Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၄.၁၀.၂၀၂၃ )

   ၄.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၄.၁၀.၂၀၂၃ )

 ၃.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၁၀.၂၀၂၃ )

    ၄.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ခရမ်းချဉ်သီးဈေးကွက်

    ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးကွက်တွင်ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါသည်။ ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ယခုအချိန်မှာတော့ ရှမ်းသီးများသာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းသီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ရှိပြီး ပြည်ခရိုင်တွင်းမြို့နယ်များသို့လည်း ခြင်းများဖြင့် လာရောက်ရောင်းချကြပါ သည်။

    ခရမ်းချဉ်သီးသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် အရောင်အသွေးလှပသကဲ့သို့ ခန္ဓာကိုယ်အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးကိုဟင်းချက်ရာတွင် အနှစ်များများရအောင် ထည့်၍ ချက်ကြသလို အခြားသီးနှံများနှင့်အတူရော၍ကြော်ပြီး စားသုံးကြသလို အကြော်စုံများနှင့် လည်းရော၍ သုပ်စားကြပါသည်။

  ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဘီ၊စီ၊ဒီ၊ ကေတို့များစွာပါဝင်သောကြောင့် အဆီပြန်သည့်အသားအရေကို ထိန်းညှိပေးပါသည်။ ခရမ်းချဉ်သီးကို စားသုံးပါက အသားအရေ လှပသည့်အပြင် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။ ထို့အပြင် ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း ဓာတ်ပါဝင်သောကြောင့် ဆီကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများကိုလည်း ကာကွယ်ပေးနိုင် ပါသည်။

DOCA(ပဲခူး)

ကမ္ဘာ့ဆီထွက်သီးနှံများနှင့် ပြည်တွင်းစားဆီဖူလှုံရေး

     ကမ္ဘာပေါ်တွင် စားသုံးရန်ဆီထုတ်လုပ်သော ဆီထွက်သီးနှံအမျိုးမျိုးရှိသော်လည်း အဓိက စားသုံးဆီမှာ (၄)မျိုးရှိပါသည် ။ ထိုဆီထွက်သီးနှံ (၄)မျိုးမှာ ပဲပုပ်ဆီ၊ နေကြာဆီ၊ မုန့်ညှင်းဆီ နှင့် စားအုန်းဆီတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် နိုင်ငံခြားက မှာယူ တင်သွင်းသော စားအုန်းဆီများကို အဓိကထား၍စားသုံးကြပါသည်။ ကမ္ဘာ့စားသုံးဆီ (၄)မျိုးကို လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်-

ပဲပုပ်ဆီ

          ကမ္ဘာပေါ်တွင် စားသုံးသောဆီထွက်သီးနှံများဖြစ်သော ပဲပုပ်စေ့သည် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ဆီထွက်သီးနှံထွက်ရှိမှု၏ ၅၈% ရှိပြီး၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီထွက်ရှိမှု၏ ၃၆% ရှိခဲ့ပါသည်။ ပဲပုပ်စေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၁၂% မှ ၂၅% အထိရှိ၍ ကမ္ဘာ့ဆီ ထွက်သီးနှံများ၏ ၅၅% နှင့်အထက်ရှိကြောင်းသိရပါသည်။ ပဲပုပ်ကို အဓိကထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ဖြစ်ပါသည်။ ပဲပုပ်ကို Soya bean ဟုခေါ်ဆိုကြပြီး Soya ဆိုသည့်စကားလုံးသည် ဂျပန်စကားမှ ဆင်းသက် လာခြင်းဖြစ်ကြောင်း သိရပါသည်။

မုန်ညှင်းဆီ

          မုန်ညှင်းစေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၄၀% ရှိပြီး ကမ္ဘာပေါ်တွင် မုန်ညှင်း အဓိက စိုက်ပျိုးသောနိုင်ငံမှာ EU နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် ဩစတေးလျနိုင်ငံတို့ဘဲ ဖြစ်ပါသည်။ မုန်ညှင်းမှဆီထွက်ရှိမှု၏ ၁၈% ရှိသည်ဟုသိရပါသည်။

နေကြာဆီ

          နေကြာစေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၂၂% မှ ၃၂% အထိပါရှိပါသည်။ နေကြာသီးနှံ သည် ကမ္ဘာ့ဆီထွက်သီးနှံထုတ်လုပ်မှု၏ ၈% နှင့်အထက်ရှိပြီး အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့ဖြစ်ပါသည်။ နေကြာသီးနှံ၏ မူရင်းဒေသမှာ တောင်အာဖရိကနှင့် မြောက်အမေရိကတိုက်တို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် ယခင်က နေကြာကို အနည်းငယ်သာစိုက်ပျိုးကြပြီး ယခုနောက်ပိုင်းကာလများတွင် ပြည်တွင်း စားသုံးဆီ ဖူလှုံမှုရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးလာကြပါသည်။ နေကြာကို ဧကပြတ်စိုက် ပျိုးကြသလို ပဲမျိုးစုံစိုက်ခင်းများထဲတွင်လည်း သီးထပ်သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။  နေကြာဆီ သည် ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝစားဆီဖြစ်ပြီး အနံ့မရှိသည့် ဆီတစ်မျိုးဖြစ်ပါသည်။ ယခင်က စားအုန်းဆီကို ပြည်တွင်းစားသုံးဆီ လုံလောက်မှုမရှိ၍ နှစ်စဉ်စားအုန်းဆီများကို ပြည်ပမှ တင်သွင်းနေရပါသည်။ ယခုအခါ ပြည်တွင်းစားသုံးဆီများဖူလှုံရေးအတွက် နှမ်း၊ မြေပဲ နှင့် နေကြာများကို အဓိကထား၍စိုက်ပျိုးကြပါသည်။ စားသုံးဆီဖူလှုံမှုမရှိသေးသဖြင့် စားအုန်းဆီ များကိုလည်း ဝယ်ယူ၍စားသုံးကြပါသည်။ ယခုအခါ နိုင်ငံတော်မှလည်း စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါသည်။

          ပြည်တွင်းစားသုံးဆီများဖြစ်သော မြေပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီတို့ရှိရာ စားအုန်းဆီကို အခြေခံလူတန်းစားများကစားသုံးကြပြီး၊ မြေပဲဆီနှင့် နှမ်းဆီကို ငွေကြေးပြည့်စုံသူများက ဝယ်ယူ စားသုံးကြပါသည်။ ဝယ်ယူစားသုံးကြသော စားသုံးဆီဈေးနှုန်းများအား အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်-

စဉ်

လအမည်

မြေပဲဆီ(ကျပ်)

နှမ်းဆီ(ကျပ်)

စားအုန်းဆီ(ကျပ်)

၂၀၂၃ဇန်နဝါရီ

၁၀၅၀၀

၁၁၀၀၀

၆၈၀၀

ဖေဖော်ဝါရီ

၁၃၀၀၀

၁၂၀၀၀

၇၆၀၀

မတ်လ

၁၃၀၀၀

၁၂၀၀၀

၇၆၀၀

ဧပြီလ

၁၃၀၀၀

၁၂၀၀၀

၆၈၀၀

မေလ

၁၃၅၀၀

၁၂၀၀၀

၆၆၀၀

ဇွန်လ

၁၄၀၀၀

၁၃၀၀၀

၇၆၀၀

ဇူလိုင်

၁၄၀၀၀

၁၃၀၀၀

၈၅၀၀

ဩဂုတ်လ

၁၄၀၀၀

၁၂၅၀၀

၈၁၀၀

စက်တင်ဘာလ

၁၃၅၀၀

၁၄၀၀၀

၅၀၀၀

          မြေပဲဆီဈေးမှာ ၂၀၂၃ ဇန်နဝါရီလတွင် ၁၀၅၀၀ကျပ်ရှိခဲ့ပြီး စက်တင်ဘာလ တတိယ ပတ်တွင် တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဈေးဖြစ်သဖြင့် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့် ဈေးများမြင့်တက် လာခဲ့ပါသည်။ နှမ်းဆီဈေးမှာလည်း ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြစ်၍ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါသည်။ စားအုန်းဆီဈေးမှာ ဇန်နဝါရီ လတွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြစ်ခဲ့ပြီး ယခု စက်တင်ဘာလတတိယပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် တစ်ပိဿာလျှင် ၁၈၀၀ကျပ်ခန့် ဈေးများကျဆင်းလာတာ တွေ့ရပါသည်။

          ဒေသတွင်းထွက်ရှိသော မြေပဲဆီ၊ နှမ်းဆီများကို အရည်အသွေးမြှင့်ထုတ်ကုန် ထုတ်ကုန် အဖြစ်ထုတ်လုပ်၍ရောင်းချနိုင်မည်ဆိုလျှင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင် မည်ဖြစ်သလို ဆီဖူလှုံမှုရှိပါက ပိုလျှံသောဆီများကို နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါသည်။ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးအရလည်း ကောင်းမွန်စေရန်ဆီကို များပြားစွာ စားသုံး ခြင်းမပြုဘဲ ဆီကိုလျော့၍စားသုံးကြဖို့လိုအပ်ပါသည်။ အရွယ်အလိုက် တစ်ရက် ဆီစားသုံးမှုမှာ အသက် (၁)နှစ်မှ (၃)နှစ်အတွင်းကို ဆီ (၅)မတ်သား၊ အသက်(၄)နှစ်မှ (၆)နှစ်အတွင်း (၁)ကျပ်ခွဲသားနှင့် (၆)နှစ်နှင့်အထက် (၂)ကျပ်ခွဲသားခန့် စားသုံးပေးရန် လိုအပ် ပါသည်။ ထို့ကြောင့် လူတစ်ဦးလျှင် တစ်နှစ်ပျမ်းမျှစားသုံးဆီစားသုံးမှုမှာ (၅)ပိဿာနှင့် (၄၀)ကျပ်သား စားသုံးသင့်ကြောင်း သိရပါသည်။

          ထို့ကြောင့် ပြည်တွင်းသုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းသော ဆီထွက်သီးနှံများရရှိလာနိုင်မည် ဖြစ်ပါသည်။ စားသုံးဆီများ၏ စံချိန်စံညွှန်းသတ်မှတ်ပြီး စားဆီအရည်အသွေးကို ထိန်းချုပ်ပေးလျှင် ပြည်ပသို့တင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများ ရရှိနိုင်မှာ ဖြစ်ပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

     ပြည်ကုန်စည်ဒိုင်သည် အချက်အချာကျသော ပြည်မြို့တွင်တည်ရှိသောကြောင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲတို့ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့မှာ နိုင်ငံခြားသို့တင်ပို့သောပဲများဖြစ်ပြီး ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲတို့မှာ ရန်ကုန်မြို့နှင့် မြို့တွင်းအရောင်းအဝယ်ဖြစ်သောပဲများဖြစ်ပါသည်။ ပဲမျိုးစုံ အပတ်စဉ်ဖြစ်ပေါ် လျက်ရှိသော ဈေးနှုန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

ပဲအမျိုးအစား

ရေတွက်ပုံ

 

၂၀၂၃ခုနှစ် စက်တင်ဘာလ

ပထမပတ်

ဒုတိယပတ်

တတိယပတ်

မတ်ပဲ

တင်း

၈၃၀၀၀

၇၉၅၀၀

၈၁၀၀၀

ပဲတီစိမ်း

တင်း

၅၃၀၀၀

၅၄၀၀၀

၆၀၀၀၀

ပဲစင်းငုံ

တင်း

၉၃၀၀၀

၉၃၀၀၀

၉၃၀၀၀

ကုလားပဲ(HL)

တင်း

၉၅၀၀၀

၉၃၀၀၀

၉၃၀၀၀

ကုလားပဲ(မြကြေးမှုံ)

တင်း

၉၄၀၀၀

၉၂၀၀၀

၉၃၀၀၀

ပဲကြီး(ကုန်းပဲ)

တင်း

၁၀၂၀၀၀

၁၀၂၀၀၀

၁၀၂၀၀၀

ပဲကြီး(ရွှေကျွန်း)

တင်း

၁၀၅၀၀၀

၁၀၅၀၀၀

၁၀၅၀၀၀

စားတော်ပဲ(ကျွန်း)

တင်း

၁၃၆၀၀၀

၁၃၆၀၀၀

၁၃၆၀၀၀

၁၀

ဘိုကိတ်ပဲ

တင်း

၆၉၀၀၀

၆၉၀၀၀

၇၀၀၀၀

မတ်ပဲ

         စက်တင်ဘာပထမပတ်တွင် ပြည်ကုန်စည်ဒိုင်၏ မတ်ပဲတစ်တင်းကို ၈၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာဒုတိယပတ်တွင် ပဲတစ်တင်းကို ၇၉၅၀၀ကျပ်ဖြင့် ဈေးကျလာခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းကို ၈၁၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက် လာပြီး ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀၀/၂၅၀ ခန့် အဝယ်ရှိပါသည်။

ပဲတီစိမ်း

       ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၅၃၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကိုအိတ် ၂၀၀ခန့်ရှိခဲ့ပါသည်။ စက်တင်ဘာ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းကို ၅၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

    စက်တင်ဘာပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက် ကိုအိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာဒုတိယပတ်တွင် ပဲစင်းငုံ ဈေးအေးနေပြီး ပဲတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တတိယ ပတ်တွင် ပဲတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့် အဝယ် ရှိပါသည်။

ကုလားပဲ

 ပြည်ကုန်စည်ဒိုင်တွင် ကုလားပဲ(HL) တစ်တင်းကို ၉၅၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စက်တင်ဘာဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၉၃၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့်နယ်စုံ တင်ပို့မှု ရှိပါသည်။ စက်တင်ဘာတတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၉၃၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့်မြို့တွင်း အဝယ်ရှိခဲ့ပါသည်။

ပဲကြီး

    စက်တင်ဘာပထမပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၁၀၂၀၀၀ကျပ်၊ ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၀၅၀၀၀ကျပ်ဖြင့်မြို့တွင်းပဲကြော်သမားများအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာ ဒုတိယပတ် တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၁၀၂၀၀၀ကျပ်၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၀၅၀၀၀ကျပ်ဖြင့် ပဲကြော်သမားများမြို့တွင်း အဝယ်တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရှိခဲ့ပါသည်။ စက်တင်ဘာ တတိယပတ်တွင် ပဲကြီးဈေးအေးနေပြီး ကုန်ပဲတစ်တင်းကို ၁၀၂၀၀၀ကျပ် ၊ ရွှေကျွန်းတစ်တင်းကို ၁၀၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

    စက်တင်ဘာပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၃၆၀၀၀ကျပ်၊ စက်တင်ဘာ ဒုတိယပတ်တွင် ၁၃၆၀၀၀ကျပ် ဖြင့်ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၀/၂၅ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာတတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၁၃၆၀၀၀ကျပ် ဖြင့်မြို့တွင်း အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်

    စက်တင်ဘာပထမပတ်တွင် ဘိုကိတ်တစ်တင်းကို ၆၉၀၀၀ကျပ် ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်ရှိခဲ့ပြီး တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာ ဒုတိယပတ်တွင် ဘိုကိတ်တစ်တင်းကို ၆၉၀၀၀ကျပ်၊ စက်တင်ဘာတတိယပတ်တွင် ၇၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊မှာ အရောင်းအဝယ်အေးလျက်ရှိပြီး မြို့တွင်းအဝယ်ရှိသောပဲများမှားမှာ အရောင်းအဝယ်သွက်လျက်ရှိ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂.၁၀.၂၀၂၃ )

     ၂.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ပြည်ဥစားပိန်းဈေးကွက်

   ပြည်မြို့ပေါ်ဈေးများသို့ ဥစားပိန်းအဓိကစိုက်ပျိုးရာ ပေါက်ခေါင်းမြို့နယ်နှင့် ပုတီးကုန်းနယ်ဘက်သို့ ယခုစက်တင်ဘာလ တတိယအပတ်မှစတင်ပြီး ဝင်ရောက်မှုရှိလာကြောင်း သိရပါသည်။ တစ်ပတ်လျှင်ရက်ခြား ပိဿာချိန် ၃၀/၄၀ခန့် ဝင်ရောက်မှုရှိကာ ပေါ်ဦးပေါ်ဖျားမို့ အဝယ်လိုက်နေကြောင်း သိရပါသည်။ ပိန်းဥတွင်ကျန်းမာရေးအတွက် အထောက်အကူပြုသော ပရိုတိန်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များနှင့် ကင်ဆာရောဂါကာကွယ်သည့် ဒြပ်ပေါင်းများပါဝင်သည့်အတွက် သွေးတိုးနှင့် နှလုံးရောဂါများကိုသက်သာစေပြီး အဆုပ်နှင့် နှလုံးကြွက်သားကင်ဆာကို တားဆီးနိုင်ကာ အမြင်အာရုဏ် ပိုမိုကောင်းမွန်ကြောင်း သိရှိရပါသည်။

     ပိန်းဥကို ပြုတ်စား၊ ဟင်းချက်စားရုံသာမက မုန့်ပဲသားရေစာများဖြစ်သည့် ပိန်းဥရေခဲမုန့်၊ ပိန်းဥကွတ်ကီး၊ ပိန်းဥဝေဖာ၊ ပိန်းဥဂျယ်လီ စသည်ဖြင့်လည်း ပြုလုပ်စားသုံးကြကြောင်းသိရပြီး ဈေးကွက်တွင် ပိန်းဥတစ်ပိဿာလျှင် ကျပ် ၃၅၀၀-၄၀၀၀ နှုန်းဖြင့် ပိန်းဥအကြီး အသေးပေါ် မူတည်၍ ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရာသီစာ ကစော့ခါးသီးပင်

     ကစော့ခါးပင်သည် နှစ်ကြာခံ အပင်ငယ်တစ်မျိုးဖြစ်ပါသည်။ အပင်၏အမြင့်မှာ ၄ပေခန့်ရှိတတ်ပါသည်။ အပင်ရိုးတံမာ၍ အမွှေးများဖြင့် ဖုံးအုပ်ထားပါသည်။ ဆူးများသည် စိမ်းဝါရောင် ရှိ၍သန်မာပါသည်။ အရွက်ပုံစံမှာ ဘဲဥပုံဖြစ်ပြီး ဒေါင့်(၇)ဒေါင့်ပါသော အပင်ဖြစ်ပါသည်။ အရွက် မျက်နှာ(၂)ဖက်လုံးတွင် သေးငယ်သောဆူးလေးများပါရှိပါသည်။ အပွင့်များမှာသေးငယ်ပြီး ခရမ်းရောင်ဖြစ်ပါသည်။

      ကစော့ခါးသီး၏ ပုံသဏ္ဍာန်မှာ လုံးဝိုင်းပြီး အစေ့များပြီး အခွံပါးသောအသီးဖြစ်၍ အခိုင်လိုက်သီးပါသည်။ မှည့်ပါအသီး၏အရောင်မှာ လိမ္မော်ရောင်ရှိပြီး အရသာမှာ အလွန်ခါးပါသည်။ သဘာဝ အလျောက် ပေါက်ရောက်တက်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရတတ်ပါသည်။ ကစော့ခါးသီးအား ရေနွေးဖျောထားသော အသီးများကိုလည်းကောင်း၊ အစိမ်းအားရေစင်စင်ဆေး၍လည်းကောင်း၊ ငပိရေနှင့် အတို့အမြှုပ် အဖြစ်စားသောက်ကြပါသည်။ ခရမ်းကစော့သီးအားရောင်းချရာတွင် အချိန်ဖြင့်ရောင်းချခြင်းနှင့် ဈေးများတွင် အသီးများအပုံပုံ၍ရောင်းချကြောင်း တွေ့ရပါသည်။ ကစော့ခါးသီးအား အချိန်ဖြင့် ရောင်းချရာတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရာသီစာအဖြစ် ရောင်းချ‌နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ငွေနှင်းမှုန်မှိုဈေးကွက်

    ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုန်မှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရွာဘဲရပ်ကွက်၊ နဝဒေးရပ်ကွက်၊ ခေတ္တရာရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ နဝင်းရပ်ကွက် စသည့်ရပ်ကွက်အစုံနှင့် နယ်ဘက်၊ ရွာဘက်နေရာအစုံတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချကြကြောင်း သိရပါသည်။ ပြည်လက်လီဈေးများသို့ တစ်ပတ်လျှင်နေ့စဉ် ၇ပိဿာ၊ ၈ပိဿာခန့် အဝင်ရှိနေပြီး ဈေးကွက်အတွင်းအဝင်ရှိသလောက် ရောင်းကောင်းကြောင်းလည်း သိရပါသည်။ ငွေနှင်းမှုန်မှိုကို ကန်စွန်းရွက်နှင့်ရော၍ ကြော်စားခြင်းဖြင့်လည်းကောင်း ငရုတ်သီး၊ မျှင်ငါးပိနှင့် အစပ်ဟင်းချက်၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပြီး သတ်သတ်လွတ်သမားများလည်း အကြိုက်တွေ့စေမည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့ဈေးကွက်တွင် ဈေးနှုန်းအားဖြင့် ငွေနှင်းမှုန်မှို ၁၀ကျပ်သားလျှင် ကျပ် ၆၀၀-၇၀၀-၈၀၀ နှုန်းတို့ဖြင့်ရောင်းချမှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း