မကွေးမြို့ပေါ်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းဈေးကွက်အခြေအနေ

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မကွေးမြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်း အဝယ်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ဇူလိုင်လ(ပထမပတ်) တွင် ကြံ့နှစ်ကောင်(နီ) အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၃၀၀၀)၊ အပါချီအမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၂၈၀၀)ရှိခဲ့ပြီး (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင်(နီ)အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီ အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ် (၂၀၅၀၀)တို့ဖြစ်ကြောင်း သိရသည်။
ဓါတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် တက်တိုးမြေဩဇာ(ကွန်ပေါင်း) (၅၀)kg တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ အာမိုအပြာ (15:15:15) (၅၀)kg တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)၊ အာမိုအနက် (16:16:8) ကွန်ပေါင်း (၅၀)kg တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ သီးစုံ (ဝါ၊စိမ်း၊ပြာ) ကွန်ပေါင်း (၅၀) kg တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ပုလဲပန်းဖူး(ဖြူ) (၅၀)kg တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဇာမဏီ (ကွန်ပေါင်း) (၅၀)kg တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ကောမတ် G 46% (ပုလဲ) (၅၀)kgတစ်အိတ်လျှင် ကျပ်(၉၈၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။
ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေမှာ ဒေသတွင်းဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရသည်။
DOCA(မကွေး)









