Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

    ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၄.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၂၄၂ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၅၀ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၂၅ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၄၂၃ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၀၆၉ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၆၀၀ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၆၃၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၀၀  ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၉၅ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၉၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၀၂၅၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၀၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၀၄၇၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၈၇၊ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၈၃၂ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။              

     ၄.၉.၂၀၂၅  ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေပေါင်း (၃၉၇၆၉) အိတ် ဝင် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

၄.၉.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

     ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၄.၉.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၈၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ် လျှင် ၆၆၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၆၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင်  မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၆၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၈၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၁၀၀ ကျပ်ရှိရာမှ ၇၆၀၀ ကျပ်၊နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်ခန့်၊ နှမ်းနက်(ရိုးရိုး) ၄၅ ပိဿာတစ်အိတ်လျှင်  ၆၉၅၀၀၀ ကျပ်ခန့်ရှိရာမှ ၆၆၀၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ အတွက် ၁၆၅၀၀ တန်ချိန်ရှိရာမှ ယခုတစ်ပတ်တွင် ၁၆၀၀၀ ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ခရမ်းချဉ်သီးအချိုသီးများဈေးကျသော်လည်း ဗမာခရမ်းချဉ်သီးဈေးကောင်းရလျက်ရှိ

     မန္တလေးမြို့တွင်းသို့ အင်းလေးဒေသထွက်နှင့် ရွာငံဒေသထွက်ခရမ်းချဉ်သီးအချိုသီးများ ဝင်ရောက် မှုများပြားလာသည့်အတွက် ခရမ်းချဉ်သီးဈေးကျလာခဲ့သည် ခရမ်းချဉ်သီးကို ဟင်လျာ ချက်ပြုတ်ရာ တွင်သာမက ခရမ်းချဉ်သီးအစိမ်းကို အသုတ်သုတ်၍လည်းကောင်း၊ အသုတ်မျိုးစုံ များတွင်လည်းထည့်၍ စားသုံးမှုများပြုကြသည်။ခရမ်းချဉ်သီးပေါများသည့်အချိန်တွင် ခရမ်းချဉ်သီးအချိုသီးကို ယိုထိုး၍ လည်းကောင်း ခရမ်းချဉ်သီးအနှစ်ပြုလုပ်၍လည်း ရက်ရှည် ထား၍ ရှားပါးသည့်အချိန်တွင်အသုံးပြုရန် ပြုလုပ်ကြသည်။ ဇူလိုင်လတွင် ခရမ်းချဉ်သီး ၁ပိဿာနှင့် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ အရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၁ပိဿာလျင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိရှိပြီး ရမည်းသင်း၊ ပျော်ဘွယ်ဒေသထွက် ဗမာခရမ်းချဉ်သီးမှာ ၁ပိဿာလျှင် ၆၈၀၀ကျပ်နှင့် အစိတ်သားလျှင် ၂၀၀၀ကျပ်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူဈေးများကျလာ

      မန္တလေးမြို့တွင်းသို့ တောင်ကြီးဒေသထွက် ကြက်သွန်ဖြူများဝင်ရောက်မှုများပြားလာ၍ ဈေးနှုန်း များကျလာသည်။ ကြက်သွန်ဖြူမှာ ဗမာဖြူနှင့်ရှမ်းဖြူဟူ၍ နှစ်မျိုးရှိသည်။ ကြက်သွန်ဖြူသည် ဗမာဖြူကို ကြက်သွန်ဖြူကြော်အသုံးပြုကြသည်။ ကြက်သွန်ဖြူသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အလျောက် ဟင်းလျာအမျိုးမျိုးချက်ပြုတ်ရာတွင်သာမက လက်ဖက်နှင့် တွဲ၍စားသုံးကြပြီး မြန်မာ့ပရဆေးပြုလုပ်ရာ တွင်လည်း အသုံးပြုကြသည်။ ယခင်လက ဗမာကြက်သွန်ဖြူများကို အရွယ်အစားလိုက်၍ ယခင်က ၁ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ် စက်တင်ဘာလတွင် အရွယ်အစားလိုက်၍ ၁ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ဈေးအရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ကင်းပုံသီးစျေးကွက်

    မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ကင်းပုံသီးမှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။      ကင်းပုံသီးမှာ အချိုမျိုး နှင့် အခါး မျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံး နိုင်ကြောင်း သိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလ ပထမပတ်အတွင်း  ကင်းပုံသီးအချိုသီး  (၂၅) လုံးလျှင် ၂၅၀၀ ကျပ်နှင့်၃၀၀၀ ကျပ်၊အခါးသီး (၂၅)လုံးလျှင် ၁၃၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာလျှင်၂၅၀၀ကျပ်နှင့် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

အရောင်းသွက်သည့်စကားဝါပန်း

      မန္တလေးမြို့၊ရေနီမြောင်းစျေးတွင်‌ မိုးရာသီဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများပြားပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်စကားဝါပန်းနှင့်စကားဖြူပန်းများဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်  စက်တင်ဘာလပထမပတ်အတွင်း စျေးနှုန်းများမှာ  စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကား စျေး၂၀၀ဝိ/-နှင့် ၂၅၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၂၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။      

DOCA(မန္တလေး)

              

သခွားမွှေးသီးစျေးနှုန်းစျေးကွက်

     သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်း ဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊  မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်သစ်သီးစျေးကွက်

    ဝါတွင်းကာလအခါသမယတွင် မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံအရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။မန္တလေးမြို့၊စျေးချိုစျေး၊၂၉လမ်းနှင့်၃၁လမ်းကြား၊ ၈၄လမ်းရှိ သစ်သီးပွဲရုံများသို့ သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၂၀၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လိမေ္မာ်သီးအပွ(အလုံးကြီး)  ၂၅၀၀ဝိ/-နှင့် ၃၀၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့်ရွှေလိမ္မော် ၁၂၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊ထောပတ်သီး (Hass မျိုး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/- စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့်သစ်သီး တစ်လုံးစျေးတို့မှာ နဂါးမောက်သီး(ခရမ်းရောင်) ၈၀ဝိ/-နှင့်၁၀၀ဝိ/-၊နဂါ်းမောက်သီး(အဖြူ) ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/-၊ ကျွဲကောသီး (မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၅၀၀ဝိ/-၊ ပန်းသီးအလုံးကြီး (အကျွတ်သီး) ၂၅၀ဝိ/-နှင့်၃၅၀ဝိ/-၊ ဆန်းကစ်သီး၂၅၀ဝိ/-နှင့်၃၀၀ဝိ/၊ ပန်းသစ်တော်သီး(အလုံးကြီး)၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-  စျေး၊သခွားသီး ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-၊ ရင်ကွဲသရက်သီးတစ်လုံးလျှင် ၁၂၀ဝိ/-နှင့် ၁၅၀ဝိ/- စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ရာသီစာငှက်ပျောသီး

       ဖီးကြမ်း၊သီးမွှေး၊  ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက် အတွင်း အများဆုံးတွေ့ရှိရ ပါသည်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက် ကုန်တို့တွင်  ထည့်သွင်း သုံးစွဲခြင်း၊ဘုရားပွဲနှင့်မိရိုးဖလာကန်တော့ပွဲများတွင် သုံးစွဲကြောင်း သိရပါသည်။ မတ္တရာမြို့နယ်ထွက် ငှက်ပျောသီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်း ငယ်လျော့ ကြောင်း နှင့် ကျောက်ဆည်မှ ထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များ ကြောင်း သိရပါ သည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျော သီးများကို  ဘုရားပွဲနှင့် မိရိုးဖလာပွဲ များတွင် သုံးစွဲမှု များပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံး နှင့်သုံးစွဲသည့်ငှက်ပျော ခိုင်အရေ အတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင် ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး) မှာ ၅၀၀ဝိ/- နှင့်၈၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(မန္တလေး)

သံပုရာသီးအဝင်များစျေးကျ

    မန္တလေးစျေးကွက်သို့  မိုးရာသီဖြစ်၍   မန္တလေးတိုင်း ဒေသကြီး ၊  စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများဝင်  ရောက်မှု များပြားလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ   သံပုရာသီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် ၁၂၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း   သိရပါသည်။  မိုးရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့်သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်လျော့ကျသွားကြောင်း သိရပါသည်။  

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း