိုင်ရှင်ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)     

ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် ကျောက်ဖရုံသီးနှင့် ဂေါ်ရခါးသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကုန်စိမ်းသီးနှံမျိုးစုံများအနေဖြင့် မိမိတို့‌ဒေသတွင်းမှထွက်ရှိသည့် ကျောက်ဖရုံသီးများလည်း ရောင်းချ လျက်ရှိပြီး ဂေါ်ရခါးသီးများကို မန္တလေးမြို့မှမှာယူ ရောင်းချပြီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် (၈၀၀)ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် (၇၀၀) ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ကျောက်ဖရုံ သီး သေးတစ်လုံးလျှင်(၃၅၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချသူထံမှသိရသည်။

DOCA (စစ်ကိုင်း)      

 ကျွန်းလှမြို့တွင် ဈေးအနည်းငယ်မြင့်တက်လာသာ ဂန္ဓမာပန်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ ကြသည်။ ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ချိုးယူရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။

    ၂၀၂၅ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့၏ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် အပွင့်ကြီး လက္ကားဈေးနှုန်း မှာ တစ်စည်းလျှင် (၁၈၀၀)ကျပ်၊ လက်လီဈေးနှုန်းမှာ အပွင့်ကြီး တစ်စည်းလျှင် (၂၅၀၀) ကျပ်နှင့် အပွင့်သေး တစ်စည်းလျှင်(၁၂၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချပါကြောင့်  အနည်းငယ်မြင့်တက်သော်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

  ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို မိမိတို့ နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးပြီး ရရှိလာသည့်အသီးများကို ရှားပါးသောရာသီတွင် ရောင်းချရန်အတွက် အသီးမျိုးစုံကို  အခြောက် လှမ်းထားပြီး  ရောင်းချလျက်ရှိကြောင်းသိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီး ခြောက် တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ ခရမ်းသီးခြောက်(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး ခြောက်(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း အနေဖြင့် ဇီးဖြူသီးခြောက် တစ်ပြည်လျှင်(၉၀၀၀)ကျပ်၊ဇီးဖြူသီးခြောက်နို့ဆီတစ်ဘူးလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းတိဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံ

                     ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၈၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း