Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် ဧပြီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်များအနေဖြင့် ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၀၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၁၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၃၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၂၀၀၀ ကျပ် စသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် မတ်လ (စတုတ္ထပတ်)၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၁၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

      ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်မတ်လ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသဆန်)၊ စားအုန်းဆီ၊ ကြက်ဥ၊ အာလူး၊ ဂျင်း၊ ကြက်သား (CP)၊ ငါးကြင်းနှင့် ငါးမြစ်ချင်း၊ ခရမ်းချဉ်သီး ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ်၊ ဧပြီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၇၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၄၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၃၀၀)ကျပ် ဖြစ်ပါသည်။

      ကျိုင်းတုံမြို့ရှိ ဧပြီလ (ဒုတိယအပတ်)၏ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၉၂၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၃၀၇၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၃၀၇၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင်မတ်လ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ကျိုင်းတုံမြို့တွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တာချီလိတ်မြို့တွင် ယခင်မတ်လ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပါသည်။

DOCA(ရှမ်း)

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းအခြေအနေ

        ကံမမြို့နယ် တောင်ချောင်းဘက်ရှိကျေးရွာများမှ ကံမမြို့၊ မြို့မဈေးအတွင်းသို့ ကြက်သွန်နီ၊ ငရုတ်နှင့် ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူနှင့်အာလူးတို့မှာ ပြည်မြို့မှ မှာယူရောင်း ချရကြောင်း စားဖိုဆောင်သီးနှံရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

    ၂၀၂၃ ခုနှစ် ဧပြီလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၉၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ငရုတ်သီး(စို) တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အားလူးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၆၀၀) တို့ ဖြစ်ပြီး ယခင်မတ်လ‌ နောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၁၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၀၀)တို့သည် ဈေးလျော့၍ လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၄၀၀)၊ ငရုတ် သီး(ခြောက်) တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီး(စို) တစ်ပိဿာလျှင် ကျပ်(၃၀၀) အသီးသီးဈေးမြင့်၍လည်းကောင်း ရောင်းချ လျက်ရှိပါကြောင်း ဈေးရောင်းချသူ ဒေါ်ခင်သိန်းထံမှ သိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၄.၂၀၂၃ )

     ၁၈.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မကွေးမြို့၊ မြို့မစျေး၌ ဧပြီလ ပထမအပတ်အတွင်း ရောင်းချနေသော ကုန်စျေးနှုန်းအခြေအနေ

       ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ် (ကျောက်တန်းကျေးရွာ)၊ စလင်း (ဆင်ဖြူ ကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဧပြီလပထမအပတ်အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ  ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ အာလူး (၁)ပိဿာလျှင်(၂၃၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၂၂၀၀ )ကျပ်၊ ပန်းဂေါ်ဖီ (၁)ထုပ်လျှင် (၈၀၀)ကျပ်၊ ဘူးသီး(၁)လုံးလျှင် (၈၀၀)ကျပ်၊ မုန်ညှင်း(၁)ထုပ်လျှင် (၄၀၀)ကျပ်၊ ရုံးပတီသီး (၁၀)ထောင့်လျှင် (၂၅၀- ၃၀၀)ကျပ်၊ ကန်စွန်းရွက် (တရုတ်) (၁)စီးလျှင် (၂၀၀   မှ၃၀၀)အတွင်း၊ ချဉ်ပေါင် ရွက်(၁) စီးလျှင် (၂၀၀ )ကျပ်၊ ပဲသီး (၁)စီးလျှင် (၅၀၀)ကျပ်၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (၁)ပိဿာလျှင် (၅၆၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက် (၁၀)သားလျှင်(၆၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် (၂၄၀မှ ၂၅၀)ကျပ်အထိ၊ ဖရဲသီး (၁)လုံးလျှင် (၁၅၀၀မှ ၃၀၀၀)ကျပ်အတွင်း၊ ဖရဲသီး(ကြီး၊ လတ်၊ သေး) ပေါ်မူတည်၍   စျေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူခရိုင်အတွင်းရှိသကြားစက်များ လျာထားချက်အတိုင်းကြိတ်ခွဲပြီးစီး

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် သကြားစက်(၄)လုံးရှိပါသည်။ ယခုနှစ် ကြံရာသီတွင် ယင်းသကြားစက် (၄)လုံးမှ ကြံတန်ချိန် ၃၀၅၀၀၀ ဝယ်ယူကြိတ်ခွဲနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လျာထားချက်အတိုင်း ပြည့်မီအောင် ကြိတ်ခွဲနိုင်ခဲ့ပြီးဖြစ်ပါသည်။

            ရေတာရှည်မြို့နယ် အောင်ချမ်းသာသကြားစက်သည် ကြံတောင်သူများအား ကြံတစ်တန်  လျှင် စိုက်စရိတ် ၃၀၀၀၀၀ ကျပ် ထုတ်ချေးပေးခဲ့ပြီး ကြံတန်ချိန် ၆၅၀၀၀ ဝယ်ယူကြိတ်ခွဲနိုင်ခဲ့ပါ သည်။ ရေတာရှည်မြို့နယ်၊ မြို့လှသကြားစက်မှာ ကြံတောင်သူများအား စိုက်စရိတ်ကြိုတင်ငွေ ထုတ်ပေးထားခြင်းမရှိဘဲ စက်အရောက်ငွေချေစနစ်ဖြင့် ကြံတန်ချိန် ၁၂၀၀၀၀ ကို ဝယ်ယူကြိတ်ခွဲနိုင်ခဲ့ပါသည်။ ၎င်းစက်များမှ ကြံများအား စက်ရုံအရောက်ဈေး ၈၅၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပါသည်။

            အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်နှင့် ဖြူးမြို့နယ် ဇေယျဝတီသကြားစက်တို့မှာ ကြံစိုက်ကာလက ကြံတောင်သူများအား ထွန်ယက်ချိန်တွင် တစ်ဧက ၂၅၀၀၀၀ ကျပ်နှင့် ဘောင်လုံးချိန်တွင် ၁၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၃၅၀၀၀၀ ကျပ်ထုတ်ပေးခဲ့ပါသည်။ ဗောဓိကုန်းသကြားစက်မှ ကြံတန်ချိန် ၇၀၀၀၀၊ ဇေယျဝတီသကြားစက်မှ ကြံတန်ချိန် ၅၀၀၀၀ တို့ကို စက်ရုံအရောက်ဈေး တစ်တန်လျှင် ၈၅၀၀၀ ကျပ်၊ ကွင်းဈေး တစ်တန်လျှင် ၆၇၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပါသည်။

           ကြံတန် ၁၀၀ ကြိတ်လျှင် သကြား ၉.၃၃ တန်မှ ၉.၅၀ တန်ခန့်အထိ ထွက်ရှိကြောင်း သိရပြီး သကြားစက်များမှ ကြိတ်ခွဲထွက်ရှိသော သကြားများကို ကုမ္ပဏီများသို့ တင်ဒါစနစ်ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

မကွေးမြို့၏ ၂၀၂၃-ခုနှစ်၊ မတ်လစတုတ္ထအပတ်နှင့် ဧပြီလ ပထမအပတ် စက်သုံးဆီစျေးနှုန်းအခြေအ‌နေ

         မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်ရှိရာ  ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃-ခုနှစ်၊ မတ်လ စတုတ္ထအပတ်နှင့် ဧပြီလ ပထမအပတ် စျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၁၂၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၂၂၁၀)ကျပ်ဖြစ်၍ (၉၀)ကျပ် စျေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၂၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင်  (၂၂၉၀)ကျပ် ဖြစ်၍ (၉၀)ကျပ် စျေးမြင့်ခဲ့ကြောင်း၊ ဓါတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင်(၂၁၅၅)ကျပ် ဖြစ်ပြီး ယခုအပတ်တွင် (၂၃၀၀)ကျပ်ဖြစ်၍ (၁၄၅)ကျပ်စျေးမြင့်ခဲ့ကြောင်း၊ ဓါတ်ဆီ (95) (၁)လီတာလျှင် ယခင်အပတ်တွင် (၂၂၅၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၂၃၅၅)ကျပ်ဖြစ်၍ (၁၀၅)ကျပ် စသည်ဖြင့် အသီးသီး စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

ဖြူးမြို့မှ ပါရမီထင်းအစားထိုးလောင်စာတောင့်လုပ်ငန်း

       ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ထန်းကုန်းလမ်းတွင် ထင်းအစားထိုး လောင်စာတောင့်လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်ရှိပါသည်။ ပါရမီလောင်စာတောင့်လုပ်ငန်းသည် ၎င်းတို့ မိသားစုပိုင် ပါရမီဆန်စက်မှ ထွက်ရှိသောစပါးခွံများဖြင့် လောင်စာတောင့်များ ထုတ်လုပ်ခြင်းဖြစ်ပါသည်။

          လောင်စာတောင့် ထုတ်လုပ်ရာတွင် စပါးခွံတစ်ဆနှင့် လွှစာမှုန့် တစ်ဆခွဲကိုရော၍ လောင်စာတောင့်ထုတ်သည့် စက်ထဲသို့ ထည့်ရပါသည်။ ထွက်ရှိလာသော လောင်စာတောင့်များကို မီးသွေးဖိုထဲထည့်ပြီး မီးသွေးဖြစ်အောင် ပြုလုပ်ရပါသည်။

      တစ်နေ့လျှင် အလုပ်သမား ၆ ဦးဖြင့် စပါးခွံ လောင်စာတောင့် ပိဿာ ၆၀၀ ထုတ်လုပ် နိုင်ပါသည်။ သို့ဖြစ်၍ တစ်နေ့လျှင် ကုန်ကြမ်းဖြစ် စပါးခွံ ပိဿာ ၆၀၀ နှင့် လွှစာမှုန့် ပိဿာ ၉၀၀ အသုံးပြုရပါသည်။ လွှစာမှုန့် ၁၀ ပိဿာ တစ်အိတ်လျှင် ၁၂၅၀ ကျပ်ဖြင့်ဝယ်ယူရပြီး စပါးခွံတစ် ပိဿာအတွက် ကုန်ကျစရိတ်မှာ ၃၀၀ ကျပ်ခန့်ရှိပါသည်။ လုပ်သားတစ်ဦးအတွက် တစ်နေ့လုပ်ခမှာ ၉၀၀၀ ကျပ်ဖြစ်ပါသည်။

        ထွက်ရှိလာသော လောင်စာတောင့်များကို ၆ ပိဿာပါ စက္ကူပုံးဖြင့်ထုပ်ပိုးပြီး တစ်ထုပ်လျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် ဖြူးမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စပါးခွံလောင်စာတောင့်  ထုတ်လုပ်သူလုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း