Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံအတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းဈေးကွက်အခြေအနေ

      စိုက်ပျိုးရေးသုံးသွင်းအားစုများဖြစ်သော   ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ  ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း စိုက်ပျိုးရေးအရောင်းဆိုင်ထံမှ သိရသည်။ (၁၆-၃-၂၀၂၂)မှ (၂၂-၃-၂၀၂၃) ရက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ (15-15-15) 50 kg ပါ ၁ အိတ်မှာ ကျပ် ၁၄၀၀၀၀၊    (20-12-12) 50 kg ပါ ၁ အိတ်မှာ ကျပ် ၁၃၂၀၀၀၊ (46-0-0) 50 kg ပါ ၁ အိတ်မှာ ကျပ် ၉၅၀၀၀၊ ရွှေတောင်ပံ 50 kg ပါ ၁ အိတ်မှာ ကျပ် ၁၈၅၀၀၊ ပုလဲသာ 50 kg ပါ ၁ အိတ်မှာ ကျပ် ၉၄၀၀၀၊ Caso4.2H20-98%  25 kg ပါ ၁ အိတ်မှာ ကျပ် ၅၅၀၀ အရောင်းအဝယ် ဖြစ်နေကြောင်းသိရပြီး  (19-9-19) 50 kg ၊ (12-6-33) 50 kg တို့မှာ ပစ္စည်းပြတ်လပ်နေကြောင်း သိရှိရသည်။ ပိုးသတ်ဆေးမှာ စိုက်ပါ 100 cc မှာ ကျပ် ၃၅၀၀၊ အလန်း 15W 10:5 မှာ ကျပ် ၂၀၀၀ ၊ ဆာလဖာ 500g မှာ ကျပ် ၆၅၀၀ ဖြစ်ပြီး အင်မီတာကလိုဖေ့ 10g နှင့် အစိဖိတ် 250g တို့မှာပစ္စည်း ပြတ်လပ်နေကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဖျာပုံမြို့နယ်တွင် နေကြာစိုက် တောင်သူများ ဈေးကောင်းရလျက်ရှိ

       ဖျာပုံမြို့နယ်တွင် နေကြာစိုက်ဧက(၅၇၄)ဧက စိုက်ပျိုးလျက်ရှိပြီး နေကြာပေါ်ချိန်တွင် တစ်ဧက ပျမ်းမျှ(၁၅)တင်းနှုန်းထွက်ရှိကာ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျလျက်ရှိကြောင်း သိရသည်။

  ဖျာပုံမြို့နယ် ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာမှ တောင်သူဦးမောင်မောင်စိုး၏      နေကြာစိုက်ပျိုးမှု အခြေအနေအား မေးမြန်းကြည့်ရာ နေကြာစိုက်ဧက(၃၀)ဧက စိုက်ပျိုးပြီး ညီအစ်ကို  သုံးဦးပေါင်း၍ လုပ်ကိုင်သဖြင့် အလုပ်သမားငှားရမ်းခလျော့ချနိုင်ကြောင်း၊ ယခုအထွက်နှုန်းနည်းကြောင်း၊  ရာသီဥတု၊ မျိုးနှင့်ပိုးကျရောက်သဖြင့် အထွက်နှုန်းနည်းခြင်းဖြစ်ကြောင်း၊နေကြာတစ်တင်းကြိတ်ပါက  နေကြာဆီ(၂ / ၃)ပိဿာခန့် ထွက်ရှိပြီး၊   အနိမ့်ဆုံးမှာ(၂)ပိဿာခန့်  ထွက်ရှိကြောင်း၊လာမည့်နှစ်တွင် မျိုးကောင်းမျိုးသန့်ရရှိပြီး ရာသီဥတုကောင်းမွန်မည်ဆိုပါက ယခုနှစ်ထက် ပိုမိုထွက်ရှိမည်ဖြစ် ကြောင်း ၎င်းထံမှ သိရသည်။

    ဖျာပုံမြို့တွင် ဆီစက်တစ်စက်ရှိ၍ နေကြာစိုက်ပျိုးသူ တောင်သူများ အခက်အခဲမရှိစေရေးအတွက် ကြိတ်ခွဲပေးသွားမည်ဖြစ်ပြီး နေကြာများရောင်းမည်ဆိုလျှင်လည်း ကာလပေါက်ဈေးဖြင့်    ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ ယနေ့နေကြာဆီ တစ်ပိဿာ ကာလပေါက်ရောင်းဈေးမှာ (၁၆၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ မတ်လ(တတိယပတ်)အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်(အဟောင်း)တစ်ပြည်လျှင် (၃၄၀၀) ကျပ်နှင့် ဧရာမင်းဆန်(အသစ်တစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၉၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၁၆၀၀) ကျပ်မှ (၁၈၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက် တစ်ပိဿာလျှင်  (၁၃၀၀၀)  ကျပ်မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၂၆၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး) တစ်လုံးလျှင် (၂၅၀) ကျပ်၊ (သေး) တစ်လုံးလျှင် (၂၀၀) ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀) ကျပ်၊ (သေး) တစ်လုံးလျှင် (၃၀၀) ကျပ်ရှိပါသည်။ မုံရွာမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်မှ (၁၈၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မတ်လ (တတိယပတ်) အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ (၃၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာဈေးနှုန်းမှာ (၂၀၀) ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)တစ်ပိဿာဈေးနှုန်းမှာ (၁၀၀၀)ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာဈေးနှုန်းမှာ (၅၀၀၀) ကျပ်ဖြစ်၍  ဈေးကျလျက်ရှိကြောင်းနှင့် အခြားအခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့၏ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ယခင်အပတ်ထက်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေသော ကုလားပဲ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ(တတိယပတ်)အတွင်း ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့်သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသောကုလားပဲများမှာ ဖေဖော်ဝါရီလ(တတိယပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး မတ်လ(တတိယပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့၏ အနောက်ဘက်ခြမ်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ယခင်အပတ်ထိ ကုလားပဲ(V2) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအပတ်တွင် ကုလားပဲ(V2)နှင့် ကုလားပဲ(929)တို့ပါ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  မတ်လ(တတိယပတ်) အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၆၉၀၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၁၂၅)တင်း/(၃၅)တန်ဖြစ်ပြီး ကုလားပဲ(929)တစ်တင်းလျှင် (၆၆၆၆ဝိ/-) ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀)တင်း/(၄၇)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်လျှင် ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျှင် (၆၂၃၀ဝိ/-)ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင် (၆၇၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

အောင်မြင်ဖြစ်ထွန်းနေသည့် ညောင်တုန်းမြို့နယ်၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှု

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည်ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခုဖြစ်ပါသည်။ ညောင်တုန်းမြို့နယ်၏ ငရုတ်စိုက်ပျိုးအောင်မြင်မှု သတင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျံ့နှံသွားပြီး ညောင်တုန်းမြို့နယ်နှင့် အနီးအနားမြို့များဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊ မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ဥက္ကဌလည်းဖြစ် ခင်ငရုတ်ရောင်းဝယ်ရေးပိုင်ရှင်လည်းဖြစ်သည့် ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် မတ်လတတိယပတ်တွင် ငရုတ်စိုက်ပျိုးထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာစိစစ်ခဲ့ပါသည်။ ငရုတ်စိုက်ပျိုးရောင်းဝယ်ရေးခြံတွင်  စိုက်ပျိုးထုတ်လုပ်သောငရုတ်မျိုးများမှာ မိုးထောင်နှင့် အောက်ဆွဲမျိုးများဖြစ်ပြီး ရောင်းချသော မျိုးစေ့ဖြင့် တွက်ချက်ပါက စိုက်ပျိုးမှု ခန့်မှန်းဧက ၃၀၀၀ နှင့် ၃၅၀၀ဧကကြား စိုက်ပျိုးထုတ်လုပ်ကြောင်းသိရှိရပါသည်။

       ငရုတ်မျိုးများကို မျိုးစေ့စတင်စိုက်ပျိုးသည်မှ ခူးဆွတ်ရိတ်သိမ်းနိုင်သည့်အချိန်အထိ တစ်ဧကလျှင် (၂၅)သိန်းခန့် ကုန်ကျနိုင်ပြီး ခူးဆွတ်ချိန် (၄)လအတွင်း တစ်လ (၂)ကြိမ်နှုန်းဖြင့် (၈)ကြိမ်ခူးဆွတ်နိုင်ပါကြောင်း အသင်းဥက္ကဌက ပြောကြားခဲ့ပါသည်။

      ငရုတ်သီးများကို (၁)ကြိမ်ဆွတ်ခူးပြီးတိုင်း အပင်အားဆေး၊ အသီးအားဆေး၊ သွင်းအားစုများကို စနစ်တကျအသုံးပြု ဆောင်ရွက်ရပြီး ခူးဆွတ်ပြီး သွင်းအားစုအသုံးပြုမှု ခန့်မှန်းကုန်ကျစရိတ်မှာ (၂၈)သိန်းခန့် ရှိကြောင်း ထပ်မံရှင်းပြပါသည်။ (၄)လအတွင်း ခူးဆွတ်ပြီး ငရုတ်သီးအစို ပိဿာ (၄၀၀၀)ခန့် ရရှိပြီး အစို ၁ပိဿာလျှင် ၂၀၀၀/-ကျပ် ဈေးနှုန်းဖြင့် ရောင်းချရပြီး သိန်း(၈၀)ကျပ်ခန့် ရရှိသဖြင့် ၁ ဧက တစ်ရာသီစိုက်ပျိုးထုတ်လုပ်ပြီး သိန်း(၃၀)ခန့် အကျိုးအမြတ်ရရှိကြောင်း ငရုတ်အသင်းဥက္ကဌ ဦးဌေးဝင်း၏ ပြောပြချက်အရ အောင်မြင်မှုရရှိနေသော ငရုတ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဈေးကွက်ရရှိနေသော ငရုတ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုစိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ခိုင်မာရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းမှ ဒေသတွင်း ထွက်ကုန်စည်များကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့တင်ပို့ ရောင်းဝယ်နိုင်သည်အထိ တိုးမြင့်စိုက်ပျိုးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ဆောင်ရွက်မှုများကိုသိရှိရေးတို့အတွက် အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကောင်းမှုတော်ဘုရားရိပ်က သနပ်ခါးဈေးကွက်

     ဇေယျာစစ်ကိုင်းတောင်ရိုးသမိုင်းတွင် ဝါတွင်းဘုရားစဉ်များအရ မှတ်တမ်းပြုစုရာတွင် ပေါရာဏလင်္ကာမင်္ဂလာမှတ်တမ်းအရ “ပုံ-တောင်-ဇေ-ချမ်း-ဥ-နန်း-နံ-လေး-ပ-ထူ-ရှင်-အောင်-အမြှောင်ငါးထပ်ကြီး၊ အပြီးကောင်းမှုတော်”ဟူ၍ စာဆိုပြုခဲ့ကြသည်။ နှစ်စဉ် မြန်မာပြက္ခဒိန်အရ ဝါဆိုလပြည့်နေ့မှစ၍ ပုံ - ပုညရှင်ဘုရား၊ တောင်- တောင်ဖီလာဘုရား၊ ဇေ - ဇေတဝန်ဘုရား၊ ချမ်း - ချမ်းသာကြီးဘုရား၊ ဥ - ဥမင်သုံးဆယ်ဘုရား၊ နန်း - ရှင်ပင်နန်းဦးဘုရား၊ နံ - ရှင်ပင်နံကိုင်းဘုရား၊ လေး - လေးကျွန်းမာန်အောင်ဘုရား၊ ပ - ပတ္တမြားစေတီဘုရား၊ ထူ - ထူပါရုံဘုရား၊ ရှင် - ရှင်ဖြူရှင်လှ ဘုရား၊ အောင် - အောင်မြေလောက ကျောက်စေတီဘုရား၊ “အမြှောင်ငါးထပ်ကြီး” သီတင်းပတ်များမှအပ သီတင်းကျွတ်လဆန်း(၅)ရက်နေ့တွင် မြှောင်၍ပြုလုပ်သော ငါးထပ်ကြီးဘုရားနှင့် “အပြီးကောင်းမှုတော်”၌ ဝါတွင်းဘုရားစဉ်ပွဲတော်များ အပြီးသတ်နောက်ဆုံးနေ့ သီတင်းကျွတ်လပြည့် ကောင်းမှုတော်ဘုရားဟူ၍ ဘုရားပွဲတော် (၁၄)ပွဲ ကျင်းပကြပါသည်။ ကောင်းမှုတော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်၌လည်း ဘုရားပွဲတော်တစ်ကြိမ်ထပ်မံကျင်းပသဖြင့် တစ်နှစ်လျှင် ပွဲတော်နှစ်ကြိမ်ကျင်းပသည့် စေတီတစ်ဆူဖြစ်ပါသည်။

     ဘုရားသမိုင်းကြောင်းမှတ်တမ်းများအရ ကောင်းမှုတော်ဘုရားကို သီရိသုဓမ္မရာဇာမဟာဓိပတိ သာလွန်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၉၉၈ခုနှစ်၊ တော်သလင်းလဆန်း (၁၀) ရက်နေ့တွင် စေတီတော်မြတ်ကြီးတည်ရန် ပန္နက်အုတ်မြစ်ချခဲ့သည်။ သပိတ်တော်၊ စွယ်တော်၊ ဆံတော်နှင့် များစွာသောသရီရဓာတ်တော်မွေတော်တို့ကို ပထမအကြိမ် ဌာပနာပွဲကျင်းပကာ အချိန်(၁၂)နှစ်ကြာ တည်တော်မူခဲ့ရသည်။ ဘုရား၏ဘွဲ့တော်မှာ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားဟု ခေါ်တွင်ကြောင်း သိရှိရပါသည်။

     နှစ်စဉ်ကျင်းပသည့် ပွဲတော်ရက်များနှင့် နေ့စဉ်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့်ပြည်သူများအား ကောင်းမှုတော်ဘုရားရိပ်ရှိ ဆိုင်ခန်းများမှ ဒေသထွက်ကုန်သနပ်ခါးများရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ ရောင်းချသည့်သနပ်ခါးများမှာ ပခုက္ကူ၊ ရေစကြိုဒေသထွက်များ၊ အရာတော်၊ ကျောက်မှော်(ယင်းမာပင်)၊ မုံရွာ၊ စစ်ကိုင်း စသည့်ဒေသများမှ သနပ်ခါးများကို အပင်ပြတ်ဝယ်ယူ၍ ရောင်းတန်းဝင်အရွယ်သနပ်ခါးတုံးများ ဖြတ်တောက်ခြင်း၊ ဆေးကြောခြင်း၊ အရောင်တင်ခြင်းများပြုလုပ်၍ သနပ်ခါးထွက်ရှိသော ဒေသနာမည်၊ သနပ်ခါးဆိုင်နာမည်တို့ကို သနပ်ခါးတုံးတွင် တံဆိပ်ရိုက်နှိပ်ပြီး ရောင်းချကြသည်။ ကောင်းမှုတော်ဘုရားရိပ်တွင် သနပ်ခါးတုံးရောင်းသည့် ဆိုင်ခန်းပေါင်း (၅၀)ခန့်ရှိပြီး၊ သနပ်ခါးဈေးနှုန်းများမှာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်တုံးလျှင် အနိမ့်ဆုံးကျပ် (၂ဝဝဝ-/၊ ၃ဝဝဝ/-) မှ အမြင့်ဆုံးကျပ် (၁၅ဝဝဝ/-၊ ၂ဝဝဝဝ/-) ထိ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရပါသည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးကောင်းမှုတော်ဘုရားအပါအဝင် အခြားတန်ခိုးကြီးဘုရားများစွာကို လာရောက်ဖူးမျှော်ရင်း အရည်အသွေးစစ်မှန်သည့်ဒေသထွက်ကုန်များဖြစ်သော သနပ်ခါးမျိုးစုံတို့ကို လာရောက်ဝယ်ယူနိုင်ပါကြောင်း ဇေယျာရွှေမြေစစ်ကိုင်းမြို့မှ ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ‌(တတိယပတ်) တွင် စပါးဈေးနှုန်းများတည်ငြိမ်နေ၍ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ (ဒုတိယပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၉၂၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၃၈၀၀အိတ်၊ တန်အားဖြင့် ၅၆၉၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၈၂၈၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၂၈၈၀အိတ်၊ တန်အားဖြင့် ၅၆၄၄တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၉၂၀အိတ်၊ တန်အားဖြင့် ၄၆တန်လျော့၍ စီးထွက်ခဲ့ပါသည်။

  ရွှေဘိုမြို့၏ မတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(သစ်)တင်း၁၀၀လျှင် ကျပ်၂၁၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ ဧရာမင်းစပါး(သစ်)တင်း၁၀၀လျှင် ကျပ်၁၇၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း)တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၃၂၀၀) ကျပ်၊ ယခင်အပတ်ထက် ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၂၀၀) ကျပ်နှုန်းမြင့်တက်နေကြောင်း၊ ရွှေဘိုပေါ်ဆန်း(အသစ်)တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ဧရာမင်း(အသစ်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၁၃၀၀) ကျပ်ဖြစ်ပြီး ကြက်သွန်နီ ရိုးရိုးအမျိုးအစား(အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးကြီးတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးသေးတစ်ပိဿာလျှင် ကျပ် (၄၃၀၀ မှ  ၅၀၀၀) ထိ၊ ကြူကုတ်တစ်ပိဿာလျှင် ကျပ် (၄၈၀၀ မှ ၅၃၀၀) ထိဖြစ်၍ ယခင်အပတ်ထက် (၃၀၀) ကျပ်မြင့်တက်နေကြောင်း၊ ချင်းတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အမျိုးအစားအလိုက် ကျပ် (၁၆၀၀၀ မှ ၂၅၀၀၀) ထိဖြစ်၍ ယခင်အပတ်ထက် (၃၀၀၀) ကျပ်မြင့်တက်နေကြောင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀ မှ ၂၃၀၀) ထိဖြစ်၍ ယခင်အပတ်ထက် (၃၀၀) ကျပ်မြင့်တက်နေကြောင်း သိရှိရပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြစ်၍  ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၈၀၀) ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် (၄၀၀) ကျပ်ကျဆင်းနေကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  ကျပ် (၁၃၀၀ မှ ၁၅၀၀) ထိ၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်  (၈၀၀) ကျပ်၊ ခါကြက်ဥတစ်ပိဿာလျှင် ကျပ် (၂၅၀၀ မှ ၃၀၀၀) ထိ၊ သံပရာသီး တစ်လုံးလျှင် ကျပ် (၂၀၀ မှ ၃၀၀) ထိ၊ ကန်စွန်းရွက်တစ်စီးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကာ ကုန်စိမ်းများသည် ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၃၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀) ကျပ်ရှိပါသည်။  ကန့်ဘလူမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀ မှ ၁၂၀၀၀) ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀ မှ(၂၀၀၀၀) ထိ၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၈၀၀၀ မှ ၂၀၀၀၀) ထိ၊ အမဲသားတစ်ပိသာလျှင် ကျပ် (၁၀၀၀၀ မှ ၁၂၀၀၀) ထိ၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၆၀၀၀ မှ ၈၅၀၀) ထိ၊ တီလားဗီးယားငါးတစ်ပိဿာလျှင် ကျပ် (၄၀၀၀ မှ ၆၀၀၀) ထိ စသည်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

    စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ စားအုံးဆီတစ်ပိဿာလျှင် (၇၂၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် ယခုအပတ်တွင်  (၃၀၀) ကျပ် ထပ်မံကျဆင်းနေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်ဝင် အုန်းချိုမွှေးများကို စိုက်ပျိုးလျက်ရှိ

    ဖျာပုံမြို့နယ်သည် စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ ယခုအခါထိုင်းမျိုးဖြစ်သည့် အုန်းချိုမွှေး(အရည်သောက်အုန်းပင်)များကို စိုက်ပျိုးလာကြပါသည်။ ထိုစိုက်ပျိုးထားသော ကျုံတာကျေးရွာသို့ (၁၇.၃.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ လိုက်ပါကာ စိုက်ခင်းသို့ကွင်းဆင်း၍    စိုက်ခင်းနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ အုန်းချိုမွှေးစိုက်ဧက(၄)ဧက စိုက်ပျိုးထားပြီး တစ်ဧကကို  အပင်(၈၀)၊ တစ်ပင်နှင့်တစ်ပင်(၁၅)ပေခြား၍ တစ်ဘောင်နှင့်တစ်ဘောင်(၁၀)ပေအကွာအဝေးဖြင့်   စိုက်ပျိုးထားပြီး ပျိုးပင်များကို မြဝတီမှ ဝယ်ယူပြီး တစ်ပင်လျှင် (၇၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူရပါသည်။  ယခုခြံလုပ်သား(၅)ဦးရှိပြီး ကိုယ့်စရိတ်ကိုယ်စား တစ်နေ့လျှင်လုပ်ခ ကျပ်(၇၀၀၀ မှ ၁၀၀၀၀)ထိ ရှိပါသည်။ စိုက်ခင်းဘောင်ပေါ်တွင် စက်ဖွဲပြာ၊ သဘာဝကြက်ချေး၊ တီစူပါအနက်၊ ပုလဲဓာတ်မြေဩဇာ၊  နွားချေးတို့အား အချိုးအစားအတိုင်း ထည့်ပေးထားပါသည်။ အုန်းချိုမွှေးသီးချိန်မှာ (၂)နှစ်ကြာမြင့်ပါသည်။ နောက်အသီးလိုက်ပြီး တစ်ပင်ကို(၁-၂)ခိုင်ကျပါသည်။ အုန်းပင်တစ်ခိုင်လျှင် အလုံးရေ (၁၅-၂၀) သီးပါသည်။ (၁)လုံးလျှင် ကျပ်(၁၀၀၀)ရရှိပါသည်။ အုန်းချိုမွှေး(၄)ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀၀)ခန့်ရှိပြီး   အုန်းပင်ကြားတွင် မျိုးကောင်းသော ကွမ်းသီးပင်များ အပင်(၁၀၀၀)ခန့် ကြားညှပ်စိုက်ပျိုးထားရှိပါသည်။ ကျုံတာကျေးရွာတွင်လည်း အုန်းချိုမွှေးစိုက်ပျိုးသူ နောက်တစ်ဦးရှိပြီး ဒေးဒရဲမြို့တွင်လည်း  အုန်းချိုမွှေးစိုက်ပျိုးသူရှိကြောင်း ခြံတာဝန်ခံထံမှ သိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးတွင် သီးနှံမျိုးစုံအများဆုံးစိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

    ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ (၂၀၂၃) ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၂၀၀ မှ ၁၄၀၀)ထိ၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၂၀၀)ထိ၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၄၀၀)ထိ၊ မျှစ်ပေါက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ငရုတ်သီး(စိမ်း)(၁)ပိဿာလျှင် ကျပ် (၄၀၀၀)၊ ငရုတ်သီး(ခြောက်)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀ မှ ၁၈၀၀၀)ထိ၊  ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ် (၇၀၀ မှ ၁၀၀၀)ထိ၊ မုန်လာဥဖြူ(၁)ဥလျှင် ကျပ်(၁၅၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၄၀၀)၊  ပန်းမုန်လာ(၁)ပွင့်လျှင် ကျပ်( ၇၀၀ မှ ၈၀၀)ထိ၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ချင်းပေါက်(၁)ပိဿာလျှင် ကျပ်(၁၉၀၀)၊ ကန်စွန်းဥ(၁)ပိဿာလျှင် ကျပ်(၁၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ဆိပ်ဖြူမြို့၏ စားသုံးဆီဈေးနှုန်းများမှာ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စက်ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၃၀၀၀)ထိ၊ ဆုံပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဧရာပဒေသာဆန်(အဟောင်း)(၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ဧရာပဒေသာဆန် (အသစ်)(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၆၀၀၀၀)၊ စင်းသုခ(၁)အိတ် လျှင် ကျပ်(၆၀၀၀၀)၊ သိင်္ဂီပေါ်ဆန်း(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး အသားငါးဈေးနှုန်းများမှာ မွေးမြူရေး CP ကြက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဗမာကြက်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)နှင့် ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၉၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်း   အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း