Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီးသည် ဇွန်လ(ဒုတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့တွင် ဈေးအေးနေပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည် တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၂၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၇၅၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၂၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၄၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၇၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၀၀၀၊ စုစုပေါင်းအိတ်ရေ (၉၂၇၀၀) အိတ်၊ တန်အားဖြင့် (၄၆၃၅) စီးထွက်ခဲ့ပြီး၊ ယခု ဇွန်လ(ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၈၆၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၄၅၀၀၊ စုစုပေါင်းအိတ်ရေ (၇၉၁၀၀) အိတ်၊ တန်အားဖြင့် (၃၉၅၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၃၆၀၀)တန်အားဖြင့် (၆၈၀)လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                               

ချင်းပြည်နယ်အတွင်း  အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းနှိုင်းယှဉ်ချက်

       ချင်းပြည်နယ်သည်   အခြေခံစားသောက်ကုန်ပစ္စည်းများကို မန္တလေး၊  ပခုက္ကူ၊  ကလေး  စသည့်မြို့များမှ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။ယခင်ကလည်း ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့်   အချို့မြို့နယ်များတွင်   ကုန်ဈေးနှုန်း မြင့်မားခြင်းကိစ္စကို   တွေ့ကြုံနေစမြဲ ဖြစ်ပါသည်။ အကြောင်းမှာ ချင်းပြည်နယ်သည် မိုးများသော ဒေသတစ်ခု ဖြစ်ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ၂၀၂၀  ပြည့်နှစ် နောက်ပိုင်းတွင် (  Covid - 19 ) ကပ်ရောဂါကြောင့်လည်းကောင်း၊   နယ်မြေလုံခြုံရေး အခြေအနေကြောင့် လည်းကောင်း   အခြေခံစားသောက်ကုန်ပစ္စည်းများကို  သယ်ယူပို့ဆောင်ရာတွင်   ပြီးခဲ့သည့် နှစ်တွေထက်   တန်ဆာခနှင့်   ကုန်ပစ္စည်းဈေးနှုန်းများ   ပိုမိုမြင့်တက်လာသည်ကို  တွေ့ရပါ သည်။

       ချင်းပြည်နယ်အတွင်း   (၂၀၂၁  - ၂၀၂၂)   မှ   (၂၀၂၂  - ၂၀၂၃)ခုနှစ်အထိ  အခြေခံစား သောက်ကုန်ပစ္စည်းများ၏  ယခင်နှစ်မေလ နှင့်  အခုနှစ်မေလအတွင်း  ဈေးနှုန်းနှိုင်းယှဉ်ပါက  အောက်ပါအတိုင်း တွေ့ရပါသည်-

 

စဉ်

 

အခြေခံစားသောက်

ကုန်ပစ္စည်းများ

 

ရေတွက်ပုံ

(၁၅.၅.၂၀၂၁)

မေလ

(၁၅.၅.၂၀၂၂)

မေလ

ဈေးနှုန်းမြင့်

တက်

သွားသည့်

ရာခိုင်နှုန်း

၁။

ဆန်(ဧည့်မထ)

အိတ်

၅၇၀၀၀

၅၈၀၀၀

1.75%

၂။

ပဲဆီ(အမေထွားတံဆိပ်)

ပိဿာ

၇၅၀၀

၁၁၀၀၀

46.67%

၃။

ဆီသန့်(မကွေးတံဆိပ်)

ပိဿာ

၄၀၀၀

၈၀၀၀

    100%

၄။

ကြက်သွန်ဖြူ

ပိဿာ

၄၅၀၀

၆၀၀၀

33.33%

၅။

ကြက်သွန်နီ

ပိဿာ

၁၅၀၀

၂၀၀၀

33.33%

၇။

အာလူး

ပိဿာ

၁၅၀၀

၃၀၀၀

    100%

၈။

ဂေါ်ဖီထုတ်

ပိဿာ

၅၀၀

၇၅၀

     50%

၉။

ကြက်ဉ

တစ်လုံး

၁၂၅

၂၅၀

100%

၁၀။

ကုလားပဲ

ပိဿာ

၃၃၀၀

၄၂၀၀

   27.27%

၁၁။

အိုင်အိုဒင်း

ပိဿာ

၈၀၀

၁၀၀၀

      25%

၁၂။

သကြား

ပိဿာ

၂၀၀၀

၄၀၀၀

100%

၁၃။

ဝက်သား

ပိဿာ

၁၀၀၀၀

၁၂၀၀၀

20%

၁၄။

ကြက်သား

ပိဿာ

၈၅၀၀

၁၃၀၀၀

    52.94%

 

DOCA(ချင်း)

                                                                                               

                                                                    

တောင်သူများ စျေးကောင်းရနေတဲ့ ငရုတ်သီးမှည့်အစို

            ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သောငရုတ်သီးနှံကို လယ်မြေနှင့်ယာမြေများတွင် အများဆုံးစိုက်ပျိုးလျှက်ရှိရာ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၄၇၃၂) ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၆၉၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၂၄၃)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၂၂၇) ဧကနှင့် တံတားဦးမြို့နယ်တွင် (၇၅) ဧက၊စုစုပေါင်း (၃၂၄၁) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ငရုတ်စိုက်ပျိုးရာတွင် အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်း ကောင်းသောမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြပြီး ၄င်းမျိုးများမှာ စကာတာမျိုးနှင့် 692မျိုးများကိုသာ အဓိကထားအများဆုံး စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ငရုတ်သီးနှံကို ဒီဇင်ဘာလနှင့်ဇန်နဝါရီလများတွင် စတင်ပျိုးထောင်ကြကာ ပျိုးထောင်ပြီးရက်ပေါင်း (၄၅)ရက်ခန့် အကြာတွင် လယ်မြေ၊ ယာမြေများတွင်ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပြီး(၂)လခန့်အကြာတွင် အပွင့်အသီးသီးကာ (၃) လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ တောင်သူများသည် ငရုတ်သီးများ လှိုင်လှိုင်ပေါ်ချိန်တွင် (၇) ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး ရက်ခြားမှန်မှန်ခူးပေးခြင်းဖြင့် ကျန်အသီးငယ်များကြီးထွားမှုကောင်းပြီး အထွက်နှုန်းလည်း တိုးလာနိုင်ပါသည်။မျိုးအနေဖြင့် (၁) ဧက လျှင် (၅) ဂရမ်ပါ အထုတ် (၁၅) ထုတ်ကုန်ကျပြီး (၅) ဂရမ်ပါ စကာတာ နှင့် 692 မျိုး တစ်ထုတ်လျှင် (၆၇၀၀/-)ကျပ်စျေးနှုန်းရှိကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့်  မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း(၁၀)သိန်းကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ငရုတ်အစို တင်း (၁၀၀) ခန့်အထိထွက်ရှိနိုင်ကြောင်း၊ ယခုအချိန်တွင် ငရုတ်သီးများ စတင်ခူးဆွတ်နေပြီ ဖြစ်ကြောင်း၊ ငရုတ်သီးစျေးနှုန်းအနေဖြင် ယခင်နှစ်ထက် စျေးနှုန်းမြင့်တက်လာခဲ့ခြင်းကြောင့် ငရုတ်မှည့်အစို များကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ပွဲစားများမှ ကျေးရွာအထိဆင်း၍ ဝယ်ယူကြရာ ဝယ်ယူရာ တွင် အရည်အသွေးပေါ်မူတည်ပြီး စျေးရရှိကြောင်း၊ ယခုနှစ် ငရုတ်သီးမှည့်စို(၁)ပိဿာလျှင်(၅၀၀၀-၅၅၀၀)ကျပ် စျေးနှုန်းများရှိပြီး ငရုတ်မှည့်အစို ၇ပိဿာခွဲလျှင် (၃၅၀၀၀-၃၈၀၀၀) ကျပ်နှုန်းဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ငရုတ်ပွဲစားများမှ ငရုတ်သီးမှည့်အစိုများကိုသာ အဓိကထားဝယ်ယူကြသောကြောင့် ငရုတ်စိုက်တောင်သူများလိုချင်သည့် စျေးနှုန်းများရရှိပြီး အဆင်ပြေနေကြကြောင်း ၊ ငရုတ်သီးမှည့်အစို လက်ရှိပေါက်စျေးနှုန်းဖြင့် ရောင်းရလျှင် (၂၅)သိန်း ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA  (မန္တလေး)

 

“ခရမ်းသီးစိုက်ပျိုးမှုအား ကွင်းဆင်းလေ့လာ”

              ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊နှမ်း၊ပဲ၊ပြောင်းစသည့်သီးနှံများကို မိရိုးဖလာအစဉ်အဆက် စိုက်ပျိုးလာခဲ့ကြရာမှ ယခုအခါစားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ခရမ်းသီး စသည့်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပါသည် ။ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောက်ဆည်မြို့၊ အနောက်သာဂရကျေးရွာရှိ တောင်သူ ဦးဇော်မင်း၏ ခရမ်းသီးစိုက်ခင်းများအား ကွင်းဆင်းလေ့လာခဲ့ပါသည် ။ ခရမ်းသီး (အလုံး သေး) စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးထောင်ပြီး တစ်လခွဲသား အရွယ်တွင် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး နှစ်လခွဲ၊ သုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး  (၄) ရက်ခြားတစ်ကြိမ် ခူး ဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုထွက်ရှိလာပြီး အပင်(၆)လ သားကျော်မှသာ အထွက်နှုန်းနည်းသွားကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် (၄၀-၅၀) ခန့်အထိ ထွက်ရှိပြီး ၊ အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ (၃၀၀-၄၀၀) ခန့်ထွက်ရှိပါသည် ။ ခရမ်းသီး (အလုံးသေး) များအား ထမင်းဆိုင်များမှ အတို့အမြုပ်အဖြစ် အများဆုံးအသုံးပြုကြောင်း သိရှိရပါသည် ။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးထောင် ၊ မြေပြင် ၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားခ စုစုပေါင်း(၈၀၀၀၀၀-၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ခရမ်းသီး(အလုံးသေး)ကို အနည်းဆုံး (၅) လကျော်အထိ ခူးဆွတ်နိုင်ပြီး ယခုအခါ ခရမ်းသီး (အလုံးသေး) (၁)ပိဿာလျှင် (၄၀၀-၅၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း ၊ ကုန်စိမ်း ဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း ၊ ပျမ်းမျှအားဖြင့် (၁)ပိဿာလျှင် အနည်းဆုံး(၂၅၀-၅၀၀)ကျပ်အထိ ရောင်းချရသောကြောင့် ရာသီသိမ်းသည်အထိ စုစုပေါင်း (၁)ဧကဝင်ငွေ (၂၀)သိန်းခန့်ရရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲသို့လာရောက် ဝယ်ယူသည့်အတွက် တင်ပို့ရောင်းချစရိတ် သက်သာကြောင်း ၊ ပွဲစားများ မှမန္တလေး၊ နေပြည်တော်၊ ရန်ကုန်စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ (၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးသည့် (၅)လကျော် ကာလအတွင်း (၈)သိန်း မှ (၁၀) သိန်းကျော် အထိရရှိသဖြင့် တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA  (မန္တလေး)

 

“နွေနှမ်းများ စတင်ရိတ်သိမ်းလျှက်ရှိ”

              ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နွေနှမ်းစိုက်ဧက (၈၆၅၆၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေနှမ်းကို မတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ နှမ်းမျိုးအနေဖြင့် နှမ်းဖြူ၊နှမ်းညို၊ နှမ်းနက်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ယခုအချိန်တွင် နွေနှမ်းများ စတင်ရိတ်သိမ်းလျှက်ရှိပြီး (၁) ဧက ကုန်ကျစရိတ်အနေဖြင့်(၂၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ နှမ်း(၁)ဧက အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၈)တင်းခန့်သာ ထွက်ရှိပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့်(၁၀-၁၁)တင်းဝန်းကျင်ခန့် ထွက်ရှိကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၄၄၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၃၃၀၀၀/-)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၃၃၀၀၀/-) ကျပ် စျေးနှုန်းများဖြစ်ခဲ့ပြီး ယခုနှစ်တွင်  နှမ်းဖြူ တစ်တင်းလျှင်(၅၃၀၀၀/-)ကျပ်၊နှမ်းညို တစ်တင်းလျှင်(၄၈၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၄၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆီစျေးနှုန်းအနေဖြင့် နှမ်းဆီ (၁)ပိဿာလျှင်(၉၀၀၀/-)ကျပ် ၊ ပဲဆီ (၁) ပိဿာလျှင် (၉၅၀၀)ကျပ် ၊ စားဆီ (၁) ပိဿာလျှင်(၇၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်ထက် စျေးနှုန်းပိုမိုရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA  (မန္တလေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅၆၄၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇွန် ၁၂

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်း တည်ငြိမ်နေသဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ စားအုန်းဆီ တစ်ပိဿာလျှင် ၅၆၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

            ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 သတင်းစဉ်

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ပင်လယ်ပြင်ငါးဖမ်းရာသီ ဖြေလျှော့ဖမ်းဆီးခွင့်ပြုထား၍ ငါးဖမ်းဆီးမှုလုပ်ငန်းများ ပြန်လည်စတင်

          ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက်  ပင်လယ်ပြင်ငါးဖမ်းရာသီပိတ်သော (၃)လတာ၌ (၁)လစော၍ ငါးဖမ်းစက်လှေ ၃၀%ကို ဖြေလျှော့ဖမ်းဆီးခွင့်ပြုထားကာ နိုင်ငံခြားဝင်ငွေရရှိသော ပင်လယ်ငါးဖမ်းဆီးမှုလုပ်ငန်းများ ပြန်လည်စတင်ပြီဖြစ်ကြောင်း၊ငါးလုပ်ငန်းဉီးစီးဌာနသည် ယခင်နှစ်မှစ၍ စမ်းသပ်ကာလအဖြစ် ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေ အစီး(၁၀၀)လျှင် အစီး ၃၀ ကို ဇွန်လ (၁)ရက်နေ့မှ စတင်ဖြေလျှော့ဖမ်းဆီးခွင့်ပြုခဲ့ပြီး ရန်ကုန်/ဧရာဝတီ/တနင်္သာရီတိုင်းဒေသကြီး၊ မွန်/ ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့ခွင့်ပြုခဲ့သည့်အတွက် လုပ်ငန်းရှင်များ၊ ငါးဖမ်းစက်လှေလုပ်သားများ၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန် အအေးခန်းသိုလှောင်မှုအတွက် အဆင်ပြေခဲ့ပြီး ငါးဖမ်းစက်လှေအရေအတွက်အားဖြင့် ရန်ကုန်တိုင်းတွင် (၈၀)ခန့်၊ ရခိုင်ပြည်နယ်တွင်(၂)စီးခန့် ထွက်ခွာခွင့်ရခဲ့ကြောင်း၊ပင်လယ်ပြင်သို့ ငါးဖမ်းဆီးခွင့်ရသော စက်လှေ များကို သက်ဆိုင်ရာဆိပ်ကမ်းများတွင် ပင်လယ်ပြင်စောင့်ကြည့်‌ရေးစက်(VMS)များ တပ်ဆင်မှု ရှိ/မရှိ၊ ပင်လယ်လိပ်များပိုက်ကွန်အတွင်းမှပြန်ထွက်နိုင်သောကိရိယာ(TED)တပ်ဆင်ထားမှု ရှိ/မရှိ ကို ငါး လုပ်ငန်းဉီးစီးဌာနက စိစစ်ကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီး ယခင်နှစ်ကရန်ကုန်မြို့မှ VMS စက် တပ်ဆင်ထားသော ငါးဖမ်းစက်လှေ (၂၃၈)စီး ပင်လယ်ပြင်တွင် ငါး/ ပုစွန်ဖမ်းဆီးခဲ့ပြီး ယခုနှစ် ဇွန်လ ပထမပတ်၌ ဒီဇယ်ဆီအခက်အခဲကြောင့် ငါးဖမ်းစက်လှေအချို့ ပင်လယ်ပြင်သို့မထွက်နိုင်ကြောင်း၊ ရေချိုငါးပို့ကုန်ထက် ရေငန် ငါး/ ပုစွန်ထုတ်လုပ်မှုမှ နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေရရှိလျှက်ရှိရာ ယခင် နှစ်က ရေထွက်ကုန်ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း(၈၀၀)ကျော်အနက် ပင်လယ်ပြင်ရေထွက် ကုန်မှ ၇၀% ကျော် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ပင်လယ်ပြင်ငါး အမျိုးအစား (၁၅)မျိုးနှင့် ပုစွန်(၅)မျိုးကို တရုတ်နိုင်ငံသို့အဓိကတင်ပို့လျှက်ရှိပြီး ထိုင်းနိုင်ငံသို့ ပင်လယ်ငါး (၄)မျိုးနှင့်ပုစွန်တို့ တင်ပို့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံအား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်

          စိုက်ပျိုးရေးကို အခြေခံသည့်ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဉီးလွင်မြို့၊ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား  ကော်ဖီဉယျာဉ်အဖြစ်ဖွင့်လှစ်ထားရှိကြောင်း၊ ပြင်ဉီးလွင်မြို့အား ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန်၊ မြန်မာ့ကော်ဖီအရည်အသွေးနှင့် ထုတ်လုပ်မှု တိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ထိုးဖောက်နိုင်စေရန်နှင့် မြန်မာ့ကော်ဖီအကြောင်း အများပြည်သူ ပိုမိုသိရှိလာစေရန်ရည်ရွယ်ပြီး စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးသည့် ဒေသများ၌ စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ အမည်မျိုးစုံဖြင့်ကျော်ကြားသကဲ့သို့ ကော်ဖီ မြို့တော်ဖြစ်အောင်ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ စီးပွားဖြစ်ကော်ဖီ စတင်စိုက်ပျိုးခဲ့သောနေရာဖြစ်ပြီး နှစ် ၆၀-၇၀ ကျော် အရိပ်ရအပင်များရှိသော ခြံဧရိယာ(၃၈၆) ဧကရှိသည့် ပွေး‌တောင်ကော်ဖီခြံ၌ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကနှင့် ဝန်ကြီးဌာန ကော်ဖီ ပညာပေးပြခန်းများဖြင့် ကော်ဖီနှင့်ပတ်သက်၍စိတ်ဝင်စားသူများ ပြင်ဉီးလွင်သို့ရောက်ရှိပါက လေ့လာနိုင်အောင် ဖန်တီးပေးထားကြောင်း၊ ဈေးကွက်၌ မြန်မာ့ကော်ဖီသမိုင်းပြတိုက် ထည့်သွင်းထားသကဲ့သို့ ကော်ဖီ စိုက်ပျိုးထုတ်လုပ်ပုံအဆင့်ဆင့်အား ခင်းကျင်းပြသထားပြီး ဒေသအသီးသီးမှ ကော်ဖီမျိုးကွဲများ ဖော်ပြထားသဖြင့် ကော်ဖီများအား တစ်စုတစည်းတည်း ရောင်းဝယ်ဖောက်ကားနိုင်ရုံသာမက  ကော်ဖီအပန်းဖြေဉယျာဉ်အဖြစ် ဖော်ဆောင်ထားခြင်းဖြင့် အများပြည်သူများ အပန်းဖြေရင်း ကော်ဖီသီးနှံသဘာဝများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

                 အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ (၃)ရက်နေ့မှ ဇွန်လ (၉)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၃၀၀ မှ ၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၃၀၀ မှ ၆၀၀ အတွင်း၊ အာလူး ၁ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၂၁၀၀ အတွင်း၊ မုန်လာဥနီ ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ ရွှေဖရုံသီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး ၁လုံးလျှင် ကျပ် ၇၀၀ မှ ၁၇၀၀ အတွင်း၊ မုန်ညှင်းထုပ် ၁ပိဿာလျှင် ကျပ် ၁၃၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၇၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁ပိဿာလျှင် ၁၅၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၆၀၀ အတွင်း၊ ချင်း ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ချဉ်ပေါင်ရွက် ၁စီးလျှင် ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး ၁လုံးလျှင် ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) ၁ပိဿာလျှင် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၂၄၈၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၁၂၄၀)ကျော်၊ ဗူးသီးအလုံး ပေါင်း (၃၀၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၆၅၆၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၈၅၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၇၅၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၃၃၉၁၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၄၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၇) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေး မှ ဒူးရင်းသီး အလုံးကြီး တစ်လုံးလျှင်  ကျပ် ၇၀၀၀ မှ ၆၀၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၅၀၀၀ မှ ၄၀၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၃၀၀၀ မှ ၂၀၀၀၊ အမြန်လမ်း (၁၀) မိုင်မှ  ပိန္နဲသီး (ယိုးဒယား)  ကိုင်းဆက်   အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၀၀၀၀ ၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၁၀၀၀၀ ၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၅၀၀၀၊ ဘီးလင်းမှ ပိန္နဲသီး (ဗမာသီး) အလုံးကြီးတစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၂၀၀၀၊ ၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၁၂၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ၈၀၀ ၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၃၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၄၀၀ မှ ၃၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၂၀၀ မှ ၁၀၀၊ မိုင်းရယ် မှ ဖရဲသီး(855) အလုံးကြီး တစ်လုံးလျှင် ကျပ် ၅၅၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၄၀၀၀၊  အလုံးသေး တစ်လုံးလျှင် ကျပ် ၃၀၀၀ ၊ သဲတော၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၅၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၂၀၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၁၅၀၀ ၊ တွံတေး မှ သရက်သီး (ရင်ကွဲ) အလုံးကြီး ၆၅ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၃၀၀၀၊ အလုံးလတ် ၇၅ လုံးပါ တောင်းတစ်တောင်းလျှင်  ကျပ် ၁၁၀၀၀၊ အလုံးသေး ၈၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၉၀၀၀၊ တွံတေး မှ သရက်သီး (မချစ်စု) အလုံးကြီး ၇၀ လုံးပါ တောင်း တစ်တောင်းလျှင် ကျပ် ၁၉၀၀၀၊ အလုံးလတ် ၇၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၅၀၀၀၊  အလုံးသေး ၉၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၂၀၀၀၊ ကျိုက်ထို ၊ ဘီးလင်း မှ ကြက် မောက်သီး အလုံးကြီး ၁၀၀ ပါ ကျပ် ၈၀၀၀၊ အလုံးလတ် ၁၀၀ ပါကျပ် ၇၀၀၀၊ အလုံးသေး ၁၀၀ ပါ ကျပ် ၆၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆိပ်ဖြူ ကြက်သွန်နီ ဇွန်လ(ပထမ)ပတ်အတွင်း စီးဆင်းမှုအခြေအနေ

             ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃)သောင်းခွဲခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ (၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ(၁)ရက်မှ(၇)ရက်ထိ (၁)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၆)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်  ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

           ဈေးနှုန်းဈေးကွက်အနေဖြင့် ဇွန်လပထမ(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စအမြင့် ဆုံးဈေးနှုန်းမှာ (၁၁၂၅)ကျပ်မှ (၇၇၅)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ (၈၅၀)ကျပ်မှ (၆၃၅)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေး များ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၇၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ (၁၁၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၄၀၀)ကျပ်ခန့် သိသိသာသာ ဈေးနှုန်း မြင့်တက်သွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က (၅၅၀)ကျပ်၊ ယခု(၁)ပတ် (၈၅၀)ကျပ် ဈေးနှုန်းဖြစ်၍ (၃၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှု သာမက မြဝတီမြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးကြောင်း၊ ကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်မည်ဟု သုံးသပ်ခန့်မှန်းကြောင်း၊ ယခင်(၁)ပတ်ထက် ယခု(၁)ပတ် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ(၄၀၀)ကျပ်၊ အနိမ့်စ (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ကုန်သည်မှတစ်ဆင့် သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၃၀၀)၊ လတ်(ကြီး) ကျပ်(၁၂၀၀)၊ လတ်(သေး) ကျပ်(၁၁၀၀/၁၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လပထမ(၁)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၂၀)စီး၊ ပြည်မြို့(၁၀)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့(၁၀)စီး၊ မော်လမြိုင်မြို့(၅)စီး၊ မြဝတီမြို့(၁၅)စီး စုစုပေါင်း(၆၀)စီးခန့် နေ့စဉ်(၆/၁၂)ဘီး မော်တော်ယာဉ် များ ဖြင့် ကြက်သွန်နီ ပျမ်းမျှပိဿာ (၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း