Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

    မန္တလေးစျေးချိုတော်ရှိ  ငါးခြောက်စျေးကွက်မှာ ဝါတွင်းကာလအတွင်း  အလှူပွဲများ၊ ဘုရား ပွဲများကျင်းပမှု များပြားလျက်ရှိပြီး၊  ငါးခြောက်မျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့  ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက်များအား  ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိကြောင်း သိရပါ သည်။  ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့ မှာ  ငါးနီတူးခြောက်၂၀၀၀ဝိ/- နှင့်၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပုတ် သင် ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊ ငါးရောင် ခြောက်  ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား) ၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးအသီးသီးဖြင့်  ရောင်းချလျက် ရှိကြောင်း သိရပါသည်။  

DOCA(မန္တလေး)

စပျစ်သီးစျေးအနည်းငယ်တက်

     မန္တလေးသစ်သီးစျေးကွက်သို့  ဇူလိုင်လဒုတိယပတ်အတွင်း  ရမည်းသင်းဒေသထွက် စပျစ်သီးဝင်‌ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းတက်သွားကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိသည့်စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးသစ်သီးစျေးကွက်တွင်  ၂၀၂၅  ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၉၀၀၀  ကျပ်   နှင့် ၁၂၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၈၀၀ဝကျပ်  နှင့် ၉၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၇၀၀၀ ကျပ် နှင့် ၈၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သစ်သီးမျိုးစုံအရောင်းသွက်သည့် ဝါတွင်းကာလ စပျစ်သီးမှာ စျေးအနည်းငယ်တက်သော်လည်းအရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဆီနှင့်ဆီကြိတ်ဖတ်စျေးကွက်

    မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါ သကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီ ကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန် အစာအဖြစ် အသုံးပြု လျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများ မှာ မြေပဲဆီ ၁၇၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-၊နှမ်းဆီ ၁၄၀၀ဝိ/-နှင့် ၁၄၅၀ဝိ/-စျေးနှင့် ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၅၀ဝိ/- နှင့် ၄၅၅ဝိ/- ၊နှမ်းဖတ် ၃၀၀၀ကျပ်နှင့် ၃၁၀ဝိ/-၊ နေကြာဖတ် ၂၁၀၀ကျပ်နှင့်၂၂၀ဝိ/-၊မုန်ညင်းဖတ် ၂၅၅၀ ကျပ်နှင့် ၂၆၀ဝိ/-တို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရပါသည်။ 

DOCA(မန္တလေး)

အရောင်းသွက်သည့်မြေပဲစျေးကွက်

    မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ကုန်စည်ဖြစ် ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊ အထွက် နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယ ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင်  S1 လုံးဆံ ၉၂၀၀ ကျပ် နှင့် ၉၃၀၀ ကျပ်၊ S1 ဆီဆံ ၈၄၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ S1 ရွေးဆံ ၈၇၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊ အနီလုံးဆံ ၈၉၀၀ ကျပ်နှင့် ၉၂၀၀ကျပ်၊အနီဆီဆံ ၈၆၀၀ ကျပ်နှင့် ၈၇၀၀ကျပ်၊ Mတွဲလုံးဆံ ၉၂၀၀ ကျပ်နှင့် ၉၃၀၀ကျပ်၊ M တွဲ ဆီဆံ ၈၅၀၀ ကျပ်နှင့်၈၉၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၈၀၀၀ကျပ်နှင့် ၈၁၀၀ ကျပ်၊ S1 ဆီဆံ ၇၄၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊ S1ရွေးဆံ ၇၇၀၀ကျပ်နှင့် ၇၈၀၀ကျပ်၊ Mတွဲဆီဆံ ၇၄၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆံ(ရှည်) ၇၂၀၀ကျပ်နှင့် ၇၃၀၀ကျပ်၊ အနီလုံးဆံ (ဝိုင်း) ၇၆၀၀ ကျပ်နှင့် ၇၈၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူနှိုင်းယှဉ်ပါက စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြေထောက်ပဲစျေးနှုန်းစျေးကွက်

   ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ  ၄၉၀၇ကျပ်နှင့် ၅၅၅၆ကျပ် တို့ ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ် လျှင် ၂၈၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၁၈၅ကျပ်နှင့် ၅၉၂၆ ကျပ်ဖြစ်ပြီး ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲကြားစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်း ဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဲကြားပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ  ၄၈၀၀ကျပ်နှင့် ၄၈၈၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်လကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာ ၄၈၈၉ ကျပ်နှင့် ၄၉၄၂ကျပ်တို့ဖြစ်ပြီး၊ ယခင်လနှင့်ယခုလစျေးနှုန်းနှိုင်းယှဉ်ပါက ပဲကြားသီးနှံစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲနီပြားစျေးကွက်

      မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲနီပြားများ ဝင်ရောက်လျက်ရှိပြီး၊ပဲနီပြားမှာ ပြည်တွင်း စားသုံး မှု များပြားကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယ ပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲနီပြား၃တင်းဝင်တစ်အိတ်လျှင် ၃၅၀၀၀၀ကျပ်၊ ၄၂၀၀၀၀ ကျပ်၊ တစ် ပိဿာစျေးမှာ ၆၃၃၅ ကျပ်နှင့် ၇၆၀၂ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ စျေး  မှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(တံတားဦး)၃၄၀၀၀၀ကျပ်နှင့် ၃၅၀၀၀၀ကျပ်၊ ပဲနီပြား(ကျွန်း) ၃၈၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲနီပြား(တံတားဦး) ၆၁၅၄ ကျပ်နှင့်၆၃၃၅ကျပ်၊ ပဲနီပြား(ကျွန်း) ၆၈၇၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်နှင့် ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြားမှာ စျေး ပိုမိုရရှိကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲလွန်းပြာစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့် ပဲလွန်းပြာသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲလွန်းပြာမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၂၀၅၀၀၀ ကျပ်နှင့် ၂၁၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၇၇၉ ကျပ်နှင့် ၃၈၇၁ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲလွန်းပြာ ၂၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၀၈ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းပြာစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ပဲလွန်းဖြူစျေးနှုန်းစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက် သည့်ပဲလွန်းဖြူသီးနှံများဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ပဲလွန်းဖြူမှာပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံ စိုက်ပျိုး မှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲလွန်းဖြူ ၂၆၀၀၀၀ ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ  ၄၃၃၃ ကျပ်နှင့် ၄၄၁၇ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ် လျှင် ပဲလွန်းဖြူ ၂၈၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၆၇ကျပ်နှင့် ၄၇၅၀ကျပ် တို့ ဖြစ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းဖြူစျေးမှာ လျော့နည်းသွားကြောင်း တွေ့ ရှိရ ပါသည်။

DOCA(မန္တလေး)

 

ပဲစင်းငုံစျေးနှုန်းစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရ ပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ ရောင်းချသည့် ပဲတစ်မျိုးဖြစ် ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့ အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊အထွက် နှုန်း (၉.၃၃)တင်းနှင့်အထွက်(၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက် ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၆၇၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၄၅၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲစင်းငုံ(နီ)၇၁၃၃ ကျပ်၊ပဲစင်းငုံ(ဖြူ) ၆၇၅၀ကျပ်စေျးတို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း