Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ပန်းဈေးကွက်၌ စကားဝါပန်းနှင့် စကားဖြူပန်းဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါပန်းနှင့်စကားဖြူပန်းမျိုး မှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါပန်း၊ စကား ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်အဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါပန်း(၁)ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ စကားဖြူပန်းသည် အဝင်နည်းသည့်အတွက် (၁)တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၁၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

                                                                   

ကန့်ဘလူမြို့နယ်၌ နေ့စဉ်မိသားစုဝင်ငွေရရှိနေသည့် ငရုတ်သီးစိုက်ပျိုးရေးလုပ်ငန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးလှအောင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

          လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှ အသုံးပြုကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးတို့ဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာ တွင်အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း ငရုတ်သီးစိမ်း လက်က္ကား(၁)ပိဿာလျှင် (၃၅၀၀မှ ၃၈၀၀)ကျပ်နှင့် လက်လီ(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် (၅၀) ကျပ်သားလျှင် (၂၀၀၀)ကျပ်တို့ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့် သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)  

                                                                            

ကန့်ဘလူမြို့မဈေးရှိ ဂေါ်ရခါးသီးနှင့် သခွားသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီး နှင့် သခွားသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီး ဈေးနှုန်း များမှာ  အလုံးကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၄၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀) ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်တို့ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီးနှင့် သခွားသီးတို့ကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)      

         

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက် များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်း အနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (အငံ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုချိန်ခါသည် လုပ်ငန်းခွင်ရာသီဖြစ်သော ကြောင့် ပဲငပိများအရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့် ငါးရံ့ဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ဩဂုတ်လ တတိယ ပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

                                                         

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီး စျေးတက်

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီး ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများ တွင် အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် စျေးကွက်တွင် ခရမ်းချဉ်သီးစျေးနှုန်းများမှာ စျေးကောင်းရရှိကာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ရှိပြီး အရင်လနှင့် နှိုင်းယှဥ်ပါက(၅၀၀)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ပဲတောင့်ရှည်စျေးနှုန်း/စျေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက် များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ် သည့် ပဲတောင့်ရှည်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ပျံကျစျေးများတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုအခါ ထားဝယ်မြို့ရှိ ဈေးကြီးတွင် ပဲတောင့်ရှည်သီး စျေးနှုန်းများမှာ ပဲတောင့်ရှည် သီး အစီးငယ်တစ်စီးလျှင် ၅၀၀ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စီးလျှင် (၂၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူတွေများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ကျောက်ဆည်ဒေသထွက် ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့်ဈေးနှုန်း စျေးကွက်”

                 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာဒေသ လယ်တွင်းကိုးခရိုင်တွင် ခရိုင် တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံ၍ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ငရုတ်၊ သရက်နှင့်ငှက်ပျောစသည့် သီးနှံများကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ငှက်ပျောသီးနှံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ငှက်ပျောသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် အပင်ရေ ၈၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ပင်ခြားတန်းခြား ၈ ပေခြား စိုက်ပျိုးကာ စိုက်ပျိုးပြီး (၉-၁၀)လခန့်အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၄) လခန့်အကြာတွင် ရောင်းတန်းဝင် ငှက်ပျောခိုင်များ ခုတ်ယူရရှိလာကြောင်း၊ ကျောက်ဆည်ဒေသ၌ ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထား စိုက်ပျိုးကြပြီး ပျိုးပင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် (၂၀ )သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ငှက်ပျောခိုင် ၈၀၀ ခန့်၊ လှည်းအစီးအရေအတွက်အားဖြင့်(၂၀)စီးထွက်ရှိကြောင်း၊ အခိုင်(၄၀)ပါလှည်းတစ်စီးလျှင် (၅၀၀၀၀၀)ကျပ် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စျေးကွက်အနေဖြင့် ငှက်ပျောပွဲစားများမှ ခြံများသို့လာရောက်ဝယ်ယူ၍ ကျောက်ဆည်မြို့ဒေသတွင်း၊ ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များနှင့်ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောအသားတက်(ပင်ပေါက်)များပါ ရောင်းချရသဖြင့် တစ်ပင်လုံး အသုံးဝင်သော ဖီးကြမ်းငှက်ပျောများ စိုက်ပျိုးရာတွင် အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဂန္ဓမာပန်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ”

           မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်သည် ရာသီးဥတုကောင်းမွန်ပြီး မြေဆီမြေလွှာ ကောင်းမွန်သော ကျေးလက်နေ၊ မြို့နေအများမှာ ဟင်းသီးဟင်းရွက်သစ်သီးဝလံအပြင် ပန်းမျိုးစုံကိုစိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရုံမက အပိုဝင်ငွေပါရရှိလျက်ရှိပါသည်။ ၄င်းပန်းမျိုးစုံမှ ဂန္ဓမာပန်းကိုလည်း တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ဂန္ဓမာပန်းသည် အရောင်အသွေး စုံလင်လှပြီးမြင်သူတိုင်းသဘောကျနှစ်ခြိုက်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ဘုရားပန်းအဖြစ်သာမက အလှူမင်္ဂလာပွဲများတွင်လည်း အလှပန်းအဖြစ် သုံးဆွဲသောပန်းမျိုးဖြစ်ပါသည်။ ဂန္ဓမာပန်းမျိုးအစားမျာအဖြစ် ဆန်းမားအဖြူ၊ လပ်ကီးအဖြူ၊ အနီ၊ ကီလို၊ ကြွေဖြူစသဖြင့်များစွာ ရှိပါသည်။ မေလနောက်ပိုင်းနှင့် အောက်တိုဘာလနောက်ပိုင်းတွင် စိုက်ပျိုးသည်။ စိုက်ဘောင်(၂၀-၃၀)ပေနှင့် ပင်ကြား  (၄-၅)လက်မစိုက်ပျိုးပြီး (၁)ဧကလျှင်အပင်ရေ(၄၀၀၀၀)ကျော်စိုက်ပျိုးပါသည်။ စိုက်ပျိုးပြီး (၅)လ အကြာတွင်စတင် ခူးဆွတ်နိုင်းပါသည်။ လက်ရှိ ဂန္ဓမာပန်းဈေးကွက်တွင် ငါးပင်ပါလက်ဆုပ်စီး တစ်စီးလျှင်ငွေကျပ်(၁၅၀၀)ရောင်းချပြီး ပန်းဈေးကွက်ကောင်းလျှင် တစ်ဧက(၁၂)သိန်းကျပ်မှ (၁၅) သိန်းကျပ်အထိအကျိုးအမြတ်ရရှိပြီး ဈေးကွက်ကောင်း၊ မကောင်းပေါ်မူတည်ကာ အကျိုးအမြတ်  အနည်းအများကွာခြားတက်ပါသည်။ ယခုထွက်ရှိသော ဂန္ဓမာပန်းအပြင် ပြင်ဦးလွင်မှထွက်ရှိသော ပန်းမျိုးစုံကို နေ့စဉ် ၆ဘီးကား၊ Express ကားများဖြင့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့ တင်ပို့ရကြောင်း ပန်းစိုက်တောင်သူများနှင့် ပန်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျန်းမာရေးအကျိုးပြုဆလပ်ရွက်ဈေးနှုန်း”

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် ရာသီဥတုအေးမြပြီး မြေဆီလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံအပြင် ဟင်းသီးဟင်းရွက်သစ်သီးဝလံများစိုက်ပျိုးပြီး ကျေးလက်နေ၊ မြို့နေအများစုမှာ မိသားစုဝင်ငွေအပြင် အပိုဝင်ငွေရရှိပြီး အလုပ်အကိုင်အဆင်ပြေလျက်ရှိပါသည်။ ဆလပ်ရွက်ပင်ကိုလည်း မိမိခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများမှဆလပ်ရွက်ကို မြန်မာနိုင်ငံဒေသမရွေးစိုက်ပျိုးနိုင်ပြီး အေးမြသောရာသီဥတုကို ကြိုက်သောကြောင့်တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးပါသည်။ ဂေါ်ဖီကဲ့သို့အထုပ်မျိုးနှင့် ရွက်ဖြန့်မျိုးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပါသည်။ အရောင်အားဖြင့် အစိမ်းရောင်၊ အနီရောင်ဟူ၍ နှစ်မျိုးရှိသည်။ မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး အကောင်းဆုံးမြေမှာ သဲနုန်းမြေဖြစ်သည်။ ပူအိုက်သောရာသီတွင် စိုက်ပျိုးပါက ပွင့်တံအထွက်စောပြီး အပင်မဖြစ်ထွန်းပဲ အရသာမှာခါးသက်၍ အရွက်ခြောက်ပြီး အပင်ပုပ်ခြင်းတို့ ဖြစ်စေသည်။ ဆလပ်ကိုပျိုးထောင်စိုက်ပျိုးရသလို တိုက်ရိုက်လည်းစိုက်ပျိုးနိုင်သည်။ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အစေ့တိုက်ရိုက်စိုက်ပျိုးပြီး နိုဝင်ဘာလတွင်ပျိုးထောင် စိုက်ပျိုးကြသည်။ ညီညာသောဘောင်များပြုလုပ်ပြီး (၁၆-၁၈)လက်မခြားပြီး စိုက်တန်းကို လက်ဖြင့်အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပြီး စိုက်ကြောင်းထဲသို့ မျိုးစေ့ကိုချပြီး စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် (၁-၁.၅)ပေခြား၍စိုက်ပျိုးပြီး တစ်ဧကလျှင်မျိုးစေ့ (၁၀၀-၁၅၀)ဂရမ် လိုအပ်ပါသည်။ စိုက်ပျိုးပြီးတစ်လအကြာ ဆလပ်ကိုစတင်ခူးယူစားသောက်၍ရပါကြောင်း၊ ဆလပ်ရွက်အထုပ်မျိုးကို ရောင်းချရန်အတွက် အရွယ်ရောက်ပြီးအထုပ်တင်းလာချိန်တွင် ခူးဆွတ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆလပ်ရွက်ကို အတို့အမြုပ်လုပ်စားခြင်း၊ အသားကင်နှင့်တွဲစားခြင်း၊ သုပ်စားခြင်းအမျိုးမျိုး ကြိုက်နှစ်သက်သလိုလုပ်စားနိုင်ပါသည်။ ဆလပ်ရွက်တွင်ဗီတာမင်အေ၊ ဗီတာမင်စီပါဝင်သောကြောင့်၊ အာရုံကြောစနစ်ကောင်းမွန်ခြင်း၊ မျက်လုံးအားကောင်းစေပြီး ခန္ဓာကိုယ်အဆိပ်အတောက်တွေလျောချပြီး၊ ကြွက်သားယိုယွင်းပျက်စီးမှုကိုလည်းကာကွယ်ပေးပါသည်။ လူသားအကျိုးပြုဓါတ် များစွာပါဝင်ပြီး ဝယ်ယူရန်လွယ်ကူသော ဆလပ်ရွက်ကိုစားသုံးပေးသင့်ပါကြောင်း ယခုဆလပ်ရွက် တစ်ထုပ်လျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း