Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့နယ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်ပြည်လျှင်(၆၀၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း)တစ်ပြည် လျှင်(၅၈၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ ပဲလိပ်ပြာ တစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင်(၅၄၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၂၅၀၊၃၀၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင် ၃၅၀ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းရွှေဝါ တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငါးခူ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာ လျှင် (၆၅၀၀၊၇၀၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ကြက်သား (CP) အကောင်လိုက် တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရင်ပုံသား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဗမာကြက် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀၊၁၄၀၀၀)ကျပ် ၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်များဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

  နွေကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၂၆၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၂၀၀၀၊၂၁၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီ တစ်ပိဿာဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင် (၆၅၀၀၊၇၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၆၀၀၀၊၆၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ဂျင်းတစ်ပိဿာလျှင် (၄၅၀၀၊၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၅၀၀၀၊၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ လျှင်(၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀၊၁၄၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများ အနေ ဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်များဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ငါန်းဇွန်မြို့နယ်တွင် မိုးမြေပဲများ ရိတ်သိမ်းထွက်ပေါ်

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးမြေပဲများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။ ငါန်းဇွန်မြို့နယ် အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၁၈၂၆၀)ဧကရှိခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၁၈၃၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ(၄၇)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း နှင့်၂၀၂၃နှစ်တွင် မိုးမြေပဲစိုက်ပျိုးရန်လျာထားဧက (၁၈၂၆၅)ဧကရှိပြီး၊ စိုက်ပျိုးမှုအနေဖြင့် (၁၈၉၆၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ တောင်သူများမှာ မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များ ဖျက်စီးစားသောက်မှု အခြေအနေများပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲဆံ (၁၀)ပြည် မှ(၁၈)ပြည်ဝန်းကျင်နှုန်းများဖြင့် ထည့်သွင်းစိုက်ပျိုးကြပါသည်။ နေရာဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တစ်ချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံစေ့(၄ ၊ ၅) စေ့ နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တစ်ချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်း ရှိပါသည်။ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ  မြေပဲကို ပဲစင်းငုံသီးနှံနှင့်ရော၍ သီးညှပ် စိုက်ပျိုးမှုမှာများကြောင်းသိရှိရပါသည်။ ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်းအနေဖြင့် ပဲဆံတစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင်(၂၅၀၀၀)ကျပ် ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် မျိုးပဲဆံတစ်ပြည်လျှင်(၇၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ဝန်းကျင်များရှိကြောင်း သရက္ကန်အုပ်စု အောင်ချမ်းသာကျေးရွာမှ ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။ အုပ်စု အတွင်းရှိ ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကို မြေပဲစိုက်တန်း(၄)တန်းလျှင် ပဲစင်းငုံ (၁)တန်းဖြင့် သီးညှပ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ မိုးမြေပဲကို နှစ်စဉ် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိရာ စက်တင်ဘာလဒုတိယပတ်မှစ၍မြေပဲများ ရိတ်သိမ်းထွက်ပေါ်လျက်ရှိရာ  မြေပဲတောင့်အစိုတစ် တင်းလျှင်(၃၀၀၀၀)ကျပ်၊ အခြောက်တစ်တင်းလျှင်(၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် ကျေးရွာများတွင်အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် တောင်သူစိုက်ကွက် တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၀) နှင့်(၄၀)တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ စိုက်ပျိုးသည့် ယာမြေ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ် မူတည်၍ အထွက်နှုန်းများပြောင်းလဲ ကွာခြားမှုရှိကြောင်း၊ ယခင်နှစ်မြေပဲပေါ်ချိန် အဖွင့်ဈေးအနေဖြင့် မြေပဲအခြောက်တစ်တင်းလျှင်(၃၀၀၀၀)ကျပ်ဝန်းကျင် ရှိခဲ့ပြီး၊ အပိတ်ဈေးအနေဖြင့် တစ်တင်းလျှင် (၃၅၀၀၀)ကျပ် ဝန်းကျင်ရှိခဲ့ကြောင်း အောင်ချမ်းသာကျေးရွာ မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသောအခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် တစ်ပြည်(၅၅၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ်လျှင်(၁၃၀၀၀ဝိ/-) ကျပ်၊မနောသုခဆန်  တစ်ပြည်(၃၈၀ဝိ/-)ကျပ်၊မနောသုခဆန် (၂၄)ပြည်  တစ်အိတ်လျှင်(၉၂၀၀ဝိ/)ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာတစ်ပိဿာလျှင်(၂၂၀ဝိ/-)ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ (ကြီး)တစ်ပိဿာလျှင်(၃၂၀ဝိ/-)ကျပ်၊(လတ်) တစ်ပိဿာလျှင်(၃၀၀ဝိ/-)ကျပ်၊ (အသေး) တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ် ၊ (ရှမ်း) တစ်ပိဿာလျှင်(၉၀၀ဝိ/-)ကျပ်၊ အာလူး  တစ်ပိဿာလျှင်(၂၈၀ဝိ/-)ကျပ်၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်း တစ်ပိဿာလျှင်(၅၅၀ဝိ/-) ကျပ်၊ ဆား တစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင်(၁၀၀၀ဝိ/-)ကျပ်၊ ဝက်သား  တစ်ပိဿာလျှင်(၁၈၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၂၇၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင်(၁၄၈၀ဝိ/-)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာလျှင်(၁၄၈၀ဝိ/-)ကျပ်၊ နေကြာဆီသန့် တစ်ပိဿာလျှင်(၁၅၀၀ဝိ/-)ကျပ် စျေးနှုန်းများဖြစ်ပြီး စားဆီ တစ်ပိဿာလျှင်(၄၇၉၃/-)ကျပ် (ဆိုင်ထိုင်ရောင်းစျေးနှုန်း) အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင် စက်တင်ဘာလပထမပတ်နှင့် နောက်ဆုံးပတ်နှင့်နှိုင်းယှဉ်ပါက ဆီ၊  ကြက်သွန်နီနှင့် ဆိတ်သားစျေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခရမ်းချဉ်သီး၊ ကြက်သားနှင့် ဝက်သားစျေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ရာသီပေါ်ပဲမြစ်ညွန့်များ ဈေးကောင်းရ”

    မိုးတွင်းကာလတွင်သီးနှံများဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ အညာဒေသထွက် ပဲမြစ်ညွန့်များ ထွက်ပေါ်လျက်ရှိပါသည်။ ပဲမြစ်ညွန့်ကိုအသုပ်  သုပ်၍စားသုံးကြသလို၊ အတို့အမြုပ် အဖြစ်နဲ့လည်းစားသုံးကြပါသည်။ အညာဒေသတွင် ပဲမြစ်ညွန့်ကို ကြော်၍လည်း စားသုံးကြပါသည်။ ပဲမြစ်ညွန့်အရသာသည် ချို၍အရသာရှိသာကြောင့် ခံတွင်းမြိန်စေပြီး စားကောင်းသဖြင့် စားသုံးသူများ ကြိုက်နှစ်သက်ကြပါသည်။ပဲမြစ်စိုက်ပျိုးသော တောင်သူကြီးများမှာ ပဲမြစ်အပင်မှ တစ်ပင်လုံးအသုံးဝင်သဖြင့် စိုက်ပျိုးမှုများလာကြောင်း၊ ပဲမြစ်အပင်မှ ပဲမြစ်ညွန့်၊ ပဲမြစ်သားသီး (ခ) ပဲစောင်းခါးသီးများကိုလည်း ခူးဆွတ်၍ရောင်းချရသဖြင့် မီးဖိုချောင်စရိတ်များ ကာမိကြောင်း၊ ပဲမြစ်ညွန့်ကိုအခင်းထဲအရောက် လာဝယ်ယူပါက တစ်စည်း (၂၀၀-၃၀၀)ကျပ်ဖြင့်သာ ရောင်းချပေးကြောင်း၊ ပဲမြစ်ညွန့်များကို ဈေးထဲတွင် တစ်စည်းလျှင် (၃၀၀-၅၀၀)ကျပ်အထိ အစည်းအရွယ်အစားအလိုက် ရောင်းချလျက်ရှိပါကြောင်း၊ တစ်ဧကပဲမြစ်ညွန့်ရောင်းရငွေ (၂၅၀၀၀-၃၀၀၀၀/)ကျပ် အထိရရှိကြောင်း၊ အသီးပေါ်ချိန်နှင့် ပဲမြစ်ပေါ်ချိန်များတွင်လည်း ဈေးကောင်းရရှိပါက ပဲမြစ်စိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပဲမြစ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“(မိုး)နေကြာများအောင်မြင်စွာစိုက်ပျိုးပြီးစီး”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့် နှမ်းသီးနှံတို့ကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး  နေကြာသီးနှံအား တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်းတွင် (မိုး)နေကြာစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၂၈၉၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၂၅)ဧကနှင့် မြစ်သားမြို့နယ်တွင်(၃၆၀)ဧက စိုက်ပျိုးပြီး စုစုပေါင်းစိုက်ဧက (၄၇၇၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။(မိုး)နေကြာစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၃၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ နေကြာဈေးနှုန်းအနေဖြင့် ယခုပေါက်ဈေးမှာ နေကြာ  တစ်တင်း လျှင်(၄၅၀၀၀/)ကျပ်ဖြစ်ပြီး၊ နေကြာဆီ တစ်ပိဿာလျှင်(၁၆၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိပါသည်။ ယခုအချိန်တွင် နေကြာသီးနှံကို တောင်သူများအများဆုံး စိုက်ပျိုးလာကြကြောင်း၊ သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေတိုးသည့်အပြင် စားသုံးဆီဖူလုံမှုရရှိသဖြင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်/ဘဲဈေးဒိုင် ဈေးကွက်စုံစမ်းခြင်း

     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

   ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅.၉.၂၀၂၃) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲ ဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့် လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

    ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ ကြက်အရှင် အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၅၀၀/၁၃၀၀၀)ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၂၀၀/၄၃၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် (၇၅၀၀/၉၀၀၀) ကျပ်၊ ဘဲအရှင် ၁ ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ဘဲ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ‌တစ်ရက်လျှင် ကုန်ချိန် (၇၂၅၀၀) ပိဿာခန့်ရောင်းချနေကြောင်းနှင့် ဈေးအတက်အကျမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၅.၉.၂၀၂၃ မှ ၂၇.၉.၂၀၂၃ အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်) ရှယ် ၁ ပိဿာလျှင် ၇၃၀၀/- ကျပ်မှ ၇၅၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၂၁၅/- ကျပ်မှ ၅၃၉၅/- ကျပ်ထိ လည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၆၆၀/- ကျပ်မှ ၅၈၄၅/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၅၈၅၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း၊ ငရုတ်သီး ဆင်ဖြူကျွန်း (ပု) ၁ ပိဿာလျှင် ၁၄၀၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး ၁ပိဿာလျှင် ၁၁၅၀/- ကျပ်မှ ၁၂၅၀/- ထိလည်းကောင်း၊ မန်ကျည်းသီး အသား ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၄၀၀/- ကျပ်ထိလည်းကောင်း၊ သကြား(ပြည်တွင်း) ၁ ပိဿာလျှင် ၃၆၂၀/- ကျပ်မှ ၃၆၃၀/- ကျပ်ထိလည်းကောင်း၊ အာလူး(တရုတ်) ၁၉၅၀/- ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၅၀၀/- ကျပ်မှ ၃၀၀၀/- ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိကြက်သွန်နီဈေးနှုန်းများ

     ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၆)ရက်မှ (၂၂)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိတ်ဖြူ၊မုံရွာ ဒေသတို့မှ ကြက်သွန်နီ(၆၉၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့် ပြန်လည် စီးထွက်မှုရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ်၂၉၀၀ ၊ အကြီးမှာ ကျပ် ၂၉၅၀၊ ရှယ်မှာ ကျပ် ၃၀၀၀ ရှိကြောင်းနှင့် မုံရွာကြက်သွန်နီ (အသစ်) ‌အချော တစ်ပိဿာ ၂၆၀၀၊ အသန့် မှာ တစ်ပိဿာ ကျပ်၂၉၀၀ ၊ အကြီးမှာ ကျပ် ၂၉၅၀၊ ရှယ်မှာ ကျပ် ၃၀၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်နေ့မှ စက်တင်ဘာလ(၂၆) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ၂၅ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ ၊  ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံး ၆၀ လုံးပါ အလုံးကြီး ကျပ် ၁၄၀၀၀၊ ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံး ၃၀ လုံးပါ အလုံးလတ် ကျပ် ၄၅၀၀ ၊ အလုံးသေး ကျပ် ၃၅၀၀ ၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ ၊  တိုက်ကြီးနှင့် ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၅၀၀၀ ၊ အလုံးလတ် ကျပ်  ၄၀၀၀၊ အလုံး သေး ကျပ် ၃၅၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ရှမ်းပြည်(မြောက်ပိုင်း) မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၅၀၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀၀၊ ကျုံပျော်၊ ရွှေတောင်မှ သင်္ဘောသီး အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ ကျောက်ဆည်၊ ပြည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ တောင်ငူ၊ ကျောက်ဆည် မှ တောင်ငူဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်းဈေး

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး လကုန်ပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၆၆၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၈၆၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၀၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၆၆၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်နှင့် ယခင်နှစ်ကာလတူ၏ အစေ့ထုတ်ပြောင်း တစ်တင်းဈေးနှုန်းမှာ တူညီကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း