Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသောလည်း ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

    ၂၀၂၄ ခုနှစ်၊ မတ် လ ဒုတိယပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ခရမ်းချဉ်သီးစိုက်ပျိုး တောင်သူ ဦးပလိုင်းက ခရမ်းချဉ်သီး တစ်ဧကလျှင်  ၁၀၀ ဂရမ်နှုန်း ပျိုးထောင်ရင် အပင်အရေအတွက် ( ၉၀၀၀ မှ ၁၀၀၀၀ )ထိ ဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းချဉ်သီး တစ်ပင်လျှင် (၃) ပိဿ မှ (၆) ပိဿာ အထိ ထွက်နှုန်းရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၈၀၀ ၊ ၂၀၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ   ( ၁၅၀၀ ၊ ၁၈၀၀ ) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၊၁၀၀၀ ) ကျပ်၊ အလုံးသေး ဈေးနှုန်း တစ်ပိဿာလျှင်  ( ၆၀၀၊၈၀၀ ) ကျပ် တို့ ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

      ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် မတ်လ ဒုတိယပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ခင်းမှတပြိုင်တည်း လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည် ။

DOCA(ကရင်)

 

ကျွန်းလှမြို့တွင် မြေအောက်ရေတင်စနစ်ဖြင့် ဂန္ဓမာပန်းပင်စိုက်ပျိုးဝင်းငွေတိုး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းပင်ကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။

     ဂန္ဓမာပန်းပင်စိုက်ပျိုးရန်အတွက် ဂန္ဓမာပန်းပျိုးပင်သက် (၁)လခွဲသားအပင်များကို ပြင်ဦးလွင်မြို့မှမှာယူကာ အိမ်အရောက် တစ်ပင်လျှင် (၂၅)ကျပ်ဖြင့်ဝယ်ယူရကြောင်း ယခု ကျွန်းလှမြို့တွင် စိုက်ပျိုးထားသော ဂန္ဓမာပန်းအမျိုးအစားများမှာ မြနှင်းဖြူမျိုး၊ စံပယ်ဖြူမျိုးနှင့် ပဲနီမျိုးတို့ဖြစ်ကြပြီး  ဂန္ဓမာပန်းပင်စိုက်ပျိုးမှုပုံစံမှာ မြေအကျယ်အဝန်း (၆၀)ပေပတ်လည်တွင် မြေပေါင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိုးကာ အပင်အရေအတွက် (၂၅၀၀)ခန့်စိုက်ပျိုးနိုင်ကြောင်း၊ ဂန္ဓမာပန်းပျိုးပင်ဝယ်ယူခြင်း၊ မြေပေါင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစုထည့်ခြင်း၊ ရေတင်သွင်းခြင်းတို့အတွက် ကုန်ကျစရိတ်စုစုပေါင်း ကျပ်(၁၅၀၀၀၀) ကုန်ကျကြောင်း၊ ယခုလက်ရှိ ချိုးရောင်းနေသော ဂန္ဓမာပန်းပင်သည် အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ဂန္ဓမာပန်းပင်များကိုချိုး၍ ရောင်းချရနေပြီဖြစ်ကြောင်း၊ ဂန္ဓမာပန်းသည်  စိုက်ပျိုးပြီး (၅)လအကြာတွင် စတင်ချိုးယူခူးဆွတ်ရောင်းချရကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပြီး ပြုစုပျိုးထောင်နိုင်မှုအားကောင်းလျှင် (၃)သားလောက်အထိ ချိုးယူခူးဆွတ်ရောင်းချရကြောင်း၊ တစ်ခါချိုးယူခူးဆွတ်ပြီးသည့်ပန်းခင်းကို ဒုတိယအကြိမ် သွင်းအားစုထည့်ပြီး ပြုစုပျိုးထောင်လျှင် (၃)လကြာသည့်အခါ ပြန်လည်ချိုးယူ၍ရောင်းချရကြောင်း၊ဂန္ဓမာပန်းများကို တစ်စည်းလျှင် ဖောက်သည်ပေးသည့်ဈေးနှုန်းမှာ ကျပ်(၅၀၀)နှုန်းနှင့် တစ်ရက်လျှင် အစည်းအရေအတွက် (၁၀၀မှ ၁၅၀)စည်းထိရောင်းချရကြောင်း၊ စားသုံးသူများထံ လက်ဝယ်ရောင်းချသည့်ဈေးနှုန်းမှာ ကျပ်(၈၀၀/၁၀၀၀)ဖြစ်ပြီး တစ်ရက်လျှင် ရောင်းရငွေမှာ ပျှမ်းမျှအားဖြင့် ကျပ်(၅၀၀၀၀)ရရှိပြီး တစ်လရောင်းရငွေမှာ ကျပ်(၁၅,၀၀,၀၀၀)ရရှိကြောင်း၊ တစ်ခါစိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရကြောင်း၊ ထို့ကြောင့် ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများမှာ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် အမြတ်အစွန်းမှာ ကျပ် ( ၁၃,၅၀,၀၀၀)ခန့်ကျန်ရှိကြောင်း  ဂန္ဓမာပန်းစိုက်ပျိုးသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ ကုလားပဲဈေးတရိပ်ရိပ်နှင့်မြင့်တက်လာ

    မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ မေလ ဆန်းပိုင်းမှစ၍ ကုလားပဲသီးနှံများဖြစ်သည့် (V3,V2,929,ထိုင်ဝမ်) ပဲများမှာ တရိပ်ရိပ်နှင့်ဈေးနှုန်းမြင့်တက်လာသည့်အတွက် တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။ ကုလားပဲဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ပွဲရုံကုန်သည်များထံ အပ်နှံထားသည့်တောင်သူများမှာလည် လက်ရှိတက်ဈေးကို အားရကျေနပ်သည့်အတွက် ဈေးဖြတ်တောင်သူများလာကြောင်း ကုန်သည်ရပ်ဝန်းမှ လေ့လာသိရှိရပါသည်။

     ကုလားပဲကို ပြည်ပမှဝယ်လိုအားရှိနေသကဲ့သို့ ပြည်တွင်းပဲခွဲစက်များနှင့် ကြာဇံစက်များ၌လည်း ကုန်ကြမ်းဝယ်ယူစုဆောင်းမှုများရှိနေသည့်အတွက် ကုလားပဲဈေးနှုန်းမြင့်တက်လာကြောင်း ပဲကုန်သည်များထံမှသိရသည်။ ယခုမေလ စတုတ္ထပတ်အတွင်း၌ ကုလားပဲဖြူလုံးကြီး (V3) တစ်တင်းလျှင် (၅၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး (V2) တစ်တင်းလျှင် (၄၈၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၆၀၀၀) ကျပ်နှင့် ထိုင်ဝမ်တစ်တင်းလျှင် (၄၄၇၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲတစ်တင်းလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်းသိရသည်။

      ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ တစ်ရက်လျှင် ကုလားပဲအိတ် (၅၀၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့ကြီးများ၌လည်း ဝယ်ယူလျက်ရှိကြောင်း ကုန်သည်ရပ်ဝန်းမှသိရသည်။ ယခုနှစ်တွင် ကုလားပဲဈေးကွက်အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခင်နှစ်ထက် ဈေးပို့မို့ရရှိခဲ့ကြောင်း၊ ယခုနှစ်သွင်းအားစုဈေးနှုန်းများမှာ မြင့်တက်ခဲ့၍ တစ်ဧကကုန်ကျစရိတ်မြင့်မားခဲ့သော်လည်း ဈေးကောင်းရသည့်အတွက် အကျိုးအမြတ်ရှိခဲ့ကြောင်း ကုလားပဲစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များ အနေဖြင့် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး  ဈေးနှုန်းများမြင့်တက်နေပါကြောင်း သိရှိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ  (ပထမ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန် (စပါး)(ဟောင်း)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၈၅,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၁၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၅၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၈,၀၀၀,၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၅၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးမှ ဖေဖော်ဝါရီလ  (စတုတ္ထ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၇၅၀၊ မန္တလေး သို့ အိတ်ရေ ၃၄၇၅၀ နေပြည်တော်သို့ အိတ်ရေ ၃၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၃၀၀၊ မွန်သို့ အိတ်ရေ ၂၅၂၀၊ ကချင်သို့ အိတ်‌ရေ ၇၆၀၀၊ ပခုက္ကူသို့ အိတ်ရေ ၂၀၀၀  စုစုပေါင်း အိတ်ရေ (၈၂၂၂၀)  အိတ်၊ တန်အား ဖြင့် (၄၁၁၁)  စီးထွက်ခဲ့ပြီး ယခု  မတ်လ  (ပထမ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၈၀၀၀၊ မန္တလေး သို့ အိတ်ရေ ၃၀၀၀၀ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၂၆၂၀၊ ကချင်သို့ အိတ်‌ရေ ၁၃၉၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀  စုစုပေါင်း အိတ်ရေ (၆၉၁၁၀)  အိတ်၊ တန်အား ဖြင့် (၃၄၅၅) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၃၁၁၀) အိတ်၊ တန်အားဖြင့် ( ၆၅၆) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အညာဒေသထွက် သရက်သီးစိမ်း(ခေါ်)သရက်ကင်းများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သရက်သီးစိမ်း(ခေါ်) သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ်စားသုံးသောကြောင့် သရက်ကင်းဈေးကောင်းရရှိကာ  ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။    

  ယခုချိန်တွင် ကုန်စိမ်းဈေးကွက်အတွင်း သရက်သီးစိမ်း(ခေါ်)သရက်ကင်းဈေးမှာ အသီးအနေအထားပေါ် မူတည်၍ သရက်သီး (၁၀)လုံးလျှင် အနိမ့်ဆုံးငွေကျပ် ၁၀၀၀ မှ ကျပ် ၁၅ဝ၀ ဈေးအထိ လက်လီရောင်းချရကြောင်း၊ သရက်ကင်း(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀-၁၂၀၀၀) နှုန်းဖြင့် ပွဲစားများ က ခြံအရောက် လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း၊ မိသားစုလုပ်အား၊ လုပ်သားအင်အား အချိန်မပေးနိုင်သည့် သရက်ခြံပိုင်ရှင်များအနေဖြင့် သရက်သီးပွဲစားများထံ အပင်ပြတ်၊ ခြံပြတ်၊ ရောင်းချကာ ခြံကို ပြုစုကြကြောင်း ၊အသီးရရှိမှု၊ အပင်သက်တမ်း၊ အရွယ်စားပေါ်မူတည်၍ သရက်ပင်တစ်ပင်လျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ ဝင်ငွေရရှိကြောင်းနှင့်  စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲအစုံ စိုက်ပျိုးကြကြောင်း သိရသည်။

   "ယခင်နှစ်ထက် ဒီနှစ်က အသီးပေါ်ချိန်နောက်ကျတယ်။အချို့သရက်ပင်တွေက ယခုမှ အပွင့်လှိုင်လှိုင်ပွင့်ကာ သီးကင်းတွေပဲ ရှိသေးတယ်၊ ဈေးကွက်အတွင်း  လှိုင်လှိုင်မပေါ် သေးတဲ့အတွက် သရက်သီးစိမ်းဈေးက ဈေးကောင်းနေတာပါ"ဟု လက်ကားရောင်းဝယ်သူ သရက်ပွဲစားတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရှိရ ပါသည်။

    ယခုမတ်လ ပထမအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀မှ ၁၂၀၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၄၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုမတ်လ ပထမအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဘိလပ်မြေဈေးနှုန်းအနည်းငယ်မြင့်တက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်လာချိန် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ကြရာ ဘိလပ်မြေဈေးနှုန်းမှာ ယခင်ဇန်နဝါရီလထက် ယခုဖေဖော်ဝါရီလ၌ တစ်အိတ်လျှင် (၅၀၀)ကျပ်ခန့်မြင့်တက်နေပြီး ပစ္စည်းလည်း လိုသလောက်မရရှိဘဲ အနည်းငယ်ပြတ်တောက်လျက်ရှိကြောင်း၊  ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် ယခင် (၁၀၃၀၀)ကျပ်မှ ယခု (၁၀၈၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် ယခင် (၁၁၅၀၀) ကျပ်မှ ယခု (၁၂၀၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် ယခင် (၁၁၃၀၀)ကျပ်မှ ယခု (၁၁၈၀၀) ကျပ်ထိဈေးနှုန်းတို့ဖြင့် အတက်ဈေးဘက်သို့ ဦးတည်ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဖေဖေါ်ဝါရီလအတွင်း နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံတို့တွင် မတ်ပဲအသစ်များဝင်ရောက်နေပြီဖြစ်သောကြောင့် ဖေဖေါ်ဝါရီလအတွင်း မတ်ပဲအရောင်း အဝယ်ကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

   ဖေဖေါ်ဝါရီလ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၁၀၁၃၀၀-၁၁၂၀၀၀) ကျပ်အထိဈေးပေါက်ခဲ့ပါသည်။ ပေါ်ဦးစမတ်ပဲများမှာ အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရသော်လည်း ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင်မူ ဈေးနှုန်းပြန်လည်ကျလာခဲ့ပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၁၀၀၀မှ ၁၀၃၀၀၀) ကျပ်ဈေးနှုန်းဖြစ်ခဲ့ပါသည်။

     ၂၀၂၄ခုနှစ်၊  ဖေဖေါ်ဝါရီလ တတိယပတ်တွင်မူ မတ်ပဲများလှိုင်လှိုင်ထွက်ရှိလာပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၃၀၀၀-၉၈၅၀၀) ကျပ်ဈေးပေါက်ခဲ့ပါသည်။ ယခုစတုတ္တပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၈၀၀၀-၉၇၅၀၀)ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်းသိရှိရပါသည်။

     တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက်လျှင် အိတ်(၃၅၀)ဆံ့ကား (၂) စီးဖြင့် တင်ပို့နေရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၇၀၈)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၈၂၈)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၄၈)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၉၈)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ဖေဖေါ်ဝါရီလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၇၉၃)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၁)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၆၈)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၃၈)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ဖေဖော်ဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၈၅)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၇၃)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာလျှင် (၄၀)ကျပ်ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း