Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့နယ် ရေမျက်ကျေးရွာ၌ စိုက်ပျိုးနည်းစနစ်များပြောင်းလဲကာ သီးနှံ(၂)မျိုးရောနှောစိုက်ပျိုး

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ရေမျက်ကျေးရွာရှိတောင်သူများအနေဖြင့် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ  မိုးရွာသွန်းမှုနောက်ကျခြင်းနှင့် သီးနှံရေလိုအပ်ချိန်တွင် မရွာသွန်းဘဲ မလိုအပ်သောချိန်တွင် မိုးရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများပျက်စီးသဖြင့် စိုက်ပျိုး နည်းစနစ်များပြောင်းလဲကာ ပြောင်းစိုက်ခင်းများတွင် ငရုတ်သီးနှံကို ရောနှောစိုက်ပျိုးလျက်ရှိသည်။

   ယခုနှစ် ပြောင်းစိုက်ခင်းများတွင် ငရုတ်သီးနှံကိုရောစပ်ကာစိုက်ပျိုးခဲ့ကြောင်း၊ ရွှေတစ်ဆုပ်မျိုးကိုစိုက်ပျိုးကြောင်း၊ လက်ရှိအချိန်တွင် ပြောင်းဖူးများကိုခူးစွပ်၍ ရောင်းချနေရသလို ငရုတ်ခင်း မှာလည်းမရင့်မှည့်သေးသည့်အတွက် ရေသွင်းပြီးရင့်မှည့်အောင်လုပ်နေကြောင်း၊ ပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၁၅၀မှ၂၀၀)ရောင်းချကြောင်း၊ ငရုတ်တစ်ပင်လျှင် အသီး(၃၀မှ၄၀)ခန့်ထိ အသီးတင်ကြောင်း၊ အသီးတင်ကာရင့်မှည့်ပြီးဆိုလျှင် ဈေးကွက်အနေဖြင့် သီးနှံပွဲရုံများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးလေမမှန်ဖြစ်ကာ စိုက်ပျိုးရေး လုပ်ငန်းများတွင်အခက်အခဲများရှိနေပြီး မြေအောက်ရေရရှိသောဒေသတွင် စိုက်ခင်းများသို့ ရေကို လိုအပ်သလိုပေးဝေနိုင်ကြောင်း၊ စိုက်ပျိုးရေသည်သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကဖြစ်ကြောင်း၊ ရေမျက်ကျေးရွာနေ တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

DOCA(မကွေး)

မင်းဘူးခရိုင်တွင် ပဲစဉ်းငုံသီးနှံအထွက်နှုန်းကောင်းရရှိရေး စိုက်ပျိုးမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် မိုးရာသီကာလ၌ ပဲစဉ်းငုံသီးနှံ အထွက်နှုန်းကောင်းရရှိရေးအတွက် (၁)ဧကလျှင်(၂၅)တင်းဖြင့် စိုက်ဧက(၁၆၀၀)ကျော်ကို မင်းဘူး (စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့တွင် စိုက်ပျိုး ပြီးဖြစ်ကြောင်း သိရသည်။

   ပဲစဉ်းငုံသီးနှံကို မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာ(၃)အုပ်စုရှိ တောင်သူပေါင်း(၅၁)ဦးမှ စိုက်ဧက (၉၉)ဧက၊ ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ(၄)အုပ်စုရှိ တောင်သူပေါင်း(၂၄)ဦးမှ စိုက်ဧက(၇၁)ဧက၊ စလင်းမြို့ နယ်တွင် ကျေးရွာ(၃)အုပ်စုရှိ တောင်သူပေါင်း(၃၆၆)ဦးမှ စိုက်ဧက(၁၀၉၉)ဧက၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ(၅)အုပ်စုရှိ တောင်သူပေါင်း(၉၄)ဦးမှ စိုက်ဧက(၂၈၂)ဧက၊ ငဖဲမြို့နယ်တွင် ကျေးရွာ(၃)အုပ်စုရှိ တောင်သူပေါင်း(၂၈)ဦးမှ စိုက်ဧက(၈၅)ဧက၊ စုစုပေါင်းကျေးရွာအုပ်စု(၁၈)အုပ်စုရှိ တောင်သူပေါင်း (၅၆၃) ဦးမှ စိုက်ဧက(၁၆၃၆)ဧကအား စက်တင်ဘာလအတွင်းစိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် တောင်သူများ၏စိုက်ပျိုး သီးနှံများ အထွက်နှုန်းကောင်းများရရှိရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင် ရှည်ဝါစသည့်သီးနှံများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍စိုက်ပျိုးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့မစည်ပင်ဈေး၌ အောက်တိုဘာလ(ပထမပတ်)တွင် ရောင်းချနေသောအခြခံစားကုန်ဈေးနှုန်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေးတွင် ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊မြစ်ခြေဒေသများမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးကုန်ကျွန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂) ဈေးသည်များ၊ ကိုဗစ်(၁၉)ဈေးရှိ ဈေးသည်များထံမှသိရှိရပါသည်။

     ပခုက္ကူမြိုမဈေး၊ အမှတ်(၂) ဈေးနှင့် ကိုဗစ်(၁၉) ဈေးတို့တွင် ရောင်းဝယ်နေသောကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနှင့် တခြားသီးနှံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီးမှာ ရှမ်းပြည်နယ်မှလာသော အင်းလေးသီးတစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀)၊ ကျောက်ပန်းတောင်း ထိုင်ဝမ်သီးမှာ အမျိုးအစားကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀-၁၇၀၀)၊ ငရုတ်သီးစိမ်းမှာ မိတ္ထီလာသီးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်းရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ရှမ်းပြည်မှလာသော ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ခဝဲသီးတစ်ပိဿာလျှင် ကျပ်(၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၃၀၀-၄၀၀-၅၀၀-၇၀၀-၈၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၈၀၀-၁၀၀၀)၊ မုန့်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၈၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်(၇၀၀-၈၀၀-၁၀၀၀)  ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၅၀-၇၀)၊ ဆူးပုပ်ရွက် တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ ကင်မွန်းချဉ်ရွက် (၁၀) စည်းပါ တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)နှင့် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အသားငါးဈေးမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀) ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀)နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)တို့ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဒေသထွက် “ဂဠုန်မင်း”ချည်ထည်စောင်များ၏ ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင်  ငွေကြယ်ဦး၊ စိန်ငါးပွင့်၊ စိန်ပန်းခိုင်၊ ရွှေနဂါး၊ တခြားချည်ထည်အရောင်းဆိုင်များနှင့် ဂဠုန်မင်းချည်ထည်ဆိုင်များစွာရှိပါသည်။ ဂဠုန်မင်းချည်ထည်စောင်များမှာ ပြည်တွင်း/ ပြည်ပသို့ ကျယ်ပြန့်စွာရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ဂဠုန်မင်းချည်ထည်ဆိုင်မှရရှိနိုင်သောချည်ထည်များမှာ ဝါဒစောင်၊ ရွတ်ကျစ်ခေါက်ချိုးစောင်၊ လွှာချင်းစောင်အမျိုးမျိုး၊ ချင်းစောင်၊ လက်သုတ်ပဝါအမျိုးမျိုး၊ မျက်နာသုတ်ပဝါအမျိုးမျိုး၊ မဝတ်လုံချည်၊ ကျားဝတ်လုံချည်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။ ဝါဒစောင်၊ ရွတ်ကျစ်ခေါက်ချိုးချည်ထည်စောင်များမှာ အိမ်တွင် ရက်လုပ်လျက်ရှိကြောင်း၊  ရွတ်ကျစ်ခေါက်ချိုးစောင်နှင့် ဝါဒစောင်များကိုအသုံးပြုသည့် တိုင်ချည်အမျိုးအစားများမှာ ချည်ချော(၁/၂၀) ချည်နှင့် ချည်ချော(၁/၁၀) ချည်များကိုအသုံးပြုပြီး ဖောက်ချည်အနေဖြင့် (၁/၇)ချည်နှင့်(၁/၅) ဗမာချည်များဖြင့်ရက်လုပ်ထားကြောင်း၊ ကုန်ကြမ်းများကို မန္တလေးတိုင်းဒေသကြီးမှ ဝယ်ယူအသုံးပြုကြောင်းသိရှိရပါသည်။ တိုင်ချည် ချည်ချော(၁/၂၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၀၀၀၀)၊ ချည်ချော(၁/၁၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၀၀၀၀)၊ ဖောက်ချည်(၁/၇) ချည်တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ (၁/၅) ချည်တစ်ထုပ်လျှင် ကျပ်(၃၃၉၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ဝါဒစောင်နှင့် ရွတ်ကျစ်စောင်များအတွက် စက်ယက်ကန်းနှင့် လက်ယက်ကန်များတွင် တိုင်ချည်ကို(၁၀)ထုပ်အသုံးပြုပြီး ဖောက်ချည် (၆) ထုပ်သုံးစွဲရကြောင်းသိရှိရပါသည်။ လုပ်သားခဈေးမှာ ဝါဒစောင်လက်ယက်ကန်းတစ်ထည်ခတ်ခမှာ ကျပ်(၃၅၀၀)ပေးရပြီး တစ်ရက်လျှင်(၁)ထည်ရရှိကြောင်း စက်ယက်ကန်းတစ်ထည်ခတ်ခမှာ ကျပ်(၃၀၀၀)ဖြစ်ပြီး တစ်ရက်လျှင် (၂)ထည်ရရှိကြောင်းသိရှိရပါသည်။

      “ဂဠုန်မင်း”အထည်ဆိုင်မှ ချည်ထည်ဈေးနှုန်းများမှာ ဝါဒစောင် ပထမတန်းစားတစ်ထည်လျှင် ကျပ်(၃၈၀၀၀)၊ ဒုတိယတန်းစားတစ်ထည်လျှင် ကျပ်(၂၅၀၀၀)၊ ရွတ်ကျစ်ခေါက်ချိုးစောင် ပထမတန်းစားတစ်ထည်လျှင် ကျပ်(၃၀၀၀၀)၊ ဒုတိယတန်းစားတစ်ထည်လျှင် ကျပ်(၁၄၀၀၀)၊ လက်သုတ် ပဝါအကြမ်း(၅)ထည်ပါ တစ်ထုပ်လျှင် ကျပ်(၃၀၀၀)၊ လက်သုပ်ပဝါအချော(၅)ထည်ပါ တစ်ထုပ်လျှင် ကျပ်(၃၅၀၀)၊  မျက်နာသုတ်ပဝါ ပထမတန်းစားတစ်ထည်လျှင် ကျပ်(၁၂၀၀၀)၊ မဝတ်လုံးကွင်းမှာ ချည်အမျိုးအစားပေါ်မူတည်၍ တစ်ထည်လျှင် ကျပ်(၆၅၀၀)မှ ကျပ်(၈၀၀၀)ခန့်၊ ကျားဝတ်လုံချည်တစ်ထည်လျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၀၀၀)ခန့်ဖြင့်ရောင်းချလျက်ရှိကြောင်း “ဂဠုန်မင်း” ချည်ထည်ရောင်းဝယ်ရေးမှသိရှိရပြီး မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် ဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)         

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ရက်သတ္တပတ်အတွင်းဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများ

  သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ အသီးအရွက်နှင့် အသား၊ငါးများအား အောင်လံမြို့မှတဆင့် ဝယ်ယူရောင်းချကြောင်း၊ ဆန်နှင့်ဆီတို့အား ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

  သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာလ (၄)ရက်နေ့အထိဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ အာလူး(အကြီး၊အသေး) အရွယ် အစားအလိုက် (၁)ပိဿာလျှင် ကျပ်(၂၇၀၀မှ ၃၀၀၀)၊ ကြက်သွန်ဖြူ(အကြီး၊အသေး)(၁) ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၀၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး)(၁)ပိဿာလျှင် ကျပ်(၂၅၀၀၊ ၂၈၀၀၊ ၃၅၀၀)၊ ကုလားပဲခွဲခြမ်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀မှ ၆၈၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ် (၂၅၀၀မှ၃၀၀၀)၊ ငရုတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀မှ ၂၀၀၀၀)၊ ခရမ်းချဉ်သီး (တိုင်ထောင်သီး) (၁)ပိဿာလျှင် ကျပ်(၁၀၀၀မှ ၁၂၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၈၅၀၀မှ ၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁) ပိဿာလျှင် အကောင်အကြီး၊ အသေးအလိုက် ကျပ်(၈၀၀၀မှ၁၂၀၀၀)၊ ဆန်(၁)ပြည်လျှင် ပေါ်ဆန်းမွှေး (ပုသိမ်) ကျပ်(၅၀၀၀ မှ ၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်) ကျပ်(၄၂၀၀မှ ၅၀၀၀)၊ မနောသုခ ကျပ် (၃၅၀၀)၊ မှော်ဘီဆန် ကျပ်(၃၆၀၀မှ၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ၁၆၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၀၀၀မှ၁၆၀၀၀)ရှိခဲ့ကြောင်း၊ ခရမ်းချဉ်သီး၊ ကြက်သားနှင့် ငါးကြင်းဈေးနှုန်းတို့မှာ ယခုအပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကျန်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)         

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါ သည်။ မြေပဲလုံးဆံ(နီ၊ဖြူ)များ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၂)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၀၀၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၄၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်  ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၀၈၀၀ဝိ)ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ် မြေပဲလုံးဆံ(နီ)တစ်တင်းပေါက်ဈေးတူညီပြီး ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင်(၈၀၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင်(၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင်(၁၉၂၀ဝိ/-) ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ယခင်အပတ်အောက် ဈေးအနည်းငယ်ကျသည့် အစေ့ထုတ်ပြောင်း

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ ပထမပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၆၀၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၆၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၆၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၆၃၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၃၀ဝ/-) ဈေးလျော့နည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူခရိုင်၏ အောက်တိုဘာလ (ပထမပတ်) ဆန်စီးထွက်နှင့်ဈေးနှုန်း၊ဈေးကွက် အခြေအနေ

    “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

          ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၄၀၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၂၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၈၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်၊ ကချင်ပြည်နယ်သို့ အိတ်ရေ ၅၀၀ အိတ် စုစုပေါင်းအိတ်ရေ ၁၀၀၀ အိတ်၊ တန်အားဖြင့် (၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)       

                                               

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၀.၁၀.၂၀၂၃ )

      ၁၀.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၆/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း