Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်းကုန်စည်ဒိုင်ပြောင်းအရောင်းအဝယ်ဖြစ်ပေါ်မှု

     မန္တလေးကုန်စည်ဒိုင်အတွင်း ရှမ်းတောင်၊ ရှမ်းမြောက်နှင့်မကွေးတိုင်းအတွင်း မြေနုကျွန်းများ တွင် စိုက်ပျိုးသော ပြောင်းဖူးစေ့များ၊ မန္တလေးတိုင်းအတွင်းမှ ထွက်ရှိသော ပြောင်းဖူးစေ့များ မန်း ကုန်စည်ဒိုင်အတွင်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပြောင်းဖူးစေ့များကို စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြု ခြင်း၊ တပိုင်တနိုင် သိုလှောင်ထားရှိခြင်း၊ ကုန်စည်ဒိုင်အတွင်းဝင်ရောက်သည့် ကုန်စည်များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဈေးနှုန်းဈေးကွက်အနေနှင့် ပြောင်းဖူးစေ့(ဗမာ) ၃ တင်း တစ်အိတ် ၈၄၀၀၀ ကျပ်၊ (၁)ပိဿာ ၁၅၅၆ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း) ၃ တင်း တစ်အိတ် ၈၄၅၀၀ ကျပ်၊ (၁)ပိဿာ ၁၅၇၄ ကျပ်၊ ပြောင်းဖူးစေ့(စီပီ)(သစ်)၈၆၀၀၀ ကျပ်၊ (၁)ပိဿာ ၁၅၉၃ ကျပ် တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စည်ဒိုင်အတွင်း ပိဿာဈေးနှင့်အရောင်းအဝယ်ဖြစ်ပြီး ၃ တင်း တစ်အိတ် ၅၄ ပိဿာ နှင့် အိတ်ဈေးဖြတ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဇီးဖြူသီးများလှိုင်လှိုင်ဝင်လာ၍ဈေးကျလျက်ရှိ

      ဇီးဖြူသီးထွက်ရှိရာဒေသများဖြစ်ကြသည့် မန္တလေး၊စစ်ကိုင်းအနီးတဝိုက်တို့တွင် ဇီးဖြူပင် များသည်အလေ့ကျပေါက်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ယခုအခါ ဇီးဖြူပင်များကို ခြံစည်းရိုး တဝိုက်တို့တွင် စိုက်ပျိုးလာပြီး မိမိတို့အိမ်တွင် စားသုံးရန်မက ပိုလျှံသည့် အသီးများကို ဈေးသို့ တင်ပို့ရောင်းချလာပြီး စီးပွားဖြစ် စိုက်ပျိုးလာကြောင်းသိရှိရပါသည်။ဇီးဖြူပင်သည် နှစ်ရှည် အသီးတစ်မျိုး ဖြစ်သည်။ ယခုနှစ် ဝါဆို- ဝါခေါင်လများတွင် အသီးများစော၍ သီးလာကြသည်။ ယခုနှစ်တွင် ဇီးဖြူသီးများ လှိုင်လှိုင်ထွက်သည့်အချိန်ဖြစ်သည့်အတွက် ၁၀လုံးလျှင် (၄၀၀-၅၀၀) ကျပ်အထိရှိပြီး၊ ၁ပြည်လျှင် (၄၀၀၀-၄၅၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ ဇီးဖြူသီးမှာ မြန်မာ လူမျိုး များအတွက် အစိမ်းထောင်း၊ဇီးဖြူးသီးပြုတ်ပြီး ထောင်းစားရုံသာမက ငါးကြော်ဖြင့် ချက်ကြပြီး ဟင်းလျာတစ်ခွက်အဖြစ်စားသောက်ကြသည်။ ဇီးဖြူသီးပေါများသည့် ဒေသများတွင် ရက်ရှည် စားသုံးရန် ဆားရည်စိမ် ပြုတ်ပြီးအခြောက်လှမ်း ၍လည်းစားသုံးကြသည်။ နွေရာသီ အချိန် ခရီးသွားပြည်သူများအား ဇီးဖြူသီးဆားရည်စိမ်နှင့် ရေအေးတို့ဖြင့် လမ်းများတွင် အလှူ လုပ်ကြပါသည်။ ယိုစုံနှင့်အချဉ်ပေါင်းတို့တွင် ဇီးဖြူသီးသုပ်ကို ရောင်းချကြသည်။ ယခုအခါ ဇီးဖြူသီး အခြောက်များကို တရုတ်သို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ဇီးဖြူသီးသည် သံဓာတ်ပါဝင်သောကြောင့် ကျန်းမာရေးအထောက်အကူပြုသည့်အတွက် စားသုံးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

DOCA(မန္တလေး)

 

 

ထောပတ်သီး၏ကျန်းမာရေးအကျိုးကျေးဇူးနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

     ကမ္ဘာပေါ်မှာ ထောပတ်သီးအမျိုးအစားများစွာရှိပြီး မက္ကဆီကိုတောင်ပိုင်းတွင် အဓိက ပေါက်ရောက်ပါသည်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့သည့် နှစ်ပေါင်းရှစ်ထောင်လောက်ကတည်းက စိုက်ပျိုး ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်။ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်မှ ထွက်ရှိသော ထောပတ်သီးများကို မန္တလေးဈေးကွက်တွင် အများဆုံးတင်ပို့ ရောင်းချလျက်ရှိကြောင်းသိရှိပါသည်။ ထောပတ်သီးကို အင်္ဂလိပ်လို Avocado ဟုခေါ်ပါသည်။ ထောပတ်သီးရဲ့ ပုံသဏ္ဍာန်က သစ်တော်သီးပုံ၊ ဘဲဥပုံလို ရှည်ရှည်မျောမျောနဲ့ လုံးဝိုင်းသည့်ပုံစံရှိပြီး အသီးရဲ့အပေါ်ခွံက မိချောင်းကျောကုန်းလိုကြမ်းလို့ Alligator Pear ဟုလည်း နောက်အမည် တစ်မျိုးခေါ်ကြပါသေးသည်။

          ထောပတ်သီး၏အတွင်းသားကို ဇွန်းနဲ့ခြစ်ယူပြီး ဒီအတိုင်းစားကြသလို သကြားနို့ဆီများ နှင့်ရောခလောက်၍လည်းစားကြပါသည်။ ထောပတ်သီးဖျော်ရည်အနေဖြင့်လည်း သောက်သုံး ကြပါသည်။ ထောပတ်သီးတွင် အခြားသစ်သီးများကဲ့သို့ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တု ဓာတ်များကြွယ်ဝစွာပါဝင်သည့်အပြင် အဆီဓာတ်လည်းကြွယ်ဝစွာပါဝင်သည်။ ထောပတ်သီးတွင် ပါဝင်သည့် အဆီဓာတ်မှာ ကျန်းမာရေးကိုမထိခိုက်စေဘဲကောင်းကျိုးပြုနိုင်သည့် မပြည့်ဝဆီ (Unsaturated Fat) အမျိုးအစားဖြစ်ပါသည်။ ထောပတ်သီးကို စားသုံးခြင်းဖြင့် အမျှင်ဓာတ်များ ပါဝင်သည့်အတွက် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပြီး ဦးနှောက် နှင့်မျက်စိကျန်းမာဖို့ရာအတွက်လည်း အထောက်အကူပြုပါသည်။ ထောပတ်သီးတွင် ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သည့်အတွက် သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျ စေနိုင်ပါသည်။

          ထောပတ်သီးအမျိုးအစားများစွာရှိသည့်အနက်မှ ဈေးကွက်အတွင်း အများဆုံးရောင်းချ လျက်ရှိသည့် ထောပတ်သီးအမျိုးအစားမှာ Hass Avocado နှင့် အမရာ Avocado တို့ဖြစ်ကြပြီး လက်လီဈေးနှုန်းအနေဖြင့် Hass Avocado 1kg လျှင်(3500) ကျပ်၊ အမရာ Avocado 1kg လျှင်(8000) ကျပ်၊ လက်ကားဈေးနှုန်းအနေဖြင့် Hass Avocado 1kg လျှင် (3000) ကျပ်၊ အမရာ Avocado 1kg လျှင်(7500) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ထောပတ်သီးရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

 

ရာသီစာကျွဲကောသီးဈေးကွက်

      မန္တလေးမြို့တွင်းသို့ ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များမှ ကျွဲကောသီးများ ဝင်ရောက် လျက် ရှိသည်။ကျွဲကောသီးအဖြူနှင့်ပန်းရောင်များမှာအရည်ရွမ်းပြီးချိုပေါ့ကာ အချဉ်ဓာတ် အနည်းငယ် သာပါဝင်သောကြောင့် သွေးတိုးနှင့်ဆီးချိုသမားများ ရာသီဥတုပူပြင်းသည့်အတွက် အပူဒဏ် ကြောင့် မူးနောက်ခြင်းကို သက်သာစေသည့်အတွက် ကျွဲကောသီးများကို စားသုံးကြပါသည်။ မန္တလေးမြို့တွင် နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် စတင်ဝင်ရောက်ပြီး ရောင်းဝယ်မှုရှိကြသည်။ ယခင်နှစ်ကျွဲကောသီးရာသီတွင် ၁ လုံး လျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ် စတင်ခဲ့ပြီး အဝင်လှိုင် သည့်ရက်များတွင် ၅၀၀၀ ကျပ် ၄၀၀၀ ကျပ် ထိရောင်းဝယ်မှုရှိကြောင်း ယခုနှစ်တွင် ဇူလိုင်လ ဒုတိယပတ်တွင် ကျွဲကောသီးတစ်လုံး ထိပ်စ ၆၀၀၀ ကျပ် မှ ၇၀၀၀ ကျပ် လတ်စတစ်လုံးလျှင် ၅၀၀၀ကျပ် မှ ၄၀၀၀ကျပ် ဈေးနှုန်းများနှင့်ရောင်းဝယ် မှုရှိပြီး ယခုရက်ပိုင်းအတွင်း ရာသီဥတု ပူပြင်းခြင်း၊ ရာသီအဖျားများခြင်းတို့ကြောင့် ရာသီစာကျွဲ ကောသီးများ ဓာတ်စာအဖြစ် စားသုံးမှု များသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိပါသည်။

DOCA(မန္တလေး)

ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးကွက်

     မန္တလေးစျေးကွက်ရှိ  ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ စျေးငြိမ်လျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာမွေးမြူရေး ခြံ ထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊စဉ့်ကိုင်၊ကျောက်ဆည်မြို့နယ်များရှိမွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရပါ သည်။၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ (၃၀လုံးပါ ၁၀ကဒ်)တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့်ကြက်ဥတစ်လုံး လျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊  ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာမှိုစျေးကွက်အရောင်းသွက်

    မန္တလေးစျေးကွက်အတွင်းသို့  မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊   ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ ခုနှစ် သြဂုတ်လနောက်ဆုံးပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ  ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး  ၇၀၀ဝိ/-စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့်၉၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၉၅၀ဝိ/-၊လက်လီစျေး၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)   လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်လက်လီ စျေး အထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး  အသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း၊ရာသီစာမှို စျေး ကွက်မှာ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းစျေးအတွင်းမှ သိရှိရပါသည်။  

DOCA(မန္တလေး)

 

အရောင်းသွက်သည့်ကိုက်လံ

    မန္တလေးစျေးကွက်အတွင်းသို့မိုးရာသီချိန်ဖြစ်၍ ကိုက်လံကုန်စိမ်းများဝင်ရောက်မှုများပြား ပြီးအရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင်၅၀၀၀ကျပ်နှင့် ၆၀၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ်နှင့်၈၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။ သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုး အစား အလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အရောင်းသွက်သည့်ငါးပုဇွန်စျေးကွက်

       သြဂုတ်လနောက်ဆုံးပတ်အတွင်း  မန္တလေးမြို့၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင်   ငါး၊ ပုဇွန် နှင့်ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်အတွင်း   ဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာ စျေးနှုန်းများမှာ  ငါးသလောက် ၂၀၀၀ဝိ/နှင့် ၄၀၀၀ဝိ/-၊ ငါးကြင်းဖြူ  ၁၂၀၀ဝိ/- နှင့်  ၁၇၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ  ၁၃၀၀ဝိ/- နှင့်  ၁၄၀၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/- ၊ ငါးမြစ်ချင်း၊ ငါးပတ်နှင့်ငါးရံ့များမှာ  ၁၃၀၀ဝိ/- နှင့် ၁၈၀၀ဝိ/-၊   တီလားဗီးယား (ဂျပန်ငါး)  ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကတ်ကတစ်ငါး  ၃၀၀၀ဝိ/-   နှင့် ၄၃၀၀ဝိ/- ၊ မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်  ၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/-၊ ပုဇွန်ကြား နှင့်ရေချိုပုဇွန်တုတ်မှာ ၄၅၀၀ဝိ/- နှင့်  ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၁၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေး တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သီရိမာလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းချသူတစ်ဦး၏ ပြောပြချက်အရ  သိရပါ သည်။  

DOCA(မန္တလေး)

 

                                                    

ခရမ်းချဉ်သီးစျေးအနည်းကျ

       မန္တလေးစျေးကွက်သို့   သြဂုတ်လနောက်ဆုံးပတ်အတွင်း   ခရမ်းချဉ် သီးဝင်ရောက်မှု များပြားသည့်အတွက်   စျေးအနည်းငယ်ကျဆင်းသွားကြောင်း   သိရပါသည်။     မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနား လမ်း ရှိ ကုန်စိမ်းလက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီး ဟူ၍ အမျိုး အစား ခွဲခြား ရောင်းချလျက်ရှိပါသည်။  ၂၀၂၅ ခုနှစ် သြဂုတ်လနောက်ဆုံးပတ် အတွင်း   ဖြစ်ပေါ် လျက်ရှိသော   လက္ကားစျေးအနေဖြင့် အင်းသီး တစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ ကျပ်နှင့် ၆၀၀၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့် အင်းသီး တစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။    ခရမ်းချဉ်သီးစျေးမှာ သြဂုတ်လတတိယပတ်စျေးနှင့်နှိုင်းယှဉ်ပါက    တစ်ပိဿာလျှင် ၅၀၀ ကျပ် စျေးကျဆင်းသွား ကြောင်း စျေးသည်တစ်ဦး၏ ပြောပြ ချက်အရ သိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

    မန္တလေးစျေးချိုတော်တွင် အလှူပွဲနှင့်ဘုရားပွဲရာသီချိန်ဖြစ်သည့်အတွက် ငါးခြောက်မျိုးစုံ စျေးအနည်းငယ်တက်မြင့်တက် သွားသော်လည်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅   ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ  ငါးနီတူး ခြောက်၂၀၀၀ဝိ/-  နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ် သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊  ငါး ရောင်ခြောက် ၄၅၀၀ဝိ/-နှင့် ၇၀၀၀ဝိ/-၊ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ ငါးရံ့ ခြောက် (ပြား)၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့်၆၀၀၀ဝိ/- စျေးအသီးသီးဖြင့်ရောင်းချ လျက်ရှိပြီး၊ ဇူလိုင်လနောက်ဆုံးပတ် စျေးဖြင့် နှိုင်းယှဉ်ပါက  ဝင်ရောက်မှုအနည်း ငယ်လျော့ ကျ သွားသည့်အတွက်  စျေးအနည်းငယ်မြင့်တက်သွားခြင်းဖြစ်ကြောင်း  စျေးသည်တစ်ဦး၏ပြောပြ ချက်အရ သိရပါသည်။

DOCA(မန္တလေး)

 

                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း