Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၇.၁၀.၂၀၂၃ )

    ၁၇.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၇.၁၀.၂၀၂၃ )

     ၁၇.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၇/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၁၀.၂၀၂၃ )

    ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၆.၁၀.၂၀၂၃ )

    ၁၆.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၆.၁၀.၂၀၂၃ )

    ၁၆.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၁၀.၂၀၂၃ )

    ၁၆.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တညင်းကုန်းလက်ကားဈေးကြီးတွင် ယခုရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ (၄) ရက်နေ့မှ အောက်တိုဘာလ(၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၄၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၇၀၀ မှ ၂၂၀၀ အတွင်း၊ အာလူး(ပိဿာ) ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဥနီ (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၆၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး) ကျပ် ၁၂၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၈၀၀ အတွင်း၊ မုန်ညှင်း(ထုပ်) (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၇၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၂၄၀၀ မှ ၂၈၀၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) (ပိဿာ) ကျပ် ၇၂၀၀ မှ ၈၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀၀၀ မှ ၇၂၀၀ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၄၅၀၀ မှ ၈၅၀၀ အတွင်း၊ ဆလပ်ရွက်(စည်း) ကျပ် ၂၀၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ) ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၄၁၀၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၂၀၃၂၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၂၆၃၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၇၄၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၄၄၄၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၂၈၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၈၂၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၃၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ကုန်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂.၁၀.၂၀၂၃ မှ ၁၁.၁၀.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ပစ္စည်းဈေးနှုန်းများမှ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန် (ရှယ်) ၁ ပိဿာလျှင် ၈၀၀၀၀/- ကျပ်မှ ၉၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံရွှေပုဇွန် (ရိုးရိုး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၅၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုဇွန် (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုဇွန် (ရိုးရိုး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျည်းကြပ်တိုက် (ကြီး) ၁ ပိဿာလျှင် ၆၅၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးကျည်းကြပ်တိုက် (သေး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ ပိဿာလျှင် ၃၅၀၀၀/- ကျပ်မှ ၃၇၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၅၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ ပိဿာလျှင် ၃၀၀၀၀/- ကျပ်မှ ၃၅၀၀၀/- ကျပ်ထိရှိခဲ့ပြီး ရေငံငါးခြောက်ဈေးနှုန်းများအနေဖြင့် ငါးကွမ်းရှပ် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးတံခွန် (လုံး) ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၁၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ ပိဿာလျှင်မှ ၃၀၀၀၀/- ကျပ်မှ ၃၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမြီးတံသွယ် ၁ ပိဿာလျှင် ၄၀၀၀/- ကျပ်မှ ၅၀၀၀ ကျပ်ထိ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂.၁၀.၂၀၂၃ မှ ၁၁.၁၀.၂၀၂၃ ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ ပိဿာလျှင် အမြင့်ဈေး ၇၄၀၀/- ကျပ်မှ အနိမ့်ဈေး ၇၁၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၂၁၅/- ကျပ်မှ ၅၃၉၅/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၄၈၅/- ကျပ်မှ ၆၀၂၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၅၉၀၀/- ကျပ်မှ ၆၂၀၀/- ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၁၆၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ ပိဿာလျှင် ၆၀၀၀/- ကျပ်မှ ၈၀၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်-သစ်) ၁ ပိဿာလျှင် ၁၁၅၀/- ကျပ်မှ ၁၂၅၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား-သစ်) ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၄၀၀/- ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ ပိဿာလျှင် ၃၁၀၀/- ကျပ်မှ ၃၂၀၀/- ကျပ်ထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ ပိဿာလျှင် ၃၇၃၀/- ကျပ်မှ ၃၇၅၀/- ကျပ်ထိ လည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ ပိဿာလျှင် ၃၆၀၀/- ကျပ်မှ ၃၉၀၀/- ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ ပိဿာလျှင် ၃၆၀၀/- ကျပ်မှ ၄၂၀၀/- ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ ပိဿာလျှင် ၁၈၀၀/- ကျပ်မှ ၂၃၀၀/- ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၀၀၀/- ကျပ်မှ ၃၃၀၀/- ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း