Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးခရိုင်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး (မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြက်သွန်နီ)သီးနှံတို့အား အများအပြားစိုက်ပျိုးကြပြီး သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများအား စိုက်ပျိုးသူတောင်သူများမှာ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းသိရှိရပါသည်။

     မကွေးခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဖေဖော်ဝါရီလ(တတိယပတ်)အတွင်း ဖြစ်ပေါ်ခဲ့သောစျေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာစျေးနှုန်းများမှာ အာမို (၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် ကျပ်(၁၅၃၀၀၀)၊ အာမို (၁၀:၁၀:၅) (50kg)တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)၊ တက်တိုး(၁၅:၇:၈) (50kg) တစ်အိတ်လျှင် ကျပ် (၇၄၀၀၀)၊ ရွှေပုလဲ(မြင်းကျား) (50kg) တစ်အိတ်လျှင် ကျပ်(၅၀၀၀၀)၊ ရွှေကောမက် (50kg) တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50kg) တစ်အိတ်လျှင် ကျပ် (၁၁၆၀၀၀)၊ ယူရီးယား (အလုံးသေး) (50kg) တစ်အိတ်လျှင် ကျပ် (၇၉၀၀၀)နှင့် ကွန်ပေါင်းသီးစုံ (40kg) တစ်အိတ်လျှင် ကျပ် (၇၁၀၀၀)ကျပ်တို့ဖြစ်ကြပြီး စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးစျေးနှုန်းများမှာ ပရိုမက်တင် (500CC) တစ်ဘူးလျှင် ကျပ် (၂၁၀၀၀)၊ ဆလက်ပက်(စ်) (500CC) တစ်ဘူးလျှင် ကျပ် (၂၅၀၀၀)၊ အီရာပရိုသရင် (500CC) တစ်ဘူးလျှင် ကျပ် (၂၄၀၀၀)၊ ဖို(စ်)တင်း (500CC) တစ်ဘူးလျှင် ကျပ် (၁၇၀၀၀)၊ အဆီဖိတ် (250g) တစ်ထုပ်လျှင် ကျပ် (၉၀၀၀)၊ ဇိုင်ကလုံး (250CC) တစ်ဘူးလျှင် ကျပ် (၉၀၀၀)၊ မက်ဆိုက်ပါ (250CC) တစ်ဘူးလျှင် ကျပ် (၈၀၀၀)၊ အာမို (အထူးအား ဆေး) (500g) တစ်ဘူးလျှင် ကျပ်(၉၀၀၀)စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၌ ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် စပါးစိုက်ဧကနည်းပါးသဖြင့် ဆန်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၇၃၀၀၀)၊ စိန်ရတီ(စိမ်း)တစ်အိတ်လျှင် ကျပ်(၁၅၁၀၀၀)၊ စိန်ရတီ(နီ)တစ်အိတ်လျှင် ကျပ် (၁၅၁၀၀၀)၊ စိန်ရတနာဧရာတစ်အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ စိန်ပုလဲဧရာတစ်အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ ကုန်းဇောင်း(ဟောင်း)တစ်အိတ်လျှင် ကျပ်(၁၅၆၀၀၀)၊ ကုန်းဇောင်း(သစ်)တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ မနောသုခ(ဟောင်း) တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ်(၁၅၁၀၀၀)၊ ရက်(၉၀)ဆန်တစ်အိတ်လျှင် ကျပ်(၉၈၀၀၀)၊ ဖယောင်းရွှေစင်တစ်အိတ်လျှင် ကျပ် (၁၁၄၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အမှတ်(၉)ရပ်ကွက်ရှိ ဆန်ရောင်းချသည့် ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

      ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် မနောသုခ(ဟောင်း)တစ်အိတ်လျှင် ကျပ် (၂၀၀၀)နှင့် ကျန်ဆန်အိတ်များမှာ တစ်အိတ်လျှင် ကျပ်(၁၀၀၀)စီ ဈေးနှုန်းမြင့်တက်လာပြီး သယ်ယူခစရိတ်မြင့်မားလာခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဖေဖော်ဝါရီလ(စတုတ္တပတ်)အတွင်းရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက် မြို့၊ မင်းဘူးမြို့နှင့်မကွေးမြို့တို့မှ ကုန်စည်များကိုလည်းမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္တပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၇၅၀၀)၊  ဧရာပဒေသာ (၁)ပြည်လျှင် ကျပ်(၇၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၅၀)၊ မျှင်ငါးပိ(၁)ပိဿာလျှင်ကျပ်(၄၀၀၀-၆၀၀၀-၈၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၆၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁) ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ငရုတ်သီး(အကြမ်းမှုန့်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်သီး(အရောင်တင်မှုန့်)(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ နနွန်းတက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ထန်းလျက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် အကောင်အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ကျပ်(၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၁၁၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ မုန့်ညှင်းစိမ်း (၂)ပင်လျှင် ကျပ်(၄၀၀)၊ ရုံးပတီသီး(၁၀)တောင့်လျှင် ကျပ်(၂၀၀)၊ ပန်းဂေါ် ဖီတစ်ပွင့်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၅၀၀-၈၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက်(၁၀)စည်းလျှင် ကျပ်(၄၀၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ်(၄၄၀၀)၊ ပြောင်းဖူး(သကြား)(၁)ဖူးလျှင် ကျပ်(၂၅၀)၊ နံနံပင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ မောင်မခေါ်ပဲ (၁)ပြည်လျှင် ကျပ် (၁၀၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်ဥ (၁၀)လုံးလျှင် ကျပ်(၂၃၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ ငုံးဥ(၁၅)လုံးလျှင် ကျပ်(၁၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

    ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်ကျပ်(၅၀၀)၊ ကြက်သွန်နီ ကျပ်(၅၀၀)၊ အာလူး ကျပ်(၂၀၀) ဈေးနှုန်းမြင့်တက်လာပြီး ပန်းဂေါ်ဖီ ကျပ်(၅၀၀)၊ ဂေါ်ဖီထုပ် ကျပ်(၃၀၀)၊ ခရမ်းချဉ်သီး ကျပ်(၈၀၀)၊ ကြက်သား(ဗမာ) ကျပ်(၁၀၀)၊ ကြက်သား(CP) ကျပ်(၁၀၀၀) ဈေးနှုန်းလျော့နည်းကာ ကျန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မင်းလှမြို့အနီးကျေးရွာများမှ ကိုင်းသီးနှံများလှိုင်လှိုင်ထွက်လျက်ရှိသည့်အတွက် သီးနှံဈေးနှုန်းများမှာ အကျဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီနှင့် အာလူးမှာ ဈေးကွက်အတွင်း ကုန်အဟောင်းများကုန်လုနီးပါးဖြစ်နေပြီး အသစ်အနေဖြင့် အနည်းငယ်သာထွက်ရှိသေးသည့်အတွက် ဈေးနှုန်းမှာ အနည်းငယ်ပြန်လည်မြင့်တက်လျက်ရှိကြောင်း၊ ဆန်ဈေးအနေဖြင့် သယ်ယူခစရိတ်မြင့်မားခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ စပျစ်သီးများလှိုင်လှိုင်ထွက်ပေါ်နေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတောကျေးရွာတို့ရှိ စပျစ်စိုက်ခင်းများ၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)မှစတင်၍ စပျစ်သီးများလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

    အထက်မင်းလှမြို့နယ်တွင် စပျစ်စိုက်ခင်းအနေဖြင့် ခြံ(၈)ခြံရှိပြီး မြို့ပေါ်အမှတ် (၁၀)ရပ်ကွက်ရှိ  ဦးစိုးနိုင်၏စပျစ်ခြံမှာ (၁)ဧကနီးပါးရှိပြီး အပင်ရေ(၂၀၀)ခန့်ရှိကာ စပျစ်ခြံသက်တမ်းအနေဖြင့် (၉)နှစ်နီးပါးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ စပျစ်မျိုး(၈၀၀၀)ကျော်ရှိသည့်အနက်  Black Queen နှင့် Big Black စပျစ်မျိုးကို ကိုင်းဖြတ်ပျိုးထောင်စနစ်ဖြင့် စင်တင်စိုက်ပျိုးထားသည့်အပြင် အချွန်မျိုးစပျစ်သီးကိုလည်း အပင်ရေအနည်းငယ်စိုက်ပျိုးထားကြောင်း၊ ဆောင်းစပျစ်နှင့်မိုးစပျစ်ကိုစိုက်ပျိုးထားကြောင်း၊ မိုးစပျစ်ကို ဝိုင်ထုတ်လုပ်ရန်အတွက်သာအသုံးပြုပြီး ဆောင်းစပျစ်ကိုမူ အသီးအနေဖြင့် ရောင်းချကြောင်း၊ ဆောင်းစပျစ်မှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအစတွင် စတင်အဖူးပွင့်ကြောင်း၊ အဖူးပွင့်ပြီး (၁၅)ရက်အကြာတွင် အသီးဝင်ကြောင်း၊  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် စတင်ခူးဆွတ်နိုင်ပြီး ယခု(စတုတ္ထပတ်)တွင် လှိုင်လှိုင်ထွက်နေပြီဖြစ်ကြောင်း၊ စပျစ်ပင်မှာ ရေပုံမှန်သွင်းပေးရသည့် အပင်ဖြစ်သော်လည်း အသီးဝင်ချိန်တွင် ရေသွင်းများပါက အသီးကွဲတက်သည့်အပြင် အသီးတွင်လည်း အချိုဓာတ်လျော့နည်းတတ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်နှစ်လျှင် ပြန်လည်ပြုပြင်ခြင်းအတွက် ကျပ်သိန်း(၅၀) အထက်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ရာသီဥတုမကောင်းသည့်အတွက် ပိဿာချိန်(၅၀၀)နီးပါးသာထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)သာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စပျစ်ပင်များ၌ အသီးများများတင်ပြီး ရာသီဥတုလည်းကောင်းမွန်သည့်အတွက် အထွက်နှုန်းအနေဖြင့် ပိဿာချိန် (၇၀၀မှ ၈၀၀)ကြားထွက်ရှိနိုင်မည်ဟု မျှော်မှန်းကြောင်း၊ ယခုနှစ်တွင် ဈေးနှုန်းအနေဖြင့်  Black Queen စပျစ်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ Big Black စပျစ် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အချွန်သီးစပျစ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ရောင်းချရာတွင် မင်းလှမြို့ရှိသစ်သီးရောင်းချသည့်ဆိုင်များသို့ တင်သွင်းစရာမလိုဘဲ မိမိစပျစ်ခြံတွင်သာ လာရောက်ဝယ်ယူကြသဖြင့် ရောင်းကုန်ပါကြောင်း အထက်မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စပျစ်ခြံပိုင်ရှင်  ဦးစိုးနိုင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့တွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်  ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ (၂၅.၂.၂၀၂၄) ရက် နံနက် ၀၈:၃၀ နာရီက ကန့်ဘလူမြို့ ၊ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချပေးပြီး လူဦးရေ (၁၆၅၀)ဦးအတွက် စားအုန်းဆီ ၁၆၅၀ ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ “ရွှေပြည်စိုး” ကြက်ဥ၊ ဘဲဥ၊ ငုံးဥအရောင်းဆိုင်၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်ဥအရွယ်အစားလိုက်၍ ကြက်ဥ(အသေး)တစ်လုံးလျှင် ကျပ်(၂၅၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ်(၂၇၀)၊ ကြက်ဥ (အကြီး)တစ်လုံးလျှင် ကျပ်(၂၉၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ဘဲဥတစ်လုံးလျှင် ကျပ် (၄၀၀)၊ ဆေးဘဲဥတစ်လုံးလျှင် ကျပ် (၄၅၀)၊ ငုံးဥတစ်ဆယ်လုံးလျှင် ကျပ်(၆၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ဈေးအတက်အကျမရှိဘဲ  အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   အခြေခံစားကုန်များထဲတွင် ကြက်ဥ၊ ဘဲဥသည် တစ်မျိုးအပါအဝင်ဖြစ်ပြီး အခြေခံလူတန်းစားများအတွက် ဈေးနှုန်းသင့်တင်မျှတပြီး အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်တစ်မျိုးဖြစ်ကာ စားသောက်ကုန်လုပ်ငန်းရှင်များကလည်း ဝယ်ယူသုံးစွဲမှုများခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း “ရွှေပြည်စိုး” ကြက်ဥအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့  ဖေဖော်ဝါရီလ စတုတ္ထပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

            ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) အကြီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံး လျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၂၀၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ မက်မန်းသီး(၁) ပိဿာ လျှင် (၄၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ထောပတ်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခင်အပတ်ထက် ပန်းသစ်တော်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျော သီး(၁)ဖီးလျှင်(၇၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ ပန်းသီး (ရိုးရိုး) အသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊  မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီး ဈေးနှုန်းများမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ(အသစ်)များ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျောက်ထုနယ်၊ ပင်ထောင်၊ ဂုံဘိုနှင့် တခြားနယ်များတွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးကြပါသည်။ ကျောက်ထုနယ်အတွင်းရှိ ကြက်သွန်ဖြူများကို ဖေဖော်ဝါရီ(တတိယပတ်)တွင် စတင်တူးဖော်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ကျောက်ထုနယ်သာမက တခြားဒေသများဖြစ်သော ရှမ်းပြည်နယ်၊ တောင်ကြီး၊ အင်းလေးတို့မှ ကြူကုတ်ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ)များ၏ ဒိုင်ပြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ကျပ်ဖြစ်ပြီး မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချသောလက်လီဈေးမှာ ကြက်သွန်ဖြူအရွယ်အစားကိုလိုက်၍ အလုံးကြီး ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ဖြစ်ပါသည်။ ရှမ်းပြည်နယ်မှလာသော ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့၏ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ငါးဈေးနှုန်းများ ကျဆင်းလျက်ရှိ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိ ဿာလျှင် (၃၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ငါးဈေးနှုန်းများအား ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ငါးဈေးနှုန်းများမှာ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရာသီစာ မရမ်းသီး အရောင်းသွက်နေ

    ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မန္တလေးမြို့မှ မှာယူရောင်းချသည့် မရမ်းသီးများ  နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်နေပြီး ဝင်ရောက်လာသော မရမ်းသီးများကို ဈေးအတွင်းရှိ လက်လီ ပျံကျဈေးသည်များထံသို့ ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ်စားသုံးသူများသို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  အောင်ဇေယျဈေးအတွင်းရှိ သီးနှံစုံ လက်ကားဒိုင် များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း