Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၁၀.၂၀၂၃ )

    ၁၁.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၅၂၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၅၇၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၃၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ၁၃၀၀၀ကျပ် ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ (ကြူကုတ်) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ ၊အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ အောက်တိုဘာလ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး အောက်တိုဘာလ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်မာကြား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငါးဈေးနှုန်းများအား စက်တင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မကွေးမြို့နယ်၌ စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၂၉၅)၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၂၄၀၀)၊ ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ကျပ်(၂၆၄၀)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၇၂၀)ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသောစက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၁၁၅)၊ ဓာတ်ဆီ (95)(၁)လီတာလျှင် ကျပ်(၂၂၁၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၅၉၅)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၆၃၅) ဖြစ်ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၁၈၀)၊ ဓာတ်ဆီ (95)(၁)လီတာလျှင် ကျပ်(၁၉၀)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၄၅)၊ ဒီဇယ်(ပရီမီယံ)(၁)လီတာလျှင် ကျပ်(၈၅)ဖြင့် အသီးသီးစျေးနှုန်းများကျဆင်းလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ဇီးပန်းသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀) ကျပ်ထိ၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ်တော်သီး (၁)လုံးလျှင်(၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီး လျှင်(၁၅၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး(၁)ဖီးလျှင် (၁၀၀၀မှ ၁၂၀၀)ကျပ်ထိ၊ ဖရဲသီး(၁)လုံးလျှင် (၃၀၀၀) ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀မှ ၃၅၀၀)ကျပ်ထိ၊  နဂါးမောက်သီး(၁)လုံးလျှင် (၈၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၁၀၀၀မှ ၂၀၀၀)ကျပ်ထိ၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မင်းဘူးမြို့၊ စည်ပင်သာယာဈေး၌ အောက်တိုဘာလ(ပထမပတ်)အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စည်ပင်သာယာဈေးအတွင်းသို့ ရေပုဒ်၊ စကု၊ သိမ်ကုန်၊ ငဖဲ၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ နွယ်တမယ်၊ ဆိပ်ဖြူနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီဝလံပန်းမန်များကို အများဆုံးမှာယူရောင်းချကြောင်းသိရသည်။

   ထိုသို့ ရောင်းချရာ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီးရှမ်းသီး (ထိုင်ဝမ်) (၁) ပိဿာလျှင် ကျပ်(၁၄၀၀-၁၆၀၀)အတွင်း၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၆၀၀-၈၀၀) အတွင်း၊ ပန်းဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၁၀၀၀-၁၂၀၀)အတွင်း၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၄၀၀ -၂၆၀၀) အတွင်း၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ရွှေဖရုံသီး (၁)လုံးလျှင် ကျပ်(၁၅၀၀ -၃၀၀၀)၊ ဘူးသီး (၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၈၀၀)၊ မုန်ညှင်း (၁)ထုပ်လျှင် ကျပ်(၁၀၀၀) မှ ကျပ်(၁၂၀၀)ထိ၊ ဆည်တော်ဒေသထွက် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)နှင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀-၈၅၀၀)၊ ဒေသတွင်းကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)၊ ချင်း (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ သိမ်ကုန်ဒေသထွက် ဆလပ်ရွက် (၁)စည်းလျှင် ကျပ်(၂၀၀-၃၀၀)၊ ပြောင်းဖူး(အချို)(၁)ဖူးလျှင် ကျပ်(၃၅၀-၄၅၀)၊ ပြောင်းဖူး(အစီး) (၁)ဖူးလျှင် ကျပ်(၃၅၀-၄၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀-၁၅၀)၊ ခရမ်းသီး(ရှည်) (၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း) (၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး) (၁)လုံးလျှင် ကျပ်(၂၀၀၀-၃၅၀၀)အတွင်း၊ ပွင့်ဖြူဒေသထွက် ငှက်ပျော(ဖီးကြမ်း)(၁)ဖီးလျှင် ကျပ် (၂၅၀၀-၃၀၀၀)၊ ငှက်ပျော(ချဉ်) (၁)ဖီးလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ပိန်းဥ(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဖြစ်ကြောင်းသိရပါသည်။

DOCA(မကွေး)

 

 

မင်းဘူးမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)နှင့် အောက်တိုဘာလ(ပထမပတ်)တို့၌ စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၃၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၁၁၅)ဖြစ်၍ ကျပ်(၁၂၀)ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၄၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၉၅)ဖြစ်၍ ကျပ်(၄၅) ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၁၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၃၅) ဖြစ်၍ ကျပ်(၈၀)ဈေးလျော့ခဲ့ကြောင်း၊ စက်သုံးဆီလက်ကျန်အနေဖြင့် နေ့စဉ်လည်ပတ်ရောင်းချရန် ကျန်ရှိနေကြောင်းနှင့် စက်သုံးဆီများအားရောင်းချရာ၌ အရေအတွက်အနည်းအငယ်သာရောင်းချရကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

မင်းဘူးမြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်း/ ဈေးကွက်

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် မင်းဘူးမြို့မဈေးအတွင်း၌ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ  ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ ငါးဖယ်ဝိုင်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးရံလုံး(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀-၃၅၀၀၀)၊ ငါးရံပြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀၀-၅၅၀၀၀)၊ ငါးနီတူးခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၄၀၀၀)၊ ပုစွန်ပွ(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ -၂၀၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၇၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၆၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀-၈၅၀၀၀)ထိဖြစ်ကြောင်း၊ ပုစွန်ခြောက် သည် ဆားအပေါ့/ အငန်ပေါ်မှုတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်းသိရသည်။

    ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကိုမူ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ မင်းဘူး-စကုမြို့နယ်များရှိ  ငါးခြောက်နှင့် ပုစွန်ခြောက်များကို ကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်မြို့များသို့ ပြန်လည်ရောင်းချကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေးတို့တွင်ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်း/ ဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် ကျောက်ပန်းတောင်းဒေသတို့မှထွက်ရှိသော ကျောက်စိမ်းငရုတ်သီးစိမ်းများ၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ရွှေအပ်ငရုတ်သီးစိမ်းများကို နေ့စဉ်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

  မြို့မစည်ပင်သာယာဈေး၊ အမှတ် (၂) ဈေးနှင့် ပျံကျဈေးတို့တွင်ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ငရုတ်သီးစိမ်းအမျိုးအစားကိုလိုက်၍ ကျောက်စိမ်းငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကျောက်ဆည်နှင့်မိတ္ထီလာမှလာသော ငရုတ်သီးစိမ်းမှာ အစပ်သီးဖြစ်သောကြောင့်  တစ်ပိဿာလျှင် ကျပ်(၃၀၀၀) မှ ကျပ်(၅၀၀၀)၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ငရုတ်သီးစိမ်းမှာ ရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

                            

ပခုက္ကူခရိုင်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ဈေးနှုန်း/ ဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီသည် ကုန်ဝယ်ဒိုင်တွင်  မြို့နယ်ဒေသများမှ ဝင်ရောက်မှုနည်းပါးနေပြီး မြို့ပေါ်ရှိ ကြက်သွန်နီလက်ကျန်များသာအရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။ 

    (၁-၁၀-၂၀၂၃) ရက်နေ့မှ (၃-၁၀-၂၀၂၃) ရက်နေ့ထိ ကြက်သွန်နီအရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့် ကုန်စည်ဒိုင်လက်ကားဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍  ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၁၉၀၀)၊ ကြက်သွန်နီ အရောင်ကာလာပျက်တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၂၂၀၀)၊ အခွံကျွတ်အမဲစတစ်ပိဿာလျှင် ကျပ် (၁၈၀၀)၊ အကျတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဖြစ်ပြီး နေ့စဉ် ကုန်ချိန်အဝင်မှာလည်း ယခင်ရက်များတွင်  (၅၀၀၀၀-၁၀၀၀၀၀)ပိဿာခန့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုရက်များတွင်  ကုန်အဝင်မှာ (၇၀၀၀-၁၀၀၀၀)ပိဿာကျော်ထိသာအရောင်းအဝယ်ဖြစ်နေကြောင်း၊ မြို့မစည်ပင်သာယာဈေးတွင်ရောင်းချနေသော လက်လီဈေးနှုန်းများမှာ  ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၀၀၀)ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ပြည်တွင်း၌သာတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း