Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“စားအုန်းဆီများ လက်လီလက်ကားဖြန့်ဖြူးရောင်းချမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

              ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သောဝန်ထမ်းများ သည် (၆-၈-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေး နှင့် လေးမျက်နှာဘုရားဝန်း တို့တွင် နေလသုခဆီဆိုင်မှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများအား လက်လီ ၊ လက်ကား ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ကမိမိတို့ဝန်ကြီးဌာနမှစားသုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအား သတ်မှတ် အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊စျေးနှုန်းတည်ငြိမ်စွာဖြင့်ဝယ်ယူစားသုံးနိုင်စေရေးတို့ အတွက်ကြီးကြပ် ထိန်းကျောင်းလျှက်ရှိကြောင်း၊ ယခုဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်စျေး ရည်ညွှန်း လက်ကားစျေးနှုန်းအပေါ်  သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက် မပိုသော စျေးနှုန်းဖြင့်ရောင်းချရမည်ဖြစ်ပြီး စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းချစေရေး ၊ စျေးနှုန်း အဆမတန်မြှင့်တင် ရောင်းချ ခြင်းများမပြုလုပ်စေရေးတို့အတွက် မိမိတို့အဖွဲ့မှကွင်းဆင်းပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည် ။ ကျောက်ဆည်မြို့ရှိ စားသုံးဆီ ဝယ်ယူခွင့်ရရှိသူ ဦးပေါ်လာမှ ကျောက်ဆည်မြို့ ၊ အေးမြကြည်လင်စျေးနှင့်လေးမျက်နှာ ဘုရားဝန်းတို့တွင် စားသုံးသူပြည်သူများ အားစားအုန်းဆီ(၁)ပိဿာလျှင်(၆၁၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

ပြည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် မိုးရာသီဖြစ်၍ ကွမ်းရွက်စျေးနှုန်းကျဆင်း

              ပြည်မြို့နယ်အတွင်းရှိ ကြာအင်း၊ ဖုမ္မသိမ်ရွာ၊ ပေါင်းတလည်မြို့ရှိ ကျေးလက်ဒေသများလည်း ကွမ်းပင်များကို တပိုင်စိုက်ပျိုးမှုရှိသလို စီးပွားဖြစ်လည်းစိုက်ပျိုးလျှက်ရှိပါသည်။ ကွမ်းပင်စိုက်ပျိုးရာ တွင် ကွမ်းခြံတစ်ခြံလျှင် ပျမ်းမျှအားဖြင့် ကွမ်းပင်(၁၀၀၀)ခန့်စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့် တစ်ညွှန့် လျှင် ၁၀၀ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး အပင် (၁၀၀၀)စိုက်ပျိုးလျှင် (အညွှန့်၊ တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားခအပါအဝင်) ကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့် ကုန်ကျသည် ဟုသိရပါသည်။ ကွမ်းပင် စိုက်ပျိုးပြီး (၄၅)ရက်ကြာလျှင် အညွှန့်အသေးလေးများ စတင်ထွက်ပေါ်လာပြီး နောက်ထပ် (၄၅)ရက် ကြာလျှင် စတင်ခူးယူရပါသည်။ ကွမ်းရွက်ကို (၁၅)ရက်တစ်ခါခူးယူရ၍ တစ်လလျှင် (၂)ခါခူးယူရပါသည်။ ကွမ်းတစ်ထောင်စိုက်ပျိုးလျှင် ပျမ်းမျှကွမ်းရွက် ပိဿာချိန်(၃၀) ခန့်ထွက်ရှိပါသည်။ ကွမ်းခြံတစ်ခြံ၏ သက်တမ်းမှာ (၁)နှစ် (သို့မဟုတ်) (၆)လဖြစ်ပြီး ကွမ်းပင်အမျိုးအစားမှာ ဒေသအလိုက်အခေါ်အဝေါ် အမျိုးမျိုးရှိပြီး အများဆုံးစိုက်ပျိုးသည့်မျိုးမှာ ကွမ်းနုဝါမျိုးများ ဖြစ်သည်ဟု သိရပါသည်။ ဈေးကွက်အတွင်း ရောင်းချသည့် ကွမ်းရွက်ဈေးနှုန်းများမှာ ယခုအချိန်တွင် မိုးရာသီဖြစ်သည့်အတွက် ကွမ်းရွက် တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိသဖြင့် ယခင်ဇူလိုင်လ စတုတ္ထပတ်ထက် ကျဆင်းသွားကြောင်း သိရှိရပါသည်။ ကွမ်းရွက်များကို ပြည်မြို့ ဈေးကွက်များအပြင် ရန်ကုန်မြို့နှင့် ရခိုင်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                         

ငှက်ပျောစိုက်ပျိုး ဝင်ငွေတိုး

          ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာ ဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုးရာတွင် တချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏  ဘေးပတ်လည်၊ နောက်ဖေး စသည့်နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် အပင် ငှက်ပျောပင် ၂၀-၅၀ ခန့် စိုက်ပျိုးထားကြပါ သည်။

          ငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးသည့် ဥယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင် တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုး အစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီး နှင့် ဖီးကြမ်းငှက်ပျောသီးများဖြစ်ကြပါသည်။ ငှက်ပျောပင်၏သက်တမ်းမှာ စတင်စိုက်ပျိုးပြီး (၆)လအကြာတွင် အသီးများ စတင်ခုတ်ယူရရှိ ပါသည်။ ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် (၅၀၀)ကျပ်၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများ၌ ထွက်ရှိသော ငှက်ပျောသီးများကို ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင် ရောင်းလည်းရောင်းချပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့် နေပြည်တော်စသည့် မြို့ကြီးများသို့လည်း တင်ပို့ရောင်းချရပါသည်။ ရခိုင်ငှက်ပျောပင်များမှာ အသီးအမှည့်စားသုံးရုံတင်မကဘဲ မုန့်ဟင်းခါးချက်ပြုတ်ရာတွင် ငှက်ပျောအူများထည့်၍ အသုံးပြုကြောင်းသိရှိရပါသည်။ ရခိုင်ငှက်ပျောပင်မှထွက်ရှိလာသည့် ငှက်ပျောဖူးမှာလည်း ကောက်ညှင်း ဆန်မှုန့်ဖြင့် ရောနှောအရသာထည့်သွင်းပြီး ရှမ်းဟင်းထုတ်အမည်ဖြင့်မုန်ထုတ်ကြီး အစာပြေ သရေစာအဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်ဖြူ အရောင်းအဝယ်သွက်

          ပြည်ကြက်သွန်ဖြူပွဲရုံများသို့ တောင်ကြီး၊ အောင်ပန်းနှင့် မန္တလေးဘက်မှ ပုံမှန်အဝင်ရှိ နေကြောင်းသိရှိရပါသည်။ ယခုရက်ပိုင်းတွင် ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ ရှိသည့် အပြင် လက်ပံတန်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်များသို့လည်း အမှာရှိသလောက် ပို့နေရကြောင်းနှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှလည်း အဝယ်ရှိနေပါသည်။ ကြက်သွန်ဖြူ မှာယူသူ များအနေဖြင့် ကြက်သွန်ဖြူဈေးကျလျှင် အသုံးများသည့်အတွက် အိတ် ၁၀၀ခန့်ထိ အဝယ်ရှိပြီး ဈေးတက်လာလျှင် အသုံးလျော့ကာ အိတ် ၂၀သာ ပို့ပေးရကြောင်း သိရှိရပါသည်။ ယခုရက်ပိုင်း အတွင်း ကြက်သွန်ဖြူ ၁ပိဿာကို ၃၀၀ကျပ် ဈေးတက်လာသည့်အတွက် ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် လက်ကား(ပွဲရုံဈေး) ကျပ် ၃၅၀၀-၃၇၀၀၊ လက်လီ ၁ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀ဈေးရှိပြီး ရှမ်းစ ၁ပိဿာလျှင် လက်ကား(ပွဲရုံဈေး) အလုံးအသေး အကြီးပေါ်လိုက်၍ ကျပ် ၂၅၀၀-၃၀၀၀-၃၅၀၀-၄၀၀၀၊ လက်လီ ၁ပိဿာလျှင် အရော ကျပ် ၃၅၀၀-၄၀၀၀ဈေး ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရာသီပေါ်တို့စရာ သရက်ကင်းနှင့် ပြည် အာလူးအရောင်းအဝယ်ပုံမှန်ဖြစ်

          ပြည်ဈေးကွက်တွင် ဩဂုတ်လ မှစ၍  တို့စရာအဖြစ်အသုံးပြုရသော သရက်ကင်းများ စတင်ဝင်ရောက်လာခဲ့ပါသည်။ သရက်ကင်းမှာ လူအကြိုက်များသော တို့စရာတစ်မျိုးဖြစ်ပြီး ပြည်မြို့အနီး တဝိုက်ရှိကျေးရွာများတွင် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော သရက်ကင်းများကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားသောဈေးများတွင် ရောင်းချလျှက်ရှိပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ ပေါ်ခါစတွင် တစ်ဆယ်ကျပ်သားကို ၅၀၀ကျပ် ဖြစ်ပြီး တစ်ပိဿာလျှင် ၄၀၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရှိိရပါသည်။ စားသုံးသူများရှိသဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါ သည်။

          ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်မှာ ရှမ်းအားလူးများဈေးငြိမ်လျှက်ရှိပါသည်။ ပြည်အာလူး ပွဲရုံများမှလည်း မိမိတို့အရောင်းအဝယ်ဖြစ်သည့် အာလူးပိဿာချိန်ကိုသာ ပြန်လည် မှာယူတင်သွင်းရောင်းချကြောင်း သိရှိရပါသည်။ ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများဖြင့်သာ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားခရိုင်နှင့် တိုင်းများသို့ ကြက်သွန်ဖြူနှင့် တွဲ၍လည်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် အာလူးတစ်ပိဿာလျှင် လက်ကား (ပွဲရုံဈေး) အရည်အသွေးပေါ်မူတည်၍ ကျပ် ၁၅၀၀-၁၇၀၀-၁၈၀၀-၂၀၀၀ ဈေးရှိပြီး လက်လီ တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀ ဈေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင် ပဲမျိုးစုံဈေးတက်လျှက်ရှိ

         ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လအစတွင် ပဲဈေးများတက်လျှက်ရှိပြီး အရောင်းအဝယ်ရှိသောပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ တို့ဖြစ်ပါသည်။  

      ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လအစမှာ မတ်ပဲပိဿာ(၂၀)ဝင် တစ်တင်းကို  ၅၄၅၀၀-၅၅၀၀၀ ကျပ်ဖြင့် တစ်ရက်ကို ၁၅၀/၂၀၀ခန့် အရောင်းအဝယ် ဖြစ်ပြီး  ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပါသည်။ ဒုတိယပတ်တွင် မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို (၅၈၅၀၀-၅၉၀၀၀-၅၉၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။

         ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး ပဲတစ်တင်းကို ၄၉၅၀၀-၅၀၀၀၀-၅၀၅၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံဈေး ပိုတက်လာပြီး ပဲတစ်တင်းကို (၅၈၀၀၀-၅၈၅၀၀-၅၉၀၀၀)ကျပ်ဖြင့် အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်တင်ပို့လျှက်ရှိပါသည်။

         ကုလားပဲသီးနှံဈေးမှာ ဩဂုတ်လ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၅၃၀၀၀- ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၃၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ ရန်ကုန်ဝယ်လက်တို့ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀/၄၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လကထက် ဈေးတက် လာခဲ့ပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ နှင့် တစ်ခါတစ်ရံနယ်စုံ တင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၃၀၀ ခန့် အဝယ်ရှိပါသည်။

          ဩဂုတ်လပထမပတ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို (၆၇၀၀၀၊၆၈၀၀၀၊၇၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လ ဒုတိယပတ်တွင်  ပဲကြီး(ကမ်းနား) တစ်တင်းကို ၆၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ဩဂုတ်လ အစတွင် ဘိုကိတ်ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး တစ်တင်းကို ၃၇၀၀၀-၃၈၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို  အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ 

          ဩဂုတ်လပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၉၈၀၀၀-၁၀၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ် ၃၀/၄၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို  ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲများ ပုံမှန်အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်တွင် နွေစပါးဈေး ဆက်လက်အေး

         ပြည်ခရိုင်ရှိနွေစပါးဈေးမှာ ယခုဩဂုတ်လ ဒုတိယပတ်တွင် ပေါင်းတည်မြို့နယ်တွင် တင်း၁၀၀လျှင် ၇၅၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ၇၈၀၀၀၀ကျပ်၊ ပြည်မြို့နယ်တွင် ၇၉၀၀၀၀ ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ၇၅၀၀၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ၇၃၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ သည်။ စပါးဈေးငြိမ်နေသော်လည်း  အရောင်းအဝယ်မှာလည်း အေး၍ နေပါသည်။ ဆန်ဈေးအနေဖြင့်  နွေဆန်များမှာ မြင့်တက်ခြင်းမရှိသောကြောင့် စပါးဈေးနှင့်ဆန်ဈေး တွက်ခြေကိုက်မှု မရှိသည့်အတွက် ဆန်ကုန်သည်များမှာ စပါးဝယ်ယူကြိတ်ခွဲ ရောင်းချမှု မရှိသည့် အတွက် စပါးဈေးမှာ ဆက်လက်ငြိမ်နေခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ မြှင့်တက်လျက်ရှိ

            ကယားပြည်နယ်တွင် ဆန်/စပါးသည် အဓိကစိုက်ပျိုးသောသီးနှံ တစ်မျိုးဖြစ်ပြီး ပြည်နယ်တွင်း ထွက်ရှိသောဆန်များကို အခြားဒေသများသို့ တင်ပို့ခြင်း အခြားဒေသများမှ ဆန်များကို တင်သွင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ရှိပြီး အခြားဒေသမှ ဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၇၇၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ဇီယာတစ်အိတ်လျှင် (၄၂၀၀၀) ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ၊ ယခင်ဇူလိုင်လ ဒုတိယပတ်တွင် ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၄၆၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၆၇၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ ဇီယာတစ်အိတ်လျှင် (၃၈၀၀၀) ကျပ်ခန့် ရှိခဲ့ပြီး ယခင်ဇူလိုင် ဒုတိယပတ်နှင့် ယခု ဩဂုတ်လ ဒုတိယပတ် နှိုင်းယှဉ်လျှင် တရုတ်မွှေး တစ်အိတ်လျှင် (၂၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၄၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၂၃၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၁၂၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၃၀၀၀) ကျပ်၊ ဇီယာတစ်အိတ်လျှင် (၄၀၀၀) ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ စိုက်ပျိုးထွက်ရှိရာ ဒေသများတွင် စိုက်ပျိုးထွက်ရှိမှု ကျဆင်းလာခြင်း၊ လုပ်သားခနှင့် သွင်းအားစုများ ဈေးနှုန်းမြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)

 

အရောင်းအဝယ်သမားတို့ လက်ဝယ်ရှိ ပြည်မန်ကျည်းမှည့်နှင့် ပြည်ချင်းပွဲရုံသို့ ချင်းအိတ်ဝင်ရောက်မှုနည်းလာ

          ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် ဒေသထွက် မန်ကျည်းမှည့်များဝင်ရောက်မှုမရှိတော့ဘဲ လှောင်မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရပါသည်။ လက်ကျန် မန်ကျည်းမှည့်ကို ဒေသတွင်းလက်လီအရောင်းသမားများသာ အဝယ်ရှိနေပါသည်။ ယခုအပတ် မန်ကျည်းမှည့် (ပွဲရုံ) တစ်ပိဿာဈေး ၃၈၀၀ကျပ်နှင့် လက်လီဈေး ၄၅၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျှက် ရှိနေပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် (လက်ကား)ဈေး ၃၂၀၀ကျပ်နှင့် လက်လီဈေး ၃၅၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။

        ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်တွင်  ချင်းပွဲရုံများသို့ ချင်းဝင်ရောက်မှု ပုံမှန်ရှိနေသော်လည်း ချင်းအိတ်အဝင်နည်းလာသည်ဟု လို့သိရပါသည်။ ယခင်အပတ်တွင် အဝင်လှိုင်နေပြီး၊ ယခုအပတ်အဝင်နည်းလာသောကြောင့် ချင်းဈေးလည်း တစ်ပိဿာပေါ်တွင် ၂၀၀/၃၀၀ကျပ် ထိုးတက် လာသည်ကို တွေ့ရပါသည်။ ယခုအပတ် ချင်းပွဲရုံဈေး ၁၂၀၀-၁၃၀၀ကျပ်နှင့် လက်လီ ဈေးမှာ ၂၀၀၀-၂၂၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာလျှင် ၂၃၀၀-၂၅၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်နီဈေး ဆက်လက်မြင့်တက်ပြီး

             ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် အပတ်ထက် ကျပ်၂၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်း၊ အောင်လံ၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၄၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပြီး ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်း၍ ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်တွင် ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၁၈၀၀-၁၉၅၀-၂၁၅၀ တို့ရှိပြီး လက်လီဈေးအသေးများတွင် ကြီး/လတ်/သေး ကျပ် ၂၀၀၀-၂၂၀၀-၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း