Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အများစုဈေးကျ

      တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ငရုတ်သီးစိမ်း (ကျောက်စိမ်း)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

      ခရမ်းသီး (အဖြူ)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၄၀၀ကျပ်မှ ၁၆၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်အထိ၊ ခရမ်းသီး (အညို)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင်  ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။      

      ဒေသသခွားသီးမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

        ဂေါ်ဖီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မုံညင်းဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ မုန်လာဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၃.၂၀၂၄ )

    ၇.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၇.၃.၂၀၂၄ )

    ၇.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၇.၃.၂၀၂၄ )

   ၇.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းကျဆင်း၍ ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်ဈေးနှုန်းတို့မြင့်တက်

      တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာပြီး စားအုန်းဆီကိုမူ တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်နီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၂၀၀ကျပ်၊ အကြီး ၃၆၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀ကျပ်၊ အလတ် ၂၀၀၀ကျပ်၊ အကြီး ၂၃၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

      ကြက်သွန်ဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် အသေး ၁၂၀၀၀ကျပ်၊ အလတ် ၁၅၀၀၀ကျပ်၊ အကြီး ၁၇၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၁၇၀၀၀ကျပ်၊ အလတ် ၁၈၀၀၀ကျပ်၊ အကြီး ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး တရုတ်ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းကျဆင်းလာပါသည်။

        အာလူးမှာ ယခင်ဖေဖော်ဝါရီလ တတိယပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၂၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၂၃၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်း လျော့ည်းလာခဲ့ပါသည်။  

      ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငရုတ်သီးခြောက်အပွမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

      မြေပဲဆန်(အဖြူ)မှာ ယခင်ဖေဖော်ဝါရီလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၆၇၀၀ကျပ်မှ ၇၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး မြေပဲဆန် (အနီ) တစ်ပြည်လျှင်၈၀၀၀ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ပဲတောင့်ရှည်သီးနှင့် ဂေါ်ဖီနှင့် မရမ်းသီးဈေးကျ

     တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ အခြားဒေသများနှင့် အနီးအနားဝန်းကျင်ရှိမြို့များမှ ဒေသထွက်သီးနှံများကို လာရောက်ရောင်းချလျက်ရှိပါသည်။ ပဲတောင့်ရှည်သီးမှာ ယခင်ဇန်နဝါရီလတွင် (၇၅) တောင့်ပါတစ်စည်းလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိပေးရသော်လည်း ယခုဖေဖော်ဝါရီလတွင် (၇၅) တောင့်ပါတစ်စည်းလျှင် ၈၀၀ကျပ်၊ နှစ်စည်းယူလျှင် ၁၅၀၀ကျပ်အထိဈေးနှုန်း ကျဆင်းလာပါသည်။

      ဂေါ်ဖီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလတွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။ မရမ်းသီးမှာ ပေါ်ခါစအချိန်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်အထိရှိခဲ့ပါသည်။

      ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မရမ်းသီးများလှိုင်လှိုင်ပေါ်လာပြီဖြစ်သဖြင့် ထောင်းစားသည့်အရွယ် တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ကျပ်၊ တစ်ပိသာလျှင် ၉၀၀၀ကျပ်၊ အလုံးအကြီးမှာ တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာကြောင်း၊ လာမည့်အပတ်တို့တွင်လည်း မရမ်းသီးဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး စပါးဈေးနှုန်းအနည်းငယ်ကျ

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဒေသထွက်ပေါ်ဆန်းဆန်မှာ ယခင်ဇန်နဝါရီလတွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ ဧည့်မထဆန်မှာ ယခင်ဇန်နဝါရီလတွင် တစ်အိတ်လျှင် ၇၅၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်မှ ၈၇၀၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။

      စပါးဈေးနှုန်းမှာ ယခင်ဇန်နဝါရီလတွင် ဆန်စက်အရောက် တင်း၁၀၀လျှင် ကျပ်၂၁သိန်းမှ ကျပ်၂၂သိန်းအထိရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလတွင် တင်း၁၀၀လျှင် ကျပ်သိန်း၂၀ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

     ဆန်ကွဲအကြီး (ရိုးရိုး) မှာ တစ်အိတ်လျှင် ၅၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကာလာပေါလစ်တင်တစ်အိတ်လျှင် ယခင်ဇန်နဝါရီလတွင် ၆၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၆၅၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာပါသည်။ ဆန်ကွဲအသေးမှာ ယခင်ဇန်နဝါရီလတွင် တစ်အိတ်လျှင် ၄၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလတွင် ၄၅၀၀၀ကျပ်၊ ဖွဲနုမှာ ယခင်လတွင် တစ်အိတ်လျှင် ၁၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလတွင် တစ်အိတ်လျှင် ၁၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

      မတ်ပဲ(ပိဿာ၃၀)မှာ တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပဲလွန်းဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်မှ ယခုဖေဖော်ဝါရီလ နောက်ဆုံး ပတ်တွင် ၁၀၀၀၀၀ကျပ်၊ ပဲတီစိမ်းမှာ ယခင်ဇန်နဝါရီလတွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်၏ ဖရဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာတွင် ဖရဲသီးများစိုက်ပျိုးထားကြောင်းသိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၈-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖရဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်ကိုသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းလေ့လာရာတွင် ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာနေ ဖရဲစိုက်ပျိုးသည့် တောင်သူ ဒေါ်နန်းခမ်းမှာ ၎င်းအနေဖြင့် ဖရဲတစ်ဧကစိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ ကလေးဖရဲမျိုးဖြစ်ကြောင်း၊ ဖရဲတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁၁၂၂၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ကုန်ကျစရိတ်အသေးစိတ်မှာ စိုက်ပျိုးထွန်ယက်ခအနေဖြင့် (၁)စပ်လျှင် (၁)သိန်းကျပ်ဖြင့် (၂)စပ်ထွန်ယက်ခအတွက် (၂)သိန်းကျပ်ကုန်ကျပါသည်။ မျိုးမှာ တစ်ဧကလျှင် နို့ဆီဘူး(၄)ဘူးကုန်ကျပြီး တစ်ဘူးလျှင် (၂၈၀၀၀)ကျပ်ဖြင့် စုစုပေါင်း ၁၁၂၀၀၀ကျပ်ကုန်ကျပြီး စိုက်ကျင်းတူးခမှာ ၇၅၀၀၀ကျပ်၊ ပိုးသတ်ဆေးဖျန်းခမှာ ၆၀၀၀၀ကျပ်၊ မြေဩဇာ(၃)မျိုးစပ်တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ၃၆၀၀၀၀ကျပ်၊ အပင်စိုက်ခမှာ ၁၇၅၀၀၀ကျပ်နှင့် ရေလောင်းခမှာ ၅၀၀၀၀ကျပ်ဖြင့် စုစုပေါင်း ၁၁၂၂၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ယခုအချိန်၌ ထိုစိုက်ခင်းတွင် ဖရဲသီးများထွက်ပေါ်ခြင်းမရှိသေးဘဲ အသီးကင်းများသာထွက်ပေါ်ကြောင်းတွေ့ရှိရပါသည်။ ဖရဲသီးများထွက်ပေါ်ချိန်ရောက်လျှင်လည်း အထွက်ကောင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးများစတင်စိုက်ပျိုး

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလမှစ၍ နွေစပါးများစတင်စိုက်ပျိုးလျက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် လျာထားသည့် နွေစပါးစိုက်ဧကမှာ ၁၁၃၄၄ဧကဖြစ်ပြီး ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ၃၉၅၁ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရပါသည်။ ပေါက်ခါင်းမြို့နယ်တွင် အဓိကစိုက်ပျိုးသော စပါးမျိုးများမှာ GW-11 မျိုးနှင့် ထိုင်းနှံကောက်မျိုးတို့ဖြစ်ပြီး အခြားစပါးမျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးကြောင်းသိရပါသည်။ နွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ကျဲခင်း စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးစိုက်ပျိုးကြပါသည်။ နွေစပါးတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ Seeder စနစ်ဖြင့်စိုက်ပျိုးပါက ၂၂၀၀၀၀ကျပ်ခန့်ကုန်ကျပြီး ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် ကျပ်(၄)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ စပါးအထွက်နှုန်းအနေဖြင့် ကျဲပက်ခင်းနှင့် ပျိုးထောင်ခင်းတို့မှာ အထွက်နှုန်းတူသော်လည်း ကျဲပက်ခင်းမှာ ကုန်ကျစရိတ်နည်းသဖြင့် တောင်သူအများစုမှာ ကျဲပက်ခင်းကိုသာအသုံးပြု၍ စိုက်ပျိုးကြောင်းသိရပါသည်။ ယခင်နှစ် နွေစပါးရာသီတွင် ပေါ်ခါစ၌ တင်း(၁၀၀)လျှင် ကျပ်(၁၁)သိန်းဈေးနှုန်းဖြင့် စတင်ဈေးဖွင့်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးများတွင် ရွှေတောင်ဘက်မှ ခရမ်းညိုသီးများလာရောက်ရောင်းချ

     ပြည်မြို့ရှိဈေးကွက်များတွင် ခရမ်းညိုသီးများကို ဈေးနှုန်းသက်သာစွာရောင်းချနေသည်ကိုတွေ့ရပါသည်။ ထိုခရမ်းညိုသီးအရှည်သီးများကို ရွှေတောင်ဘက်ရှိ ကျေးရွာများ၌စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် ခရမ်းသီးထွက်ပေါ်ချိန်ဖြစ်၍ လာရောက်ရောင်းချကြောင်းသိရပါသည်။ ယခုအချိန်တွင်ထွက်ပေါ်သော ခရမ်းသီးများမှာ အထွက်နှုန်းကောင်းမွန်၍ အထွက်လှိုင်သဖြင့် ဈေးနှုန်းကျဆင်းနေကြောင်းသိရပါသည်။ ယခင်ခရမ်းသီးများရှားပါးချိန်တွင် ခရမ်းသီးတစ်လုံးလျှင် (၃၀၀-၄၀၀)ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပိဿာချိန်ဖြင့်ရောင်းချကာ တစ်ပိဿာလျှင် အလုံးကြီး(၇) လုံးခန့်ပါဝင်ပြီး (၇၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်းများကျဆင်းလာပါသည်။

      ခရမ်းသီးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းကောင်း၍ ဈေးလျှော့ရောင်းချရသော်လည်း အကျိုးအမြတ်မှာ မနည်းဘဲ ဝင်ငွေများရရှိပြီး စားသုံးသူများအနေဖြင့်လည်း ဝယ်ယူစားသုံး၍ ဈေးသင့်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း