Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းဈေးကွက်

   ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၄-၁၁-၂၀၂၃) ရက်နေ့မှ (၂၃-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ပိဿာလျှင် ၄၄၁၅/-ကျပ် မှ ၄၅၀၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ပိဿာလျှင် ၄၅၈၀/-ကျပ်မှ ၄၆၇၀/-ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ပိဿာလျှင် ၆၃၃၀/-ကျပ်မှ ၆၈၃၅/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ပိဿာလျှင် ၂၅၀၀/-ကျပ်မှ ၂၈၃၅/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) ၁ပိဿာလျှင် ၃၅၈၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ပဲခူးရွှေဝါ ၁ပိဿာလျှင် ၃၂၆၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ ၁ပိဿာလျှင် ၂၇၁၅/-ကျပ် မှ ၃၂၀၀/-ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ပိဿာလျှင် ၃၁၆၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ ပဲခူး ၁ပိဿာလျှင် ၂၈၀၀/-ကျပ်မှ ၂၈၃၅/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) ၁ပိဿာလျှင် ၂၅၈၀/-ကျပ်မှ ၂၆၇၀/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁ပိဿာလျှင် ၂၈၃၀/-ကျပ်မှ ၃၁၇၀/-ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ပိဿာလျှင် ၃၂၅၀/-ကျပ်မှ ၃၃၃၅/-ကျပ်ထိလည်းကောင်း၊ မတ်ပဲ RAW ၁ပိဿာလျှင် ၄၆၁၅/-ကျပ်မှ ၄၆၅၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၇၀၀/-ကျပ်မှ ၆၁၀၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၁ပိဿာလျှင် ၆၀၈၅ကျပ်မှ ၆၄၃၅ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ပိဿာလျှင် ၆၅၄၅ကျပ်မှ ၇၀၈၀ကျပ်ထိလည်းကောင်း  စသည်ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၁၄-၁၁-၂၀၂၃) ရက်နေ့မှ (၂၃-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၁၂၀၀၀/-ကျပ်မှ အနိမ့်ဈေး ၁၁၅၀၀/-ကျပ်ထိလည်းကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၀၃၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၀၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၁၃၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၁၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်မှ ၉၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြစ်ဝ(ပု)    တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်)  ၁ပိဿာလျှင် ၁၁၀၀/-ကျပ်မှ ၁၂၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၃၀၀ကျပ်ဖြင့်လည်းကောင်း၊ ကြံသကာ (သစ်) ၁ပိဿာလျှင် ၄၁၅၀/-ကျပ်မှ ၄၂၀၀/-ကျပ်ဖြင့်လည်းကောင်း၊  သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၈၀၀/-ကျပ်မှ ၃၈၅၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၉၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၂၀၀/-ကျပ်မှ ၄၃၀၀/-ကျပ်ထိလည်းကောင်း၊ ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၆၀၀/-ကျပ်မှ ၅၇၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၃၆၀၀/-ကျပ်မှ ၃၇၀၀/-ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၆၀၀/-ကျပ်မှ ၃၉၀၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာအတက်အကျဖြစ်လျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းများမှာ ပြန်လည်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။      

 DOCA(ရန်ကုန်)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၃၀.၁၁.၂၀၂၃)

     ၃၀.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၃၀.၁၁.၂၀၂၃)

    ၃၀.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၀.၁၁.၂၀၂၃ )

    ၃၀.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကရင်ပြည်နယ်တွင် ရာဘာအစေးခြစ်လုပ်ငန်းများစတင် တောင်သူများဈေးကောင်းရ

 မိုးကာလ ခြံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်၍ ကာလအတန်ကြာရပ်နားထားသော ကရင်ပြည်နယ်ရှိ ရာဘာစိုက်ပျိုးရေးခြံများမှာ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ၂၀၂၃-၂၀၂၄ နိုဝင်ဘာလဆန်းမှစ၍ ရာဘာအစေးခြစ်လုပ်ငန်းများ ပြန်လည်စတင်လျက်ရှိပြီဖြစ်ကြောင်း ရာဘာစိုက်တောင်သူ ဦးဝေလင်းအောင်ထံမှ သိရသည်။

  ကရင်ပြည်နယ်တွင် ရာဘာစိုက်ပျိုးသည့်ဧကက ပြည်နယ်ချုပ် ၂၇၁၂၇၁ ဧကဖြစ်၍ အစေးလှီးဧက ၂၆၀၄၈၁ဧက ဖြစ်ကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ တစ်နှစ်  ၁၅၈.၅၄ ပေါင်ရှိပြီး ပြည်နယ်ချုပ် စုစုပေါင်း အထွက်တန် ၁၈၇၃၇ တန်ထွက်ရှိကြောင်း၊ကရင်ပြည်နယ်ဒေသထွက် ရာဘာဈေးနှုန်းများမှာ ယခင်နှစ်က Rss 3 တစ်ပေါင်လျှင်          ၁၄၃၀ ကျပ်ဈေးနှုန်းဖြင့် ဈေးပိတ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီဈေးအဖွင့်မှာ တစ်ပေါင်လျှင် ၁၈၀၀ကျပ်နှုန်းဖြင့် ဈေးဖွင့်ခဲ့ကြောင်းနှင့် လက်ရှိ Rss 3 ၁ပေါင်ဈေးနှုန်းမှာ ၁၅၅၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ရာသီပေါ် အဖွင့်ဈေးမှာပင် ယမန်နှစ်ထက် ဈေးပိုရကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

 

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင်(၈၀၀မှ ၁၀၀၀)ကျပ်ထိ၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (အစေ့လွတ်) (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၅၀၀) ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်ထိ၊  မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၁၅၀၀မှ၂၀၀၀)ကျပ်ထိ၊ တည်သီး (၁)လုံးလျှင် (၈၀၀မှ ၁၀၀၀) ကျပ်ထိ၊ ထောပတ်သီး(၁)လုံးလျှင် (၅၀၀မှ ၁၀၀၀)ကျပ်ထိ၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သလဲသီး (၁)လုံးလျှင် (၇၀၀)ကျပ်၊ သင်္ဘောသီးအမှည့် (၁)လုံးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ နဂါးမောက်သီး (၁)လုံးလျှင် (၈၀၀မှ ၁၀၀၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ နိုဝင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး နိုဝင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အ ကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိ ဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ငါးဈေးနှုန်းများအား နိုဝင်ဘာလ တတိယပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ နိုဝင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကတ်လျှင် (၂၂၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် (၅၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ (၁)ဘူးလျှင် (၃၀၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ (၁)ဘူးလျှင် (၂၀၀၀) ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် (၁၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် ( ၃၀၀) ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀) ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကတ်လျှင် (၃၈၀၀)ကျပ်၊ Enervon-G (၄)လုံးပါ (၁)ကတ်လျှင် (၁၈၅၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် (၁၅၀၀)ကျပ်၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် (၂၅၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၃၀၀)ကျပ်၊  Ascoril (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Chericof (၁)ဘူးလျှင် (၆၅၀၀)ကျပ်၊ Vifex (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      အိမ်သုံးဆေးဝါးဈေးနှုန်းများအား နိုဝင်ဘာလ တတိယပတ်နှင့်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် (၁၀၀)ကျပ်၊ Oramin-G (၅)လုံးပါ (၁)ကတ်လျှင် (၁၀၀)ကျပ်၊ Enervon-C (၄)လုံးပါ (၁)ကတ်လျှင် (၅၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် (၁၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ (၁)ဘူးလျှင် (၈၀၀)ကျပ်၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် (၅၀၀)ကျပ်၊ Ascoril (၁)ဘူးလျှင် (၂၀၀)ကျပ်၊ Baby Cough (၁) ဘူးလျှင် (၄၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း ရောင်း  ချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                                                        

ကန့်ဘလူခရိုင်၌ နိုဝင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြသည်။

    ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင် (၇၆၅၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၄၅၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၁၉၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း