Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်မြို့၏ ကုလားအော်ငရုတ်သီး

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်အုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ကုလားအော်ငရုတ်သီးများ စိုက်ပျိုးထားရှိကြောင်း သိရသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေအား သိရှိနိုင်ပါရန် သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

   ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့ (၁၈.၉.၂၀၂၃)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုလားအော်ငရုတ်စိုက်ပျိုးထားသော တောင်သူဦးအေးသိန်းနှင့် တွေ့ဆုံ၍မေမြန်းရာ ၎င်းမှ ကုလားအော်ငရုတ်သီးစိုက်ဧကမှာ (၂)ယောက်စိုက် ဧကအနေဖြင့် (၀.၅၀)ဧက ကို ဇွန်လတွင် စတင်စိုက်ပျိုးထားကြောင်း သိရပါသည်။ ငရုတ်သီး (၀.၅၀)ဧကတွင် အပင်ရေ (၁၂၀၀)ခန့်ရှိပြီး စက်တင်ဘာလတွင် စတင်ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။ ငရုတ်သီးကို စတင်ခူးဆွတ်ပြီး (၁၅)ရက်ကြာလျှင် တစ်ခါခူးဆွတ်ရကြောင်း သိရပြီး တစ်ခါခူးဆွတ်လျှင် ကုလားအော်ငရုတ်သီး အတောင့်ရေ (၃၅၀ မှ ၄၀၀)ကြား ခူးဆွတ်ရရှိကြောင်း သိရပါသည်။ ကုလားအော် ငရုတ်သီးမှာ ဆောင်းရာသီဖြစ်သော နှင်းများကျချိန်တွင် အသီးများပို၍သီးကြောင်း သိရပါသည်။ အသီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ငရုတ်ပင်တစ်ပင်လျှင် အသီးတောင့်ရေ(၅၀)ခန့်ခူးဆွတ်ရကြောင်း သိရပါသည်။

      ကုလားအော်ငရုတ်သီး ဈေးကွက်၊ ဈေးနှုန်းအနေဖြင့် ငရုတ်သီးကိုကွင်းထဲ အရောက်လာ၍ ဝယ်ယူကြပြီး အတောင့်တစ်တောင့်လျှင် ဖောက်သည်ဈေး (၅၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ဈေးကွက်တွင်ရောင်းချသောဈေးမှာ တစ်တောင့်လျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်ရှိ ကုလားအော်ငရုတ်သီးစိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်၍ ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ကွင်းဆင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

      လက်ပံတန်းမြို့မဈေးအတွင်း စက်တင်ဘာလတတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်လျှင် (၅၄၀၀/)၊ ဧည့်မထဆန် တစ်ပြည်လျှင် ၃၁၀၀/၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၈၀၀/၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀/၊ ကြူကုတ် တစ်ပိဿာလျှင် ၁၀၀၀၀/ ချင်းတက် တစ်ပိဿာလျှင်   ၉၀၀၀/၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၂၀၀၀၀/၊ (အပု) တစ်ပိဿာလျှင် ၂၂၀၀၀/၊ အာလူး တစ်ပိဿာလျှင်  ၃၅၀၀/၊ မန်ကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၄၀၀၀/၊ ကြက်ဥ လက်လီ ဈေးနှုန်းများမှာ  (ကြီး) တစ်လုံးလျှင် ၂၈၀/၊(အသေး) တစ်လုံးလျှင် ၂၆၀/၊ ဘဲဥ (ကြီး) တစ်လုံးလျှင် ၄၀၀/၊( အသေး) တစ်လုံးလျှင် ၃၅၀/ ကျပ် တို့ အသီးသီးရှိကြပါသည်။

       လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား/ငါးဈေးနှုန်းများမှာ မွေးမြူရေး ကြက်CP ကြက်သား တစ်ပိဿာလျှင် ၁၀၀၀၀/မှ ၁၂၀၀၀/၊ ဆိတ်သားတစ်ပိဿာ ၂၃၀၀၀/မှ ၂၅၀၀၀/၊ ဝက်သား တစ်ပိဿာလျှင်   ၁၅၀၀၀/မှ ၁၆၀၀၀/၊ အမဲသား တစ်ပိဿာလျှင်  ၁၃၀၀၀/မှ ၁၅၀၀၀/၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀/မှ ၁၂၀၀၀/၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀/မှ ၉၀၀၀/၊ ကျပ်ဖြင့် အသီးသီးရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၀၀၀/မှ ၁၅၀၀၀/၊ နှမ်းဆီ တစ်ပိဿာ လျှင် ၁၃၀၀၀/မှ ၁၅၀၀၀/ ဖြင့် ရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊‌ ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၃၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်လျှင် (၇၉၀၀၀)ကျပ်၊ ပုလဲ (ရွှေတောင်)တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆၀၀၀)ကျပ်၊  နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ်လျှင် (၁၆၂၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၇၀၀၀) ကျပ်၊ အာမို (၁၅:၁၅:၁၅) တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ်လျှင် (၁၄၄၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ်လျှင် (၆၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား (အာမို) (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ လန်ဒါ(ဝိစာရ) (၁)ဘူးလျှင် (၁၇၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁၅၀၀) ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၂၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဘူးလျှင် (၂၅၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဘူးလျှင် (၃၄၀၀၀) ကျပ်၊ ဒါနာဒင် (ဩဘာ)တစ်ဘူးလျှင် (၄၇၀၀၀)ကျပ်၊ အစီဖိတ်(ဩဘာ)တစ်ဘူးလျှင် (၂၁၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄၀၀၀)ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂၀၀၀) ကျပ်၊ ထိသေစားသေတစ်ဘူးလျှင် (၁၅၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိ ရသည်။

    ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်)တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၃၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်လျှင် (၇၉၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်) တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆၀၀၀)ကျပ်၊  နိုက်ထိုဖောစကာ(သြဘာ) တစ်အိတ်လျှင် (၁၆၂၀၀၀)ကျပ်၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ်လျှင် (၁၄၄၀၀၀)ကျပ်၊ MC (ကွန်ပေါင်း)တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ်လျှင် (၆၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (၁)ဘူးလျှင် (၁၇၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၂၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅၀၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူးလျှင် (၃၄၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၇၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၂၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄၀၀၀)ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂၀၀၀)ကျပ်၊ ထိသေစားသေတစ်ဘူးလျှင် (၁၅၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအပတ်တွင် ဓာတ်မြေဩဇာများသည့် ပန်းဖူးမှာ ဈေးအနည်းငယ်ကျဆင်းနေပြီး ပိုးသတ်ဆေးများဖြစ်သည့် အစီဖိတ်မှာ ဈေးနှုန်းအနည်ငယ်တက်နေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

အုတ်တွင်းမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း

     တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၈၉၁၄၈ ဧက စိုက်ပျိုးထားရာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ အချို့နေရာများ၌ ရိတ်သိမ်းနိုင်တော့မည်ဖြစ်ပါသည်။ ယခင်နှစ်က စပါးတင်းပေါင်း ၆၄ သိန်းကျော် ထွက်ရှိပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာ ရွာပြီး ရေကြီးနစ်မြှုပ်မှုလည်း နည်းပါးသဖြင့် စပါးအထွက်ပိုမည်ဖြစ်ပါသည်။

   အုတ်တွင်းမြို့နယ်တွင် တောင်သူအများဆုံးစိုက်ပျိုးသော စပါးများမှာ ဆင်းသုခ၊ ဗျော့ထွန်းနှင့် ရာပြည့်တို့ဖြစ်ပါသည်။ တောင်သူအများစုမှာ မျိုးစပါးကို ကိုယ်တိုင်မျိုးသန့်၍ ထားရှိပါသည်။ ကိုယ်တိုင်မျိုးစပါးမထားသည့် တောင်သူများအနေဖြင့် မျိုးစပါး တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရပါသည်။

    အုတ်တွင်းမြို့နယ်တွင် လူဦးရေ ၁၈၀၀၀၀ ခန့်ရှိရာ ထွက်ရှိသော စပါးများမှ ဝမ်းစာစပါး၊ မျိုးစပါးနှင့် အလေအလွင့် တင်း ၃၀ ခန့်ရှိမည်ဖြစ်ရာ ယခင်နှစ်က စပါးတင်း ၃၄ သိန်းခန့် ပိုလျှံခဲ့ပြီး ယခုနှစ်တွင်မူ စပါးအထွက်ပိုပြီး ယခင်နှစ်ကထက် စပါးပိုလျှံနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့၌ စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး စက်တင်ဘာလ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၄၇၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလ တတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် ယခုအပတ်တို့တွင် ဖြစ်ပေါ်နေသောစားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားကုန်အချို့ဈေးနှုန်းအနည်းငယ်ကျ

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဩဂုတ်လက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀ ကျပ် ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် တက်ပြီး ဧည့်မထ(မိုး)ဆန် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ ယခင်လက တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်အထိဈေးနှုန်းအနည်းငယ်တက်ပြီး စားအုန်းဆီ မှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

       ကြက်သွန်နီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၃၆၀၀ ကျပ်၊ အလတ် ၃၈၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၂၀၀ ကျပ်၊ အလတ် ၃၃၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၉၀၀၀ ကျပ်၊ အလတ် ၉၅၀၀ ကျပ်၊ အကြီး ၁၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

     ငရုတ်ခြောက် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲလုံးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

     မြေပဲဆန်(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀  ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆန်(အဖြူ)မှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

             

                   

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင်  စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပြီး ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပါကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀နှင့်  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မှော် ဘီ(၂) ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀လျှင် ကျပ်၂,၁၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၇,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၄၅၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၄,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၈၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၈,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     စက်တင်ဘာလ(ဒုတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၉,၆၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀အိတ်၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၄,၅၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၆၂,၇၀၀)အိတ်၊ တန်အားဖြင့် (၃,၁၃၅) တန်စီးထွက်ခဲ့ပြီး စက်တင်ဘာလ (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၈,၆၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၁,၀၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀အိတ်၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ (၅၀၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၁,၆၀၀) အိတ်၊ တန်အားဖြင့် (၂,၅၈၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၁,၁၀၀)အိတ်၊ တန်အားဖြင့် (၅၅၅) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန် များဖြစ် သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၅၇၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၈၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၅၁၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၈၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၉၀၀၀)ကျပ်မှ (၉၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုး အစားအလိုက်  (၁၅၀၀၀)  ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၂၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၃၀၀) ကျပ်မှ (၂၄၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ  (၈၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    စက်တင်ဘာလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စလင်းမြို့၊ မြို့မဈေး၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်း အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ မြို့မဈေး၌  ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ပွင့်ဖြူ၊ ဆင်ဖြူကျွန်းမြို့များမှ စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ရှမ်းပြည်နယ်မှ ဟင်းသီးဟင်းရွက်သစ်သီးဝလံများလည်း ဝင်ရောက်လျက်ရှိပြီး ဒေသအလိုက်ပစ္စည်းအမျိုးအစားအလိုက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)အတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ငရုတ်သီးမှုန့် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အိုင်အိုဒင်းဆား (၁)ပိဿာလျှင် ကျပ်(၈၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရွှေဖရုံသီး (၁) လုံးလျှင် ကျပ်(၁၂၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးမြင်းအကောင်ပေါက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးဇင်ရိုင်း (၁)ပိဿာ လျှင် ကျပ်(၁၆၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၆.၉.၂၀၂၃ )

၂၆.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း