Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးနှုန်းစျေးကွက်”

  မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင် ရောင်းချလျှက်ရှိသည့် ကြက်ဥ၊ဘဲဥနှင့်ငုံးဥများကို ဒေသတွင်းရှိ ကြက်ခြံ၊ ဘဲခြံနှင့်ငုံးခြံများမှ ဝယ်ယူရောင်းချလျှက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့ များမှလည်း ဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ယခင်လတွင် ကြက်ဥ(၁)ပိဿာ လျှင် လက်ကားစျေး(၉၈၅၀/-)ကျပ် ၊ လက်လီစျေး(၁၀၁၅၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံး လျှင် အကြီး(၄၅၀/-)ကျပ်၊ အလတ်(၄၃၀/-)ကျပ်၊အသေး(၄၀၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၆၀၀/-)ကျပ်၊အလတ်(၅၅၀/-)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၀၀၀/-)ကျပ်၊ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုလတွင် ကြက်ဥ(၁)ပိဿာလျှင် လက်ကားစျေး (၉၆၅၀/-)ကျပ် ၊ လက်လီစျေး(၉၉၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၄၀၀/-) ကျပ်၊ အလတ်(၃၅၀/-)ကျပ်၊ အသေး(၃၀၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၆၀၀/-)ကျပ်၊ အလတ်(၅၅၀/-)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၂၀၀/-)ကျပ်၊ငုံးဥအလုံး (၁၀၀) လျှင်(၈၅၀၀/-)ကျပ် စျေးနှုန်းများများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ကြက်ဥစျေးနှုန်းမှာ ယခင်လနှင့် နှိုင်းယှဉ်လျှင်အနည်းငယ် ကျဆင်းလျှက်ရှိကြောင်း၊ ဘဲဥစျေးနှုန်းများတည်ငြိမ်လျှက်ရှိပြီး ငုံးဥ စျေးနှုန်းမှာ အနည်းငယ် မြင့်တက်လျှက်ရှိကြောင်း၊ ကြက်ဥ၊ဘဲဥနှင့်ငုံးဥ ရောင်းချသည့်ဆိုင် များမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီး ဈေးနှုန်းအခြေအနေ

   ၂၀၂၅ ခုနှစ် ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ကြက်ဟင်းခါးသီးကို ဘားအံမြို့ အနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြပြီး အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

      ကြက်ဟင်းခါးသီးကို ပြုတ်၍ ငပိရည်နှင့်တို့စရာအဖြစ် တို့စားလို့ရသလို ပုဇွန်ခြောက်နှင့်လည်း ကြော်စားပါက ထမင်းမြိန်စေသည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်ကြပါသည်။ ကြက် ဟင်းခါးသီးတွင် အခါးဓာတ်ပါသောကြောင့် သွေးသန့်စေဖို့ အကောင်းဆုံး အထောက်အကူပေးပြီး သွေးထဲမှာရှိသော သကြားဓာတ်ကို ထိန်းပေးသည်။ ကြက်ဟင်းခါးသီးစားသုံးခြင်းသည် ကျန်းမာရေး အတွက် ကောင်းကြိုးများစွာရနိုင်ပါသည်။

     ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အထောင့်ရှည် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ ဈေးကောင်းနေသော သံပုရာသီး

      ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်တွင် ရာသီပေါ်သံပုရာသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ သံပုရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက် ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက် လာသော သံပုရာသီးများမှာ ဘားအံမြို့အနီးရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊မော်လမြိုင် ရေး မြို့တို့ဘက်မှ ဖြစ်သည်။ မြန်မာ သံပရာသီးအိတ်ကြီး တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ် ဖြစ်ပြီး တစ် အိတ်တွင် အလုံးရေ(၁၆၀၀)လုံးမှ(၁၇၀၀)လုံးထိ ပါရှိသည်။သံပုရာသီး အလုံးချော(အကြီး) တစ်လုံး လျှင်(၂၀၀)ကျပ်၊ အနေတော်တစ်လုံးလျှင်(၇၀၊၁၀၀)ကျပ်နှင့်ယိုးဒယားမျိုးစပ်သံပုရာသီး အလုံးချော (အကြီး) တစ်လုံးလျှင် (၂၅၀) ကျပ်၊အနေတော်တစ်လုံးလျှင် (၁၀၀၊၁၅၀)ကျပ်နှင့် သံပုရာသီးအလုံး ချော(ငယ်) တစ်လုံးလျှင် (၇၀)ကျပ်နှင့် (၁၀)လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်လျက် ရှိပြီး သံပုရာသီးနှင့်ရှောက်သီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း သိရသည်။

DOCA(ကရင်)

 ကျွန်းလှမြို့တွင် ‌တည်ငြိမ်လျက်ရှိသော  အမဲသား ဈေးနှုန်း

            ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

           အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ  ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲ သား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ (၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ် ပိဿာလျှင်(၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  အမဲသားသည် ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးတွင် ရောင်းချနေသော သင်္ဘောသီးဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ ယခုအခါ မိုးရာသီတွင် အများအပြားထွက်ရှိသော သင်္ဘောသီးများလည်း အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရပါသည်။  သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိအမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ်နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြပြီး    ဇူလိုင်လ ပထမပတ် တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၁၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော သခွပ်ပွင့်ခြောက် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ သခွပ်ပွင့်ခြောက်များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ သခွပ်ပွင့်ခြောက် လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့်သည် လူကြိုက်များပြီး ဆေးဘက်ဝင်သော အပွင့်တစ်မျိုးဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)            

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်နှင့် ငရုပ်သီးလှော်ကြော် (၁၀)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌‌ရောင်းချလျက်ရှိသော ‌ရွှေပဲသီး နှင့် ဘိုစားပဲသီး ဈေးနှုန်း

           ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ‌ရွှေပဲသီး  လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့်၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့်လည်းကောင်း၊ ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး အပြား လက်က္ကား တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ဘိုစားပဲသီး အလုံး လက္ကား တစ်ပိဿာလျှင်(၅၅၀၀) ကျပ်၊ ဘိုစားပဲသီး အလုံး လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မြင့်တက်လာသော မုံညှင်းထုတ် ဈေးနှုန်း

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ယခင် ဇွန်လ စတုထ္ထပတ်တွင် သစ်ရာမြိုင်ဈေးအတွင်းရောင်းချလျက်ရှိသော  မုံညှင်းထုတ် ဈေးနှုန်းမှာ မုံညှင်းထုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး   ယခု ဇူလိုင်လ ပထမပတ်တွင် မုံညှင်းထုတ် ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေး နှုန်းများဖြင့်ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မုံညှင်းထုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း

          ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် လက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း