Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကံမမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်လက်လီဈေးနှုန်း

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း (၁၆-၂-၂၀၂၄)ရက်နေ့မှ (၂၂-၂-၂၀၂၄)ရက်နေ့အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် (၁၈၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၆၀၀၀မှ ၆၂၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ ကြက်သား(စီပီ)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ကြက်သား(မြန်မာ) တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ် (၄၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ကြက်သွန်ဖြူ ကျပ်(၂၀၀၀)၊ ငရုပ်သီးစိမ်း ကျပ်(၂၀၀)၊ ကြက်သွန်နီ ကျပ်(၁၀၀) ဈေးနှုန်းမြင့်တက်လာပြီး ခရမ်းချဉ်သီး ကျပ်(၈၀၀)၊ အာလူး ကျပ်(၂၀၀)  စသည်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းသွားကြောင်း၊ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအတက်အကျမရှိဘဲ ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ ဆန်၊ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့်ကုန်ပစ္စည်းခြောက်များကို ပြည်ခရိုင်၊ ကြက်သွန်နီများကို သရက်ခရိုင်နှင့် ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းများကို ကံမမြို့နယ်ကျေးရွာများမှ ဝယ်ယူရောင်းချကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေးထံမှသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ် ဇီးသီး အစို၊အခြောက် ဈေးနှုန်းဈေးကွက်

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင်၊ ဝက်သားစား၊ စက်တောင်၊ ရွာလေး  စသည့် ကျေးရွာများမှထွက်ရှိသည့်  ဇီးသီးအစိုအခြောက်များမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် ယခင်အပတ်ဈေးနှုန်းနှင့်အတူ အတက်အကျမရှိပဲအရောင်းအဝယ်ဖြစ်လျက် ရှိပြီး တစ်နေ့လျှင် အိတ်ရေ(၇၀၀မှ၁၅၀၀) ဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

      ဇီးစေ့တစ်တင်းလျှင် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကျပ်(၅၀၀၀၀မှ၅၁၀၀၀)အတွင်း ဝယ်ယူရရှိပြီး ဇီးသီးများကို ဇီးသီးခွဲစက်ဖြင့် ဇီးသီးမှဇီးစေ့ဆီးဆံရရှိအောင်ကြိတ်ခွဲ မည်ဖြစ်ပါကြောင်း၊ ဇီးဆံ(၁)တင်းလျှင် ကျပ် (၅၄၀၀၀ မှ၅၇၀၀၀)ဈေးရှိပါကြောင်း၊ ဇီးဆံများ ရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချပါကြောင်း ဇီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်) အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀/-၃၈၀၀၀၀/-)ဖြင့် အိတ် (၁၂၅၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀/-)ဖြင့် အိတ် (၃၅၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀/-)ဖြင့် အိတ်(၁၅၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀/-)ဖြင့် အိတ်(၈၀)ကိုလည်းကောင်း၊ ကုလားပဲ(HL) (၁)တင်းလျှင် ကျပ်(၉၃၀၀၀/-၉၆၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ် (၇၀၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၉၃၀၀၀/-၉၆၀၀၀/-)ဖြင့် (၃၀)ပိဿာပါအိတ် (၄၀၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၆၅၀၀/-၉၉၅၀၀/-) ဖြင့် (၃၀)ပိဿာပါ အိတ်(၁၈၀)အိတ်ကိုလည်းကောင်း၊ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၂၃၂၀၀/-၁၂၈၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ် (၁၇၀၀)အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၆၆၀၀၀/-၇၈၅၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၇၀၀၀၀/-၇၅၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၅၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၆၀၀၀၀/-၆၃၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၁၂၂၅၀၀/- ၁၂၃၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၉၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၉၀၀/-၆၉၅၀/-)ဖြင့် (၃၀)ပိဿာဝင်အိတ် (၃၅၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၇၈၀၀/-၈၀၀၀/-)ဖြင့် (၃၀)ပိဿာဝင်အိတ် (၇၀)အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ်(၂၇၀၀၀/-၂၈၀၀၀/-)ဖြင့် (၃၀၀၀)တင်းကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၃၃၀၀/-၃၅၀၀/-)ဈေးနှုန်းဖြင့် ပိဿာ(၁၅၀၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။

   ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ်ထွက်ရှိလျက်ရှိပြီး ပဲတီစိမ်း(မိုး)နှင့်(ဆောင်း)တွင် ပဲတီစိမ်း(ဆောင်း)သီးနှံများသာ လက်ကျန်ရှိသည့်အတွက် အရောင်းအဝယ်ရှိပြီး နှမ်းသီးနှံဈေးနှုန်းမှာ ဖေ‌ဖော်ဝါရီလ(ပထမပတ်)မှ ယခု(တတိယပတ်)အတွင်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ပုံမှန်မျှသာဖြစ်လျက် ပဲမျိုးစုံသီးနှံကိုလည်း ဖေဖော်ဝါရီလ (ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး အရောင်းအဝယ်ခပ်ပါးပါးမျှသာရှိကြောင်းနှင့်  ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပြာ၊ ပဲစင်းငုံနီနှင့် ဝါသီးနှံတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းကို မန္တလေးမြို့သို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

        စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မုံရွာမြို့၊ ပြည်ထောင်စုဈေး၌    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီ တစ်ပိဿာလျှင်၅၉၀၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို၊ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအ‌ရောင်းအဝယ်ဖြစ်နေမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်‌‌ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကုလားပဲ (HL)၊ ကုလားပဲ(929)နှင့် ပဲလွန်းဝါတို့မှာ အရောင်းအဝယ်အများဆုံးဖြစ်နေပါသည်။ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကုလားပဲ(HL) (၁၉) ပိဿာဝင်(၁)တင်းလျှင် ကျပ် (၉၀၀၀၀)ရှိပြီး (ဒုတိယပတ်)တွင် ကျပ်(၉၁၀၀၀)ရှိခဲ့ပြီး ကျပ်(၁၀၀၀) စျေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (တတိယပတ်)တွင် ကုလားပဲ (929) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၀၅၀၀)ရှိပြီး (ဒုတိယပတ်)တွင် ကျပ်(၉၁၀၀၀)ရှိခဲ့၍ ကျပ်(၅၀၀)စျေးနှုန်းကျဆင်းခဲ့ကြောင်း၊ ကုလားပဲ(HL)နှင့် ကုလားပဲ(929)(၁)ပတ်အတွင်း အိတ်ပေါင်း(၄၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

  ဖေဖော်ဝါရီလ (တတိယပတ်)တွင် ပဲလွန်းဝါ (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၆၅၀၀၀-၇၀၀၀၀) ရှိပြီး ဒုတိယအပတ်တွင် ကျပ် (၇၈၅၀၀-၇၉၅၀၀) ဖြစ်ခဲ့၍ ကျပ် (၁၃၅၀၀-၉၅၀၀)စျေးနှုန်းကျဆင်းလာကြောင်း၊ (၁)ပတ်အတွင်း အိတ်ပေါင်း (၂၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း၊ ကျန်ပဲသီးနှံများမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။

       (၂၃-၂-၂၀၂၄)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော  သီးနှံစျေးနှုန်းများမှာ နှမ်းနက်စမုံ(၁၅)ပိဿာဝင် (၁) တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၃၂၀၀၀)၊ နှမ်းနီ (မကွေး) (၁၅)ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၁၄၀၀၀)၊ နှမ်းညိုကြား (၁၅)ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၀၇၀၀၀)၊ နှမ်းနီ (နယ်စ) (၁၅)ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၁၀၀၀၀-၁၁၁၀၀၀)၊ ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၇၂၀၀၀-၇၃၀၀၀)၊ ပဲနောက်(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၆၃၀၀၀)၊ ပဲလွန်းဝါ(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၆၅၀၀၀-၇၀၀၀၀)၊ ကုလားပဲ (929) (၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၉၀၀၀၀-၉၀၅၀၀)၊ ကုလားပဲ(HL) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ပဲကြီးဖြူ (သေး) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၅၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၁၁၀၀၀)၊ ပဲကြီးမဲ(ချင်း) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၅၀၀၀)၊ ပဲစင်းငုံနီ(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၂၀၀၀၀-၁၂၀၅၀၀)၊ မတ်ပဲ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၉၆၀၀၀)၊ စားတော်ပဲ (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၁၆၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၄၀၀-၈၅၀၀)၊ လုံးဆံဖြူ (၁)ပိဿာလျှင် ကျပ်(၆၉၀၀-၇၀၀၀)၊ မြေပဲဆံ(အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၅၂၀၀-၅၃၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဖေဖော်ဝါရီလ၊ စတုတ္ထပတ်၊ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

     မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၈၂၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၆၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၇၁၀) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရှိရပါသည်။

    ယခု ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၈၂၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၄၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၃၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၇၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဖေဖော်ဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊  ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၀) ကျပ်၊ ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း၊ ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၃၀) ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၅) ကျပ်ဈေးနှုန်းအသီးသီး ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

တူတူနွှဲပျော် ရိုးရာထမနဲပွဲတော်

   မြန်မာနိုင်ငံတွင် လရာသီများရှိသည့်အနက် ဗုဒ္ဓဘာသာဝင်များသည် ရိုးရာပွဲတော်များကို လစဉ်ကျင်းပလျက်ရှိရာ ထမနဲများကို စုပေါင်းထိုးကြပြီး တပို့တွဲလပြည့်နေ့တွင်  မြတ်စွာဘုရားအား ထမနဲဆွမ်းများကို ကပ်လှူပူဇော်၍  မိတ်ဆွေများအား ထမနဲများကို ဘူးများဖြင့် ထည့်ကာ ဝေငှသည့်ဓလေ့သည် မြန်မာလူမျိုးများ၏ ချစ်စရာကောင်းသောဓလေ့ပင် ဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂၃.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ထမနဲများကို စုပေါင်းထိုးကြပြီး ခရိုင်ဦးစီးမှူးမှ လပြည့်နေ့နံနက်တွင် မြတ်စွာဘုရားအား လှူဒါန်းရန် ထမနဲများကို ခွဲထားပြီး ဝန်ထမ်းများအား ထမနဲဖြင့် ဧည့်ခံကျွေးမွေးပြီး ထမနဲထုပ်များအား လက်ဆောင်ပေးဝေခဲ့ကြောင်း၊ ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် မြို့လယ်ခေါင်လမ်းမကြီးတလျှောက်တွင် ဈေးသည်များမှ ထမနဲများကိုထိုးပြီး ရောင်းချလျက်ရှိကြောင်း၊ ထမနဲ အစိတ်သား (၁)ထုပ်လျှင် (၃၀၀ဝိ/-)ကျပ်မှ (၄၀၀ဝိ/-)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

       မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇန်နဝါရီလ(နောက်ဆုံးပတ်)တွင် ကွမ်း တစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀- ၁၉၀၀၀)များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ငွေကျပ်(၆၀၀၀-၉၀၀၀) များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်) တွင် ငွေကျပ် (၅၀၀၀-၇၀၀၀)များဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန်နွေဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများကာ  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကံမမြို့နယ် ပဲတီစိမ်း၊ မတ်ပဲ  ၊မြေပဲနှင့်ပဲကြီး ဈေးနှုန်းဈေးကွက်အခြေအနေ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ကျေးရွာများဖြစ် သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာစသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ပဲကြီးမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်)တွင် စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

        ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ပဲတီစိမ်းသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၉၇၅၀၀-၁၀၅၀၀၀)ဖြင့်  ယခင်ဖေဖော်ဝါရီလ (တတိယပတ်)ထက် ကျပ်(၆၀၀၀)အကျဈေးဖြင့် ပစ္စည်းလက်ကျန်မရှိသလောက်နည်းပါးသွားပြီး  အ‌ရောင်းအဝယ်အေးလျက်ရှိကြောင်း ဆောင်း မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၆၂၅၀)ဖြင့် ယခင်အပတ်ထက် ကျပ်(၃၇၅၀) အကျဈေးဖြင့် တစ်နေ့လျှင်အိတ်ရေ(၃၀မှ၅၀)ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိကြောင်း ဆောင်းမြေပဲ သီးနှံမှာ (၁)ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ်(၆၁၀၀မှ၆၂၀၀)ဈေးဖြင့် ယခင်အပတ် ထက် (၁၀၀မှ၂၀၀)အကျဈေးဖြင့် တစ်နေ့လျှင်ပိဿာ(၂၀၀မှ၃၀၀)အတွင်း ဝင်‌ရောက်လျက်ရှိ ကြောင်း၊ ပဲကြီးသီးနှံများလည်းပေါ်ထွက်လျက်ရှိရာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၆၂၀၀၀) ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၈၀၀၀)အကျဈေးဖြင့် နေ့စဉ်အိတ်(၃၀)ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည် ကိုထိုက်သူအောင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး  ဈေးနှုန်းများမြင့်တက်နေပါကြောင်း သိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ  (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန် (စပါး)(ဟောင်း)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊ ဧရာမင်း (ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါ သည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၈၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၃၄၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ ဖေဖော်ဝါရီလ  (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉၅၀၀ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၀၀၀၊ မွန်သို့ အိတ်ရေ ၆၁၂၀၊ ကချင်သို့ အိတ်‌ရေ ၁၅၈၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀  စုစုပေါင်း အိတ်ရေ (၆၈၂၀၀)  အိတ်၊ တန်အား ဖြင့် (၃၄၁၀) စီးထွက်ခဲ့ပြီး ယခု ဖေဖော်ဝါရီလ  (စတုတ္ထ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၇၅၀၊ မန္တလေး သို့ အိတ်ရေ ၃၄၇၅၀ နေပြည်တော်သို့ အိတ်ရေ ၃၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၃၀၀၊ မွန်သို့ အိတ်ရေ ၂၅၂၀၊ ကချင်သို့ အိတ်‌ရေ ၇၆၀၀၊ ပခုက္ကူသို့ အိတ်ရေ ၂၀၀၀  စုစုပေါင်း အိတ်ရေ (၈၂၂၂၀)  အိတ်၊ တန်အား ဖြင့် (၄၁၁၁) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၄၀၂၀) အိတ်၊ တန်အားဖြင့် ( ၇၀၁) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း