Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၆.၃.၂၀၂၄ )

     ၆.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၆.၃.၂၀၂၄ )

    ၆.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၃.၂၀၂၄ )

      ၆.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ် (၂၀၀၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၃၀၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၈၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ(၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၉၀)ကိုလည်းကောင်း နှမ်းသီးနှံမှာ ဖေဖော်ဝါရီလ(ပထမပတ်)မှ (စတုတ္ထပတ်)အထိ ဈေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၈၆၀၀၀-၉၅၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၇၀၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၈၃၀၀၀-၉၅၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၄၅၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၁၀၀၀-၉၆၅၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၁၅၀)အိတ်ကိုလည်းကောင်း၊ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၁၅၆၀၀-၁၂၄၅၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၇၀၀)အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၆၈၀၀၀-၇၈၅၀၀)ဖြင့် (၃၀) ပိဿာပါ အိတ်(၈၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၆၈၀၀၀-၇၅၀၀၀) ဖြင့် (၃၀)ပိဿာပါ အိတ်(၅၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၅၈၀၀၀-၆၃၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၃၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၉၂၀၀၀-၁၂၄၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၀၀)အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ် (၆၈၀၀-၆၉၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၆၀၀)အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၇၂၀၀-၈၀၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၁၀၀)အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁) တင်းလျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)ဖြင့် (၂၇၀၀)တင်းကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ် (၃၁၀၀-၃၄၀၀)ဈေးနှုန်းဖြင့် ပိဿာ(၁၅၀၀၀) အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။ ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ်ထွက်ရှိလျက်ရှိပြီး ပဲမျိုးစုံသီးနှံမှာလည်း ဖေဖော်ဝါရီလ(ပထမပတ်)မှ (စတုတ္ထပတ်) အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး အရောင်းအဝယ်ခပ်ပါးပါးမျှသာရှိကြောင်းနှင့်  ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပြာ၊ ပဲစင်းငုံနီနှင့် ဝါသီးနှံတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းနက်စမုံ၊ နှမ်းပြာ၊ နှမ်းဖြူတို့ကို မန္တလေးမြို့သို့လည်းကောင်း၊ နှမ်းနီကို အောင်လံမြို့နယ်တွင်းရှိ ဆီစက်လုပ်ငန်းရှင်များသို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၏ အိမ်တွင်းလက်မှုသံသေတ္တာလုပ်ငန်းအကြောင်းတစေ့တစောင်း

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် မြေလတ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ၊ ရေနံလုပ်ငန်းများအပြင် စားသောက်ကုန်လုပ်ငန်းများနှင့် အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသလို လုပ်ငန်းကြီးများအဖြစ် တိုးချဲ၍လည်းလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။

      အထက်မင်းလှမြို့ပေါ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်ရှိပြီး စီးပွားရေးလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ကြသည့်အနက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဖြစ်သော သံသေတ္တာလုပ်ငန်းကိုလုပ်ကိုင်သည့် လုပ်ငန်းရှင်မှာ (၂)ဦးရှိပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်သည့်လုပ်ငန်းရှင်မှာ (၆)ဦးခန့်ရှိကြောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ဦးကျော်ဦးပိုင်ဆိုင်သည့် ဆန်းသစ်သံသေတ္တာလုပ်ငန်းမှာ မိဘလက်ထက်ကတည်းကလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းသက်တမ်းအနေဖြင့် နှစ်ပေါင်း(၅၀)နီးပါးရှိပြီဖြစ်ကြောင်းသိရှိရပါသည်။ ထုတ်လုပ်ရောင်းချသည့် လူသုံးကုန်ပစ္စည်းများမှာ သံသေတ္တာအမျိုးမျိုး၊ ဆန်ထည့်ပုံးများ၊ အပင်ရေလောင်းသည့်ရေပန်းများ၊ စားဆီထည့်သည့်ကတော့များ၊ ဓာတ်ဆီထည့်သည့် ဂါလန်ပုံးများနှင့် ကတော့များ၊ ရွှေကျင်သည့်ဗန်းများ၊ စားဆီချင်တွယ်သည့်ဆီမှုတ်များ၊ ရေခဲပုံးများနှင့် ကျောက်စည်အဖုံးများထုတ်လုပ်ရောင်းချကြောင်း၊ အသုံးပြုရသည့်ကုန်ကြမ်းများမှာ ပေပါအဟောင်းများ၊ သွပ်ပြားအပါးများ၊ သံညိုပြားများနှင့် သံပြားပါးများ၊ ဆေးပုံးများဝယ်ယူအသုံးပြုကြောင်း၊ သန့်သည့်ဆီပေပါအဟောင်းတစ်လုံးလျှင် ကျပ်(၂၀၀၀၀)၊ အနည်းငယ်ညံ့သည့် ဆီပေပါတစ်လုံးလျှင် ကျပ်(၁၈၀၀၀)၊  (မီးရှို့ပြီး ပိုင်းပြီးသား)ကတ္တရာပေပါတစ်လုံးလျှင် ကျပ်(၁၂၀၀၀)၊ သွပ်ပြားအပါးကို ရန်ကုန်မှဝယ်ယူရပြီး တစ်ပိဿာလျှင် ကျပ်(၄၇၀၀)၊ သံပြား၊ သံညိုပြားများကို တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၅၀၀)၊ သုတ်ဆေးတစ်ဘူးလျှင် ကျပ်(၁၀၀၀၀မှ ၅၀၀၀၀)အထိဈေးပေး၍ ဝယ်ယူရကြောင်း၊ မိမိသံသေတ္တာလုပ်ငန်းအနေဖြင့် တစ်နှစ်လျှင် ကုန်ကြမ်းအနေဖြင့် ပေပါအလုံးရေ (၇၀၀)ခန့်အသုံးပြုရကြောင်း၊ ထုတ်ကုန်များကို ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းအနေဖြင့် သံသေတ္တာတစ်လုံးလျှင် အကြီး၊ အလတ်၊ အသေး စသည့်အရွယ်အစားအလိုက် ကျပ်(၂၇၀၀၀မှ ၂၀၀၀၀၀)ကျော်၊ ဆန်ထည့်သည့်ပုံးများကို အကြီး၊ အသေးအလိုက် ကျပ်(၇၀၀၀မှ ၁၂၀၀၀)၊ စားဆီထည့်သည့် ကတော့မှာ အကြီး၊ အသေးအလိုက် ကျပ်(၁၅၀၀-၃၀၀၀-၅၀၀၀)၊ ဓာတ်ဆီထည့်သည့် ကတော့အကြီးတစ်ခုလျှင် ကျပ် (၂၅၀၀၀)၊ ကျောက်စည်အဖုံး(အကြီး၊ အသေးအလိုက်)တစ်ခုလျှင် ကျပ်(၅၀၀၀-၁၅၀၀၀)မှ ကျပ် (၂၀၀၀၀)ကျော်၊ ရေပန်းတစ်ခုလျှင် အကြီး၊ အသေးပေါ်မူတည်၍ ကျပ်(၃၅၀၀-၄၅၀၀-၇၅၀၀-၁၀၀၀၀)၊ ရေခဲပုံးတစ်ပုံးလျှင် အကြီး၊ အလတ်၊ အသေးဟူ၍ရှိပြီး ပုံးအထဲတွင် ဖော့ပါခံထားပြီး တစ်ပုံးလျှင် ကျပ်(၂၀၀၀၀မှ ၂၅၀၀၀)၊ ဓာတ်ဆီထည့် ဂါလံတစ်ခုလျှင် ကျပ်(၆၀၀၀)၊ ရွှေကျင်သည့် ဗန်းတစ်ချပ်လျှင် ကျပ်(၁၅၀၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ကုန်ကြမ်းနှင့် အော်ဒါမှာယူကြသည့်အပေါ်မူတည်၍ ဈေးအနိမ့်အမြင့်ကွာခြားချက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်အပြင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်း၊ ရောင်းအားအနေဖြင့် ပုံမှန်တစ်လလျှင် ကျပ်(၂၀၀၀၀၀)အထက် ရောင်းချရလေ့ရှိကြောင်း၊ မင်္ဂလာဆောင်များ၊ အလှူပွဲများနှင့် ကျောင်းဖွင့်ချိန်ကာလများတွင် သံသေတ္တာရောင်းအားမှာ အရောင်းရဆုံးကာလများပင်ဖြစ်ကြောင်း၊ ယခင်က မိမိသံသေတ္တာလုပ်ငန်းတွင် အလုပ်သမားဦးရေမှာ (၂၀)ဦးခန့်ရှိပြီး ကိုဗစ်ကာလတွင် လုပ်ငန်းအခက်အခဲများဖြစ်ပေါ်ခဲ့သောကြောင့် ယခု ၂၀၂၄ခုနှစ်တွင် အလုပ်သမားဦးရေမှာ (၂)ဦးခန့်သာရှိကြောင်း၊ အလုပ်သမားတစ်ဦး၏ လုပ်အားခမှာ တစ်နေ့လျှင် သံသေတ္တာလုပ်နိုင်သည့် အရေအတွက်ပေါ်မူတည်၍ အနည်းဆုံး ကျပ်(၂၅၀၀၀)ပေးရကြောင်း၊ သံသေတ္တာပြုလုပ်ရာတွင် အသုံးပြုရသည့် တစ်လက်မခန့်အထူရှိသည့် ပေခုံတစ်ချပ်လျှင် ကျပ်(၃၀၀၀၀၀) ခန့်ပေးရကြောင်း၊ ယခုအချိန်တွင် သံသေတ္တာလုပ်ငန်းကို လုပ်ကိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သိန်း(၅၀)အထက်ကုန်ကျနိုင်ကြောင်း၊ ယခင်နှစ်ထက် ယခု၂၀၂၄ခုနှစ်တွင် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လာသည့်အတွက် ထုတ်လုပ်ရောင်းချသည့် ကုန်ချောပစ္စည်းဈေးနှုန်းများမှာလည်း မြင့်တက်လာကြောင်း၊ မိမိလုပ်ငန်းမှာ လုပ်ငန်းလိုင်စဉ်မှတ်ပုံတင်ထားပြီး လုပ်ငန်းတိုးချဲ့ရန် ရည်ရွယ်ချက်ရှိကြောင်း၊ သံသေတ္တာလုပ်ငန်းအပြင် စိုက်ပျိုးရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကိုလည်းလုပ်ကိုင်ကြောင်း အမှတ်(၄)ရပ်ကွက်နေ သံသေတ္တာလုပ်ငန်းပိုင်ရှင် ဦးကျော်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၅.၃.၂၀၂၄ )

    ၅.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၅.၃.၂၀၂၄ )

   ၅.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၀/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၃.၂၀၂၄ )

     ၅.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မင်းဘူးမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

        မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       မင်းဘူးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်ရှိရာဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၈၁၅)၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ် (၂၉၂၅)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၂၆၄၀)၊ ဒီဇယ်ပရီမီယံ(၁)လီတာလျှင် ကျပ်(၂၆၉၀)နှုန်း ဖြင့် ရောင်းချခဲ့ပြီး (စတုတ္ထအပတ်)တွင် ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၈၁၅)၊ ဓာတ်ဆီ(95) (၁)လီတာလျှင် ကျပ်(၂၉၃၅)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၂၆၁၀)၊ ဒီဇယ်ပရီမီယံ(၁)လီတာလျှင် ကျပ်(၂၆၅၅)ဖြစ်၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက  ယခုတစ်ပတ်တွင် ဓာတ်ဆီ(95)(၁) လီတာလျှင် ကျပ်(၁၀) ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ် (၃၀)၊ ဒီဇယ်(ပရီမီယံ)(၁)လီတာလျှင် ကျပ်(၃၅)ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကာ ဓာတ်ဆီ (92)မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း