Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ မိတ္ထီလာ ကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများ”

၂၀၂၃ ခုနှစ်၊ မေလ (နောက်ဆုံးပတ်) အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀)ကျပ် နေကြာဆီတစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ လျှင်(၆၃၂၅)ကျပ်၊ နှမ်း ဖတ် တစ်ပိဿာလျှင် (၂၆၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၂၅၀-၃၃၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၉၀၀-၁၉၅၀) ကျပ်၊ ကုလားပဲ (V2)  တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀-၉၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိသာလျှင် (၃၈၀၀)ကျပ်၊ မန်ကျည်းတောင့်တစ်ပိဿာလျှင် (၈၅၀-၉၀၀) ကျပ်၊  ဝါတစ်ပိသာလျှင် (၂၈၀၀-၃၀၀၀) ကျပ်၊ ငရုတ်တစ်ပိသာလျှင် (၁၃၀၀၀ - ၁၃၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၉၀၀-၂၀၀၀) ကျပ်နှုန်းများဖြင့် အသီးသီးရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်  ကုလားပဲ (V2)နှင့် နှမ်းညိုဈေးနှုန်းတို့မှာ သိသိသာသာမြင့်တက်လျက်ရှိပါသည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ သီးနှံလက်ကျန် နည်းပါးပြီး ဈေးကွက်ဝယ်လိုအားမြင့်တက်ရခြင်းကြောင့်ဖြစ်ကြောင်း မိတ္ထီလာကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA (မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

မုံရွာမြို့၏ ဒညင်းသီးဈေးကွက်

     မုံရွာမြို့၊ ကန်သာယာဈေးတွင် မွန်ပြည်နယ်၊ မော်လမြိုင်ဒေသမှ ဒညင်းသီးများဝင်ရောက်လျက်ရှိပါသည်။

   ဒညင်းသီးဈေးနှုန်းမှာ ရှယ်သီး အလုံး (၁၀၀) လျှင် ၉၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ သာမန်အရွယ်အစားအကြီးမှာ အလုံး (၁၀၀) လျှင် ၆၅၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ အလတ်မှာ (၁၀၀) လုံးလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိနှင့် အသေး အလုံး (၁၀၀) လျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အခွံပါ ဒညင်းသီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိပြီး အရွယ်အစားစုံ ၆၅လုံးမှ ၇၀လုံးခန့်အထိပါဝင်ပါသည်။ ဈေးကွက်အတွင်း ဒညင်းသီးဝင်ရောက်မှုပိုမိုများပြားလျက်ရှိပြီး ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                            

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၆.၂၀၂၃ )

     ၅.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ခရမ်းသီးများဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူများအဆင်ပြေနေ

    မြန်မာနိုင်ငံ၏ရာသီဥတုသည် ခရမ်းသီးပင်များစိုက်ပျိုးရန် သင့်လျော်သောရာသီဥတုဖြစ်သဖြင့် နေရာဒေသအနှံအပြားစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကို အကြမ်းအားဖြင့် သုံးမျိုးခွဲခြား၍ စိုက်ပျိုးလေ့ရှိရာ အရှည်မျိုးကို ဆင်စွယ်ခရမ်းဟုခေါ်ပါသည်။ ရှည်၍ ခရမ်းရောင်၊ အစိမ်းရောင်ရှိပါသည်။ အလုံးမျိုးတွင် လုံးဝိုင်းသောသဏ္ဌာန်ရှိ၍ ခရမ်း၊ အစိမ်း၊ အဖြူရောင်ရှိပါသည်။ လုံးရှည်မျိုးတွင် ထောပတ်ခရမ်းကို စိုက်ပျိုးလေ့ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်း၊ မြေနဲကျေးရွာများတွင် ထောပတ်ခရမ်းကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်၌ ဈေးကွက်တွင်  ခရမ်းသီးအမျိုးအစားဈေးနှုန်းများမှာ ထောပတ်ခရမ်းရှည်သီးတစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀ - ၁၅၀၀)၊ ခရမ်းပုသီး(အဖြူ/ခရမ်းရောင်)တစ်ပိဿာလျှင် ငွေကျပ် (၁၀၀၀ - ၁၅၀၀) နှုန်း၊ ယခု ဇွန်လ၊ ပထမအပတ်၌ ဈေးကွက်တွင်  ခရမ်းသီးအမျိုးအစားဈေးနှုန်းများမှာ ထောပတ်ခရမ်းရှည်သီးတစ်ပိဿာလျှင် ငွေကျပ် (၂၀၀၀- ၂၅၀၀)၊ ခရမ်းပုသီး(အဖြူ/ခရမ်းရောင်)တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀ - ၂၀၀၀) နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခုလက်ရှိတွင် ခရမ်းသီးမှာ ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသောတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းနေးကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

                            

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အာလူးဈေးနှုန်း

       စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော အာလူးကို ယခင်က လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် သေးဆူ လဲကျေးရွာတို့တွင်လည်း စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်အခါစိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ ကလော၊ အောင်ပန်းနှင့် နောင်တရားမြို့တို့မှ အများဆုံး တင်သွင်း ရောင်းချလျက်ရှိပါသည်။

        ယခုဇွန်လပထပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA(ကယား)

လယ်ယာထွက်ကုန်သီးနှံတင်သွင်း၊ တင်ပို့မှုအခြေအနေ

          ကယားပြည်နယ်သည် စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ပဲစင်းငုံတို့ကိုအဓိကစိုက်ပျိုးကြပြီး အခြား သီးနှံများကိုလည်းအနည်းငယ်စိုက်ပျိုးကြပါသည်။ ကယားပြည်နယ်နှင့် အခြားတိုင်း ဒေသကြီး/ ပြည်နယ်များအကြား မေလတွင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ(၂၄၂၅၂)အိတ်(၁၂၁၂)တန်ခန့်၊ ကြက်သွန်နီတင်သွင်းမှုမှာ (၆၄၈)အိတ်ခန့်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၃၁၀)အိတ်(၆၅)တန်ခန့်၊ နှမ်းတင်ပို့မှု မှာ(၁၆၃၄)အိတ်(၈၀)တန်၊ ပြောင်းတင်ပို့မှုမှာ(၁၂၆၅၉)အိတ်(၆၂၀)တန်ခန့်နှင့် ပဲအမျိုးမျိုး တင်ပို့မှုမှာ(၂၃၇၇)အိတ်(၁၁၆)တန်ခန့် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။

ကယားပြည်နယ် ဆန်စီးဝင်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

          ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် မေလအတွင်း ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မြို့မှ ဆန်(၁၀၉၅၅)အိတ် တန်ချိန်အားဖြင့် (၅၄၇)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၂၄၂၅၂)အိတ် တန်ချိန်အားဖြင့် (၁၂၁၂)တန်ခန့်လည်းကောင်း၊ မန္တလေးမြို့မှ ဆန်(၆၆၅)အိတ် တန်ချိန်အားဖြင့် (၃၃)တန်ခန့် လည်းကောင်း၊ တောင်ကြီးမြို့မှဆန်(၁၀၀)အိတ် တန်ချိန်အားဖြင့် (၅)တန်ခန့်လည်းကောင်း ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် ယခင် ဧပြီလ ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မြို့မှ ဆန်(၈၆၀၀)အိတ်(၄၃၀)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၁၀၂၁၅)အိတ် (၅၁၀)တန်ခန့်လည်းကောင်း၊ မန္တလေးမြို့မှဆန်(၂၂၀)အိတ်(၁၁)တန်ခန့်လည်းကောင်း၊ ပြည်နယ် အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လပထမပတ်အတွင်း လွိုင်ကော်မြို့၌ အခြားဒေသမှ တင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင်(၄၉၀၀)ကျပ် (၂၄ပြည်) တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်ခန့်၊ မြောင်းမြပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၀၀၀)ကျပ်(၂၄ ပြည်)တစ်အိတ် လျှင်(၉၅၀၀၀)ကျပ်ခန့်၊ ဧရာမင်းပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ်(၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းကျော် ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ် (၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်နှင့် ပေါ်ဆန်းဇကွဲတစ်ပြည်လျှင်(၂၂၅၀)ကျပ် (၂၄ပြည်)တစ်အိတ်လျှင် (၅၄၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA Kayah

“‌မေလအတွင်း သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီလက်ကားဈေးနှုန်းများ”

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ရှမ်းပြည်နယ်မှ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၉၁၅၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၅၅၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၅၀၀ကျပ်မှ ၇၀၀၀ကျပ်ထိရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)(၁၁၅၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၉၀၀ကျပ်မှ ၂၁၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၀၀၀ကျပ်မှ ၇၅၀၀ကျပ်ထိဖြစ်ခဲ့ပါသည်။ မေလ၊ တတိယအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၂၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၆၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၅၀၀ကျပ်ထိရှိခဲ့ပါသည်။ မေလ၊ စတုတ္ထအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၈၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ကျပ်မှ ၇၂၀၀ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာ အတက်အကျဖြစ်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

         

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a