Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ

 ၅.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(တစ်ပိဿာ)လျှင် ကျပ် (၁၀၀၀မှ ၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ် (၅၀၀မှ ၁၃၀၀) အတွင်း၊ ပန်းဂေါ်ဖီ(တစ်ထုပ်)လျှင် ကျပ် (၇၀၀မှ ၁၈၀၀) အတွင်း၊ အာလူး(တစ်ပိဿာ)လျှင် ကျပ် (၃၆၀၀မှ ၃၈၀၀) အတွင်း၊ မုန့်လာဥနီ(တစ်ပိဿာ)လျှင် ကျပ် (၄၅၀၀မှ ၅၀၀၀) အတွင်း၊ ရွှေဖရုံသီး(တစ်လုံး)လျှင် ကျပ် (၉၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီး(တစ်လုံး)လျှင် ကျပ် (၁၀၀၀မှ ၁၈၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)(တစ်ပိဿာ)လျှင် ကျပ် (၂၅၀၀မှ ၃၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၄၀၀မှ ၃၈၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(တစ်ပိဿာ)လျှင် ကျပ် (၁၁၀၀၀မှ ၁၄၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ကျပ် (၁၂၅၀၀မှ ၁၃၀၀၀) အတွင်း၊ ချင်း(တစ်ပိဿာ)လျှင် ကျပ် (၅၀၀၀မှ ၆၀၀၀) အတွင်း၊ ဆလပ်ရွက် (တစ်စည်း) လျှင် ကျပ် (၂၀၀မှ ၃၀၀) အတွင်း၊ ချဉ်ပေါင်ရွက်(တစ်စည်း)လျှင် ကျပ် (၁၀၀မှ ၂၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) (တစ်ပိဿာ)လျှင် ကျပ် (၁၃၀၀မှ ၁၈၀၀) အတွင်း၊ သံပရာသီး(တစ်လုံး)လျှင် ကျပ် (၁၀၀မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (တစ်ပိဿာ) လျှင် ကျပ် (၂၅၀၀မှ ၃၈၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀မှ ၆၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၁၅၆၅၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၂၀၅၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၃၆၇၆)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၆၁၀၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၆၉၀၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၉၁၁၂)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၉၇၉၅)ကျော်၊ ဖရဲသီးလုံးပေါင်း(၂၄၆၃၇)ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၅.၁၂.၂၀၂၃)

 ၅.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၂၀-၁၁-၂၀၂၃) ရက်နေ့မှ (၂၅-၁၁-၂၀၂၃)ရက်နေ့အထိ

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး၏ ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများကို နေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၀-၁၁-၂၀၂၃)ရက်နေ့မှ (၂၅-၁၁-၂၀၂၃)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၃)ခုမှ စားအုန်းဆီကိုယ်စားလှယ် (၇၆၆)ဦးတို့အား စားအုန်းဆီတန်ချိန် (၄၂၅၇.၈၀၁)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်ဈေးကွက်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ နောက်ဆုံးပတ်တွင် ပုဇွန်တောင်မြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဆန်ကြမ်း/ချောအမျိုးအစားအလိုက်   (ထိပ်စ/လတ်စ/နိမ့်စ )များတွင်  ဧည်မထ ၁အိတ်လျှင် (၇၈၀၀၀-၇၅၅၀၀-၇၃၀၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၄၅၀၀-၉၀၀၀၀-၈၅၅၀၀)ကျပ်ထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၆၆၅၀၀-၁၆၂၀၀၀-၁၅၇၀၀၀)ကျပ်ထိ၊    ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၃၈၀၀၀ကျပ်ဖြင့်လည်ကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင်  ၁၃၅၅၀၀ကျပ်ဖြင့်လည်ကောင်း၊ ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၀၀၀၀ကျပ်ဖြင့်လည်ကောင်း၊  စားအုန်းဆီ ၁ပိဿာလျှင် ၅၂၀၀ကျပ်၊ ပဲဆီ(ရိုးရိုး) ၁ ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့်လည်း ကောင်း၊ ကြက်သွန်နီ ဆိုဒ်စုံ ၁ပိဿာလျှင် (၃၄၀၀-၄၀၀၀-၄၂၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ပိဿာလျှင် (၁၇၀၀ဝ-၂၀၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) ၁ပိဿာလျှင် ၁၆၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အာလူး ၁ပိဿာလျှင် (၃၅၀၀-၄၀၀၀ )ကျပ်၊ နနွင်းမှုန့် ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ နနွင်းတက် ၁ပိဿာလျှင် (၆၀၀၀)ကျပ် အိုင်အိုဒင်းဆား/ရိုးရိုးဆား ၁ထုပ်လျှင် (၅၀၀)ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု) ၁ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ပိဿာလျှင်(၉၀၀၀) ကျပ်၊ ပဲဝါလေး ၁ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ပိဿာလျှင် (၆၄၀၀)ကျပ်၊ ချင်း ၁ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပုစွန်ခြောက်(ကြီး) ၁ပိဿာလျှင် (၈၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(လတ်) ၁ပိဿာလျှင် (၇၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(သေး) ၁ ပိဿာလျှင် (၅၅၀၀၀-၆၀၀၀၀) ကျပ်နှင့် ငါးကျည်းခြောက် ၁ပိဿာလျှင် (၇၀၀၀၀-၇၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။                                                                                                                                                                                                                           အလားတူ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀) ကျပ်၊ ဘဲသား ၁ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀) ကျပ်၊ မြန်မာကြက် ၁ပိဿာလျှင် (၂၂၀၀၀-၂၃၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၇၀၀၀-၇၅၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိလည်ကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊း ပုဇွန်တောင်ဈေးအတွင်း အရောင်းဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။       

DOCA(ရန်ကုန်)                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေး ဈေးနှုန်းအခြေအနေ

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲ ဈေးဒိုင်မှ စားသုံးသူပြည်သူများသို့  နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

    ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများကို ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ (၂၈-၁၁-၂၀၂၃) ရက်နေ့တွင် ကြက်အရှင် အိမ်မွေးကြက် ၁ပိဿာလျှင် (၁၅၀၀၀/၁၆၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၆၅၀၀/၆၆၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင်(၅၀၀၀/၈၀၀၀) ကျပ်၊ ဘဲအရှင် ၁ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့်  ကုန်ချိန် (၇၄၅၀၀) ပိဿာခန့်အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၏ စားသုံးဆီထုတ်ပေးမှုအခြေအနေများ

  ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီစားသုံးနေသောပြည်သူများ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအသင်းတို့ပူးပေါင်း၍ နေ့စဉ်ထုတ်ပြန်လျက်ရှိသော စားသုံးဆီရည်ညွှန်းဈေးအတိုင်း  အများပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန် စားသုံးဆီကန်များမှတစ်ဆင့် စားသုံးဆီလက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးသည့်လုပ်ငန်းရှင်များသို့ နေ့စဉ် ထုတ်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

   စားသုံးဆီများကို လာရောက်ထုတ်ယူရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း အများပြည်သူ (စားသုံးသူများ) ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေးအတွက် ဆီကန်များတွင် သန့်ရှင်းစေရန်၊ ဆီလာထုတ်သည့် ပေပါများသည် အသစ် (သို့မဟုတ်) သန့်စင်ပြီးသော ပေပါအဟောင်း၊ Food Grade အဆင့်ရှိ အဝါရောင်ပေပါ၊ စားသုံးဆီသီးသန့်သယ်ဆောင်သော BOXER ယာဉ်များနှင့် သန့်စင်ပီးသော Food Grade Tank များဖြင့်သာထုတ်ပေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၄.၁၂.၂၀၂၃)

     ၄.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၄.၁၂.၂၀၂၃)

      ၄.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၁၂.၂၀၂၃ )

       ၄.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း