Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၂/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၁.၃.၂၀၂၃ )

     ၂၁.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ကြက်သွန်နီအဝင်များ၍ ဈေးကျ

      ယခုကာလတွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီကိုအဓိကစိုက်ပျိုးရာ တောင်တွင်း၊ ရေနံချောင်း၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီများ နေ့စဉ်အိတ် (၂၀၀) အိတ်ခန့်အဝင်ရှိသဖြင့် ယခင်ကာလများထက် အဝင်များနေပါသည်။ အဝင်များသည့်အတွက် ယခု ၂၀၂၃ခုနှစ်၊ မတ်လဈေးနှုန်းနှင့် ယခင်ဖေဖော်ဝါရီလကုန်ပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ တစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ် (၃၀၀)ခန့်ကျဆင်းသွားပါသည်။ ပြည်ဈေးကွက်အတွင်း အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ဒေသတွင်းလက်လီဝယ်လက်သမားများသည် ပန်းတောင်း း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်၊ ရခိုင်ပြည်နယ်(တောင်ကုတ်)၊ ဧရာဝတီ(ကြံခင်း) စသော နယ်ကျော်စီးဆင်းမှုများအပါအဝင် နေ့စဉ်ဝင်ရောက်မှု၏ထက်ဝက်ကျော်ခန့်  အရောင်းအဝယ်များပြုလုပ်လျက်ရှိပါသည်။ ယခုကာလ၌ ဈေးနှုန်းများကျဆင်းသည့်အတွက် အရောင်း အဝယ်သွက်လျက်ရှိပြီး ပွဲရုံလက်ကားဈေး(ကြီး/လတ်/သေး)တစ်ပိဿာလျှင်း ကျပ် (၉၀၀/၁၀၀၀/၁၁၀၀) နှုန်း၊ လက်လီဈေးအသေးများတွင် (၁၂၀၀/၁၃၀၀/၁၄၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီများ စိုက်ပျိုးပြီးစီး

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လေးကြီးကျေးရွာအုပ်စု၊ လေးကြီးကျေးရွာတွင် နတ်တော်  လနှင့် ပြာသိုလတို့တွင် ကြက်သွန်နီများစိုက်ပျိုးထားရှိပြီးဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်တို့အား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃-၃-၂၀၂၃) နေ့၊ နံနက်ပိုင်းတွင် လေးကြီးအုပ်စု၊ လေးကြီးကျေးရွာသို့သွားရောက်၍ ဆောင်းကြက်သွန်နီစိုက်ပျိုးသော တောင်သူဒေါ်ခင်ပြုံးနှင့်တွေ့ဆုံ၍ မေးမြန်းဆွေးနွေးရာ ၎င်းက ကြက်သွန်နီကို (၀.၂၅) ဧကစိုက်ပျိုးထားပြီး၊ ကုန်ကျစရိတ်အနေဖြင့် (၁၁၅၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ကြက်သွန်နီကို စိုက်ပျိုးပြီး (၄) လအကြာ တပေါင်းလနှင့် တန်ခူးလတို့တွင် စတင်နုတ်ယူရမည်ဟု သိရှိရပါသည်။ ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ယခင်ကြက်သွန်နီအသစ်များ မပေါ်ခင်အချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်ထိ ဈေးများမြင့်တက်လာခဲ့ပြီး၊ ယခုအချိန်တွင် အချို့တိုင်းဒေသကြီး၊ မြို့နယ်များမှ ကြက်သွန်နီအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ထိ ဈေးနှုန်းများကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

   ဆောင်းကြက်သွန်နီသစ်များထွက်ပေါ်ချိန်တွင် အထွက်နှုန်းကောင်းပြီး သင့်တင့်သောဈေးနှုန်းဖြစ်လျှင် စားသုံးသူများလည်းစားသုံးနိုင်သည့်အပြင် ကြက်သွန်နီစိုက်ပျိုးသော တောင်သူများအနေဖြင့်လည်း သင့်တင့်လျောက်ပတ်သောအကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်လေ့လာ၍ တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း အာလူးဈေးနှုန်းကျဆင်း

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သောအာလူးကို ယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ စိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့် နောင်တရားမြို့တို့မှ အများဆုံးတင်သွင်း ရောင်းချလျက်ရှိပါသည်။

      ယခု၂၀၂၃ခုနှစ်၊ မတ်လတတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဖေဖော်ဝါရီလ(တတိယပတ်)တွင် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြစ်ပြီး ယခုမတ်လ(တတိယပတ်)နှင့် ယခင်ဖေဖော်ဝါရီလ(တတိယပတ်) နှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ(၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

မတ်လတတိယပတ်အတွင်းရှိ စပျစ်သီးဈေးနှုန်း

       ကယားပြည်နယ် သစ်သီးဝလံဈေးကွက်တွင် ဝင်ရောက်လာသော စပျစ်သီးကို လွိုင်ကော်မြို့ ၊သီရိမင်္ဂလာဈေးတွင်လည်းကောင်း၊ ပျံကျဈေးတို့တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။

      စပျစ်သီးမှာ ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့များမှ ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊မတ်လ(တတိယပတ်)အတွင်း၌ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်းမှာ အညိုရောင်လုံး (ဝိုင်း) တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) ၊အညိုရောင်လုံး (ချွန်) တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါကြောင်း၊ ယခင်ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဈေးကွက်အတွင်းရောင်းချနေသော စပျစ်သီးဈေးနှုန်းမှာ အညိုရောင်လုံး (ဝိုင်း) တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀) ၊အညိုရောင်လုံး (ချွန်) တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)ဖြစ်ပါကြောင်း၊ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်လျှင်(ဝိုင်း) တစ်ပိဿာလျှင် ကျပ် (၃၀၀၀)၊(ချွန်) တစ်ပိဿာလျှင် ကျပ် (၃၀၀၀) ခန့်  ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခုအချိန်အခါသည် စပျစ်သီးများပေါ်သောအချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း စပျစ်သီးများစွာဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်း ရခြင်းဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ သစ်သီးဝလံရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ငရုတ်သီးစိမ်းဈေးနှုန်း မြှင့်တက်လျက်ရှိ

    စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့် ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်သီးစိမ်းများကို ဒေသတွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြပါကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ဒေသရိုးရာအစားအသောက်များ ဟင်းလျာများတွင် မရှိမဖြစ်နှစ်ခြိုက်စွာ အသုံးပြုကြပါကြောင်း၊ ယခု၂၀၂၃ခုနှစ်၊ မတ်လ(တတိယပတ်)အတွင်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မတ်လ(ဒုတိယပတ်)အတွင်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၄၆၀၀)ကျပ်သာရှိခဲ့ပါကြောင်းနှင့် ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ငရုတ်သီးစိမ်းတစ်ပိဿာ( ၁၄၀၀ ) ကျပ်ခန့် မြှင့်တက်လာကြောင်း နောင်ယားဈေးရှိ ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ပြည်ခရိုင်၌ စပါးဈေးအမြင့်ဖြင့် ဈေးငြိမ်လျက်ရှိ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ မိုးစပါးစပေါ်ချိန်မှစ၍ ရောင်းဝယ်နေသောမှော်ဘီစပါးဈေးမှာ တင်း(၁၀၀)လျှင် (၁၁၀၀၀၀၀ ) ကျပ်နှင့် ကရင်မစပါးဈေးမှာ တင်း(၁၀၀)လျှင် (၉၈၀၀၀၀) ကျပ်၊ မှော်ဘီဆန် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၄၈၀၀၀) ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၄၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး နိုဝင်ဘာလ၌ မှော်ဘီတင်း(၁၀၀)လျှင် (၁၂၉၀၀၀၀) ကျပ်၊ ကရင်မစပါးတင်း(၁၀၀)လျှင် (၁၂၀၀၀၀၀) ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၂၀၀၀) ကျပ်၊ ကရင်မဆန်အလတ်စတစ်အိတ်လျှင် (၄၅၀၀၀) ကျပ်နှင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလထိ ဈေးငြိမ်နေခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် မှော်ဘီစပါးဈေးမှာ (၁၅) သိန်းကျပ်၊ ကရင်မစပါးမှာ (၁၄) သိန်းကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၈၀၀၀) ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခုနှစ်တွင် မိုးစပါးများမှာ သွင်းအားစုများ ဈေးမြင့်လာသည့်အတွက် သွင်းအားစုအနည်းငယ်သာသုံးစွဲခဲ့သောကြောင့် စပါးမှာ အထွက်နှုန်းနည်းသည့်အတွက်ကြောင့်လည်းကောင်း၊ နွေစပါးများထွက်ပေါ်မှုမရှိသေးသည့်အတွက်ကြောင့်လည်းကောင်း၊ စပါးဈေးမှာ အမြင့်ဈေးဖြင့် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း