Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကရင်ပြည်နယ် ဒေသထွက် ပဲထောပတ်အစိုဈေးနှုန်း

      ၂၀၉၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ် ဈေးတွင် ပဲထောပတ်အစိုဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်အစိုကို ချက်ပြုစားသောက်ကြသလို ပဲလှော်များ အဖြစ်ရောင်းချရန်အတွက် အများဆုံးဝယ်ယူအသုံးပြုကြသည်။ ဒေသထွက်ပဲထောပတ်ဈေးနှုန်းများမှာ ပဲထောပတ်အခြောက် (၂၄) ပြည်တစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၈၀၀၀)ကျပ်နှင့် ပဲထော ပတ်အစို ဈေးနှုန်းများမှာ လက်ကားဈေး ပဲထောပတ် အစိုအခွန်ပါ ပိဿာ(၂၅)ပိဿာအိတ်ကြီး တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊လက်လီဈေး ပဲထောပတ် အခွန်မပါ တစ်ပြည်လျှင် (၁၀၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၁၅၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလပဲထောပတ်ဈေးနှုန်းမှာ ယခင်လ ပဲထောပတ်ဈေးနှုန်းထက် ဈေးအနည်းငယ်မြင့်တက်နေကြောင်း၊ ယခုလို ပဲထောပတ်ဈေး အနည်းငယ်မြင့်တက်ရခြင်းမှာ ကိုင်းနှင့်တောင်ယာတုန်းချိန်ဖြစ်သောကြောင့် သိရသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်အတွင်းဆန်စီးဝင်မှုအခြေအနေနှင့်ဆန်ဈေးနှုန်း

   ကရင်ပြည်နယ်တွင် ဆန်/စပါးဈေးနှုန်းများတည်ငြိမ်နေသောလည်း ဆန်စီးဝင်မှုများမှာ ယခင် အပတ်ထက်လျော့နည်း၍ စီးဝင်ခဲ့ကြောင်း သံလွင်တံတားမှနေ့စဉ်ပေးပို့လာသော ဇယားများ အရ သိရသည်။

    ကရင်ပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးများမှ ဩဂုတ်လနောက်ဆုံးပတ်အတွင်း ဆန်စီးဝင်မှုများမှာ ရန်ကုန်မှ ဆန်အိတ်ရေ (၁၃၅၇၀)အိပ်၊ မွန်မှဆန်အိပ်ရေ (၃၄၀၀)အိပ်၊ စစ်ကိုင်းမှ ဆန်အိပ်ရေ (၁၈၃၀)အိပ်၊ ပဲခူးမှဆန်အိပ်ရေ (၃၅၀)အိပ် စုစုပေါင်း ဆန်အိပ်ရေ (၁၉၁၅၀)အိပ် တန်အားဖြင့် ဖော်ပြလျှင် (၉၅၇.၅၀)တန် တို့ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း ဆန်စီးဝင်မှုများ လျော့နည်းခဲ့သည်။ ကရင်ပြည်နယ်အတွင်း စပါးလက်ကျန် နည်းပါလာသောကြောင့် ဆန်ကုန်သည်လုပ်ငန်းများအနေဖြင့် ရန်ကုန်၊ စစ်ကိုင်၊ ပဲခူး မွန် စသည့်ဒေသများမှ ဆန်များဝယ်ယူ၍ ရောင်းချရကြောင့် ဝယ်ဈေးအပေါ်သယ်ယူစရိတ်ထပ်ဆောင်း ရောင်းချရသောလည်းဈေးနှုန်းမှာ ပုံမှန်အတိုင်းရောင်းချကြောင်း သိရသည်။

    ကရင်ပြည်နယ်၏ စက်တင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ဆန်/စပါး ဈေးနှုန်း များမှာ စပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောင်းချ နေသော ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊(၂၄)ပြည်လျှင် (၁၄၁၀၀၀) ကျပ်၊ ဧည့်မထ (မနောသုခ)ဆန် တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ (၂၄) ပြည်လျှင် (၈၁၀၀၀)ကျပ်၊ ဆန်ကွဲ တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ (၂၄) ပြည်တစ်အိပ်လျှင် (၆၀၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံဈေးနှုန်းအခြေအနေ

    ကရင်ပြည်နယ် ဘားအံမြို့ဈေးကွက်အတွင်းရှိ ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလပထမပတ်တွင် ဘားအံမြို့၊မြို့မဈေးကြီးရှိ ဦးကျော်စီုး(ပဲမျိုးစုံ)ဆိုင်သို့ သွားရောက်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ သီးနှံရာသီ ပိတ်ဈေးနှုန်းဖြစ်ပေါ်မှု၊ ဈေးကွက်ပေါက်ဈေးနှင့်ကုန်စည် စီးဝင်/စီးထွက်မှု အခြေ အနေများ၊ ဈေးကွက်ဝယ်လိုအားနှင့်ကုန်စည်လက်ကျန်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

  ယခုလ ပထမပတ်ဘားအံမြို့ပေါ်ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံတစ်ပြည်ဈေးနှုန်း မှာ ထောပတ်ပဲ တစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ ပဲလွန်းဖြူ တစ်ပြည်လျှင် (၇၀၀၀)ကျပ်၊ ဘိုကိတ်ပဲအမဲ တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ ပဲပုတ်ပဲ တစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ ပဲနီပြား တစ်ပြည်လျှင် (၁၂၀၀၀)ကျပ်၊ မတ်ပဲ တစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ ပဲတီရွှေဝါ တစ်ပြည်လျှင် (၁၀၀၀၀)ကျပ်၊ ပဲတီစိမ်း (ပဲနောက်)တစ်ပြည်လျှင် (၁၁၀၀၀)ကျပ်၊ မြေပဲဆန် တစ်ပြည်လျှင် (၉၀၀၀)ကျပ်၊ နမ်း (တောင်ယာ) တစ်ပြည်လျှင် (၁၅၀၀၀)ကျပ်တို့ဖြစ် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

ဘားအံမြို့ရှိအခြေခံစားသောက်ကုန်ငါးခြောက်ဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးများရှိ အခြေခံစားကုန် ငါခြောက်အမျိုးမျိုးတို့မှာ ဈေးကောင်းရကာအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယင်းငါးခြောက်များသည် ဒေသထွက်ရှိသလို အခြားဒေသမှဝင်ရောက်လာသည်များလည်းရှိကြောင်း သိရသည်။

   ဘားအံမြို့ရေပေါ်ဈေးအတွင်းရှိ ငါးခြောက်မျိုးစုံဈေးနှုန်းများမှာ ငါးရံခြောက် တစ်ပိဿာလျှင် (၁၂၀၀၀၀/၁၅၀၀၀၀)ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးကွင်းရှပ်ခြောက် တစ်ပိဿာလျှင် (၄၀၀၀၀/၇၀၀၀၀)ကျပ်၊ ငါယောင်ခြောက် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် (၇၀၀၀၀/၁၅၀၀၀၀)ကျပ်၊ငါးနီတူခြောက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ မြှီးတံရှည်ခြောက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးဇင်ရိုင်းခြောက် တစ်ပိဿာ လျှင် (၃၅၀၀၀)ကျပ်၊ ငါးမွေထိုးခြောက် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ် ဖြစ်နေပြီး ယခင်လငါးခြောက်ဈေးနှုန်းနှင့် ယခုလငါးခြောက်ဈေးနှုန်းများ နှိုင်းယှဉ်ခြင်း အားဖြင့် ငါးခြောက်ဈေး (၁၀၀၀/၁၅၀၀)ကျပ်နှုန်း ကွာဟကာ အနည်းငယ်မြင့်တက်နေကြောင်း ၊ယခုလို ဈေးနှုန်းအနည်းငယ်မြင့်တင်ရခြင်းမှာ သယ်ယူစရိတ်နှင့် အအေးခန်း သိုလ်လှောင်စရိတ်ကြီးခြင်းတို့ကြောင့်ဖြစ်ကြောင်း ဘားအံမြို့ရေပေါ်ဈေးအတွင်း ငါးခြောက်အရောင်းဆိုင်မှ သိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိအခြေခံစားသောက်ကုန်များ၏ဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများမှာ ပေါ်ဆန်းဆန် တစ်ပြည်လျှင်(၆၀၀၀)   ကျပ် ၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊ ဆန်ကွဲ တစ်ပြည်လျှင်(၂၅၀၀)ကျပ် တို့ဖြင့်လည်ကောင်း စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင်(၆၃၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှန်(၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ လျှင်(၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ မန်ကျည်းမှည့်သီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ရိုးရိုးဆား တစ်ပိဿာလျှင် (၂၈၀၀)ကျပ်နှုန်းတို့ဖြင့်လည်းကောင်း ကြက်ဥတစ်လုံး( ၅၅၀)ကျပ်၊ ဘဲဥတစ်လုံး (၇၀၀)ကျပ်တို့နှင့် အသား/ငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင်( ၃၂၀၀၀)ကျပ်၊အမဲသား တစ်ပိဿာလျှင်( ၂၀၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၁၈၀၀၀) ကျပ် ၊ငါးကြင်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါမြစ်ချင်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ပုဇွန် (ဘော့ချိတ်) တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ပြည်မြို့ရှိအရောင်းသွက်လျက်ရှိသောဒေါ်လာမြေပဲဆီဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လူကြိုက်များလှသော ဆီအမျိုးအစား တစ်ခုဖြစ်သည့် ဒေါ်လာမြေပဲဆီသည် အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ဈေးကွက်တွင် အရောင်း သွက်လျက်ရှိပါသည်။ ဒေါ်လာမြေပဲဆီသည် ဈေးနှုန်းလည်း အသင့်အတင့်ဖြစ်ကာ ရောင်းအား ကောင်းသော ထုတ်ကုန်တစ်ခုလည်းဖြစ်သည်။ ဒေါ်လာမြေပဲဆီသည် ၁၀၀ % ဆီသန့်ဖြစ်ကာ မည်သည့် အရောအနှောမှ မပါဝင်ကြောင်း သိရသည်။ ဒေါ်လာမြေပဲဆီတွင် ရရှိနိုင်သော ဆီအမျိုး အစားများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နှမ်းဦးဆီတို့ဖြစ်ပါသည်။ မြေပဲဆီဈေးနှုန်းမှာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်နှင့် နှမ်းဦးဆီ တစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်းသိရသည်။

DOCA(ပဲခူး)

                                                                            

ပြည်မြို့၏ ငရုတ်သီးဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား မြို့ပေါ်ဈေးများတွင် ရောင်းချနေသော ငရုတ်သီးစိမ်းအမျိုးအစားများမှာ ပင်နံငရုတ်သီး၊ ငရုတ်သီး အစပ်သီးနှင့် ကျောက်စိမ်းသီးမျိုးများဖြစ်ကြသည်။ ပီနံငရုတ်သီးကို ရန်ကုန် သီရိမင်္ဂလာဈေးမှ ပြန်လည်ဝယ်ယူသလို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ၊ မြို့နယ်များမှ ဝင်ရောက်ကြောင်း သိရသည်။ ကျောက်စိမ်းသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငရုတ်သီးအစပ် (ဂျီဆွယ်)သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် ပီနံအစစ်သီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးရှိကြောင်း သိရသည်။

DOCA(ပဲခူး)

ပြည်မြို့အတွင်းရှိ ဈေးများတွင် ရောင်းချနေသည့် ထန်းလျက်ဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မဈေးကြီးနှင့် ပြည်မြို့အတွင်းရှိ ဈေးများတွင် ကျောက်ပန်းတောင်း ထန်းလျက်များ ရောင်းချနေကြောင်းသိရသည်။ ထန်းလျက်များကို မီးဖိုချောင်တိုင်းမှာ ပုလင်း(သို့)လေလုံဗူးများနှင့် ထည့်ထားပြီး အချိုတည်းတာမျိုးလည်း ရှိပါသည်။ ထန်းလျက်ပါတဲ့ မုန့်ကလည်း စားလို့ကောင်းသလို ဆေးဖက်ဝင်ကြောင်းလည်း သိရသည်။

          ထန်းလျက်သည် အချိုဓါတ်ပါတဲ့ စားစရာတစ်ခုဖြစ်ပြီး ဒီအတိုင်း စားလို့ရသလို အရည်ကျိုပြီး မုန့်လက်ကောက်ကြော်၊၊ နှမ်းကပ်ကြော်တို့နှင့်တို့စားရပြီး သာကူ မုန့်လက်ဆောင်း တို့သည်လည်း ထန်းလျက်ရည်ကျိုပြီး အုန်းသီးလေးထည့်ပြီး သောက်လိုလျှင် အရသာရှိစေသည်.

          ထန်းလျက်သည် ထန်းပင်မှ ကျလာသည့် သန့်စင်ထားတဲ့ ထန်းရည်ချိုကို ဒယ်အိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ ပျစ်လာတဲ့အထိ ဆူပွက်အောင် ကျိုပေးပြီး အရည်ပျစ်လာတဲ့အခါ မီးဖိုပေါ်မှချပြီး လိုသလို ပုံစံနဲ့ အခဲခံလိုက်ရတဲ့အခါ စားကောင်းတဲ့ ထန်းလျက်ဖြစ်လာပါသည်။

          ထန်းလျက်ကို အနယ်နယ် အရပ်ရပ်တွင် ဝယ်လို့ရပြီး ကုန်ကျစရိတ်လည်း မများပဲ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရစေနိုင်ပါသည်။ ဈေးနှုန်းများအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချပြီး ပိဿာလုံး ဈေးမှာ (၈၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)

အရောင်းအေးနေသော ပြည်ချင်းဈေးငြိမ်လျက်ရှိ

      ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးကတော့ ယခင်အတိုင်း ဈေးငြိမ်လျက်ရှိနေပါတယ်။ ဓါးလှီး ချင်းဖတ် လုပ်ငန်းရှင်တို့၏ ဝယ်ယူမှုနှင့် လက်လီ ဈေးရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်း(ပွဲရုံ)ရောင်းဝယ်ရေအေးလာ တယ်လို့သိရသည်။ ယခုပတ်ချင်းဈေးမှာ (ပွဲရုံဈေး) (၁၅၀၀ - ၂၀၀၀)ကျပ်(အိတ်စွဲ)ဈေးဖြစ်ပြီး ချင်းသန့်လက်ကားကိုတော့ (၃၀၀၀ - ၃၅၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချနေတာ တွေ့ရပါသည်။ လက်လီဈေးများတွင် တပိဿာ (ချင်းသန့်) (၄၀၀၀- ၅၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိနေ သည်။ ဓါးလှီး ချင်း (ဖတ်)တစ်ပိဿာ ဈေး (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိနေသည်။

DOCA(ပဲခူး)

လှောင်မန်ကျည်းမှည့်များ ဒေသတွင်း အရောင်းအဝယ်သာရှိ

    ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် လှောင်မန်ကျည်းမှည့်လက်ကျန်မျာ ဒေသတွင်း အရောင်း အဝယ်ရှိနေတာသိရသည်။မန်ကျည်းပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) (၉၅၀၀-၁၀၀၀၀)ကျပ်ဖြင့် ရောင်းချနေသည်။ လက်လီဈေးမှာ အသားဈေး တစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါမန်ကျည်းမှည့်ကို ရောင်းချခြင်း မရှိကြောင်းတွေ့ရသည်။ တစ်ပတ်အတွင်း မန်ကျည်းပိဿာချိန် (၁၀၀)ကျော် အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရသည်။ မန်ကျည်းပိဿာချိန် (၅၀၀)ကျော် အရောင်းအဝယ်ပုံမှန်ရှိနေတာ သိရ သည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာ (၃၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိနေတာလည်း တွေ့ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း