Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ (၂၂)ရက်နေ့မှ ဇူလိုင်လ (၂၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၄၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၈၀၀ မှ ၃၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ် အတွင်း သံပုရာသီးအလုံးပေါင်း (၂၀၆၀၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၈၃၂၅)ကျော်၊ ဗူးသီးအလုံး ပေါင်း (၂၁၆၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၅၅၈၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၆၆၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၉၆၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၃၃၀၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၁၄၅၀၀)ကျော်  အသီးသီးကုန်အဝင် ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

စိုက်ပျိုးရာသီဓါတ်မြေဩဇာဈေးနှုန်းဈေးကွက်

              ဇွန်၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလများသည် မြန်မာနိုင်ငံ၏ မုတ်သုန်မိုးဝင်၍ မိုးရာသီသို့ ရောက်ရှိပြီး၊ တောင်သူလယ်သမားများအနေဖြင့် မိုးရေကို အဓိကထား၍ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိပါသည်။ စိုက်ပျိုးသည့်စပါးပင်များ အထွက်နှုန်း ကောင်းရန်အတွက် လိုအပ်လျက်ရှိသော မြေပြုပြင်ခြင်း၊ သဘာဝမြေဩဇာများထည့်ခြင်းဖြင့် ဓါတ်မြေဩဇာများကိုလည်း လိုအပ်သလို အသုံးပြု၍ စိုက်ပျိုးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

          လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်လျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများကို စိုက်ပျိုးရေးအရောင်းဆိုင်များမှ စုံစမ်းမေးမြန်းစာရင်း ကောက်ယူ၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အပတ်စဉ်ဈေးနှုန်းစာရင်းများ ပေးပို့လျက် ရှိပါသည်။ ၂၈.၆.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မာလာမြိုင်စိုက်ပျိုးရေးအရောင်းဆိုင်ကြီးမှ ဈေးနှုန်းကောက်ယူရရှိသော ဓါတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများမှာ နေရွက်လှေ (50 Kg) တစ်အိတ်လျှင် (15 : 15 : 15)၉၇၀၀၀/-၊ Urea (50 Kg)တစ်အိတ်လျှင် ၉၇၀၀၀/-၊ T.S.P (50 Kg) တစ်အိတ်လျှင် ၉၈၀၀၀/- နှင့် M.O.P (50 Kg)တစ်အိတ်လျှင် ၉၄၅၀၀/- ဖြစ်၍ ယခင်လများနှင့် ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပြီး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် လိုအပ်ပါကလည်း စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဓါတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီ/လက်ကား ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၁၉) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ ကျပ် ၅၀၀ မှ ၄၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၈၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ မှ ၃၀၀ ၊ အလုံးသေး ကျပ် ၂၀၀ မှ ၁၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ မှ ၅၀၀ ၊ အလုံးသေး ကျပ် ၄၀၀ မှ ၃၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊ ၅၀၀ မှ ၃၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) ဂျပ်ဖာအလုံးကြီး ၁၈ လုံးပါ ကျပ် ၁၁၀၀၀၊ အလုံး လတ် ၂၄ လုံးပါ ကျပ် ၈၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၆၀၀၀ ၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အဖြူ) ဂျပ်ဖာအလုံးကြီး ၁၈ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးလတ် ၂၂ လုံးပါ ကျပ် ၇၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၆၀၀၀ ၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၅ ပါကျပ် ၁၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ ပါကျပ် ၈၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ)အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၅၅ လုံးပါ ကျပ် ၂၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၀ ပါကျပ် ၂၂၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၁၇၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၅၂၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇူလိုင်  ၃၁ 

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၅၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

            ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

မုံရွာဈေးကွက်၌ မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာ

         မုံရွာဈေးကွက်အတွင်း၌ ယခင်နှစ်ကထွက်ရှိခဲ့သည့် မြေပဲများ လက်ကျန်နည်းပါးလာသည်နှင့် အမျှ မြေပဲဆံဈေးနှုန်းများမှာလည်း တစ်ရက်ထက် တစ်ရက် မြင့်တက်လျှက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများမှာ ဒေါ်လာဈေးမြင့်တက်ခဲ့သည့်အတွက် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ‌ဒေသတွင်းမှ ထွက်ရှိသည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများမှာလည်း တရိပ်ရိပ်ဖြင့် မြင့်တက်လာခဲ့ကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

          ဒေသတွင်းဈေးကွက်၌ စားအုန်းဆီ၊ မြေပဲဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းကွာဟမှု နည်းပါး လာသည့်အတွက် မြေပဲဆီနှင့် နေကြာဆီများကို ဝယ်ယူစားသုံးမှု ပိုမိုများပြားလာကြောင်း၊ ကျန်းမာရေးအရ ညီညွတ်ကောင်းမွန်မှုရှိသလို ထုတ်ပိုးမှုပုံစံနှင့် ဆီအရည်အသွေး ကောင်းမွန်မှုများကြောင့်လည်း ဝယ်ယူသုံးစွဲမှု ပိုမိုများပြားလာကြောင်း၊ လက်ရှိဈေးကွက်အတွင်း၌ မြေပဲဆီတစ်ပိဿာပုံးခွံမပါ (၉၅၀၀-၁၀၀၀၀)ကျပ်၊ ပုံးခွံပါ (၁၁၅၀၀-၁၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်လ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ (၁၀၀၀)ကျပ်ခန့် ဈေးမြင့်တက်ခဲ့ကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

          လက်ရှိဒေသအတွင်း၌ မြေပဲလက်ကျန်တဖြေးဖြေးလျော့နည်းလာသကဲ့သို့ ဆီစက်များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူမှုများ ပုံမှန်ရှိနေသည့်အတွက် ဈေးဆက်လက်မြင့်တက် နိုင်ဖွယ်ရှိကြောင်း၊ ယခုနှစ်မိုးမြေပဲအသစ်မှာလည်း သြဂုတ်လဆန်းပိုင်းမှ စတင်ထွက်ပေါ်နိုင်မည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက မြေပဲဆံတစ်ပိဿာ (၃၉၀၀-၄၁၀၀)ကျပ်ပေါက်ဈေးဖြစ်ပေါ်ခဲ့ရာ ယခုလတွင် မြေပဲဆံတစ်ပိဿာ (၁၂၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း ဒေသတွင်း ဆီစက်များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူမှုများရှိနေသည့်အတွက် တစ်ရက် အိတ် (၅၀၀) ဝန်းကျင်ခန့် အ‌ရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်သည်များ၏ပြောပြချက်အရ ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ်၄၄၅၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၆၈၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၈၇၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၄၉၇၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၃၅၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၄၄၀၀၀-၄၅၀၀၀၊ ဂျုံနီတစ်တင်းလျှင် ကျပ် ၄၂၅၀၀-၄၃၅၀၀၊ ပဲကြီး(သစ်) တစ်တင်းလျှင် ကျပ် ၆၇၀၀၀-၇၁၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၄၄၀၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင်ကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၆၃၅၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၅၁၀၀၀-၅၈၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၃၃၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၃၁၀၀၀-၃၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၃၇၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၄၀၀၀၊ ပြောင်းဖြူ တစ်တင်းလျှင်ကျပ် ၁၄၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေး နှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၆၅၀၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၃၀၀၀-၇၃၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၅၀၀၀-၆၉၀၀၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၆၅၀၀၀၊ နေကြာ စေ့တစ်တင်းလျှင် ကျပ် ၂၄၃၀၀-၂၇၄၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် ၅၃၀၀-၅၄၀၀၊ မြေပဲလုံးဆံဖြူ တစ် ပိဿာလျှင် ကျပ် ၅၃၀၀-၅၄၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်၁၈၈၀-၁၉၀၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၁၂၈၀-၁၃၀၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၁၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

             ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများ၊ ဆီထွက်သီးနှံ ဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ဈေးတက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးသည် ဇူလိုင်လ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကသာခရိုင်တွင် ဈေးအေးနေပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဇူလိုင်လ(နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၉၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၇၀၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၁၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ် ကျပ် ၄၇၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၇၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၁၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၄၅၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၉၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၇၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၃၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၅၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၃၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ(စတုတ္တ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၈၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၄၈၀၀) အိတ်၊ တန်အားဖြင့် (၆၂၄၀)  စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၇၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၃၄၀၀) အိတ်၊ တန်အားဖြင့် (၆၆၇၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၈၆၀၀) တန်အားဖြင့် (၄၃၀) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

ကသာမြို့၌ ကြက်သွန်နီဈေးနှုန်း မြင့်တက်နေ

           ကသာခရိုင်အတွင်းသို့ မန္တလေး၊ မုံရွာ၊ ခင်ဦး၊ ရေဦးဘက်များမှ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၈၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၅၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။

          ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကြက်သွန်နီ ဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ (၂၂၀၀၊ ၂၀၀၀၊ ၁၈၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၅၀၀) ကျပ် ၊အလတ်( ၂၃၀၀)နှင့် ၊ အသေး (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဇူလိုင်လ ပထမပတ်အတွင်း ကြက်သွန်နီ(ကြီး/လတ်/သေး) လက်လီတစ်ပိဿာလျှင် (၂၃၀၀/၂၀၀၀/၁၇၀၀၀) ကျပ်သာရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း ကြက်သွန်နီဈေးနှုန်း မြှင့်တက်လာကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေးမြင့်တက်လျက်ရှိ

         ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်းရှိပြီး ရန်ကုန် စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၂ဝဝိ/-)နှုန်းစျေးပေါက်နေကြောင်းနှင့် သီဟိုစေ့ စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ရှိပြီး  သီဟိုအချော တစ်ပိဿာလျှင် ၂၆၃၀၀ ကျပ်ရှိကြောင်းစုံစမ်းသိရှိရပါသည်။

          ကွမ်းသီးစျေးနှင့် သီဟိုစျေး(၂)မျိုးလုံးမှာ  စျေးနှုန်းမြင့်တက်လျက်ရှိ၍  အရောင်းအဝယ် သွက်လျက်ရှိကြောင်းသိရှိရပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၉ဝိ/-) (၁ဝဝိ/-)နှုန်းရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မော်လမြိုင် ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးကွက်

            မော်လမြိုင်မြို့၌ ယခုဇူလိုင်လတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေတဲ့ ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၈၅၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၈၄၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး  အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။

            အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၁၀၂၂၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၁၂၅၀၀၀၊ ကွန်ပေါင်း (Thai Grow How) မှာ ကျပ် ၁၃၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၆၈၅၀၀ ၊ ပုလဲ(အကြီး) Thai (မြင်းပျံ) မှာ ကျပ် ၉၀၀၀၀ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၁၀၅၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၁၃၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) မှာ ကျပ် ၁၂၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၆၈၅၀၀၊ ပုလဲ(အကြီး) Thai(မြင်းပျံ) မှာ ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(မွန်)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း