Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံကုန်စည်ဒိုင်၏လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

           မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂‌၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်၌ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းများမှာ  ပဲစဉ်းငုံနီတစ်တင်းလျှင် (၈၀၈၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ထောပတ်ပဲဖြူ တစ်တင်းလျှင် (၇၀၃၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၅၁၅၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၈၄၄၀၀) ကျပ်၊ ကုလားပဲဝါအထွက်တိုးတစ်တင်းလျှင် (၈၁၇၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၂၂၄၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်းလျှင် (၃၄၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၅၇၄၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ မြေပဲ S1လုံးဆံ(ဟောင်း) တစ်တင်းလျှင် (၁၀၃၆၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံ အိတ်အရောင်း  အဝယ်အနေဖြင့် အိတ်(၁၀၀-၃၀၀) အထိအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံပြောင်း တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်‌နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့ တင်ပို့ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်း တင်ပို့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

လူကြိုက်များလာသည့် မြန်မာ့ရိုးရာအစားအစာ မုန့်ကျွဲသည်း

          မုန့်ပဲသရေစာများတွင် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့် မုန့်ကျွဲသည်းသည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။

            မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချလျက်ရှိသည့် မု့န်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်၊ အုန်းသီးတို့ဖြင့် ကျိုချက်ရကြောင်း၊ ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့် ကျိုချက်ပါက အဖြူရောင်ရရှိကြောင်း၊ ထန်းရည်ချိုရရှိချိန်တွင် ထန်းလျက်၊သကြားအစား ထန်းရည်ချိုကို ထည့်သုံးကြောင်းနှင့် ထန်းရည် ချိုဖြင့် ကျိုချက်ပါက အနံ့အရသာပိုမိုကောင်းမွန်ကြောင်း၊ မြင်းခြံမြို့နယ် အေးမြသီတာ ဈေးတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင်ရောင်းချနေသော မုန့်ကျွဲသည်း ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ် မုန့်ကျွဲသည်း ပိဿာချိန် (၁၀-၁၅) ပိဿာခန့်ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာမုန့်ဖြစ်သောကြောင့် ဒေသတွင်း စားသုံးမှုများပြီး တဆင့်ပြန်ရောင်းချသူများလည်းဖောက်သယ်ပေးရကြောင်း၊ အရောင်းအဝယ်ကောင်းသောကြောင့် MSME လုပ်ငန်းဖြစ်သော မုန့်ကျွဲသည်းလုပ်ငန်းသည် ရပ်ကွက်ကျေးရွာများတွင် စီးပွားဖြစ်အဆင်ပြေသောမုန့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့မှ MSME လုပ်ငန်းဖြစ်သောမုန့်ကြွပ်ကြော်ဈေးနှုန်းဈေးကွက်

           မြင်းခြံမြို့မှာ ရောင်းချလျက်ရှိသော မုန့်တီ၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ရွှေတောင် ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲတွေမှာ မပါမဖြစ် နေရာယူထားသည့် အရသာဆိမ့်ဆိမ့် ကြွပ်ကြွပ်ရွရွ ပါဝင်ပစ္စည်းတစ်မျိုးမှာ မုန့်ကြွပ်ကြော်ဖြစ်သည်။ မုန့်ကြွပ်ကြော်ကို နံနက်ခင်းနှင့် ညနေခင်းတို့တွင် ရောင်းချသည့် မြင်းခြံမြို့ရှိ မုန့်တီ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်များမှ အများအပြားလာရောက်ဝယ်ယူကြကြောင်း သိရှိရသည်။

         မုန့်ကြွပ်ကြော်လုပ်ငန်းလုပ်ကိုင်ရာတွင် ခေါက်ဆွဲအစိုကို ဂျုံမှုန့်အနည်းငယ်ဖြူးကာ ဆီဒယ်အိုးထဲသို့ ခေါက်ဆွဲအစိုကို ဆီမြှုပ်အောင်နှစ်ပြီးကြော်ရပါသည်။ ခေါက်ဆွဲအစို (၁၅)ပိဿာခန့်ကြော်လျှင်၊ မု့န်ကြွပ်ကြော်(၃၀)ပိဿာ ထုတ်လုပ်ရရှိကြောင်းသိရသည်။ ပုံမှန်အားဖြင့် (၂)ရက်လျှင်တစ်ကြိမ် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး အလှူပွဲ၊ မွေးနေ့ပွဲ၊ အခြားအထိမ်းအမှတ်ပွဲများ ကျင်းပကြသည့်နေ့ရက်များနှင့် အော်ဒါမှာ ယူမှုရှိသည့် နေ့ရက်များတွင် လာရောက်ဝယ်ယူမှုများပြားသဖြင့် မုန့်ကြွပ်ကြော် လုပ်ငန်းကို နေ့စဉ်လုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရှိရသည်။ ရောင်းချရာတွင် (၅)ကျပ်သား၊ (၂၅)ကျပ်သား၊ (၅၀)ကျပ်သားနှင့် တစ်ပိဿာထုပ်များ ထုပ်ပိုးရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာ လျှင်(၂၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အခြားမြို့များသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ မြင်းခြံမြို့အတွင်းမှသာ လာရောက်ဝယ်ယူလျက်ရှိကြောင်း မုန့်ကြွပ်ကြော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ထို့အပြင် မြင်းခြံမြို့၌သာ မှာယူရရှိစားသုံးနိုင်သည့် ထူးထူးခြား ခြား စားဖွယ်တစ်ခုဖြစ်သော “ပလာတာသုပ်”တွင်လည်း မုန့်ကြွပ်ကြော်သည် မပါမဖြစ် တွဲဖက် စားသုံး လေ့ရှိသည့် ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပေသည်။ နံနက်စာ၊ ညနေစာ စားသုံးလေ့ရှိကြသည့် အစားအစာများတွင် မုန့်ကြွပ်ကြော်သည် စားသုံးသူများအကြိုက် နေရာယူလျက်ရှိပြီး မုန့်ကြွပ်ကြော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် MSME လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအဆင် ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

             ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၁၀၀)ကျပ်၊ 95 Octance(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၂၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

             စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octanceတွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီ ယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

            ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၅)ကျပ်၊ 95 Octance(၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octance တွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octanceတွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့်ပရီမီယမ် ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၀)ကျပ်၊ 95 Octance(၃၁၅၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၀၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ် 95 Octanceတွင်(၃၅)ကျပ် များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

           မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၇၀)ကျပ်၊ 95 Octance(၃၁၄၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၉၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ် များတက်ခဲ့ပြီး 95 Octanceတွင်(၃၅)ကျပ်၊ ရိုးရိုး ဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ယခင်လထက်ပိုမိုဝင်ရောက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း ထိုင်ဝမ်ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသော ကြောင့် ဝယ်ယူသူများပိုမိုများပြားကြောင်းလည်း သိရှိရပါသည်။ ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ခရမ်းချဥ်သီးတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါ သည်။

    ၂၀၂၅ခုနှစ် ယခင်သြဂုတ်လတတိယပတ်တွင် သံပရာသီးတစ်လုံးလျှင် (၈၀)ကျပ်ရှိပြီး ယခုသြဂုတ်လစတုတ္ထပတ်တွင် တစ်လုံးလျှင် (၁၀၀)ကျပ်ထိရှိကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း