Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၂၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၂၂  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၂၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၉၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၅၉၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၇၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်ထောင်ငါးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်၆၀၀၀၊ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၂၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၉၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၉၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၉၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၁၁၅၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၉၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်မှ ကျပ်နှစ်သောင်းခွဲအထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း/ ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ အာက်တိုဘာလ ပထမအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်)တစ်အိတ်လျှင် (၁၀၀,၀၀၀)ကျပ်၊ တီစူပါ၄၆%(သံကွင်း) (တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ မျှားကမ္ဘာ (တရုတ်) တစ်အိတ်လျှင် (၇၈,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ အာမို (၁၅:၁၅: ၁၅) တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း ၁၅) တစ်အိတ်လျှင် (၁၄၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၂,၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၇,၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေတစ်ဘူးလျှင် (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉,၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

  ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅) တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်) တစ်အိတ်လျှင် (၁၀၀,၀၀၀) ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၇,၀၀၀)ကျပ်၊ မျှားကမ္ဘာ (တရုတ်)တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀) ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၅,၀၀၀) ကျပ်၊ အာမို (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ်လျှင် (၁၄၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း)တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူး (၁၇,၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၁,၅၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၇,၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄,၀၀၀)ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/ စားသေတစ်ဘူးလျှင် (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉,၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအပတ်တွင် ဓာတ်မြေဩဇာများသည့် ပန်းဖူး(သစ်)(တရုတ်)၊ မျှားကမ္ဘာ(တရုတ်)၊ ပန်းဖူး (မြန်မာ့သြဘာ)တို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပါကြောင်း၊  ပိုးသတ်ဆေးများဖြစ်သည့် ရွှေတောနစ်(မြင်းကြား) ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းနေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး

       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်(၁၁)ဦးမှ လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာ ကျပ်(၄၉၀၀)နှုန်းဖြင့် (၇.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးမျိုးစိန်(ငွေဇင်ယော်) စားသုံးဆီ အရောင်းဆိုင်မှ လူဦးရေ(၆၆၀)ဦးအတွက် စားအုန်းဆီ(၆၆၀)ပိဿာအားလည်းကောင်း၊ အမှတ်(၂) ရပ်ကွက်ရှိ ဦးမောင်မောင်လွင်(ရွှေတိမ်လွှာ)စားသုံးဆီအရောင်းဆိုင်မှ လူဦးရေ(၆၆၀)ဦးအတွက် စားအုန်းဆီ (၆၆၀)ပိဿာအားလည်းကောင်း၊ စလင်းမြို့၊ ဈေးမရပ်ကွက်ရှိ ဦးဖိုးသာ(မဏိဇောတ)စားသုံးဆီ အရောင်းဆိုင်မှ လူဦးရေ(၄၄၀)ဦးအတွက် စားအုန်းဆီ(၄၄၀)ပိဿာအားလည်းကောင်း၊ (၈.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၇:၃၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မီမီအေး(ရွှေဗမာ)၊ ဒေါ်မြင့်မိုရ်ဝင်း(ရွှေယာမြေ)မှ လူဦးရေ(၁၁၀၀)ဦးအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာအားလည်းကောင်း၊ စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ ဦးအောင်မြင့်(တက်နေဝန်း)၊ ဦးစံလင်း(ကိုစံ)ဆီအရောင်းဆိုင်မှ လူဦးရေ (၆၆၀)ဦးအတွက် စားအုန်းဆီ(၆၆၀)ပိဿာအားလည်းကောင်း၊ (၉.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀) အချိန်တွင် စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ ဦးတင်အောင်မိုး(အောင်စိုးမိုး)ဆီအရောင်ဆိုင်၊ ဆင်ဖြူကျွန်း မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်ပပစားသုံးဆီအရောင်းဆိုင်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ဦးအံ့နီ(ထူးရတနာ) စားသုံးဆီအရောင်းဆိုင်မှ လူဦးရေ(၉၉၀)ဦးအတွက် စားအုန်းဆီ(၉၉၀)ပိဿာအားလည်းကောင်း၊ (၁၀.၁၀.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးလူမော် (ရွှေမြင့်မိုရ်)စားသုံးဆီအရောင်းဆိုင်မှ လူဦးရေ(၄၄၀)ဦးအတွက် စားအုန်းဆီ(၄၄၀)ပိဿာအားလည်းကောင်း၊  စုစုပေါင်းလူဦးရေ(၄၉၅၀)ဦးအတွက် စားအုန်းဆီ(၄၉၅၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

          အဆိုပါရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်နှင့်အဖွဲ့၊ စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်တို့က ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိပြီး ပြည်သူများ၏နေ့စဉ်လူနေမှုဘဝ အထောက်အပံ့ဖြစ်စေရေးရည်ရွယ်၍ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

အောက်တိုဘာလ ဒုတိယအပတ်၌ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

  မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၀၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၉၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၇၅) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

   ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၆၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၆၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၆၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၀၅) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အောက်တိုဘာလ ပထမအပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၅)ကျပ်၊  ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၇၀) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များအနက် မုံရွာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်ကျဆင်းနေပါကြောင်းနှင့်  ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀နှင့်  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀လျှင် ကျပ်၁,၈၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၅,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၉,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၈,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၄၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၂,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၇၀၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     အောက်တိုဘာလ (ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄,၆၀၀၊ မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၆၃,၆၀၀) အိတ်၊ တန်အားဖြင့် (၃,၁၈၀) တန်စီးထွက်ခဲ့ပြီး ယခုအောက်တိုဘာလ (ဒုတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၃၀၀၊ မန္တလေးသို့ အိတ်ရေ ၁၈,၃၀၀၊ မကွေးသို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၅၃,၆၀၀) အိတ်၊ တန်အားဖြင့် (၂,၆၈၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ(၁၀,၀၀၀)အိတ်၊ တန်အားဖြင့် (၅၀၀) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                          

မကွေးကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံမျိုးစုံစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

          မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့် ပွဲရုံများ၌ သီးနှံမျိုးစုံ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ မကွေးကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ (၆.၁၀.၂၀၂၃)ရက်နေ့တွင် ပဲတီစိမ်း(သစ်)(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၆၁၀၀၀)၊ ပဲနောက်(၂၀)ပိဿာ(၁)တင်း လျှင် ကျပ်(၅၀၀၀၀)၊ ပဲလွန်းဝါ(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၆၅၀၀၀)၊ ကုလားပဲ(929) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၈၈၅၀၀)၊ ကုလားပဲ(ဟော်လန်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၈၇၇၀၀)၊ ပဲကြီး (ဖြူ) ပြားကြီး (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(သေး) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၉၂၀၀၀)၊ ပဲကြီး(မဲ)(၁၉)ပိဿာ(၁) တင်းလျှင် ကျပ်(၈၅၀၀၀)၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ နှမ်းနက်(စမုံ)(၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀-၁၁၃၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)၊ နှမ်းနီ (မကွေး)(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ နှမ်းနီ(နယ်စ) (၁၅)ပိဿာ(၁)တင်းလျှင်ကျပ် (၁၀၂၀၀၀)၊  မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၆၈၀၀-၇၀၀၀)၊ မြေပဲလုံးဆံ(ဖြူ) (၁)ပိဿာလျှင် ကျပ်(၆၅၀၀-၆၆၀၀)တို့ဖြစ်ကြောင်း သိရှိရပါသည်။

          မကွေးကုန်စည်ဒိုင်၌ (၂.၁၀.၂၀၂၃ မှ ၆.၁၀.၂၀၂၃)ရက်နေ့အထိ နှမ်းဖြူတန်ချိန်(၁၀၀)ခန့်၊ နှမ်းနီ တန်ချိန်(၅၀)ခန့်၊ နှမ်းနက်(စမုံ) တန်ချိန်(၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး)တန်ချိန်(၄၀)ခန့်၊ နှမ်းညိုကြား တန်ချိန်(၂၅)ခန့်၊ ပဲတီစိမ်းတန်ချိန်(၂၀)ခန့်၊ ကုလားပဲတန်ချိန်(၅၀)ခန့်၊ ပဲကြီးဖြူတန်ချိန်(၂၅)ခန့်၊ ပဲကြီးမဲ တန်ချိန်(၁၀)ခန့်၊ စားတော်ပဲတန်ချိန်(၅)ခန့်၊ မတ်ပဲတန်ချိန်(၁၀)ခန့်နှင့် မြေပဲဆံတန်ချိန်(၁၀၀)ခန့်တို့ အသီးသီးအရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်ရ ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံး၊ မြေပဲလုံး

   မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော မြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခြေခံကောင်းများရှိသည့်အပြင် MSMES လုပ်ငန်းများလည်း တစ်စထက်တစ်စပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ ယခုအပတ်တွင် ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံးနှင့်မြေပဲလုံးအကြောင်းကို မိတ်ဆက်ပေးချင်ပါသည်။

    ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ ဦးဆန်းဝင်း၏ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံးလုပ်ငန်းခွင်သို့သွားရောက်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြပါသည်။

     MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်နေသည့်အလျောက် ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံးလုပ်ငန်းပမာဏနှင့် လုပ်ငန်းလုပ်ဆောင်မှုအဆင့်ဆင့်ကို အဆွေတော်လုပ်ငန်းပိုင်ရှင် ဦးဆန်းဝင်းက အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့ပါသည်။

   နှမ်းလုံးမြေပဲလုံးတွင် အဓိကပါဝင်သော ထန်းလျက်၊ ကပ်စေးနှဲ၊ နှမ်းနှင့်မြေပဲများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှမှာယူပြီး နှမ်းလုံး၊ မြေပဲလုံးပြုလုပ်ပုံအဆင့်ဆင့်မှာ သန့်ရှင်းအောင်ပြုလုပ်ထားသော ထန်းလျက် ၅၀သား၊ ကပ်စေးနှဲကို သင့်လျော်ရုံထည့်၍ ဒယ်အိုးထဲသို့ထည့်ပြီး ကျိုချက်ရပါသည်။ ညောင်စေးပေါက်လာသောအခါ နှမ်းထည့်၍မွှေပေးရပြီး လင်ဗန်းထဲသို့ထည့်ကာ အအေးခံ၍ အနေတော်အပူချိန်သို့ရောက်သောအခါ မိသားစုလုပ်အားဖြင့် ဝိုင်း၍ အလုံးဖြစ်အောင်လုံးရပါသည်။ အေးခဲသောအခါတွင် စားသုံးရန်သင့်တော်သော နှမ်းလုံးများကိုရရှိပါသည်။ အလားတူပင် မြေပဲလုံးကိုလည်း ထန်းလျက် ၅၀သား ကပ်စေးနှဲသင့်လျော်ရုံလောက်ထည့်၍ ဒယ်အိုးထဲသို့ထည့်၍ကျိုကာ ညောင်စေ့ပေါက်လာသောအခါ မြေပဲထည့်မွှေပြီး လင်ဗန်းထဲသို့ထည့်၍ အနေတော်အနေထားရအောင် အအေးခံပြီးနောက် လိုအပ်သောအပူရှိန်ဖြင့် မိသားစုများဝိုင်းလုံးကြပါသည်။ အသင့်လုံးထားသော မြေပဲလုံး၊ နှမ်းလုံးများကို ရောင်စုံစက္ကူများဖြင့် လှပသေသပ်စွာထုပ်ပိုးပြီး ပလတ်စတစ်ဘူးအဝိုင်းတွင်ထည့်၍ ဓနုဖြူမြို့တွင်းသို့လည်းကောင်း၊ ဇလွန်၊ ဟင်္သတမြို့များသို့လည်းကောင်း၊ ဖျာပုံ၊ ကျိုက်လတ်မြို့များသို့ ဈေးကွက်ဖြန့်ချိပြီး ရောင်းချနေကြောင်းကို ပိုင်ရှင်ဦးဆန်းဝင်းမှ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

    MSMEs လုပ်ငန်းတစ်ခုဖြစ်သော ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့သစ်ရှိ အဆွေတော် နှမ်း၊ မြေပဲလုံးလုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာခဲ့သော စားသုံးသူရေးရာဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက နိုင်ငံတော်မှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေမှု နှမ်း၊ မြေပဲလုံးလုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းရှင်၏ လုပ်ငန်းအပေါ် စေတနာထားဆောင်ရွက်ထားရှိမှုကြောင့် အဆွေတော်မုန့်လုပ်ငန်းမှ ထွက်ရှိလာသောနှမ်းလုံး၊ မြေပဲလုံးများသည် စားကောင်းသောကြောင့် ဈေးကွက်ရပြီး ရောင်းအားသွက်လာမည့်အပေါ် မိမိ၏မြို့နယ်အတွက် ဖွံ့ဖြိုးတိုးတက်လာမည့် MSMEs လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဂုဏ်ယူဖွယ်မိတ်ဆက်တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၁၀.၂၀၂၃ )

    ၁၅.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၁၀.၂၀၂၃ )

    ၁၄.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း