Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးမြို့တွင် ကြက်ဥဈေးနှင့် ကြက်သားဈေးများတက်လျက်ရှိ

မန္တလေးမြို့အတွင်းသို့ ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် ကြက်ဥ၊ CP ကြက်များနှင့် မန္တလေးအနီးတဝိုက်ရှိ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် ဗမာကြက်များ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပြင်ဦးလွင်မှ CP ကြက်တစ်နေ့လျှင် (၆)ဘီးကား (၃)စီးခန့်၊ ကြက်ဥမှာ (၆)ဘီးကား (၁၅)စီးခန့်၊ ဗမာကြက်များမှာ တစ်နေ့လျှင် ကား(၃)စီးခန့် ဝင်ရောက်လျက်ရှိပါသည်။ နေ့စဉ်ဝင်ရောက်လျက်ရှိသော်လည်း ကြက်ဥဈေးများနှင့် ကြက်သားဈေးများမှာ ဈေးတက်လျက်ရှိပြီး ကြက်ဥဈေးမှာ ယခင်နှစ်က (၁၀)လုံးလျှင် ၃၅၀၀/၃၀၀၀/၂၅၀၀ ကျပ်အထိဈေးရှိခဲ့ပြီး ယခုနှစ်တွင် (၁၀)လုံးလျှင် အကြီးအသေး အရွယ်အစားအလိုက် ၅၀၀၀/၄၅၀၀/၄၀၀၀ ကျပ်အထိဖြင့် အရောင်းဝယ်ဖြစ်နေကြောင်းသိရှိရပြီး ကြက်ဥတစ်ပိဿာဈေးနှုန်းအနေဖြင့် ယခင်နှစ်က ၆၀၀၀/၇၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၀၄၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ CP ကြက်သားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ယခင်နှစ်က CP ကြက်သားတစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိရှိခဲ့ပြီး ယခုနှစ်တွင် CP ကြက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရင်အုပ်တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ရင်အုပ်ပိုင်း တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်ရှိသဖြင့် ကြက်သားဈေးမှာ ယခင်နှစ်ထက် မြှင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ် ကြက်ဥဈေးနှင့် ကြက်သားဈေးတက်ရခြင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မွေးမြူရေးအစားအစာနှင့် ဆေးဝါးများဈေးမြင့်တက်ခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်းတို့ကြောင့်ဖြစ်ပါသည်။ နယ်စပ်မြို့ကလေးများသို့တင်ပို့မှုမှာ ယခုကာလအတွင်း အနည်းငယ်သာရှိပြီး ကြက်သားဈေးမြင့်တက်ခြင်းကြောင့် ဝယ်ယူသူနည်းပါးပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ကြက်သားဒိုင်များမှသိရှိရပါသည်။
DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

           ၂၉.၁၀.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်သစ် တစ်ပိဿာဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၈၀၀ မှ အများဆုံး ကျပ် ၆၁၀၀၊ ညောင်ဦးဆေးရှယ်  ကျပ်  ၆၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) ကျပ် ၄၉၀၀၊ ပခုက္ကူကြမ်း ကျပ်  ၆၂၀၀၊ ရေစကြိုထန်းလျက်အနိမ့်ဆုံးဈေး ကျပ် ၆၄၀၀ မှ အများဆုံး ကျပ် ၆၈၀၀ ၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ(သကြားရော) အနိမ့်ဆုံးဈေး  ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၅၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀ မှ ကျပ် ၃၆၀၀ ၊ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀ မှ ကျပ် ၇၅၀၀ ၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၆၅၀ မှ ကျပ် ၅၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

            ၂၉.၁၀.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ်မှာ ကျပ် ၁၆၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၁၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၈၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၇၅၀၀၀၊ ဖျာပုံချိုသေးရှယ်ကျပ် ၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၃၅၀၀၀၊ မြိတ်ပုဇွန်လတ် ကျပ် ၅၅၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၆၅၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၇၀၀၀၀၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၆၀၀၀၀၊ ငါးမြွေထိုးကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၆၀၀၀၀၊ ငါးရံ့ခြောက်လတ်ကျပ် ၅၅၀၀၀၊ ငါးရံ့လုံး ကျပ် ၄၅၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ် ၄၀၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၁၂၀၀၀၊ ငါးတံခွန်လုံး ကျပ် ၆၀၀၀၊ ငါးနှပ်ချို ကျပ် ၁၂၀၀၀၊ ငါးရွှေသေး ကျပ် ၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ အာလူးနှင့်ကြက်သွန်ဖြူဈေးနှုန်းများ

            ၂၈.၁၀.၂၀၂၄ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူတစ်ပိဿာ ဈေးနှုန်းများမှာ ကြူကုတ်ရှယ်မှာ အမြင့်ဆုံးဈေး ကျပ် ၁၆၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၂၀၀၊ အောင်ပန်းထူး-၂ ကျပ် ၁၀၀၀၀၊  အောင်ပန်းထူး-၃ ကျပ် ၁၁၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၂၅၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၃၅၀၀၊ အာလူး တစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၃၅၀၀၊ အောင်ပန်း OK ကျပ် ၄၀၀၀၊ အောင်ပန်း S1 ကျပ် ၅၀၀၀၊ တရုတ်အာလူးအမြင့်ဆုံးဈေး ကျပ် ၅၅၀၀ ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

            ၂၈.၁၀.၂၀၂၄ ရက်နေ့ ရန်ကုန်မြို့၊ ဘရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးတစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲအမြင့်ဆုံးဈေး ကျပ် ၆၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ မြှားနီအမြင့်ဆုံးဈေး ကျပ် ၆၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မိုးထောင်မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၂၈) ရက်နေ့မှ စက်တင်ဘာလ (၃) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော ပဲခူးမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ်ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၊ ပဲခူးမှဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ်ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၊ပြင်ဦးလွင်မှ နဂါးမောက်သီးဂျပ်ဖာတစ်ဖာဈေးနှုန်းမှာကျပ် ၃၅၀၀၀၊တောင်ကြီးမှ ထောပတ်သီးတစ်အိတ်ဈေးနှုန်းမှာအလုံးကြီး ကျပ် ၅၀၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၀၊ ရှမ်းပြည်နယ်မှ လိမ္မော်သီးသေတ္တတာ တစ်သေတ္တာ ကျပ် ၁၆၀၀၀၀၊ မန္တလေးမှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၆၀၀၀၀ ကျပ်၊ အလုံးလတ် ၃၈၀၀၀ ကျပ်၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ၂၀၀၀ ကျပ်၊ အလုံးလတ်ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ တိုက်ကြီးမှ ကလောဥ အိတ်ကြီးတစ်အိတ် ၄၅၀၀၀ ကျပ်၊ပြင်ဦးလွင်မှ အာတာလွတ်ဥတစ် ပိဿာဈေးမှာ အလုံးကြီး ၂၀၀၀ ကျပ်၊ အလုံးလတ်ကျပ် ၁၅၀၀၊ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၅၀၀၀ တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းဈေးကွက်

              ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းမှာ ကုးလားပဲဖြူလုံး ၁ ပိဿာလျှင် ၅၀၆၅/- ကျပ်ဖြင့်လည်းကောင်း၊ စားတော်ပဲလုံး ၁ ပိဿာလျှင် ၇၀၀၀/- ကျပ်မှ ၇၈၃၅/- ကျပ် ထိလည်းကောင်း၊ ပဲတီစိမ်း (ခရမ်းရွှေဝါ-ထိပ်စ) ၁ ပိဿာလျှင် ၅၁၆၅/- ကျပ်ဖြင့် လည်းကောင်း၊ ပဲတီစိမ်း (ပဲခူးရွှေဝါ) ၁ ပိဿာလျှင် ၅၀၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း (ဝါးခယ်မ SQ) ၁ ပိဿာလျှင် ၆၁၆၅/- ကျပ်မှ ၆၁၈၅/- ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) ၁ ပိဿာလျှင် ၄၃၃၀/- ကျပ်မှ ၄၃၅၀/- ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ ပိဿာလျှင် ၃၉၁၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ (မြစ်ဝကျွန်းပေါ်-သစ်) ၁ ပိဿာလျှင် ၄၆၆၅/- ကျပ်မှ ၄၈၃၅/- ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ (မြစ်ဝကျွန်းပေါ်) ၁ ပိဿာလျှင် ၃၃၃၀/- ကျပ်မှ ၃၅၀၀/- ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ (ပဲခူး) ၁ ပိဿာလျှင် ၄၈၃၀/- ကျပ်မှ ၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ ပိဿာလျှင် ၅၆၆၅/- ကျပ်မှ ၅၈၃၅/- ကျပ်ထိလည်းကောင်း၊ မတ်ပဲ(RAW) ၁ ပိဿာလျှင် ၆၂၆၅/- ကျပ်မှ ၆၃၀၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၆၇၀၀/- ကျပ်မှ ၇၀၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၁ ပိဿာလျှင် ၄၃၄၅/- ကျပ်မှ ၄၇၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ ပိဿာလျှင် ၅၃၀၅/- ကျပ်မှ ၅၆၆၅/- ကျပ်ထိလည်းကောင်း၊ ထောပတ်ပဲ ၁ ပိဿာလျှင် ၆၄၉၀/- ကျပ်ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အချို့ပဲဈေးနှုန်းများမှာ ဈေးအနည်းငယ်သာ အတက်အကျရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” ( ၂၁.၁၀.၂၀၂၄ မှ ၂၆.၁၀.၂၀၂၄ )

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၂၁.၁၀.၂၀၂၄)ရက်နေ့မှ(၂၆.၁၀.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၀)ခုနှင့် စားအုန်းဆီတန်ချိန် (၃၄၇၄.၁၇၃)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

‌မုံရွာမြို့၏ ရာသီစာ ဩဇာသီး ဈေးနှုန်းဈေးကွက်

    ယခု ၂၀၂၄ နှစ် ဆောင်းရာသီအစ စက်တင်ဘာလမှ စတင်၍ ယခုအောက်တိုဘာ လကုန်ရက်များအထိ ရာသီစာဖြစ်သော ဒေသထွက် ဩဇာသီးများ ပေါများစွာ မုံရွာမြို့ သစ်သီးဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဩဇာသီးများကို မုံရွာမြို့နယ် ဒေသတစ်ဝိုက်ရှိ ကျေးရွာများတွင် အိမ်ခြံဝိုင်းများနှင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများအပြင် စီးပွားဖြစ်စိုက်ပျိုးသူများလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     ယခုနှစ်တွင် ဩဇာသီးစိုက်ပျိုးသော တောင်သူများအနေဖြင့် ဩဇာသီးများ၏ ထွက်ရှိမှု ကောင်းမွန်သကဲ့သို့ ဈေးကောင်းရသောကြောင့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။ ဩဇာသီး အကြီး တစ်လုံးလျှင် ၁၅၀၀ကျပ်၊ အလတ်စားအရွယ်တစ်လုံးလျှင် ၁၀၀၀ ကျပ်နှင့် အသေးစားအရွယ် (ပယ်) လုံးများကို ၇၀၀ကျပ်မှ ၅၀၀ ကျပ်အထိ ဈေးနှုန်းအမျိုးအစားများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဇီးပန်းသီး (၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊  ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၂၅၀၀ မှ၃၀၀၀)ကျပ်ထိ၊ ဖရဲသီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ နဂါးမောက်သီး(၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀) ကျပ်ထိ ၊ နာနတ်သီး (၁)လုံးလျှင် (၆၀၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ သလဲသီး (၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ထောပတ်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ မက်မန်းသီး (၁) ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း