Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အညာဒေသထွက် သရက်သီးစိမ်း(ခေါ်)သရက်ကင်းများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သရက်သီးစိမ်း(ခေါ်) သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ်စားသုံးသောကြောင့် သရက်ကင်းဈေးကောင်းရရှိကာ  ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။    

  ယခုချိန်တွင် ကုန်စိမ်းဈေးကွက်အတွင်း သရက်သီးစိမ်း(ခေါ်)သရက်ကင်းဈေးမှာ အသီးအနေအထားပေါ် မူတည်၍ သရက်သီး (၁၀)လုံးလျှင် အနိမ့်ဆုံးငွေကျပ် ၁၀၀၀ မှ ကျပ် ၁၅ဝ၀ ဈေးအထိ လက်လီရောင်းချရကြောင်း၊ သရက်ကင်း(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀-၁၂၀၀၀) နှုန်းဖြင့် ပွဲစားများ က ခြံအရောက် လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း၊ မိသားစုလုပ်အား၊ လုပ်သားအင်အား အချိန်မပေးနိုင်သည့် သရက်ခြံပိုင်ရှင်များအနေဖြင့် သရက်သီးပွဲစားများထံ အပင်ပြတ်၊ ခြံပြတ်၊ ရောင်းချကာ ခြံကို ပြုစုကြကြောင်း ၊အသီးရရှိမှု၊ အပင်သက်တမ်း၊ အရွယ်စားပေါ်မူတည်၍ သရက်ပင်တစ်ပင်လျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ ဝင်ငွေရရှိကြောင်းနှင့်  စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲအစုံ စိုက်ပျိုးကြကြောင်း သိရသည်။

   "ယခင်နှစ်ထက် ဒီနှစ်က အသီးပေါ်ချိန်နောက်ကျတယ်။အချို့သရက်ပင်တွေက ယခုမှ အပွင့်လှိုင်လှိုင်ပွင့်ကာ သီးကင်းတွေပဲ ရှိသေးတယ်၊ ဈေးကွက်အတွင်း  လှိုင်လှိုင်မပေါ် သေးတဲ့အတွက် သရက်သီးစိမ်းဈေးက ဈေးကောင်းနေတာပါ"ဟု လက်ကားရောင်းဝယ်သူ သရက်ပွဲစားတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရှိရ ပါသည်။

    ယခုမတ်လ ပထမအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀မှ ၁၂၀၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၄၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုမတ်လ ပထမအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဘိလပ်မြေဈေးနှုန်းအနည်းငယ်မြင့်တက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်လာချိန် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ကြရာ ဘိလပ်မြေဈေးနှုန်းမှာ ယခင်ဇန်နဝါရီလထက် ယခုဖေဖော်ဝါရီလ၌ တစ်အိတ်လျှင် (၅၀၀)ကျပ်ခန့်မြင့်တက်နေပြီး ပစ္စည်းလည်း လိုသလောက်မရရှိဘဲ အနည်းငယ်ပြတ်တောက်လျက်ရှိကြောင်း၊  ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် ယခင် (၁၀၃၀၀)ကျပ်မှ ယခု (၁၀၈၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် ယခင် (၁၁၅၀၀) ကျပ်မှ ယခု (၁၂၀၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် ယခင် (၁၁၃၀၀)ကျပ်မှ ယခု (၁၁၈၀၀) ကျပ်ထိဈေးနှုန်းတို့ဖြင့် အတက်ဈေးဘက်သို့ ဦးတည်ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဖေဖေါ်ဝါရီလအတွင်း နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံတို့တွင် မတ်ပဲအသစ်များဝင်ရောက်နေပြီဖြစ်သောကြောင့် ဖေဖေါ်ဝါရီလအတွင်း မတ်ပဲအရောင်း အဝယ်ကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

   ဖေဖေါ်ဝါရီလ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၁၀၁၃၀၀-၁၁၂၀၀၀) ကျပ်အထိဈေးပေါက်ခဲ့ပါသည်။ ပေါ်ဦးစမတ်ပဲများမှာ အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရသော်လည်း ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင်မူ ဈေးနှုန်းပြန်လည်ကျလာခဲ့ပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၁၀၀၀မှ ၁၀၃၀၀၀) ကျပ်ဈေးနှုန်းဖြစ်ခဲ့ပါသည်။

     ၂၀၂၄ခုနှစ်၊  ဖေဖေါ်ဝါရီလ တတိယပတ်တွင်မူ မတ်ပဲများလှိုင်လှိုင်ထွက်ရှိလာပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၃၀၀၀-၉၈၅၀၀) ကျပ်ဈေးပေါက်ခဲ့ပါသည်။ ယခုစတုတ္တပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၈၀၀၀-၉၇၅၀၀)ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်းသိရှိရပါသည်။

     တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက်လျှင် အိတ်(၃၅၀)ဆံ့ကား (၂) စီးဖြင့် တင်ပို့နေရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၇၀၈)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၈၂၈)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၄၈)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၉၈)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ဖေဖေါ်ဝါရီလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၇၉၃)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၁)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၆၈)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၃၈)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ဖေဖော်ဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၈၅)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၇၃)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာလျှင် (၄၀)ကျပ်ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အများစုဈေးကျ

      တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ငရုတ်သီးစိမ်း (ကျောက်စိမ်း)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

      ခရမ်းသီး (အဖြူ)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၄၀၀ကျပ်မှ ၁၆၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်အထိ၊ ခရမ်းသီး (အညို)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင်  ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။      

      ဒေသသခွားသီးမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

        ဂေါ်ဖီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မုံညင်းဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ မုန်လာဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၃.၂၀၂၄ )

    ၇.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၇.၃.၂၀၂၄ )

    ၇.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၇.၃.၂၀၂၄ )

   ၇.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း