Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ ဒေသတွင်းရှိ စက်ပိုင်များ၊ ကုန်သည်များ၊ တောင်သူမျာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါး၊ ဆန်ဈေးနှုန်းများမှာ ယခင်နိုဝင်ဘာလ တတိယပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း (၁၀၀)လျှင် ကျပ်၃၅၅၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ်၂၉၀၀၀၀၀ နှင့် နွေစပါး ရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ်၁၆၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်၁၂၇၀၀၀နှင့် ရွှေဝါထွန်း ဆန်(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့်ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။         

DOCA(စစ်ကိုင်း)       

                            

ကန့်ဘလူခရိုင်၌ နိုဝင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ရေထွက်ကုန်ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ “မြို့မဈေး”၌ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသောရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးပုတ်သင်ခြောက်(အကြီး) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၃၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၆၅၀၀)၊ လသာခြောက်(အချို)(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ လသာခြောက်(အငန်) (၁)ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၀၅၀၀)နှင့် ငါးရံ့ခြောက် အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၂၀-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်မှ နေ့လယ်(၁၁း၀၀)နာရီအချိန်ထိ  ကျွန်းလှမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း စားအုန်းဆီများကို နိုင်ငံ့ဝန်ထမ်းများ၏ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါစားအုန်းဆီများရောင်းချရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၂၀၀)ကျပ်၊ နိုင်ငံ့ဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် နိင်ငံ့ဝန်ထမ်းဦးရေ(၂၅၀) ဦးတို့အား စားအုန်းဆီ (၂၅၀) ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့်ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

နိုဝင်ဘာလ စတုထ္ထပတ်တွင် ကျွန်းလှမြို့၌ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီ/၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၁၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၃၃၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၃၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

   နိုဝင်ဘာလ စတုထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်    (၂၂၈၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ယခင်နိုဝင်ဘာလနှင့် ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၇၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၉၅)ကျပ်မြင့်တက်လျက်ရှိပြီး  ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၅)ကျပ်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့၊ စက်သုံးဆီဆိုင်များမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပန်းမုန်လာပွင့်(ခေါ်)ပန်းဂေါ်ဖီဈေးကွက်ကောင်းမွန်သဖြင့် စိုက်ပျိုးတောင်သူများ ဝင်ငွေကောင်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသည်။

   တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာလနှင့် အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ ၃၅ရက်သားတွင် စတင်စိုက်ပျိုးကြောင်း၊ ရက်ပေါင်း ၉၀ခန့်တွင် ခူးဆွတ်ရကြောင်း၊း မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၈)သိန်းကုန်ကျပြီး ကျပ်(၁၅)သိန်းခန့်ပြန်လည်ရရှိရာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့်ကျန်ရှိကြောင်းသိရှိရပါသည်။

     ခူးဆွတ်ပြီးသော ပန်းမုန်လာပွင့်များကို အရွယ်အစားအလိုက် တစ်ပွင့်လျှင် ငွေကျပ် (၁၅၀၀-၂၀၀၀) ခန့်အထိဖြင့်ရောင်းချကြောင်း၊ ပွဲစားများက ကျေးရွာများသို့ လာရောက်ဝယ်ယူကြပြီး မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိပါ တင်ပို့ရောင်းချလျက်ရှိရာ ပန်းမုန်လာပွင့် စိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်ကာ ဝင်ငွေကောင်းနေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိ သော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများ ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံး   ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ရေစကြိုမြို့မဈေးအတွင်း၌ အရောင်းအဝယ် ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပဲရောဆီ တစ်ပိဿာလျှင် ကျပ်(၉၃၀၀)၊ ဆုံဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ခရမ်းချဉ်သီး(အင်းသီး) တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ၂၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ၂၀၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၃၆၀၀)၊ မျှစ်(တောင်ရိုး) တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ၂၇၀၀)၊  ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၄၅၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက် တစ်ပြည်လျှင် ကျပ်(၂၄၀၀ မှ ၂၆၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် (၃၅၀၀ မှ ၃၇၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀ မှ ၁၄၀၀၀)၊ ဂျင်းတက် တစ်ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၅၃၀၀ )၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)၊ မေမြို့ပဲသီး(အပြား) တစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၂၄၀၀)၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၇၀၀)၊ ဂေါ်ရခါးသီး တစ်လုံးလျှင် ကျပ်(၁၇၀မှ ၂၀၀)၊ မုန်လာထုပ် တစ်ထုပ်လျှင် ကျပ်(၁၃၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၅၀)၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ်(၁၀၀)၊ ဗူးရွက် တစ်စည်းလျှင် ကျပ်(၁၅၀)၊ နံနံပင် တစ်စည်းလျှင် ကျပ်(၈၀)၊ သံပရာသီးတစ်လုံးလျှင် ကျပ်(၂၅၀)၊ မန်ကျည်းသီးမှည့် အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၃၇၀၀)၊ မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၆၅၀၀)၊ ကုလားပဲခြမ်း(အနီဆံ) တစ်ပြည်လျှင် ကျပ်(၇၆၀၀)၊ ကုလားပဲခြမ်း(အဖြူဆံ) တစ်ပြည်လျှင် ကျပ်(၇၅၀၀)၊ ဆား တစ်ပိဿာလျှင်ကျပ် (၆၀၀)၊ ကြက်သား(CP) တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာ ကျပ် (၁၅၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊    အမဲသား တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှ သိရှိရပါသည်။         

DOCA(မကွေး)

မုံရွာမြို့၊ ပြည်ထောင်စုဈေးရှိ ငါးအမျိုးအစားများနှင့် ဈေးနှုန်းအခြေအနေ

   မုံရွာမြို့၊ ပြည်ထောင်စုဈေးရှိ ငါးဆိုင်များတွင် ငါးအမျိုးအစားပေါင်းများစွာရောင်းချလျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ တီလားပီးယား၊ ငါးမုတ်၊ ငါးကြင်းဖြူ၊ ငါးမြင်း၊ ငါးသလောက်၊ ငါးလူး၊ ငါးသလဲထိုး၊ ကကတစ်၊  ငါးဖန်ဝိုင်း၊ ပုစွန်လတ်၊ ပုစွန်ကြား၊ ဘော့ချိတ်တို့ဖြစ်ပါသည်။

   ယင်းတို့အနက် တချို့သောငါးအမျိုးအစားများ၏ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ငါးတန်တစ်ပိဿာလျှင် (၇၀၀၀-၇၅၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ တီလားပီးယားတစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးကြင်းဖြူ (ခုတ်သား) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ မြစ်ငါးမြင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးလူးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ပုစွန်လတ် (၂၅)ကျပ်သားလျှင် (၆၀၀၀-၇၀၀၀) ကျပ်၊ ပုစွန်ထုပ်(၂၅)ကျပ်သားလျှင် ၁၀၀၀၀ကျပ်၊ ကင်းမွန်အကြီးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ရေဘဝဲ(အသေး) တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးကြင်းခြစ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးရှဉ့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးသလဲထိုးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ် စသည်ဖြင့်ဈေးနှုန်းအသီးသီးရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

           

ပခုက္ကူမြို့တွင် ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများတည်ငြိမ်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းမှာ အောက်တိုဘာလ နောက်ဆုံးပတ်မှ ဈေးနှုန်းအတိုင်း၊ ကြံနှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၆၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၇၀၀)ဈေးရှိကြောင်း သိရှိရသည်။

     ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး အသုံးများ သော ဓာတ်မြေဩဇာလောက်သာဈေးအနည်းငယ်တက်ပြီး ကျန်အမျိုးအစားများမှာ ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရှိရသည်။

     အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမိုယူရီးယား(50)kgပါ တစ် အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ရွှေနဂါး ယူရီးယားတစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ တရုတ်တီစူပါသံကွင်း(50)kgပါ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ တရုတ်ပုလဲရွှေတောင်(50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မြန်မာဩဘာ ရွှေကော မက်(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ အာမိုကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ် (၁၅၂၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း (၁၅း၁၅း၁၅)(50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ တရုတ်အာမို(၁၆း၁၆း၁၆) (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၃၂၀၀၀)အသီးသီးဖြင့် ပုံမှန်အရောင်းအဝယ်ရှိနေပါသည်။

     ပိုးသတ်ဆေး ဈေးနှုန်းများအနေဖြင့် ယခုရာသီတွင် ဈေးအနည်းငယ်ကျလာသည်ကို တွေ့ရသည်။ အာမိုမက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ အာမိုစတား (၁)လီတာ တစ်ဘူးလျှင် ကျပ်(၄၁၀၀၀)၊ အာမိုအီမာ(၁)လီတာဘူး တစ်ဘူးလျှင် ကျပ်(၃၃၅၀၀)၊ အာမိုမင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာပို့စ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၁၁၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၂၁၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ် (၁၆၈၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၄၀၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၂၉၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀) ဈေးနှုန်းအသီးသီးရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျောက်ဆည်ခရိုင်၌ (ဆောင်း)ဖူးစားပြောင်းများ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိ

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ (ဆောင်း)ဖူးစားပြောင်းကိုလည်း တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် (၂၀၂၃-၂၀၂၄)  ဘဏ္ဍာနှစ်တွင် (၂၉၆)ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးမှုတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၆၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသောမြို့နယ်များမှာ စဉ့်ကိုင်မြို့နယ်ဖြစ်ပြီး ကျန်မြို့နယ်များမှာ မိသားစုစားသုံးရန်အတွက် ကြက်သွန်ခင်းများတွင် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ သကြားပြောင်းဖြစ်ပြီး ထောပတ်ပြောင်းမှာ စိုက်ပျိုးမှုနည်းပါးသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုအားကောင်းသောကြောင့် အပင်များနှင့်အဖူးများသန်မာထွားကြိုင်းလျက်ရှိပြီး မကြာမီကာလအတွင်း ထွက်ပေါ်တော့မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ပြောင်းဖူးအစိမ်း(၁)ဖူးလျှင် (၂၀၀-၂၅၀)ကျပ်ဖြစ်ပြီး ပြောင်းဖူးပြုတ် (၁)ဖူးလျှင် ဖူးကြီး (၅၀၀)ကျပ်၊ ဖူးလတ် (၃)ဖူးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ပြောင်းဖူးစိမ်းကို ဂျစ်ဖြင့်ခြစ်၍ ပြောင်းဖူးကြော်အဖြစ် စားသုံးကြပြီး ပြုတ်ပြီးသောပြောင်းဖူးများကို ဓားဖြင့်ပါးပါးလှီး၍ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ဖြင့် ပြောင်းဖူးသုပ်အဖြစ်လည်းသုပ်၍စားသုံးကြပါသည်။ ပြောင်းဖူးစားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး မိသားစုအတွက်လည်း စီးပွားဖြစ်ဝင်ငွေတိုးသောကြောင့် ပြောင်းဖူးသီးနှံများကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

“ဈေးကောင်းရနေသောချဉ်ပေါင်ဖူး”

    မိုးအကုန်ဆောင်းအကူးတွင် ရာသီပေါ်သီးနှံမျိုးစုံထွက်ရှိလျက်ရှိရာ ယခုလတ်တလောတွင် မြေလွတ်၊ မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင်စိုက်ပျိုးထားသော ချဉ်ပေါင်ပင်များမှ ချဉ်ပေါင်ဖူးများထွက်ရှိလျက်ရှိပါသည်။ တောင်သူအများစုမှာ မိသားစုအပိုဝင်ငွေရရှိစေရန် ဗမာချဉ်ပေါင်နှင့်အဖူးပါစားသုံးလို့ရသော ဒေသအခေါ် ဘိလပ်ချဉ်ပေါင်များကို အများဆုံးစိုက်ပျိုးကြပါသည်။ အဖူးမှာ အခွံအစိမ်းနှင့် အခွံနီချဉ်ပေါင်ဖူးဟူ၍ အမျိုးအစား(၂)မျိုးရှိရာ အစိမ်းရောင်အဖူးမှာ လူကြိုက်များ၍ အရောင်းသွက်ကြောင်း၊ ဈေးနှုန်းမှာ ချဉ်ပေါင်ဖူး(၁)ပြည်လျှင် (၂၀၀၀)ကျပ်ခန့်အထိရောင်းချနေရပြီး ယခင်နှစ်ချဉ်ပေါင်ဖူဈေးနှုန်းမှာ (၁)ပြည်လျှင် (၉၅၀)ကျပ်ဖြင့်သာရောင်းချခဲ့ကြောင်း၊ ချဉ်ပေါင်ဖူးများကို ခူးဆွတ်ပြီးအစေ့နှင့် အဖူးအခွံအဖြစ်  ပြန်လည်ခွဲထုတ်ပေးရပါသည်။ (၁)ပြည်လျှင် အခွံခွာခ (၃၀၀)ကျပ်ပေးရပါသည်။ ချဉ်ပေါင်ပင်ပေါ်မူတည်၍ ချဉ်ပေါင်အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ချဉ်ပေါင်ဖူးများကို နီးစပ်ရာမြို့များနှင့် ပတ်ဝန်းကျင်ရွာများမှ လာရောက်ဖောက်သည်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးသောချဉ်ပေါင်ပင်များမှ အဖူးအပွင့်များကိုခူးယူ၍ ရောင်းချကြပြီး တောင်သူများအတွက် အပိုဝင်ငွေရရှိသောကြောင့် ချဉ်ပေါင်ဖူးပင်ကိုစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း