Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလ(စတုတ္ထ)ပတ် ပခုက္ကူမြေပဲဈေးကွက်အခြေအနေ

          ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲအဝင်နည်းပါးသွားသော်လည်း ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးငြိမ်နေခြင်းမှ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

     နိုဝင်ဘာ(စတုတ္ထ)ပတ်အတွင်း နေ့စဉ် ပခုက္ကူဈေးကွက်သို့ မြေပဲတောင့်(အခြောက်) (၂/၃)တင်းဝင်အိတ် (၂၀၀)ခန့် (၁)ပတ်အတွင်း အိတ်(၁၅၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း (၁)ရက်လျှင် (၂၅)ပိဿာဝင်ဆံ့အိတ်(၃၀၀)၊ (၁)ပတ်အတွင်း အိတ်(၂၀၀၀)ခန့်ဝင်ရောက်၍ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင် ကျပ်(၁၅၀၀ ကျပ်မှ ၃၀၀၀)အထိ အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆံ(လုံးဆံ)အကြီးအသေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ် (၅၀၀၀ မှ ၄၅၀၀) ၊ လက်လီဈေး ကျပ်(၆၀၀၀ မှ ၅၅၀၀)အထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲ(စက်)ဆီ(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀/၉၅၀၀/၉၀၀၀)ရှိကြောင်း ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားပြီး ‌ဈေးကွက်အတွင်းသို့ မြေပဲတောင့်/မြေပဲဆံဝင်ရောက်မှုမှာ ယခင်တစ်ပတ်ထက် သိသိသာသာလျော့နည်းသွားကြောင်း ပခုက္ကူ မြေပဲဈေးကွက်မှ သိရှိရပါသည်။

        ကုန်စည်စီးဆင်းမှုအနေဖြင့် နိုဝင်ဘာ(စတုတ္ထ)ပတ်တွင် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးပဲခွဲစက်လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး ရန်ကုန်မြို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊  မြေပဲဆံ(လုံးဆံ/ဆီဆံ)များကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥလုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိပြီး ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ မြေပဲများဈေးကွက်အတွင်းသို့ အဝင်များပြီး အဝယ်လိုက်သော်လည်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော ဂေါ်ဖီထုပ်

       ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကိုလွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့်ကုန်းသာ ကျေးရွာများတို့တွင် အနည်းငယ်သာစိုက်ပျိုးကြပြီး ဈေးကွက်အတွက် လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် ပင်လောင်း၊တီဂျစ်၊နောင်တရားဒေသတို့မှ မှာယူရောင်းချကြပါသည်။ လက်ရှိဖြစ်ပေါ်နေသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ယခု နိုဝင်ဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၇၀၀)ကျပ်၊ အသေး (၄၀၀) ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက် ရှိရာ ယခင် အောက်တိုဘာလတွင် ဂေါ်ဖီ ထုပ်တစ်ထုပ်လျှင် အကြီး (၆၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် အောက်တိုဘာလနှင့် ယခုနိုဝင်ဘာလ နှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၁၀၀)ကျပ်ခန့် အနည်းငယ်ဈေးနှုန်းကျလာသော်လည်း ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း နောင်တရားမြို့မှကားဖြင့် လာရောက်ရောင်းချသော ပင်ရင်းဈေးသည်တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ဈေးကွက်အတွင်း ဈေးကောင်းရနေသော မက်ခါသီးဈေးနှုန်း

          မက်ခါသီးသည် ကယားလူမျိုးများ၏ မရှိမဖြစ်အသုံးပြုသည့် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါသည်။ မက်ခါသီးကို ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ် ၊ဒီးမောဆိုမြို့နယ် ၊ ဒေါငံခါးကျေးရွာ၊ ဒေါညေးခူ‌ကျေးရွာ၊ ဖရူဆိုမြို့နယ်အတွင်းရှိကျေးရွာများ၊ ဘောလခဲမြို့နယ် အတွင်းရှိ လွိုင်ဝိန်ကျေးရွာနှင့် ကယားပြည်နယ်၏ ကယားလူမျိုးအများဆုံးနေထိုင်ရာ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ မက်ခါသီးသည် မိုးရာသီတွင် အသီးသီး၍ အောက်တိုဘာတွင် ရင့်မှည့်ကြပါသည်။ ဈေးကွက်အတွင်း မက်ခါသီးအစို၊ အခြောက်၊ အမှုန့်များ ဈေးကောင်းရနေပြီး ယခု ဒီဇင်ဘာလအတွင်း မက်ခါသီးခြောက်နို့ဆီဘူး တစ်ဘူးလျှင်( ၃၂၀၀ )ကျပ်၊ ၇၀( ဂရမ်ပါ )မက်ခါ သီးအမှုန့် တစ်ဘူးလျှင်( ၁၅၀၀ )ကျပ် ယခင်နိုဝင်ဘာလတွင် မက်ခါသီးခြောက်နိုဆီဘူး တစ်ဘူးလျှင် ( ၂၅၀၀ )ကျပ်၊ ၇၀( ဂရမ်ပါ )မက်ခါသီး အမှုန့်တစ်ဘူးလျှင် (၁၀၀၀)ကျပ်သာရှိခဲ့ပြီး ယခင်လထက်ပို၍ ဈေးကောင်းပိုရလာပါကြောင်း ကယားပြည်နယ်တွင် မက်ခါသီးစိုက်ပျိုးသူများအနေဖြင့် မက်ခါသီးကို ဒေသထွက်ကုန်အဖြစ် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန် ပိုမိုတိုးချဲစိုက်ပျိုးနေပြီးဖြစ်ကြောင်း နောင်ယားဈေး အတွင်းရှိ ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

နိုဝင်ဘာလ(စတုတ္ထ)ပတ် ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်အခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် မြို့ပေါ်ရှိ ကုန်သည်သိုလှောင်ရုံများတွင် နေ့စဉ် ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နိုဝင်ဘာ(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီအမြင့်ဆုံးဈေး(၁)ပိဿာ ထိပ်စ ကျပ်(၃၇၀၀)၊ အလတ်စ ကျပ်(၃၄၅၀)၊ အနိမ့်စ ကျပ်(၃၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။ ယခင်(၁)ပတ်နှင့် ယခု(၁)ပတ်ဈေးနှုန်း နှိုင်းယှဉ်လျှင် ယခု(၁)ပတ်တွင် ယခင်(၁)ပတ်ထက် ကြက်သွန်နီ(၁)ပိဿာလျှင် ပျမ်းမျှကျပ်(၅၀)ခန့် ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိကုန်စည်ဒိုင်တွင် ကြက်သွန်နီ အရောင်းအဝယ်မှာ ယခု(၁)ပတ်အတွင်း ကြက်သွန်နီလက်ကျန်နည်းပါးခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်ခြင်းမရှိကြောင်း၊ ကုန်သည်ပွဲစားပိုင် သိုလှောင်ရုံများတွင် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ယခု(၁)ပတ်အတွင်း မြဝတီမြို့သို့ တင်ပို့မှုမရှိဘဲ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်)ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့် မြို့ပေါ်ရှိကုန်စုံဆိုင်ကြီးများတွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် ကျပ်(၃၀၀၀)မှ ကျပ်(၄၀၀၀) အထိ ‌ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေကြောင်း၊ ဈေးဝယ်သူများထံမှ သိရှိရသည်။ နိုဝင်ဘာ(စတုတ္ထ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် တင်ပို့မှုမှာ အရောင်းအဝယ်ဖြစ်ပြီး (၁)ပတ်အတွင်း ကုန်ချိန်(၂)သိန်း၊ (၃၀)ပိဿာဝင်ဆံ့အိတ် (၇၀၈၂)၊ တန်ချိန်(၁)သောင်းခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

         

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၅၈၀ကျပ်၊ ဧည့်မထ တစ်ပြည် လျှင် ၂၂၅၀ကျပ်၊ မနောသုခ တစ်ပြည် လျှင် ၁၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၄၀၀ ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာလျှင် ၃၈၅၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ လျှင် ၁၆၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ကြက်ဥ လက်လီဈေးမှာ  တစ်လုံး လျှင် ၁၉၀ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၈၅၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ လျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၁၀၀ကျပ်မှ ၈၅၀၀ထိ၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ၁၄၀၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

“မုန်လာဥဖြူစိုက်တောင်သူများအပိုဝင်ငွေရရှိ”    

        ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်သည် စပါး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများကို အဓိကထား လုပ်ကိုင်စိုက်ပျိုးကြပြီး မိသားစုစားသုံးရန်နှင့်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများကိုလည်း စိုက်ပျိုးလာကြပါသည်။၄င်းသီးနှံများထဲမှ တောင်သူ များအနေဖြင့် ဆောင်းသီးနှံဖြစ်သော မုန်လာဥဖြူကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အထွက်နှုန်းကောင်း မျိုးများဖြစ်သည့် မျှားနီတံဆိပ် နှင့် ဆင်ဆွယ်တံဆိပ်များကိုသာ အဓိကထား အများဆုံးစိုက်ပျိုး ကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ခန့်သာကုန်ကျပြီး စိုက်ပျိုးပြီး ရက်ပေါင်း(၃၀-၄၀)ရက်အကြာတွင်တူးဖော်နိုင်ပြီး စျေးကွက်သို့တင်ပို့ရောင်းချကြကြောင်း ပွဲစားများမှလည်း ကျေးရွာအထိအခင်းပြတ် လာရောက်ဝယ်ယူကြကြောင်း ၊ တောင်သူများမှလည်း မန္တလေး - ကျောက်ဆည် ကားလမ်းဘေးများတွင်လည်းရောင်းချကြကြောင်း ၊ ရောင်းချရာတွင် မုန်လာဥဖြူပေါ်စအချိန်တွင် အပင်(၅)ပင်ပါ တစ်စည်းလျှင်(၅၀၀/-)ကျပ်စျေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် မုန်လာဥဖြူအပင်(၅)ပင်ပါ တစ်စည်းလျှင်(၃၀၀/-)ကျပ် စျေးနှုန်းဖြင့်ရောင်းချကြပြီး မုန်လာဥဖြူ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေးအဆင်ပြေလျှက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး အသားတင်(၃၀၀၀၀၀/-)ကျပ်ဝန်း ကျင်ခန့်ရရှိကြောင်း၊ စဉ့်ကိုင်မြို့နယ်မှ မုန်လာဥဖြူ စိုက်ပျိုးသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့ရဲ့မြေသြဇာဈေးကွက်”

        မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သဖြင့် စပါးကို အဓိကထားစိုက်ပျိုးခြင်းကြောင့် သွင်းအားစုအဖြစ် မြေသြဇာကို မြေဆီအဖြစ် အများဆုံးအသုံးပြုလျက်ရှိပါသည် ။ မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်းကိုးခရိုင်တွင် တစ်ခုပါဝင်ပြီး မိုးစပါးကို အဓိကထားစိုက်ပျိုးသော ဒေသဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မိုးစပါးကို သြဂုတ်လဆန်းတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း ၊ မိုးစပါးစိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် မြေသြဇာ ကိုစတင်အသုံးပြုရကြောင်း  ၊   မိုးစပါးစိုက်ပျိုးချိန်တွင် မြေသြဇာဈေးနှုန်းများ  မြင့်တက်လျက်ရှိပြီး (သြဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ)လများတွင် မြေသြဇာဈေးနှုန်းအနေဖြင့် ထိုင်း(ပုလဲ) တစ်အိတ်  (၁၄၅၀၀၀/-)ကျပ် ၊ အာမို(ပုလဲ)တစ်အိတ်(၁၄၅၀၀၀/)ကျပ် ၊ ပန်းဖူးတစ်အိတ် (၁၃၅၀၀၀/-)ကျပ်၊ ပုလဲသာတစ်အိတ်(၁၂၀၀၀၀/-)ကျပ်၊ ပင်သန်(ပုလဲ)တစ်အိတ်(၁၅၀၀၀၀/-)ကျပ်၊   အာမို(15:15:15) တစ်အိတ်(၁၈၀၀၀၀/-)ကျပ် ၊ အာမို(19:9:19) တစ်အိတ်(၁၅၀၀၀၀/-)ကျပ် ၊ အာမို(365) (15+15+15+75)တစ်အိတ် (၁၅၀၀၀၀/-)ကျပ်၊ ကောမက်(50)kgတစ်အိတ်(၈၀၀၀၀/) ကျပ်၊  မြှားကမ္ဘာ တစ်အိတ်(၁၀၅၀၀၀/-)ကျပ်၊ သံကွင်းတစ်အိတ်(၁၀၅၀၀၀/-)ကျပ်၊ တက်တိုးဓါတ်ဆား တစ်အိတ် (၈၀၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ယခုအချိန်တွင် မိုးစပါးများ စတင်ရိတ်သိမ်းနေပြီ ဖြစ်သောကြောင့် အခြားသီးနှံများသည် မြေသြဇာကို အသုံးပြုမှုနည်းပါးခြင်းကြောင့် မြေသြဇာ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ၊ ထိုင်း(ပုလဲ)  တစ်အိတ် (၁၁၀၀၀၀/-)ကျပ် ၊ အာမို(ပုလဲ) တစ်အိတ် (၁၁၀၀၀၀/-) ကျပ် ၊ အာမို(ပုလဲ) တစ်အိတ် (၁၁၀၀၀၀/-)ကျပ် ၊ ပန်းဖူး တစ်အိတ်(၈၅၀၀၀/-)ကျပ် ၊ ပုလဲသာတစ်အိတ် (၁၀၅၀၀၀/-)ကျပ် ၊ ပင်သန်(ပုလဲ) တစ်အိတ် (၁၀၅၀၀၀/-)ကျပ် ၊ အာမို(15:15:15) တစ်အိတ်(၁၅၅၀၀၀/-)ကျပ် ၊ အာမို (19:9:19) တစ်အိတ် (၁၃၅၀၀၀/-) ကျပ် ၊ အာမို (365) (15+15+15+75) တစ်အိတ် (၁၃၅၀၀၀/-)ကျပ် ၊ ကောမက် (50)kg တစ်အိတ်(၆၅၀၀၀/-)ကျပ် ၊ မြှားကမ္ဘာတစ်အိတ်(၉၀၀၀၀/-)ကျပ် ၊ တက်တိုးဓါတ်ဆား တစ်အိတ် (၆၀၀၀၀/-)ကျပ် ၊ သံကွင်းတစ်အိတ်(၉၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း စျေးကွက်အတွင်းရှိ ဓါတ်မြေသြဇာအရောင်း ဆိုင်များမှသိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၂ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

         စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)       

 

ဝက်လက်မြို့နယ်၏ ဖရဲသီးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စုနှင့် ရပ်ကွက် (၃)ခုဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ဝက်လက်မြို့ပေါ်အပြင် လမ်းပန်းဆက်သွယ်မှုနှင့် အချက်အခြာကျသော နေရာများဖြစ်သည့် ရွာသာကြီးကျေးရွာ၊ ရှိမ္မကားကျေးရွာ၊ လှတောကျေးရွာ၊ ရွှေပန်းကုံးကျေးရွာနှင့် ဟံလင်းကျေးရွာများတွင် ဈေးများတည်ရှိပြီး စည်ကားသိုက်မြိုက်စွာ ရောင်းဝယ်ကြလျက်ရှိပါသည်။

      ဝက်လက်မြို့ပေါ်တွင် မြို့မစည်ပင်သာယာဈေးရှိပြီး ဈေးကြီးအတွင်းတွင် သစ်သီးဆိုင် (၅) ဆိုင်နှင့် ဈေး၏အပြင်ဘက်တွင် သစ်သီးဆိုင်(၄)ဆိုင်ရှိပါသည်။ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ များသည် ဝက်လက်မြို့ပေါ်သို့ ထွေလာဂျီများ၊ ဆိုင်ကယ်များ၊ ဆိုက်တွဲများနှင့် ခွေးဘီလူးကားများ ဖြင့် ဈေးရောင်း/ ဈေးဝယ်လာကြပါသည်။ ဈေးကို နံနက် ၆:၀၀နာရီမှ ညနေ ၁၆:၀၀နာရီထိ ဖွင့်လှစ်ရာ နံနက် ၆:၀၀နာရီမှ ၁၀:၀၀နာရီတွင် ဈေးရောင်း/ ဈေးဝယ်များ စည်းကားစွာ ရောင်းချရပြီး နံနက် ၁၁:၀၀နာရီမှ နေ့လယ် ၁၄:၀၀နာရီသည် ဈေးကွဲချိန်ဖြစ်ပါသည်။

       သစ်သီးဆိုင်များတွင် ဖရဲသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်သီး၊ မာလကာသီးများကို ရောင်းချလျှက်ရှိရာ ယခုရာသီတွင် ဖရဲသီးကို တွင်ကျယ်စွာရောင်းချရကြောင်း၊ ဖရဲသီးကို ပခုက္ကူမြို့နှင့် မုံရွာ မြို့အနီးရှိ ကျေးရွာများအပြင် အရာတော်မြို့နယ်တွင်လည်း သွားရောက်ဝယ်ယူရပြီး အသီးများရှိရာ စစ်ကိုင်းနယ်တွင်လည်း သွားရောက်ဝယ်ယူရကြောင်း သိရှိရပါသည်။ ဖရဲသီးသည် တပို့တွဲလ၊ တပေါင်းလနှင့် တန်ခူးလများတွင် လှိုင်လှိုင်ပေါ်ကြောင်း၊ ကဆုန်လ၊ နယုန်လနှင့် ဝါဆိုလများတွင် ခေတ္တနားရပြီး ကျန်သောလများတွင် ရောင်းချရသော အသီးဖြစ်ပါသည်။

ဖရဲသီးကို အမည်အမျိုးမျိုးဖြင့် တစ်ရွာတစ်ပုဒ်ဆန်းခေါ်ဆိုကြကြောင်း၊ မော်တော်သီး၊ အစေ့မနစ်သီး (ခေါ်)အကြားသီး၊ ဟီးနိုးသီး၊ 855 ဟူ၍ ခေါ်ဆိုကြောင်း၊ မော်တော်သီးသည် အခွံထူပြီး အထားမခံကြောင်း၊ အစေ့မနစ်သီးသည်  ချိုပြီး လူကြိုက်များကြောင်း၊ ယခုရောင်းဈေးမှာ အစေ့မနစ်သီး တစ်လုံးလျှင် ၁၀၀ဝိ/၊ ၁၂၀ဝိ/၊ ၁၅ဝဝိ/ ဟူ၍ ဈေးနှုန်း အစားစားရှိကြောင်း၊ 855သီးတစ်လုံးလျှင် ၂၅ဝဝိ/မှ ၃၅ဝဝိထိ ရောင်းရကြောင်း၊ ယခုရာသီတွင် အစေ့မနစ်သီးကို အများ ဆုံးရောင်းချရကြောင်း၊ မြို့နယ်အတွင်းရှိ ဈေးရောင်း/ဈေးဝယ်လာကြသူများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များနှင့် ဖရဲသီးများကို ဝယ်ယူကာ ခွေးဘီလူးကားများဖြင့်  ရွာစဉ်လှည့်လှည်ရောင်းချသူများမှလည်း ဝယ်ယူကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်(၃၅၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၂၅၀၀)ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၀၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၉၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၆၀၀၀)ကျပ်မှ (၆၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၆၀၀၀)  ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ အာလူး (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

        ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၁၀၀၀၀)ကျပ်မှ  (၁၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

         နိုဝင်ဘာလ ပထမပတ်တွင် အခြေခံစားကုန်များဖြစ်သည့် ဆန်များသည် အောက်တိုဘာ လပထမထက် အနည်းငယ်ဈေးကျလျှက်ရှိပြီး ကြက်သွန်နီဈေး၊ အာလူးဈေးနှုန်းများနှင့်  သား/ငါး ဈေးနှုန်းများလည်း ယခင်လပထမပတ်ထက် ဈေးအနည်းငယ်တက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း