Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မဈေးတွင် အောက်တိုဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)တက်နှင့် အာလူးဈေးများကျဆင်းနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင်  စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ချင်း(ဂျင်း)နှင့် အာလူးများရောင်းချလျက်ရှိပါသည်။

      ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်ဖြူ(ရှမ်းစ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀-၁၁၀၀၀)နှင့် လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ချင်း(ဂျင်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၅၀၀၀)နှင့် လက်လီတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူး(ရှမ်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၂၁၀၀-၂၂၀၀-၂၄၀၀)နှင့်အာလူး(တရုတ်) လက်ကားတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၂၆၀၀-၂၈၀၀)၊ အာလူး(ရှမ်း)  လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အာလူး(တရုတ်) လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြစ်ခဲ့ပြီး အောက်တိုဘာလ(တတိယပတ်)တွင် ကြက်သွန်ဖြူ (ရှမ်းစ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် (၈၅၀၀-၉၀၀၀-၉၅၀၀)နှင့် လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၉၅၀၀)၊ ချင်း(ဂျင်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၃၀၀၀)နှင့် လက်လီတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ အာလူး(ရှမ်း) လက်ကားတစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀-၂၀၀၀)နှင့် အာလူး(တရုတ်) လက်ကားတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀-၂၃၀၀)၊ အာလူး(တရုတ်) လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊  အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀) ဖြစ်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀ - ၃၀၀)ထိကျဆင်းကြောင်း မြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ရာသီပေါ်ဈေးကောင်းရနေသောပိန်းဥ

    ပိန်းဥကို ဇွန်လအစောပိုင်းတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလနောက်ဆုံးပတ်မှစတင်၍  ဈေးကွက်အတွင်းသို့ ဝင်ရောက်ရောင်းချကြပါသည်။ အောက်တိုဘာလတွင် ပိန်းဥများ လှိုင်လှိုင်ပေါ်ထွက်လာကာ ဈေးကောင်းလည်းရလျက် အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ ပိန်းဥတွင် ပိန်းရိုင်းနှင့် ပိန်းယဉ် ဟူ၍ နှစ်မျိုးရှိပြီး ပိန်းရိုင်းဥက စားလျှင် လျှာယားတတ်သည်ဟု သိရပါသည်။ ပိန်းဥ အမျိုးပေါင်းများစွာရှိသည့်အနက် လူကြိုက်များသော ပိန်းဥမှာ ပိန်းကြက်ဥ ဖြစ်ပါသည်။ ပိန်းကြက်ဥမှာ ကြက်ဥ နီးပါး အရွယ်ရှိပြီး မျက်နှာပြင်မှာလည်း အဖုအထစ်နည်းပါး၍ ပြောင်ချောလျက်ရှိပါသည်။ ပိန်းဥကို သတ်သတ်လွတ်ဟင်းလျာအဖြစ် စားသောက်ကြသလို မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း စွတ်ပြုတ်အဖြစ်လည်းကောင်း စားသုံးကြပါသည်။ ပိန်းဥကို ကလေး လူကြီးများအကြိုက် ပြုတ်၍ ဆီဖြင့်လည်း စားသုံးကြပါသည်။  ပြည်မြို့ဈေးကွက်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်သော ပိန်းဥ တစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ နတ်တလင်းနှင့် ရွှေတောင်မြို့နယ်ဖက်မှ ဝင်ရောက်သော ပိန်းကြက်ဥ တစ်ပိဿာလျှင်  ၂၅၀၀ ကျပ်၊ တစ်ဥလျှင် ၅၀ ကျပ်သား၊ ၃၀ ကျပ်သား၊ ၂၅  ကျပ်သား၊ ၁ ပိဿာ အထိ အလေးချိန်စီးသော ပိန်းဥကြီး များအနေဖြင့် တစ်ပိဿာလျှင် ၅၀၀၀ ကျပ် အထိရှိကာ အရောင်းအဝယ်ဖြစ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏အမည်သစ်သီးနှံ ဆေးပုလဲမြစ်

   ပြည်မြို့နယ်အနေဖြင့် ရာသီပေါ်အမည်သစ်ဈေးကွက်များ နေရာအချို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အမည်သစ်ဈေးကွက်အနေဖြင့် ကြောင်လျှာဆန်၊ဆေးပုလဲမြစ်၊ နေလဲစေ့၊ ငါးကြီးအံဖတ်၊ တလုပ်စကားပွင့်ခြောက်၊ ဖန်ခါးသီးခြောက်၊ ချိတ်တို့ဖြစ်ပါသည်။ ဆေးပုလဲအမယ်သစ်သည် ယခုအချိန်အခါတွင် အရောင်းအဝယ် အများဆုံးဖြစ်နေပါသည်။ ဆေးပုလဲပင်သည် သွေးတိုး၊နှလုံးနှင့် နောက်ကျောတက် ၊မျက်စိမှုံခြင်းများကို သက်သာပျောက်ကင်းစေပါသည်။ ဆေးပုလဲပင်သည် နေရာမရွေး စိုက်ပျိုးနိုင်ပြီး အအေးကြိုက်သောအပင်ဖြစ်ပါသည်။ အလေ့ကျပေါက်သော အပင်ဖြစ်ပြီး မိုးကျကာလတွင် မျို့းစေ့ချ စိုက်ပျိုးရပြီး ဆောင်းအကုန် နွေဦးကာလတွင် အပွင့်များ အသီးများ စတင်ထွက်ပေါ်လာပါသည်။ ဆေးပုလဲပင်၏ အရွက်ကို အစိမ်းဝါးစားပြီး ရေအေးနှင့် သောက်သုံးလျှင် ဗိုက်နာခြင်းမရှိဘဲ ဝမ်းသွားစေပါသည်။ ဆေးပုလဲအမြစ်သည် ခန္ဓာကိုယ်အတွက် လိုအပ်သောဓာတ်များကို ရရှိစေပြီး ပိုနေသောဓာတ်များကို ဖယ်ရှားပေးသောကြောင့် ရှေးယခင်ကတည်းကပင် အသက်ရှည်ဆေးအဖြစ် သုံးဆောင်ခဲ့ကြပါသည်။ ပြည်မြို့နယ်တွင် ဆေးပုလဲပင်များကို နေရာအနှံ့စိုက်ပျိုးပြီး ဆေးပုလဲမြစ်ခြောက်ကို ပရဆေးဆိုင်များမှ ဆေးဖော်ရာတွင် အသုံးပြုရန်အတွက် လာရောက်ဝယ်ယူကြောင်းသိရပါသည်။ ‌ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်၌ နံနံပင်ဈေးများမြင့်တက်လာ

      နံနံပင်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ဇွန်လနှင့် ဇူလိုင်လတွင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင်လည်း စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ကြောင်း သိရပါ သည်။ နံနံပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြပြီး ဟင်းချက်ရာတွင်လည်းကောင်း၊ အသုပ်သုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ လူအများ စားသုံးမှု များသဖြင့် နံနံပင်ဈေးမှာ ပြည်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ပြည်ဈေးကွက်သို့  နံနံပင်များကို ပြည်မြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြသလို ပေါင်းတလည်၊ ခွေးရဲ ကျေးရွာ ဖက်မှလည်း လာရောက်ရောင်းချ ကြောင်း သိရပါသည်။ ယခုအချိန် ပြည်ဈေးကွက်သို့ လာရောက်ရောင်းချသော နံနံပင်ဈေးများမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ၌ နံနံပင်ဈေးနှုန်းမှာ တစ်ပိဿာ ၁၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုနှစ်တွင် ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုသို့ နံနံပင်ဈေးများ မြင့်တက်လာရခြင်းမှာ ပြည်မြို့တွင် နံနံပင်ကို ဆောင်းရာသီ၌သာ စိုက်ပျိုးကြပြီး မိုးရာသီတွင် အနည်းငယ်သာ စိုက်ပျိုးကြသဖြင့် အထွက်နှုန်းနည်း၍ စားသုံးမှုများသဖြင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

  မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် စျေးနှုန်းအတက်အကျရှိကြောင်းသိရှိရပါသည်။

   အောက်တိုဘာလ(တတိယပတ်)တွင် မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးစျေးနှုန်းများမှာ Paracetamol (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၃၅၀)၊ Decolgen (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Civit အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ် (၂၀၀၀)၊ Biogesic (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၀၀၀)၊ Amoxicillin အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၆၄၀၀)၊ Enervon-C (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Burmeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Cetrine (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၂၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါတစ်ကတ်လျှင် ကျပ်(၃၃၀၀)၊ Becozinc (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၄၃၅၀)၊ Vitahome (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၈၀၀)၊ SaRa (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၁၀၀)၊ Vitacee (၁၅)လုံးပါတစ်ကတ်လျှင် ကျပ်(၄၃၀၀)၊ Flemex (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၃၈၀၀)၊ Solmux(၄)လုံးပါတစ်ကတ်လျှင် ကျပ်(၁၁၅၀)၊ Alexal (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၂၁၅၀)၊ Mixagrip (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၇၇၀)ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မကွေးကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော ပဲမျိုးစုံ၊ နှမ်းမျိုးစုံစျေးကွက်အခြေအနေ

    မကွေးကုန်စည်ဒိုင်တွင်ရောင်းချနေသော ပဲနှင့်နှမ်းများမှာ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ များဖြစ်ကြသည့် ကံသာလေး၊ ကံသစ်၊ ရွာဟောင်းရပ်၊ မကျီးကန်၊ ဆားတိုင်ကန်နှင့် မိကျောင်းရဲ၊ မြင်ကွန်း၊ စလင်း(ဆင်ဖြူကျွန်း)၊ ဆိပ်ဖြူ၊ ပွင့်ဖြူ၊ သရက်တောတို့မှတောင်သူများ လာရောက်ရောင်းချ ကြောင်းသိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ‌စျေးနှုန်းများမှာ နှမ်းနက်စမုံ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀-၁၁၈၀၀၀)၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၂၆၀၀၀)၊ နှမ်းနီ(မကွေး)(၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ နှမ်းနီ(နယ်စ)(၁)တင်းလျှင် ကျပ်(၁၀၃၀၀၀)၊ ပဲတီစိမ်း(၁) တင်းလျှင် ကျပ်(၆၁၀၀၀)၊ ပဲနှောက်(၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး)(၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲကြီးဖြူ(လတ်)(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(သေး)(၁)တင်းလျှင် ကျပ် (၉၂၀၀၀)၊ ပဲကြီးမဲ(ချင်း)(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၆၀၀၀)၊ စားတော်ပဲ (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ လုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀- ၇၁၀၀)၊ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ်(၆၁၀၀ - ၆၂၀၀)၊ မြေပဲဆံ(အောက်ကျ)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မြေပဲဝိုင်းချ(၁)ပိဿာလျှင် ကျပ်(၄၈၀၀-၅၂၀၀) ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

      (၁၆-၁၀-၂၀၂၃) ရက်နေ့မှ (၁၈-၁၀-၂၀၂၃) ရက်နေ့အထိအရောင်းအဝယ်ဖြစ်နေသော တန်ချိန်များမှာ နှမ်းနက်စမုံ တန်ချိန်(၁၀၀)၊ နှမ်းနီ တန်ချိန် (၆၀)၊ နှမ်းဖြူ တန်ချိန် (၁၀၀)၊ နှမ်းနက် (ရိုးရိုး) တန်ချိန်(၃၀)၊ ပဲတီစိမ်း တန်ချိန် (၁၀၀)၊ ပဲနှောက် တန်ချိန် (၁၀၀)၊ ပဲလွန်းဝါ တန်ချိန် (၂၀)၊ ကုလားပဲ (HL)နှင့် ကုလားပဲ (929) တန်ချိန် (၁၀၀)၊ ပဲကြီးဖြူ တန်ချိန် (၂၅)၊ ပဲကြီးမဲ တန်ချိန် (၁၀)၊ မတ်ပဲ တန်ချိန် (၁၀)၊ (လုံးဆံနီ၊ လုံးဆံဖြူ၊ မြေပဲဆီဆံ (အောက်ကျ)) တန်ချိန်(၁၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများအ‌ရောက် အလှည့်ကျရောင်းချပေး

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီးဆီလုပ်ငန်းရှင်များအသင်းမှ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများအရောက် (၁၀)ရက်လျှင်တစ်ကြိမ် အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

    မကွေးတိုင်းဒေသကြီးဆီလုပ်ငန်းရှင်များအနေဖြင့် မကွေးမြို့နယ်အတွက် စားအုန်းဆီခွဲတမ်း (၅၀၀)ပေပါ (၅၅၀၀၀)ပိဿာရရှိထားပြီး (၉/၂၀၂၃)လအတွင်း၌ (၄၅၄.၇၈)ပေပါ/ (၅၀၀၂၅)ပိဿာရောင်းချခဲ့ကြောင်း၊ (၆-၁၀-၂၀၂၃)ရက်နေ့တွင် ဂျုတ်ကုန်းကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာ၌ အိမ်ထောင်စု (၆၈၄)စုအတွက် စားအုန်းဆီ(၆၈၄)ပိဿာ၊ မြင်ကွန်းကျေးရွာ၌ အိမ်ထောင်စု(၁၆၁၅)စုအတွက် စားအုန်းဆီ(၁၆၁၅)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု(၂၂၉၉)စုအတွက် (၂၂၉၉)ပိဿာရောင်းချပေးခဲ့ကြောင်း၊  (၁၆-၁၀-၂၀၂၃)ရက်နေ့တွင် လင်းမြင့်ကျေးရွာရှိ အိမ်ထောင်စု(၅၀၀)စုအတွက် စားအုန်းဆီ(၅၀၀) ပိဿာ၊ အုန်းတွဲကျေးရွာရှိ အိမ်ထောင်စု(၆၀၀)စုအတွက် စားအုန်းဆီ(၆၀၀)ပိဿာနှင့် မယ်လှတောင်ကျေးရွာရှိ အိမ်ထောင်စု(၅၀၀)စုအတွက် စားအုန်းဆီ(၅၀၀)ပိဿာတို့ကို တစ်ပိဿာလျှင် ကျပ် (၄၅၀၀)ဖြင့် စျေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးနှင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစေရေးအတွက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများက အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၅.၁၀.၂၀၂၃ )

   ၂၅.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မကွေးမြို့၊ ကန်သာစျေး၌ အောက်တိုဘာလ(တတိယပတ်)အတွင်းရောင်းချနေသော ကုန်စျေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေးသို့ ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ် (ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိကြောင်းသိရသည်။

 ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)အတွင်း ရောင်းချနေသောကုန်စျေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၃၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆားအချော (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ် (၆၈၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀-၄၃၀၀)၊ ကြက်ဥ(၁) လုံးလျှင် ကျပ်(၂၃၀-၂၇၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်(၃၅၀-၄၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ် (၉၀၀၀-၁၀၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀)တို့ဖြစ်ကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၅.၁၀.၂၀၂၃ )

    ၂၅.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း