ကြိုပင်ကောက်မြို့မဈေးအတွင်း၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြို့တွင် (၁၇-၇-၂၀၂၃) ရက်နေ့မှစတင်၍ ကြိုပင်ကောက်မြို့မဈေးအနီး စည်ပင်သာယာရုံးရှေ့တွင် နံနက် (၈:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကြို့ပင်ကောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ကြီးကြပ်၍ အခြေခံလူတန်းစားပြည်သူများအတွက် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် နေ့စဉ် ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်မောင်ဌေး၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ စည်ပင်၊ တိမွေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများပါဝင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဆန်တစ်ပြည်လျှင် (၂၆၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၁၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၄၀) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ရာတွင် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)