Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကြက်သွန်နီဈေးကွက်အဟောင်းအသစ်မျှတနေ

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်သည် ဆန်စပါးနှင့်ပဲမျိုးစုံ အဓိကစိုက်ပျိုးသော်လည်း ကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် တူး ဖော်ကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ခရိုင်ဖြစ်၍ စိုက်ဧကအားဖြင့် ပြည်ခရိုင်အတွင်း ပန်းတောင်း မြို့နယ်တွင် ၃၂ ဧက ရွှေတာင်မြို့နယ်တွင် ၆၇ဧက ကို ခုနှစ် နိုဝင်ဘာလကုန်အထိ စိုက်ပျိုးပြီးစီး မှုရှိကြောင်းသိရသည်။ ပြည်ခရိုင်အတွင်း စားသုံးမှုနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်ရှိသဖြင့် ကြက်သွန်နီအဓိကစိုက်ပျိုးရာ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ တင်သွင်းကာ ရောင်းဝယ်စားသောက် ကြရသည်။ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ကြက်သွန်နီ အသစ်များ ပြည်ဈေးကွက်သို့ ရေနံချောင်း၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ ဆိပ်ဖြူ စသည့်နယ်ဘက်မှ ကြက်သွန်နီအသစ် များနေ့စဉ်ပိဿာချိန် (၅၀၀၀)ခန့် အဝင်ရှိပြီး ဒီဇင်ဘာလတတိယပတ်အစမှ စတင်ဝင်ရောက်မှုရှိကာ တစ်ပတ်အတွင်း ပိဿာချိန် (၃၀၀၀၀)ပတ်လည်ခန့် အဝင်ရှိနေသည်။ ပြည်ဈေးကွက်သို့ ယခုကာလ တွင် ကြက်သွန်နီ အသစ်များသာ ဝင်ရောက်မှုရှိပြီး အဟောင်းမှာ အဝင်မရှိတော့ဘဲ ပြည်ဈေးကွက်ရှိ ပစ္စည်းလက်ကျန်ဖြင့်သာ ရောင်းဝယ်မှုရှိနေသည်။ အဟောင်းလက်ကျန်မှာ ပိဿာချိန်အားဖြင့် လက်ကားပွဲရုံများနှင့် လက်လီစည် ပင်ဈေးများတွင် (၂၈၀၀၀)ကျပ်ရှိနေပြီး ပစ္စည်းအရည်အသွေးမှာ အစို့ပေါက် အခွံချွတ်များ ဖြစ်နေသဖြင့် အရောင်းအဝယ်မှာ အသစ်နှင့်အတူ မျှတစွာရောင်းဝယ်မှု ရှိနေသည်။ နယ်ကျော်အရောင်းအဝယ်အနေဖြင့် ပြည်ဈေးကွက်မှတစ်ဆင့် သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ ပန်းတောင်း(ဥသျှစ်ပင်)နှင့် ရေကြောင်းမှလည်း ထုံးဘို၊ ရွှေဘုံသာ၊ ဆင်တဲ၊ ဧရာဝတီတိုင်းတို့သို့ ရက်ခြားစီးဆင်းမှုရှိနေပြီး ဝင်ရောက်မှု၏ ထက်ဝက်ခန့် ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းအနေဖြင့် ပွဲရုံ လက်ကားဈေးမှာ အသစ် (ကြီး၊လတ်၊သေး) တစ်ပိဿာကို ကျပ်(၂၈၀၀-၃၀၀၀-၃၂၀၀)နှုန်း၊ အဟောင်း လက်ကားတစ်ပိဿာကို ကျပ်(၃၀၀၀-၃၃၀၀-၃၆၀၀)နှုန်း နှင့် မြို့ပေါ်လက်လီဈေးတစ်ပိဿာလျှင် အသစ် ကျပ်(၃၅၀၀-၃၈၀၀-၄၀၀၀)နှုန်း၊ အဟောင်းလက်လီ တစ်ပိဿာ ကျပ်( ၃၇၀၀-၄၀၀၀-၄၂၀၀)နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေ ကြောင်းသိရသည်။

DOCA(ပဲခူး)

ရာသီမရွေးစားသုံးနိုင်သော ချဉ်ပေါင်ဈေးကွက်

ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းမျက်လုံးထဲမြင် မယ်ထင်ပါသည်။ သုံးမြှောင့်ပုံ အရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံ စိမ်းစိမ်း လေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီ ပေါက်နေတတ်တဲ့ အပင်ငယ်ဖြစ်ပါသည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင်စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင်ချဉ်ပေါင်ပင် ပို၍ဖြစ် သည်။ လူသိများ သော ချဉ်ပေါင်အမျိုးအစားများမှာ ရွှေဘိုချဉ်ပေါင်၊ လျှော်ချဉ်ပေါင်၊ ချဉ်ပေါင် လက်ခြား၊ ဆေးချဉ် ပေါင်၊ ချဉ်ပေါင်နီ၊ ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်ခါး၊ ဓါတ်ချဉ်ပေါင်၊ ချဉ်ပေါင်ကြီး၊ ကျောက်ချဉ်ပေါင်နှင့် ချဉ်ပေါင်ရိုင်း တို့ဖြစ်ပါသည်။ ပေါက်ရောက်ပုံ ချင်းလည်း အကုန်တူပါသည်။ ကွဲပြားမှုက အရွက် ပုံစံနှင့် အရသာဖြစ်သည်။ ပြည်မြို့နယ်အနေဖြင့် ချဉ်ပေါင်ရွက်ကို ပြည်အနီး တဝိုက်ကျေးရွာများ ဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ခွေးရဲ ကျေးရွာများ တွင် စီးပွားဖြစ် စိုက်ပျိုး ကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို ပြည်မြို့ပေါ်ရှိ ဈေးများအပြင် ရန်ကုန် ကုန်စိမ်း ဈေးကွက်သို့လည်း တင်ပို့‌ရောင်း ချကြပြီး ဈေးနှုန်းအနေဖြင့် ချဉ်ပေါင် တစ်စီးလျှင် (၁၀၀-၂၀၀)ကျပ်နှုန်းများဖြင့် အသီးသီး အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဇီးဖြူသီး ဈေးနှုန်းဈေးကွက်

“နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်”ဟူသော ဆိုရိုးစကားနှင့်အညီ ရာသီပေါ်ဇီးဖြူသီးကို ဈေးများတွင် ရောင်းချနေပြီဖြစ်ပါသည်။ ယခုကဲ့သို့ ရာသီချိန်၌ ထမင်းစားပွဲမှာ ဇီးဖြူသီးထောင်း (သို့) ဇီးဖြူသီးထည့်၍ ချက်ထားသော ဟင်းလျာတစ်မျိုးမျိုးကို စားသုံးကြပါသည်။ ဇီးဖြူသီးသည် နေရာတိုင်း၊ ဒေသတိုင်း၌ ပေါက်ရောက်တတ်သော အပင်တစ်မျိုး ဖြစ်ပါသည်။ ဆီးဖြူသီးသည် အကြီးမျိုး၊ အငယ်မျိုး၊ အချဉ်မျိုး၊ အချိုမျိုး စသည်ဖြင့် ကွဲပြားမှုရှိ သော်လည်း စွမ်းရည် သတ္တိများ မှာ အတူတူပင်ဖြစ်ပါသည်။ တချို့ဒေသများတွင် ဆီးဖြူသီးကို သျှိသျှားသီးဟူ၍လည်း ခေါ်ဝေါ် ကြောင်းသိရှိရပါသည်။ ဒေသထွက်ဇီးဖြူသီးများကို မိုးရာသီနှင့် ဆောင်းရာသီများ၌ ဆွတ်ခူး ရောင်းချကြပါသည်။ ဇီးဖြူသီးအလုံးချော နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၆၀၀)၊ ဇီးဖြူသီး အလုံး အသေး နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၅၀၀) ဖြင့် ရောင်းချနေကြောင်း သိရပါ သည်။

ဆီးဖြူပင်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးခြင်းဖြင့် သော်လည်းကောင်း ပေါက်ရောက်ပါသည်။ ရွက်ကြွေပင်လတ်မျိုးဖြစ်ပြီး အပင်ရဲ့ အကိုင်းအခက် တလျှောက်တွင် စိမ်းဝါရောင်အပွင့်များ အဆုပ်လိုက် အဆုပ်လိုက်ပွင့်ပါသည်။ ဆီးဖြူသီး၏ ပုံစံမှာ လုံးဝိုင်းပြီး အမြှောင်း ၆ မြှောင်းပါရှိပါသည်။ သူရဲ့အစေ့ကတော့ သုံးတောင့် ပုံစံ ရှိ ပြီး ဆီးဖြူသီးသည် အစိမ်းဖျော့ရောင်ရှိပြီး အထဲကအစေ့သည် အစိမ်းရင့်ရောင်ရှိပါ သည်။ ချဉ်ပေါင်းသည်တိုင်းလိုလိုမှာ ဆီးဖြူသီးပါလေ့ရှိပြီး ဆီးဖြူသီးကို အမျိုးမျိုးလုပ်စားကြပါသည်။ ထောင်းပြီး သုပ်စားနိုင်သလို အလုံး လိုက်ဆားရည်စိမ်ထားပြီး အတို့အမြုပ်အဖြစ်နဲ့ စားတာလည်းရှိပါတယ်။ ဒါ့အပြင် ငါးပိတို့ ခရမ်းချည် သီးတို့နဲ့ရောပြီး ဇီးဖြူသီးငပိချက်အနေနဲ့လည်း စားကြပါသည်။ အခုနောက်ပိုင်းမှာဆိုရင် ဆီးဖြူသီး ကိုဖျော်ရည်လုပ်သောက်ကြတာမျိုးလည်း ရှိလာကြပါသည်။

DOCA(ပဲခူး)

ပြည်ပဲမျိုးစုံဈေးကွက်ဈေးအေးနေ

ပြည်မြို့ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ပြည်ပဲဈေးကွက်တွင်ဒီဇင်ဘာတတိယပတ်နှင့်စတုတ္ထပတ်တွင်ပဲမျိုးစုံဈေးမှာအပြောင်းအလဲမရှိဘဲအေးလျှက်ရှိပါသည်။ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာပုံမှန်သာရှိပါသည်။

မတ်ပဲတစ်တင်းကို(၁၁၄၀၀၀)ကျပ်ဖြင့်တစ်ရက်ကိုအိတ်၂၅၀အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို(၉၇၀၀၀-၉၈၀၀၀)ကျပ် ဖြင့်ရန်ကုန်အဝယ်တစ်ရက် ကိုအိတ်(၆၀၀)ခန့် အဝယ်ဖြစ်ပြီးပဲသစ်များလည်းဝင်လျှက်ရှိနေပါသည်။

ကုလားပဲဈေးမှာတစ်တင်းကို(၁၀၂၀၀၀)ကျပ်ဖြင့်ဈေးအေးနေပြီးမြို့တွင်းအဝယ်တစ်ရက်ကိုအိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို(၉၅၀၀၀)ကျပ် ဈေးဖြင့်မြို့တွင်းနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ်(၅၀-၁၀၀)ခန့်အဝယ်ရှိပါသည်။

ပြည်ပဲဈေးကွက်မှာဒီဇင်ဘာတတိယပတ်နှင့်စတုတ္ထပတ်တို့တွင်ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲဈေးအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဘိုကိတ်ပဲသစ်များလက်လီ/လက်ကားအရောင်းအဝယ်သွက်လျက်ရှိ

ဒီဇင်ဘာလကုန်ပတ် ပြည်ပဲဈေးကွက်မှာဘိုကိတ်ပဲသစ်များ ဝင်‌ရောက်မှုအနေဖြင့် ဝင်ရောက်မှုများလာပြီး တစ်ရက်အိတ် (၁၀၀မှ ၂၀၀)‌ကျော်အထိ ဝင်‌ရောက်မှုရှိလာခဲ့ပါသည်။ ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်မှုရှိပြီး ဝယ်လိုအားအနေဖြင့် လက်လီ/လက်ကား ရောင်းဝယ်မှုဖြစ်ကြပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သမားများ အဓိက ဝယ်ယူမှုရှိကာအိတ် (၂၀၀)ကျော်နေ့စဉ်ဝယ်ယူကြသလို ဒေသတွင်း လက်လီသမားများမှလည်း နေ့စဉ်ဝယ်ယူကြတာကြောင့် ပဲအဝင်ရှိလာသလောက် အရောင်းအဝယ်ဖြစ် ခဲ့သည်ဟုသိရပါသည်။ ပဲဈေးနှုန်းများ တစ်တင်း (၉၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်အတွက် ပဲဈေးကွက်များတွင် ဈေးကောင်းရသည်ဟု ဆိုရသော်လည်း ပဲနီပြား၊ ထောပတ်ပဲ ဈေးထက်လျော့နည်းနေ ခဲ့ပါသည်။ ယခင်နှစ်က ဘိုကိတ်ပဲသီးနှံယခုကာလဈေးနှုန်းမှာ တစ်တင်း (၇၂၅၀၀)ကျပ်သာ ရရှိခဲ့တာကြောင့် ယခုနှစ်ဘိုကိတ်ပဲသီးနှံဈေး မှာ ယခင်နှစ်ထက်ဈေး ကိုရနေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပဲခူးခရိုင် သပြုကျေးရွာတွင် သတ္တုရည်ကျို ပုံလောင်းလုပ်ငန်းတွင်ကျယ်လျက်ရှိ

              ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သပြုကျေးရွာအတွင်း၌ သတ္တုရေကြိုပုံလောင်းလုပ်ငန်းများကို ဂျပန်ခေတ်ကျော်ထဲက လုပ်သားဦးရေထောင်နှင့်ချီ၍ စတင်ထုတ်လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ သတ္တုကိုသန့်စင်၍ ထုတ်လုပ်ရာတွင် ဒယ်အိုးဆိုဒ်စုံ၊ မိုးဗြဲဒယ်၊ ပန်ကာဆိုဒ်စုံ၊ ငရုတ်စုံဆိုဒ်စုံ၊ လျှပ်စစ်မီးကလစ်၊ အသံချဲ့စက်ဟွန်း၊ အလှဆင်အိုး၊ ရေနွေးအိုးများစသည်ဖြင့် ထုတ်လုပ်လျက်ရှိကြောင်းသိရပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းအား  စော်ဘွားကြီးကုန်း၊ တောင်ဒဂုံတို့မှ ဒါန်သတ္တုအကြမ်းတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ သန့်စင်ပြီးအချော တစ်ပိဿာ ၁၅၅၀၀ ကျပ်ဝယ်ယူရကြောင်း၊ ကုန်ကြမ်းဝယ်ယူရာတွင် ကား၊ ဆိုင်ကယ်အပိုပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ၊ ဒယ်နီထုတ်လုပ်သည့် နည်းပညာမြင့်ကုမ္ပဏီများနှင့် ပြိုင်ဆိုင်ဝယ်ယူရသောကြောင့် ကုန်ကြမ်းရရှိမှုအခက်အခဲရှိကြောင်း သိရှိရသည်။ စက်လှေပန်ကာများကို ထားဝယ်၊ ဘိတ်၊ တောင်ကြီးနှင့် နယ်စုံများသို့ ပို့ဆောင်ပြီး မိုးဗြဲဒယ်နှင့် အခြားပစ္စည်းများကို စစ်တွေ၊ မောင်းတောနယ်စပ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရပြီး ပဲခူးမြို့ ဒေသထွက်ကုန်ပစ္စည်းအရောင်းစင်တာသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။  ပြုလုပ်ပြီးအိုးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ ရောင်းချရကြောင်း သိရှိရသည်။

               သတ္တုရေကျိုပုံလောင်းလုပ်ငန်းကို သပြုကျေးရွာအတွင်း လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်လုပ်ကိုင်လျက်ရှိကြောင်းသိရပြီး အသေးစားမှ အကြီးစားလုပ်ငန်းရှင်အလိုက် လုပ်သားဦးရေ ၁၅ယောက်မှ အယောက် ၄၀ကျော်ထိ အသုံးပြုကြကြောင်းသိရှိရသည်။ ထိုသို့ လုပ်ငန်းတွင်ကျယ်လာသည်နှင့်အမျှ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ ရွာနီးပတ်ဝန်းကျင်ရွာများမှ လာရောက်လုပ်ကိုင်ကြသူများလည်းရှိကြပြီး သံရည်ကျို၍ ပုံလောင်းထုတ်လုပ်ရေးလုပ်ငန်းသည် လုပ်ငန်းတိုးချဲ့၍ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ထုတ်လုပ်ပါက လုပ်ငန်းရှင်အတွက်လည်း တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ‌ဒေသတွင်းစီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဆောင်းပဲတီစိမ်းသစ်များ ပဲအဝင်များလာပြီး အ‌ရောင်းသွက်နေ

ပြည်ဈေးကွက်မှာဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်းသီးများ ဝင်ရောက်မှုများ နေခဲ့ပါသည်။ တစ်ရက်လျှင် အိတ် (၈၀၀/၉၀၀) ကျော်အထိဝင်‌ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် ဝင်ရောက်လာသမျှ အဝယ်ရှိကြောင်းသိရပါသည်။ ရန်ကုန်၊ မန္တလေးလိုင်းသမားများ အဓိက ဝယ်ယူမှုရှိတာကြောင့် အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပဲဈေးနှုန်း အနေဖြင့် ပိဿာ (၂၀)တစ်တင်းလျှင် (၉၇၀၀၀)ကျပ် မှ (၉၈၀၀၀၀)ကျပ်အထိ ပဲအရည်အသွေး အလိုက် ဈေးကွာခြားမှုရှိခဲ့ပါသည်။  ပဲတီစိမ်းသီးနှံသည် ယခင်နှစ်ကပြည်ပဝယ်လက်ဈေးကွက်မှာ မတ်ပဲ၊ ပဲစဉ်းငုံ သီးနှံများနှင့်ယှဉ်လျှင်ဈေးအေးခဲ့သည့် သီးနှံဖြစ်ခဲ့သည့်အတွက် တစ်ဆင့် (၆၄၀၀၀)ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ရပါသည်။ ယခုနှစ်ပဲဈေးနှုန်းအရ ယခင်နှစ်နှင့်ယှဉ်လျှင် ဈေးပိုရ လာသည်ဆိုသော်လည်း မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံဈေးမှာ ဆက်လက်လျော့နည်းနေခဲ့ကြောင်း သိရပါ သည်။

DOCA(ပဲခူး)

ပြည်ငွေနှင်းမှုံမှိုဈေးကွက်

   ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုံမှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ်ရှိရပ်ကွက်များနှင့် ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ ကြကြောင်းသိရှိရပါသည်။ ပြည်ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ငွေနှင်းမှုံမှိုကို ကန်စွန်းရွက်နှင့် ရော၍ ကြော်စားခြင်းဖြင့် လည်းကောင်း၊ ငရုတ်သီး၊ မျှင်ငါးပိနှင့် အစပ်ဟင်းချက်၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပြီး သက်သတ်လွတ်သမားများလည်း အကြိုက်တွေ့ စေမည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ငွေနှင်းမှုံမှို တစ်ဆယ် ကျပ်သားလျှင် (၇၀၀-၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သင်္ဘောသီးအမှည့်ချိန် အစိမ်းသီးများဈေးမြင့်လာ

ပြည်မြို့၏ဈေးကွက်များအတွင်းသို့ ဆောင်းရာသီဒီဇင်ဘာလတွင် သင်္ဘောသီးအမှည့်များ လာရောက်ရောင်းချကြောင်း သိရပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးအမှည့်များမှာ ဓါတ်စာ တစ်ခုလည်းဖြစ် လှိုင်လှိုင်ပေါတဲ့အချိန်လည်းဖြစ်၍ ဈေးမှာလည်း အကြီးတစ်လုံးလျှင် (၂၀၀၀) ကျပ်မှ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ် အထိရောင်းချကြောင်းသိရပါသည်။ သင်္ဘောသီးများ ရင့်မှည့်ချိန် ဖြစ်၍ သင်္ဘောသီးစိမ်းများမှာ ရှားပါးလာမှုကြောင့် ဈေးမြင့်တက်လာပါသည်။ သင်္ဘောသီးအစိမ်း များကို အသုတ်သမားများက ဝယ်ယူမှုရှိ၍ အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

ပြည်မြို့ဈေးကွက်များသို့ လာရောက်ရောင်းချလျက်ရှိသော သင်္ဘောသီးများကို ရွှေဘုံသာရွာ ဘက်မှ လာရောက်ရောင်းချကြသလို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှလည်း လာရောက်ရောင်း ချကြပါသည်။ သင်္ဘောသီးအစိမ်းများမှာ ယခင်နှစ်က (၇၀၀)ကျပ်မှ (၅၀၀)ကျပ် ရောင်းချရာမှ ယခုနှစ်တွင် (၁၅၀၀)ကျပ်၊ (၁၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းဒေသထွက်ပဲစောင်းလျားသီးဈေးနှုန်းဈေးကွက်

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ပဲစောင်းလျား သီးများ စိုက်ပျိုးထားရှိပါသည်။ ပဲစောင်းလျားသီးကို ယခုလိုဆောင်းရာသီအချိန်တွင် စတင်ထွက် ပေါ်လာပြီး (၃) လခန့်ခူးယူရောင်းချရပါသည်။ ပဲစောင်းလျားသီး (.၂၅) ဧကတွင်စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၆၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ပဲစောင်းလျား သီးများထွက်ပေါ်ချိန်တွင် နှစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး ခူးဆွတ်အကြိမ်အရေအတွက်မှာ (၄၅)ကြိမ်ခူးဆွတ်ရပါသည်။ ပဲစောင်းလျားသီး တစ်ကြိမ်ခူးဆွတ်လျှင် အသီးအရေအတွက်မှာ (၃၀၀၀)ခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။   ထွက်ရှိ လာသောပဲစောင်းလျားသီးများကို ကုန်စိမ်း ဒိုင်များမှ စိုက်ခင်းထဲအထိဆင်း၍ ဝယ်ယူကြသဖြင့် တစ်တောင့်လျှင် (၇)ကျပ်ဖြင့် ရောင်းခ ျကြောင်းသိရပါသည်။ ထို့ကြောင့် ပဲစောင်းလျားသီး (၀.၂၅) ဧကတွင် ရောင်းရသော ဝင်ငွေမှာ (၉၄၅၀၀၀)ကျပ် ရရှိပြီး အသားတင်အမြတ်အနေဖြင့် (၃၁၅၀၀၀)ကျပ် ရရှိကြောင်း သိရပါသည်။

          ထို့ကြောင့်ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပဲစောင်းလျားသီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် တစ်ယောက်စိုက်ဧကတွင် အသားတင်အမြတ်မှာ (၃၀၀၀၀၀)ကျော်ခန့်ရရှိ၍ ဧကပြတ်စိုက်ပျိုးလျှင် တစ်ဧကအတွက်အကျိုးအမြတ်အနေဖြင့် (၁၂၀၀၀၀၀)ကျော်ရရှိနိုင်မည်ဟု ခန့်မှန်းသိရပါသည်။ ပဲစောင်းလျားသီးမှာလည်း အကျိုးအမြတ်ရှိ၍ ဧကတိုးချဲ့ စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း