Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄.၃.၂၀၂၃ )

    ၂၄.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ အထိ(၁၁)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၃၃၃)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၄၂၆)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၄.၇၅၉) ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၁)နှစ်စာ လျာထားချက်အပေါ်  (၂၀.၂၁၈)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၁)လတာ လျာထားချက်အပေါ် (၂၃.၀၆၁)% ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန် သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

     ပို့ကုန်အနေဖြင့် (၄.၃.၂၀၂၃ မှ ၁၀.၃.၂၀၂၃))ရက်နေ့အထိ စီးကရက် တန်ချိန်အားဖြင့် ၆၁.၃၁၂တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၃၁) တင်ပို့နိုင်ခဲ့ပြီး၊ (၁၁.၃.၂၀၂၃ မှ ၁၇.၃.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀.၅၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၄.၃.၂၀၂၃ မှ ၁၀.၃.၂၀၂၃)ရက်နေ့အထိ  ဓါတ်မြေဩဇာ တန်ချိန်အားဖြင့် ၃၀၀.၀၀၀တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း (၀.၁၂၀) တင်သွင်းနိုင်ခဲ့ပြီး၊ (၁၁.၃.၂၀၂၃ မှ ၁၇.၃.၂၀၂၃)ရက်နေ့အထိ  ဆံပင် တန်ချိန်အားဖြင့် ၆.၀၀၀တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၂၁) တင်သွင်းနိုင်ခဲ့သည့်အတွက် ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၇၈) လျော့နည်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင် ပတ်ကထက် အမေရိကန်ဒေါ်လာသန်း(၀.၀၉၉) လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း ဆန် တစ်မျိုးသာ ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၆၆၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၇၀၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်လျှင်  ၆၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၄၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၂၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၆၀၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (တတိယ)ပတ်တွင် ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၈၂၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၆၈၀၀)အိတ်၊ တန်အားဖြင့် (၈၃၄၀)စီးထွက်ခဲ့ပြီး၊ ယခု မတ်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀၊ မန္တလေး သို့ အိတ်ရေ ၆၀၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၆၈၀၀)အိတ်၊ တန်အားဖြင့် (၆၈၄၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၀၀၀၀) တန်အားဖြင့် (၁၅၀၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ လူသုံးများသည့်အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ အာမိုပုလဲ(ဓာတ်စာ) ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ လှည်းယှဉ်(၁၀:၁၀:၅) ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်လာလျက်ရှိကြောင်း ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင် (၁၀၀)စီစီတစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ ALARM (၁၅) WP ၁၀၀၀ဂရမ်တစ်ဘူးလျှင် (၁၄၀၀၀)ကျပ်၊ ဖို့(စ်)တင်းအီးစီ(၁၀၀)စီစီတစ်ဘူးလျှင် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

ဈေးကွက်ဝင် နာမည်ရ စစ်ကိုင်းဂစ်တာ

     စစ်ကိုင်းဂစ်တာလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ၁၉၇၄ခုနှစ်မှစ၍  မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ်ခံယူပြီး ဦးကျော်သိန်းမှ “ မောင်ကျော်သိန်း ဂစ်တာ” နာမည် အမှတ် တံဆိပ်ဖြင့် တစ်ဦးတည်း စတင်ထုတ်လုပ်ခဲ့ရာ စစ်ကိုင်းအိုးဟု မြန်မာတစ်နိုင်ငံလုံးတွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မိရိုးဖလာအမွေအဖြစ် မျိုးဆက်သစ်များမှ ဆက်လက်ထိန်းသိမ်းခဲ့ပြီး လေ့လာသင်ကြား စူးစမ်းထုတ်လုပ်ခဲ့ကြသဖြင့် ၁၉၉၀ခုနှစ် နောက်ပိုင်းမှစ၍  ဆန်းသစ်တီထွင်မှုများနှင့်အတူ နိုင်ငံတကာ အဆင့်မီ ကြိုးတပ်တူရိယာ ပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့ကြသည်။

   ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်နိုင်ခဲ့ရာ ဝယ်လိုအားပေါ်မူတည်၍  ထုတ်လုပ်မှုအား မြင့်တက်စေရန် စက်မှုလက်မှုတွဲဖက်ပြီး ထုတ်ကုန်တိုးတက်စေရန် အားထုတ်ပြုလုပ်ခဲ့သည်။ ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် အရည်အသွေးမီ တူရိယာပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့သောကြောင့် ခိုင်မာသော ဈေးကွက်ရရှိသည်ဟု သိရှိရပါသည်။ စစ်ကိုင်းမြို့တွင် ဂစ်တာလုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးခန့်ရှိသည်။ လုပ်ငန်းရှင်တစ်ဦးလျှင် လုပ်သားအင်အား(၃)ဦးမှ (၁၂)ဦးထိ အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ပြီး၊ လုပ်သားတစ်ဦးလျှင် တစ်ရက်လုပ်အားခ ကျပ် ၅ဝဝဝမှ ကျပ် ၁ဝဝဝဝကြား ရရှိကြောင်း သိရသည်။

     ဂစ်တာထုတ်လုပ်ရန်အတွက် အသုံးပြုသည့် ကုန်ကြမ်းများမှာ အထပ်သား၊ သစ်သား (ကျွန်း၊ အခြားအသား)၊  ကီး၊ ကြိုး၊ ဘားနှင့် ဆက်စပ်အသုံးပြုသည့် ကုန်ကြမ်းများမှာ သံထည်၊ အသားထည်များကို လိုအပ်သောဂစ်တာပုံစံ(မို)၊ ကော်မျိုးစုံဖြစ်သည့် စူပါကော်၊ အမြှုပ်ကော်၊ အသားကပ်ကော်တို့ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများကို မန္တလေးအထပ်သားစက်ရုံမှ ဝယ်ယူပြီး၊ ကီး၊ ကြိုး၊ ဘားနှင့် ရှေ့၊နောက်တုံးများအား တရုတ်ပြည်မှထွက်ရှိသည့် ပစ္စည်းများကို ဝယ်ယူ အသုံးပြုကြောင်း သိရှိရသည်။

ဂစ်တာထုတ်လုပ်ပုံအဆင့်ဆင့်

  ဂစ်တာထုတ်လုပ်ရာတွင် အသုံးပြုပစ္စည်းများဖြစ်သော သံထည်၊ အသားထည်များဖြင့် လိုအပ်သော ဂစ်တာပုံစံ(မိုပုံစံ)များကို ဦးစွာထုတ်လုပ်သည်။ သုံးထပ်သားကို တစ်ထပ်ခွာ၍ မိုထဲတွင်ထည့်ပြီး ဂစ်တာပုံစံပြုလုပ်သည်။ ခွဲထားသော သုံးထပ်သားကို ဂစ်တာပုံစံ(မို)ထဲတွင် ထည့်၍ ကော်ဖြင့်ပြန်ကပ်ပြီး သုံးထပ်သား ဂစ်တာပုံဖြစ်အောင် ပြုလုပ်ရသည်။ ဂစ်တာရှေ့ဖုံး၊ နောက်ဖုံး ဖုံးနိုင်ရန်အတွက် တန်းများထည့်၍ (မို)မှထုတ်ယူရသည်။ မိုဖြင့်ပြုလုပ်သော အထပ်သား ဂစ်တာပုံများကို လက်တံတပ်ဆင်ခြင်း၊ လက်ဖတ်(ခေါ်)ဖလက်ပြား(Finger board)ကပ်ခြင်း၊ အဝိုင်းဖောက်ခြင်း၊ ကီးဖောက်ခြင်း၊ ကော်ဖတ်စားခြင်း၊ ဖလက်ပြားလက်ကွက်များချခြင်း၊ စိတ်ခြင်း၊ဆေးသုတ်ခြင်း၊ ဆေးမှုတ်ခြင်း၊ လိုင်းဆွဲခြင်း၊ အရောင်တင်ခြင်း၊ ဘရိတ်ခုံတပ်ဆင်ခြင်း၊ ကီးကြိုးတပ်ဆင်ခြင်း၊ နောက်ဆုံး ထုပ်ပိုးခြင်းအထိ အဆင့်ဆင့် ပြုလုပ် ရသည်။

ထုတ်လုပ်မှုပမာဏ

       ဂစ်တာထုတ်လုပ်ခြင်းကို လုပ်ငန်းရှင်များသည် ကုန်ကြမ်းများ ဝယ်ယူစုဆောင်းထားပြီး တစ်နှစ်ပတ်လုံးထုတ်လုပ်ကြသည်။ တစ်လထုတ်လုပ်နိုင်မှုမှာ လုပ်ငန်းရှင်တစ်ဦးလျှင် ပျမ်းမျှ ဂစ်တာအလုံး(၈၀၀)ခန့်ထုတ်လုပ်နိုင်ပြီး၊ အော်ဒါမှာယူမှုရှိပါက ဂစ်တာသာမက တယော၊ မယ်ဒလင်၊ ဘင်ဂျို၊ လျှပ်စစ်ဂစ်တာ အမျိုးမျိုးတို့ကို ထွင်းအိုး၊ ကော်ကပ်၊ All solid အထူးပြုလုပ် ထားသောဂစ်တာ၊ အဆင့်မြင့် ထင်းရှူးဂစ်တာများ ပြုလုပ်ပေးနိုင်ကြောင်း သိရပါသည်။

ဈေးကွက်နှင့်ဈေးနှုန်း

       ဒေသတွင်း ဈေးကွက်နှင့် မန္တလေး၊ ရန်ကုန်၊ ကချင်၊ ကရင်၊ ရှမ်း မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်။ ပြည်ပဈေးကွက်အနေဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများသို့ တင်ပို့ ရောင်းချရကြောင်း သိရသည်။ လက်လီ/ လက်ကား ဈေးနှုန်းများမှာ ဂစ်တာတစ်လုံးလျှင် အနိမ့်ဆုံး ကျပ် ၃သောင်း၅ထောင် မှ ကျပ် ၂ သိန်းထိရှိပြီး၊ ထွင်းအိုးမှာ ကျပ် ၃ သိန်းထိ ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

ဂစ်တာသင်တန်း

        ဂစ်တာလုပ်ငန်းရှင်အချို့သည် ဂစ်တာထုတ်လုပ်သည့် လုပ်ငန်းအပြင် ဂစ်တာတီးခတ်သည့် သင်တန်းများဖွင့်လှစ်၍ ဝါသနာရှင်လူငယ်လေးများကို အတတ်သင်(၃)လပြတ် သင်တန်းကြေး ကျပ် ၉ သောင်းဖြင့် သင်ကြားပေးလျက်ရှိသည်။

အကြံပြုတင်ပြချက်

        ဂစ်တာရောင်းဝယ်မှုဈေးကွက်သည် ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံများသို့လည်း ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရေးအတွက် နည်းပညာအကူအညီများရရှိပြီး နိုင်ငံတကာ ဈေးကွက်ဝေစုရရှိရန် လိုအပ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများကို ဝယ်ယူစုဆောင်း ရ၍ အရင်းအနှီးငွေကြေးများလိုအပ်သဖြင့် နိုင်ငံတော်မှ အတိုးနှုန်းသက်သာသော ချေးငွေများပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းများဖွံ့ဖြိုတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း လုပ်ငန်းရှင်များကိုယ်စား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် မတ်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၁၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၃၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု မတ် (တတိယပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်(၂၀၂၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျင် (၂၁၁၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၅၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၈၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၉၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၉၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဝက်လက်မြို့နယ်၏ မတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၁၅၀၀၀ဝိ/-)ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၈၀၀၀ဝိ/-) ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၇၂၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၆၈၀၀ဝိ/)ကျပ်ရှိကြောင်း၊ ယခင်ဒုတိယပတ် စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ်၊  ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၆၅၀၀ဝိ/)ကျပ်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၅၀၀၀ဝိ/-)ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၇၀၀ဝိ/-)ကျပ်ခန့်မြင့်တက်လာပြီး ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၂၀၀၀ဝိ/-)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၃၀၀ဝိ/-)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း ဒေသခံ ဆန်စက်လုပ်ငန်းရှင်အား ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေသော ဆောင်းမြေပဲလုံးဆံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးထားသောဆောင်းမြေပဲများကိုရိတ်သိမ်းပြီးဖြစ်၍ ဖေဖော်ဝါရီလ (စတုတ္ထပတ်) မှစတင်ပြီး ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများစတင်ဝင်ရောက်လာကြောင်း၊ မတ်လ (တတိယပတ်) အတွင်း မြေပဲလုံးဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/(၁၀)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၅၇၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ မြေပဲလုံးဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ တစ်တင်းလျှင် (၄၁၆၀ဝိ/-) ကျပ်ဈေးပိုခဲ့ပြီး  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့မှာ တူညီနေပြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်တွေမြို့ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ စားဖိုဆောင်သီးနှံ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရသိရသည်။  

        မတ် ပထမပတ်အတွင်း ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၀၀၀၀ မှ ၇၂၀၀၀)၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၈၀၀၀ မှ ၆၀၀၀၀)၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၆၀၀၀ မှ ၅၈၀၀၀)အတွင်း စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်(၆၇၀၀၀ မှ ၆၈၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ် ကျပ် (၄၃၀၀၀ မှ ၄၄၀၀၀)အတွင်း ဂျင်း တစ် ပိဿာ ကျပ် (၂၂၀၀ မှ ၂၃၀၀) အတွင်း၊ ငရုပ်သီးခြောက် (အိန္ဒိယ) တစ်ပိဿာ ကျပ်(၁၃၀၀၀ မှ ၁၄၀၀၀) အတွင်း၊ ငရုပ်သီးခြောက် (ဒေသထွက်)  တစ်ပိဿာ ကျပ်(၂၀၀၀၀ မှ ၂၂၀၀၀) အတွင်း၊  ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၆၀၀ မှ ၈၀၀) အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် (၅၀၀ မှ ၇၀၀) အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် (၅၀၀ မှ ၇၀၀)အတွင်း၊ ခရမ်းချဉ်သီး(တစ်ပိဿာ)ကျပ်(၈၀၀ မှ ၁၀၀၀)အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်း ဈေးသည်များနှင့် ပွဲရုံဈေးသည်များထံမှ သိရှိရပါသည်။

       မတ်လ စတုတ္ထပတ်အတွင်း ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၀၀၀၀ မှ ၇၂၀၀၀) ၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၈၀၀၀ မှ ၆၀၀၀၀) ၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၆၀၀၀ မှ ၅၈၀၀၀) ၊ ကြက်သွန်ဖြူအသစ်(ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်(၄၃၀၀၀ မှ ၄၅၀၀၀) ၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာတစ်အိတ် ကျပ် (၄၁၀၀၀ မှ ၄၂၀၀၀) ၊ ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ် ကျပ် (၁၃၀၀၀ မှ ၁၃၅၀၀) ၊ ဂျင်း တစ်ပိဿာ ကျပ် (၂၂၀၀ မှ ၂၃၀၀) ၊ ငရုတ်သီးခြောက် (အိန္ဒိယ)တစ်ပိဿာ ကျပ် (၁၃၀၀၀ မှ ၁၄၀၀၀) ၊ ငရုတ်သီးခြောက်(ဒေသထွက်) တစ်ပိဿာ ကျပ် (၁၇၀၀၀ မှ ၁၈၀၀၀) ၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၇၀၀ မှ ၉၀၀) ၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် (၈၀၀ မှ ၁၀၀၀) ၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် (၈၀၀ မှ ၁၀၀၀) ၊ ခရမ်းချဉ်သီး တစ်ပိဿာကျပ်( ၁၀၀၀ မှ ၁၂၀၀) ၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း) တစ်ပိဿာ ကျပ် (၃၃၀၀ မှ ၃၅၀၀) ၊ငရုတ်သီးစိမ်း(ဒေသထွက်) တစ်ပိဿာကျပ်( ၁၆၀၀ မှ ၁၈၀၀) လက်ကားဈေးတို့ဖြင့်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်၊ မတ်လ ပထမပတ်အတိုင်း ဆန်ဈေးနှုန်း ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး  စားဖိုဆောင်သီးနှံ ဈေးနှုန်းများအနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်၊ ပွဲရုံများထံမှ သိရသည်။

DOCA(ရခိုင်)                               

ဈေးအနည်းငယ်မြင့်လာသည့် ပဲစင်းငုံ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့်ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ  ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုမြို့၊ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစင်းငုံများ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ (တတိယပတ်)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ (တတိယပတ်)၌ ပဲစင်းငုံတစ်တင်းလျှင် (၇၀၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/(၁၅)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစင်းငုံတစ်တင်းလျှင် (၄၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ ပဲစင်းငုံတစ်တင်းလျှင် (၆၉၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ တစ်တင်းလျှင် (၂၆၅၀ဝိ/-)ကျပ်နှင့်  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ တစ်တင်းလျှင် (၁၀၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း