Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

       မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၂၂.၈.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၇၀ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၄၅ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၉၀ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၂၉၅ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၆၅ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ ၃၃၅၅ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၄၅ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၅၂၀ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါကယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း စက်သုံးဆီအရောင်း ဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

​​​​​​​ ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုး ထားရှိကြောင်း ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြား သော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၁၅၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင် (၄၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့်လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသော ကြောင့် မြေနေရာသီးသန့်မလိုကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေး မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

                                     

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကုလားပဲဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၇၁၅၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၇၄၅၀၀)ကျပ်၊ (V2)(၁)တင်း လျှင် (၇၇၀၀၀)ကျပ်နှင့် (V7)(၁)တင်းလျှင် (၇၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကုလားပဲများကို ကန့်ဘလူမြိုနှင့် မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည် ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၈၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၃၂၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်စည်း ၈၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၁၈၀၀ ကျပ်နှင့် ဂျင်း(ချင်း) တစ်ပိဿာ ၇၅၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် ဩဂုတ်လ စတုတ္ထအပတ်အတွင်း စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဩဂုတ်လ တတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်း ကျဆင်းရခြင်းမှာ ပြည်မမှအဝင်များသောကြောင့်ဖြစ်ပါသည်။ အာလူးနှင့်ပဲတောင့်ရှည်တို့ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်များ လက်ကျန်လျော့ နည်းလာသောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်း တည်ငြိမ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

မုံရွာမြို့ပေါ်ရှိဈေးများတွင်ရောင်းချနေသော ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ် များတွင် ထည့်သွင်းစားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည့် အတွက် အသုံးဝင်းသော အသီးပင်ဖြစ်ပါသည်။

          ဩဂုတ်လ တတိယပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး  အပေါ်မူတည်၍ တစ်လုံးလျှင်(၁၅ဝိ/-) ကျပ်မှ (၂၀၀)ကျပ်ထိလည်းကောင်း၊ ရှောက်သီး (အသေး)(၁)လုံးလျှင် (၂၅၀)ကျပ်နှင့်  ရှောက်သီး (အကြီး) (၁)လုံးလျှင်(၃၀၀)ကျပ်ထိ လည်းကောင်း၊ ဩဂုတ်လ စတုတ္ထပတ်တွင် သံပုရာသီး

ဈေးနှုန်းမှာ အရွယ်အစား အကြီး/ အသေး  အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-)ကျပ်မှ (၁၅၀)ကျပ်ထိလည်းကောင်း၊ ရှောက်သီး(အသေး)(၁)လုံးလျှင် (၂၀၀)ကျပ်နှင့်  ရှောက်သီး (အကြီး) (၁)လုံးလျှင်(၂၅၀)ကျပ်ထိ ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းသွား ကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

         ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဩဂုတ်လ တတိယပတ် အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၆၄၃၄၃)အိတ်၊ မန္တလေးသို့ (၁၁၅၇၁) အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (၅၂၅)အိတ်၊ မိတ္ထီလာမြို့သို့ (၂၃၀)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (၇၀၀၁)အိတ်၊မူဆယ်သို့(၁၈၀)အိတ်၊ နေပြည်တော်သို့ (၁၃၁၀)အိတ်၊ပဲခူးသို့ (၆၀၅၀)အိတ်၊ ပြည်မြို့သို့ (၅၅၅)အိတ်၊ တောင်ငူသို့ (၁၃၀၅)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(၃၀၆၀)အိတ်၊ ကချင် ပြည်နယ်သို့ (၃၆၀)အိတ်၊ မွန်ပြည်နယ်သို့ (၆၁၂၀)အိတ်၊ ဧရာဝတီတိုင်းသို့ (၄၂၀)အိတ်၊ မကွေးတိုင်းသို့ (၁၁၄၀)အိတ်၊ စုစုပေါင်းအိတ်ရေ(၁၀၄၁၇၀)၊တန်အားဖြင့် (၅၂၀၈)တန် စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းနှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

‌           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  မုန့်ညှင်းရွက်၊ အိုးမုန့်ညှင်း ရွက်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင်အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လစတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

      တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၅၅၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၅၅၀၀)ကျပ် တို့ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဩဂုတ်လ တတိယအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဘိလပ်မြေဈေးနှုန်းများမှာ ကျိုင်းတုံ မြို့နှင့်တာချီလိတ်မြို့တို့တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်း

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ နဂါမောက်သီး တစ်လုံးလျှင် (၆၀၀/၇၀၀)ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ လိမ္မော်သီးတစ်လုံးလျှင် (၁၅၀၀/၂၀၀၀) ကျပ် ၊ သရက်သီးတစ်လုံးလျှင်(၂၀၀၀/၂၅၀၀ )ကျပ်၊ ဩဇာသီး တစ်လုံးလျှင် ( ၈၀၀/၁၀၀၀ )ကျပ်၊ မလာကာသီးတစ်လုံးလျှင် (၆၀၀/၇၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ နာနတ်သီးတစ်လုံးလျှင် (၁၅၀၀/၂၀၀၀)ကျပ် ၊ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်(၃၀၀၀/ ၃၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဝလံအရောင်းဆိုင်များမှ သိရသည်။

DOCA (စစ်ကိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

    ၂၀၂၅ခုနှစ် ဩဂုတ်လ (တတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင်(၁၄၂၅-၁၄၃၀)ကျပ်ဖြင့် ပြောင်းအသစ်များစတင်ပေါ်လာပြီဖြစ်၍ အဟောင်းလက်ကျန်ဈေးကျနေပြီး စီးဆင်းမှုမှာ ဝယ်လက်များသဖြင့် အနည်းငယ်ပိုလာပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၃၀၀၀ကျပ်၊ ထူး ၂-၄၅၀၀ကျပ်၊ ထူး ၃-၅၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် အဝယ်နည်းသဖြင့် ဈေးကျသွားပြီး စီးဆင်းမှုမှာ လျော့နည်းခဲ့ပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2-S3(၅၅၀၀-၅၀၀၀)ကျပ်၊ မျက်နီ S1-S2 (၄၅၀၀- ၄၀၀၀)ကျပ်၊ OK-၃၅၀၀ကျပ်၊ A1-၃၀၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ဝယ်လိုအားကောင်းသဖြင့် စီးဆင်းမှုမှာ များနေပါသည်။

          ချင်းသီးနှံမှာ ချင်းဥမကြီးတစ်ပိဿာလျှင်( ၂၂၀၀-၂၅၀၀)ကျပ် နှင့် ဥမအလတ်မှာ (၈၀၀-၁၀၀၀)ကျပ်ဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ပြည်ပဝယ်လိုအားကောင်းသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၁၀၀၀-၁၄၀၀)ကျပ်၊ ပန်းမုံလာ (၂၀၀၀-၂၅၀၀)ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၄၀၀၀)ကျပ်၊ မုန်ညှင်း (၂၇၀၀-၃၀၀၀)ကျပ်၊ ဖရုံသီး (၂၀၀၀-၂၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၃၀၀-၁၈၀၀)ကျပ်၊ ငရုတ်ပွ (၇၅၀၀-၈၀၀၀)ကျပ်၊ မုန်လာဥနီ (၃၅၀၀-၃၇၀၀)ကျပ် နှင့် ဘိုစားမှာ (၂၅၀၀-၃၀၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ရွှေပဲ၊ ငရုတ်ပွ နှင့် ဘိုစားသီးနှံတို့မှာ ဈေးကွက်အဝင်များ၍ ဈေးကျသွားပါသည်။ ဖရုံသီး သီးနှံမှာ ဈေးကွက်အဝင်နည်း၍ ဈေးအနည်းငယ်တက်လာပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေသဖြင့် စီးဆင်းမှုမှာ ဒုတိယအပတ်ထက် အနည်းငယ်ပိုလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း