Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလ၊ တတိယပတ်တွင် ဓါတ်မြေဩဇာဈေးများ အနည်းငယ် အတက်၊ အကျရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများ ဈေးငြိမ်နေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

          ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ တတိယပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၆၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၀၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၃၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၈၀၀၀ဝိ/-)ကျပ် ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter တစ်ဘူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၂၅၀ဝိ/-)၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၂၈၅၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျင်(၂၉၅၀ဝိ/-)၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500g တစ်ဘူးလျှင် (၉၀၀ဝိ/-)ဖြစ်ကြောင်း၊ ယခုတစ်ပတ်တွင် ယခင်အပတ်ထက် အာမို၊ကျွဲနက်တံဆိပ် (၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၂၀၀ဝိ/-)၊ MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ် လျှင်(၂၀၀၀ဝိ/-) ကျပ် ၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၄၅၀ဝိ/-) ကျပ် ၊  အာမို၊ ပုလဲ တံဆိပ်ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၂၅၀ဝိ/-)နှင့် ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ် အသီးသီးဈေးနှုန်းမြှင့်တက်ခဲ့ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း အတက်၊အကျမရှိဘဲ ဈေးငြိမ်နေကြောင်း၊  အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခင်အပတ်ကဲ့သို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့တွင် စားသောက်ကုန်အချို့ဈေးတက်

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး ယခင်အပတ်က ကြက်သွန်နီ အကြီးမှာ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်၊ တရုတ်ကြက်သွန်နီ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီး ၃၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် တက်ပါသည်။

     ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၈၅၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် အသေး ၈၅၀၀ ကျပ်၊ အလတ် ၉၀၀၀ ကျပ်၊ အကြီး ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး တရုတ် ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်၊ အကြီး ၂၃၀၀ ကျပ်၊ တရုတ်အာလူး ၂၈၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်၊ တရုတ်အာလူး ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတက်ပါသည်။

 ငရုတ်သီးခြောက် အပုမှာ  ယခင်အပတ်က တစ်ပိသာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပြီး ငရုတ်သီးခြောက် အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အပွမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တက်ပါသည်။

    မြေပဲဆန်(အနီ)မှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆန် (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၂၀၀ ကျပ်ရှိရာမှ စက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။  ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ရှိရာမှ စက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းတက်

    တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငရုပ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ၊ ကုလားအော်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။        

     ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင်  ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတက်ပါသည်။

    ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

   ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၄၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်း ငယ်တက်သွားပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုန်ညှင်းဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်ငယ်ကျဆင်းပြီး မုံလာဥဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊  မုံလာဥနီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။

   ကန်စွန်းရွက်မှာ တစ်စည်း ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၈၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

         

တောင်ငူမြို့တွင် မိုးတွင်းကာလ ငါးခြောက်အရောင်းအဝယ်အေး

      တောင်ငူမြို့သို့ အခြားနယ်များမှ ငါးခြောက်များတင်ပို့ရောင်းချလျက်ရှိရာ အရောင်းအဝယ်အေးကြောင်း သိရပါသည်။ ညောင်ပင်ဈေးတွင် ဒေသထွက် ငါးခြောက်များဖြစ်သော ငါးရံ့ခြောက်ကို ၁၀ ကျပ်သားလျှင် ၃၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ ငါးဇင်ရိုင်းခြောက်ကို ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိဖြင့် တပိုင်တနိုင်ဒေသငါးခြောက်ပြုလုပ်သူများ အနည်းငယ် လာရောက်ရောင်းချကြရာ ဝယ်ယူသူများကြောင်း သိရပါသည်။

     မြို့မ‌‌ဈေးရှိ ငါးခြောက်ဆိုင်ကြီးများတွင် ရန်ကုန်မှတင်ပို့သော ငါးခြောက်များကို ရောင်းချလျက်ရှိရာ ငါးနီတူခြောက်(အသေး) တစ်ဆယ်ကျပ်သားလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ တီလားပီးယားခြောက် တစ်ဆယ်ကျပ်သားလျှင် ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ ငါးတံခွန်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ၊ အသားမြှောင်းခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၈၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ၊ ငါးမဲလုံးခြောက် တစ်ဆယ် ကျပ်သားလျှင် ၉၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ငါးပုတ်သင်ခြောက်(ခွဲပြား) တစ်ဆယ် ကျပ်သားလျှင် ၇၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ ငါးယောင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ ငါးမီးလောင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ အာဗြဲခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရှိပါသည်။

    ပုဇွန်ခြောက်မှာ အကောင် အသေး အကြီးပေါ်မူတည်၍ တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ ရှိပါသည်။ မိုးတွင်းကာလဖြစ်သဖြင့် ဒေသငါးများပေါများခြင်း၊ ငါးခြောက်များအစိုပြန်၍ သိုလှောင်ရန် အခက်အခဲရှိခြင်းတို့ကြောင့် အရောင်းအဝယ်အေးကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး စပါးဈေးအနည်းငယ်ကျ

     တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသ ပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဧည့်မထ (မိုးဆန်)မှာ စက်တင်ဘာလ တတိယပတ်တွင် တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်မှ ၈၆၀၀၀ ကျပ်၊ ဧည့်မထ (နွေဆန်)မှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ရှိပါသည်။

       မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၃၀၀၀၀၀ ကျပ်မှ ယခုစက်တင်ဘာလ တတိယပတ်တွင် ၂၂၀၀၀၀၀ ကျပ်၊ နွေစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်မှ စက်တင်ဘာလ တတိယပတ်တွင် ၁၈၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်း ပါသည်။

     စက်တင်ဘာလ တတိယပတ်တွင် ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ဖွဲနုမှာ ၂၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၁၇၀၀၀ ကျပ်ရှိရာမှ စက်တင်ဘာလ တတိယပတ်တွင် ၁၂၁၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်တက်ပါသည်။ ပဲလွန်းဖြူနှင့် ပဲတီစိမ်းမှာ အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

ဆေးဖက်ဝင်ဖန်ခါးသီး

     ဖန်ခါးပင်သည် မြန်မာနိုင်ငံ မြေပြန့်ဒေသနေရာအနှံ့တွင် ပေါက်ပါသည်။ မိုးဦးကာလတွင် အပွင့်ပွင့်၍ အကင်းများထွက်ပါသည်။ မိုးလယ်ကာလတွင်အသီးများကို ဆွတ်ခူးနိုင်ပြီး ဈေးကွက်အတွင်းသို့ ရောင်းချပါသည်။ ဖန်ခါးသီးသည် ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါသည်။

      ဖြူးမြို့ စည်ပင်သာယာဈေးအတွင်း ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(တတိယပတ်)၌ ဖန်ခါးသီး နို့ဆီဘူးတစ်ဘူးလျှင် ၅၀၀ ကျပ်၊ တစ်ပြည်လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ နို့ဆီဘူးတစ်ဘူးလျှင် ဖန်ခါးသီး ၂၄ လုံးမှ ၂၈ လုံးအထိ ပါကြောင်း၊ နိုဝင်ဘာလအထိ ရောင်းရကြောင်း သိရပါသည်။

    ဖန်ခါးသီးသည် ခံတွင်းကို ကျန်းမာစေခြင်း၊ နာကျင်မှုကို သက်သာစေခြင်း၊ သွေးတွင်း ကိုလက်ထရောကို ထိန်းညှိပေးခြင်း၊ ဓါတ်တိုးပစ္စည်းများကို ဖယ်ရှားပေးခြင်းစသည့် ကျန်းမာရေးအတွက် ကောင်းကျိုးများကို‌ ဖြစ်စေပါသည်။

      ဖန်ခါးသီးတွင် ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်၊ အမိုင်နိုအက်ဆစ်၊ ပလေဘာနိုက်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း သိရပါသည်။

      မြန်မာတို့သည် ဖန်ခါးသီးကို အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ဆားရည်စိမ်၍လည်းကောင်း၊ ဖန်ခါးထောင်းအဖြစ်လည်းကောင်း စားသုံးကြပါသည်။

      ဆေးဖက်လည်းဝင်၊ အာဟာရဓါတ်လည်းပါဝင်ပြီး ဈေးနှုန်းသင့်တင့်သည့်ဖန်ခါးသီးသည် ရာသီပေါ်ချိန်တွင် ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

မကွေးမြို့၊ ကန်သာရပ်ကွက်၌ စားအုန်းဆီများစျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသောစားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)နှုန်းဖြင့် အိမ်ထောင်စု (၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာရောင်းချပေးခဲ့ပါသည်။

  ထိုသို့ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုတစ်စုလျှင် တိုကင်(၁)ခုနှုန်း ကြိုတင်ပေးထားကြောင်းနှင့် ကျန်ရှိသောရပ်ကွက်များသို့လည်း အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဖြူးမြို့မှ ဆန်ဆီနှင့်သားငါးဈေးနှုန်းများ

     တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးရှိဆန်ဆိုင်များတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၆၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၄၆၀၀ ကျပ်၊ ဆင်းသုခ တစ်ပြည်လျှင် ၃၅၀၀ ကျပ်၊ ဇီယာ(ရှယ်) တစ်ပြည်လျှင် ၃၅၀၀ ကျပ်နှင့် ဇီယာ(ရိုးရိုး) တစ်ပြည်လျှင် ၃၂၀၀ ကျပ်ရှိပါသည်။

       မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိပြီး စားအုန်းဆီကို တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

      ကြက်ဥ တစ်လုံးလျှင် ၂၄၀ ကျပ်မှ ၂၈၀ ကျပ်၊ ဘဲဥ တစ်လုံးလျှင် ၃၀၀ ကျပ်မှ ၃၇၀ ကျပ် အထိရှိပါသည်။ ငါကြင်း တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ပုစွန် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်မှ ၄၃၀၀၀ ကျပ်အထိ ရှိပါသည်။

       အသားဈေးနှုန်းမှာ ကြက်သား တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ဝက်သား တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ၊ အမဲသား တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ၊ ဆိတ်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့သို့ လိမ္မော်သီးနှင့် တုန်ချဉ်သီးများဝင်ရောက်

     တောင်ငူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးနှင့် တုန်ချဉ်သီးများ ရောင်းချလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)လိမ္မော်သီး အကြီး တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှင့် အသေး တစ်ပိဿာလျှင် ၉၀၀၀ ကျပ် ရှိပါသည်။ သုံးပိဿာနှင့်အထက် ဝယ်ပါက ဈေးလျော့နည်းပါသည်။

     တုန်ချဉ်သီးမှာ ဖျော်ရည်ဖျော်သောက်သည့် အသီးတစ်မျိုးဖြစ်ပြီး တစ်ပိဿာလျှင် အကြီး ၁၇၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်နှင့် အသေး ၁၂၀၀ ကျပ်ရှိပါသည်။ ယခုအခါ ပေါ်ခါစဖြစ်ပြီး လှိုင်လှိုင်ပေါ်လျှင် ဈေးနှုန်းကျဆင်းနိုင်ပါသည်။  လိမ္မော်သီးနှင့် တုန်ချဉ်သီးဟု ခေါ်ကြသော်လည်း နှစ်မျိုးလုံးမှာ လိမ္မော်မျိုးရင်းဖြစ်ကြောင်း သိရပါသည်။ မြန်မာတို့က ခွံပွလိမ္မော်ကို လိမ္မော်သီးဟုခေါ်ပြီး ခွံကျစ်လိမ္မော်ကို တုန်ချဉ်သီး ဟုခေါ်ပါသည်။ တုံချဉ်သီးကို ကမ္ပလာသီးဟုလည်း ခေါ်ပါသည်။ လိမ္မော်သီးမှာ တုန်ချဉ်သီးထက် ရောင်းအားပိုကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၊ ပြည်ထောင်စုဈေးရှေ့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ၂၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စု ဈေးရှေ့ တွင်   နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး လျက်ရှိပါ သည်။

       ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ရောင်းချပေးခဲ့ပြီး ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ငုံးဥ (၂၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများကိုပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း