Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၁၈၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်း အိတ်ရေ ၅၀၆၀၀၊ တန်အားဖြင့် ၂၅၃၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀၅၀၀၊မန္တလေးသို့ အိတ်ရေ ၂၄၁၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၅၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၂၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၂၆၀၀၊ တန်အားဖြင့် ၃၁၃၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၂၀၀၀၊ တန်အားဖြင့် ၆၀၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

     မကွေးမြို့၊ ရန်ပယ်ဈေး၌ မြို့ပေါ်ရှိ ဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဒဟတ်ကန်ရွာ၊ ကံလှရွာ၊ ကန်ပြားရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာနှင့် ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          မကွေးမြို့၊ ရန်ပယ်စျေး၌ ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ် (၂၈၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပဲပင်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မျှစ်စပ် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်မိတ် (၁)စည်းလျှင် ကျပ် (၂၀၀)၊ မုန်လာဥ (၁)စည်းလျှင် ကျပ်(၄၀၀)၊ ဆူးပုတ်ကြီးရွက် (၁)စည်းလျှင် ကျပ်(၃၀၀)၊ ကန်စွန်းရွက် (၃)စီးလျှင် ကျပ်(၂၀၀)၊ ဘူးညွှန့် (၁)စည်းလျှင် ကျပ်(၂၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ဘူးသီး (၁)လုံးလျှင် ကျပ်(၅၀၀-၇၀၀)၊ သံပုရာသီး (၁)လုံးလျှင် ကျပ်(၁၀၀)၊ ဂေါရခါးသီး (၁)လုံးလျှင် ကျပ် (၂၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၃၀၀)၊ မုန်ညင်းထုပ် (၂၅)ကျပ်သားလျှင် ကျပ်(၈၀၀)၊ သခွားသီး (၁)တောင့်လျှင် ကျပ်(၇၀၀)၊ ကင်ပွန်းချဉ် (၁၀)ကျပ်သားလျှင် ကျပ်(၅၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၇၂၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၇၅၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၃၀မှ ၃၀၀)အတွင်း၊ ဘဲဥ (၁)လုံးလျှင် ကျပ်(၃၈၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၈.၉.၂၀၂၃ )

     ၂၈.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၈.၉.၂၀၂၃ )

     ၂၈.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၃၀၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ)လျှင် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ)လျှင် ၃၂၀၀ကျပ်မှ ၃၃၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ)လျှင် ၉၈၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ၉၈၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ)လျှင် ၂၆၀၀ကျပ်မှ ၂၇၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ကျပ်မှ ၄၀၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ကျပ်မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ကြက်သွန်ဖြူ(ရှမ်းစ)နှင့် (ကြူကုတ်) ဈေးနှုန်းမြင့်တက်ရခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းစိုက်ပျိုး ထုတ်လုပ်မှုမရှိဘဲ ရှမ်း(တောင်)မှ ဝယ်ယူရောင်းချရ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်ရသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ် ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

 

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၈.၉.၂၀၂၃ )

    ၂၈.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသော်လည်း စွန်တာနီ/ပြာပဲမှာ ယခင်နှစ်ကထက် အနည်းငယ်ဈေးကျနေပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

   မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ၁၀အိတ်မှ ၁၂အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၈၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၂အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၇၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၂၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၉၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၆၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ ကျပ်သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅ အိတ်ခန့်အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ကျဆင်းခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခွဲခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၂၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးထောင်ကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ယခင်နှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်၆၈၀၀၊ တစ်ပိဿာလျှင် ကျပ်ရှစ်ရာ မှ တစ်ထောင်နှစ်ရာအထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅အိတ်မှ ၂၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၉၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၁၁၀၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၁၁၅၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၁၀၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅အိတ်မှ ၁၇အိတ်ခန့်အရောင်းအဝယ် ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၇.၉.၂၀၂၃ )

၂၇.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၇.၉.၂၀၂၃ )

၂၇.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၉.၂၀၂၃ )

၂၇.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း