Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်စက်မှုဇုန်မှ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရောင်းချလျက်ရှိ

        ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍအတွက် သုံးစွဲရန်လိုအပ်သော စက်ကိရိယာများကို ပြည်ပမှ မှာယူတင် သွင်းခြင်းထက် ပြည်ပအသုံးစရိတ်လျှော့ချရေးပြည်တွင်းထွက်ကုန်များကို အစားထိုးသုံးစွဲရန် ပုသိမ်မြို့ စက်မှုဇုန်မှ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်၍ ဒေသအာဏာပိုင် ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စက်မှု လယ်ယာဦးစီးဌာနနှင့် စက်မှုဇုန်လုပ်ငန်းရှင်များပေါင်းစပ်၍ တိုင်းအတွင်းရှိ တောင်သူများကို လယ်ယာ သုံးစက်ကိရိယာများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

       ပြည်တွင်းစက်မှုဇုန်များမှ ပြုလုပ်သော လယ်ယာသုံးစက်ကိရိယာများမှာ မျိုးစေ့ချကိရိယာ Drum Seeder ၊ ရေတင်ပိုက် ၊ ရေတင်စက် ၊ စပါးခြွေလှေ့စက် ၊ အင်ဂျင်ပါလက်စွဲကောက်စိုက်စက် စသည့်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

      မျိုးစေ့ချကိရိယာ Drum Seeder သည် လူဖြင့်ဆွဲပြီး မျိုးစေ့များကို အတန်းလိုက်ညီညာစွာ ချထားပေးသောကိရိယာဖြစ်၍ ရွံထဲတွင်လှိမ့်သွားနိုင်မှာဖြစ်ပြီး အချင်း (၂၄) လက်မခွဲခန့်ရှိသော Fiber glass ဖြင့် ပြုလုပ်ထားသောကြောင့် ပေါ့ပါးခိုင်ခံပြီး ကြာရှည်ခံသည့်အပြင် ပြုပြင်ထိန်းသိမ်းရလွယ်ကူ ၍ အပိုပစ္စည်းဝယ်ယူရာတွင်လည်း လွယ်ကူကြောင်း ၊ မျိုးစေ့ချကိရိယာအသုံးပြုရာတွင် လူ တစ်ယောက်သာ လိုအပ်သည့်အတွက် လုပ်သားလိုအပ်ချက်ကို လျော့နည်းစေကြီး ဗီယက်နမ်နိုင်ငံ၏ စနစ်ဖြစ်သော လွယ်ကူရိုးရှင်းသော တိုက်ရိုက်မျိုးစေ့ချစနစ်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော မေမြို့ပန်းဈေးနှုန်းများ

       မေမြို့ပန်းသည် မျိုးစိတ်စုံလင်ပြီး ဒေသအလိုက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးများ ကိုသာ စိုက်ပျိူးလေ့ရှိသည်။ အဖြူ၊ ခရမ်းနှင့် ပန်းရောင်စသည့် အရောင်စုံဖြင့် လှပစွာပွင့်သော ဤပန်း မျိုးသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ဘုရားပန်းအဖြစ် ပူဇော်ခြင်း၊ တရားပွဲများတွင် အလှ ဆင်ခြင်း၊ မင်္ဂလာဆောင်များတွင် အောင်ပန်းအဖြစ် အသုံးပြုခြင်း စသည်ဖြင့် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။

            ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပုသိမ်မြို့နယ်ရှိ ဒေသခံပန်းဈေးများတွင် မေမြို့ ပန်း (၃/၅)ပင်ပါ တစ်စီးလျှင် (၃၀၀၀)ကျပ်၊ (၅)စီးပါ တစ်ထုံးကို (၁၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ပြီး အရောင်းအဝယ်စည်ကားနေကြောင်း ပန်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ဒေသခံများ အနေဖြင့် မေမြို့ပန်းကို ဘာသာရေးနှင့် လူမှုအခမ်းအနားများအတွက် အများဆုံး ဝယ်ယူလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

 

ပုသိမ်မြို့ ပန်းဈေးကွက်ရှိ ဂန္ဓာမာပန်းနှင့် ပန်းထိမ်ငိုပန်း ဈေးနှုန်း

        ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ပန်းဈေးကွက်တွင် နှင်းဆီပန်း၊ ဂန္ဓာမာပန်း၊ သပြေပန်း၊ အာဆီယံသပြေ၊ ပန်းထိမ်ငို၊ မေမြို့ပန်း စသည်တို့ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

            ပုသိမ်မြို့ ပန်းဈေးကွက်၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဂန္ဓာမာပန်း ဈေးနှုန်းအနေဖြင့် (၃/၅) ပင်ပါ တစ်စီးလျှင် (၃၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း (၁၀)ပင်ပါ တစ်စီးလျှင် (၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်ငိုပန်းသည် တာရှည်အထားခံသည့်အပြင် လှပသည့်အသွင်သဏ္ဌာန်ကြောင့် လူကြိုက်များ ကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဖူးစားပြောင်းဈေးနှုန်း

          ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူ ဒေသတွင်းမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုး အစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရပြောင်းဖူးအစိမ်းအကြီး(၁)ဖူးလျှင် (၇၀၀)ကျပ်၊ (၃)ဖူးလျှင် (၂၀၀၀)ကျပ်နှင့် အသေး(၁)ဖူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းဈေးကွက်

          ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ် ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို ပြင်ဦးလွင်မြို့ မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း နှင်းဆီပန်းအကြီး()ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး()ပွင့် လျှင် (၅၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း()ခက်လျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးအတွင်းရှိ ငါးဖယ်ဈေးနှုန်းဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ်ရောင်းချလျက်ရှိကြောင်း၊ ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် ()ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၇၀၀၀)ကျပ်နှင့် ငါးဖယ်ခြစ်()ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ငါးချဉ်ဈေးနှုန်း၊ ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက်ရှိရာကုန်ကြမ်းများဖြစ်သော ငါးကြင်းနှင့် ငါးအသေးကောင်လေးများကို ကန့်ဘလူမြို့နှင့် ကျွန်းလှ မြို့နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁)ပိဿာ လျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေး ချဉ်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းအနည်းငယ်ကျဆင်း

               စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ရာသီပေါ်ကြံသကာများလည်း ရောင်းချနေကြောင်း သိရသည်။

       ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ် ၊ (၅၀)ကျပ်သားလျှင် ၃၀၀၀ ကျပ်နှင့် (၁၀)ကျပ်သားလျှင် ၆၅၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ကြံသကာကို အစားသောက်များ၊ မုန့်လုပ်ငန်းများနှင့် သရေစာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြံသကာ(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

 

 

         

ကန့်ဘလူမြို့နယ်၏ သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီးများစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီးများအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

         ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၅၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၁၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်သီး(အသေး) (၁)လုံးလျှင် (၃၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီး များအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

       ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပန်းဈေးနှုန်းများအနေဖြင့် နှင်းပန်းတစ်စီးလျှင်(၇၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၅၀၀)ကျပ်၊ (၃)စီးလျှင် (၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း