Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၂.၃.၂၀၂၃ မှ ၈.၃.၂၀၂၃ ရက် အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၆၀၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၆၅၀ ကျပ်မှ ၁၉၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၇၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိလည်းကောင်း၊ ၉.၃.၂၀၂၃ မှ ၁၅.၃.၂၀၂၃ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၂၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၆၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၉၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၉၀၀ ကျပ်မှ ၄၄၀၀ ကျပ်ထိရှိခဲ့ပြီး ၁၆.၃.၂၀၂၃ မှ ၂၂.၃.၂၀၂၃ ရက် အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၄၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၀၇၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၉၀၀ ကျပ်မှ ၂၂၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၃၀၀ ကျပ်မှ ၄၄၀၀ ကျပ်ထိဖြစ်ပြီးကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်၍ အဝင်များနေသော်လည်း ဈေးနှုန်းအနည်းငယ် တက်လာပြီး ကြက်သွန်ဖြူဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ (၁၅) ရက်နေ့မှ မတ်လ (၂၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြစ်သားမှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၁၅၀၀၀ ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၅၀၀၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၂၅၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၀ မှ ၁၀၀၀၀ ၊ ဘားအံ၊ ပြည်၊ မော်လမြိုင်မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၄၀၀၀ ၊ အလုံးသေး ကျပ်  ၂၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ်  ၅၀၀၊ အလုံးသေး ကျပ် ၄၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၁၀၀ ၊ အလုံးလတ် ကျပ် ၉၀၀ ၊ အလုံးသေး  ကျပ် ၆၀၀ ၊ တွံတေးမှ သခမသီး အလုံးကြီးတစ်ခြင်း ၂၀ လုံးမှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံးမှ ၄၅ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးသေး ၆၀ လုံးမှ ၈၀ လုံးပါ ကျပ် ၁၄၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၆၀၀ ၊ အောင်ပန်းမှ လိမ္မော်သီး ၁ လုံး အလုံးကြီး ကျပ် ၃၅၀၊ အလုံးလတ် ကျပ် ၂၀၀  ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ပခုက္ကူမြို့မဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးကြီးသည် သီးနှံမျိုးစုံအများဆုံးစိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်းကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးထွက်သီးနှံများ အများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

      ပခုက္ကူမြို့မဈေးကြီးအတွင်း၌ (၂၀၂၃) ခုနှစ်၊ မတ်လ (၁၁) ရက် မှ (၁၇) ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၄၀၀) ထိ၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ် (၁၀၀၀ မှ ၁၂၀၀) ထိ၊ အာလူး (၁) ပိဿာလျှင် ကျပ်(၂၁၀၀ မှ ၂၂၀၀) ထိ၊ ငရုတ်သီး (စိမ်း) (၁) ပိဿာလျှင် ကျပ် (၄၀၀၀)၊ ငရုတ်သီးခြောက်(အရှည်) (၁) ပိဿာလျှင် ကျပ် (၁၅၀၀၀ မှ ၁၆၀၀၀) ထိ၊ ငရုတ်သီးခြောက် (အပု) (၁) ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၆၀၀) ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) (၁) ပိဿာလျှင် ကျပ် (၅၈၀၀ မှ ၆၃၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ ဂေါ်ဖီ (၁) ထုပ်လျှင် ကျပ် (၇၀၀ မှ ၈၀၀) ထိ၊ ပဲတောင့်ရှည် (၁) ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၁၇၀၀) ထိ၊ ပဲရာဇာ (ပဲနီလေး) (၁) ပြည်လျှင် ကျပ် (၈၅၀၀ မှ ၉၀၀၀) ထိ၊ ကန်စွန်းရွက် (၃) စည်းလျှင် ကျပ် (၂၀၀)၊ မုန်လာဥဖြူ (၁ ) ဥလျှင် ကျပ်(၁၀၀ မှ ၁၅၀) ထိ၊ သကြားပြောင်းဖူး (၃) ဖူးလျှင် ကျပ်(၁၀၀၀)၊ ကန်စွန်းဥ (၁) ပိဿာလျှင် ကျပ် (၉၀၀ မှ ၁၀၀၀) ထိ၊ ပန်းမုန်လာ (၁) ပွင့်လျှင် ကျပ် (၇၀၀ မှ ၁၀၀၀) ထိ၊ ချင်းတက်/ပေါက် (၁) ပိဿာလျှင် ကျပ် (၁၉၀၀ မှ ၂၀၀၀) ထိ၊ သက်ရက်(သခွား)သီးစိမ်း (၃) လုံးလျှင် ကျပ်(၁၀၀)၊ မန်ကျည်းသီးမှည့် (အစေ့လွတ်) (၁) ပိဿာလျှင် ကျပ် (၃၅၀၀ မှ ၄၀၀၀) ထိ၊ မြေပဲဆံ (၁) ပိဿာလျှင် ကျပ် (၆၆၀၀ မှ ၇၀၀၀) ထိ၊ ကုလားပဲခြမ်း (၁) ပြည်လျှင် ကျပ် (၅၅၀၀ မှ ၅၆၀၀) ထိနှင့် ဆား (၁) ပိဿာလျှင် ကျပ် (၆၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ(၁၅)ရက်နေ့မှ မတ်လ (၂၁)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (၁ ပိဿာ)ကျပ် ၁၀၀၀ မှ ၁၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၂၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဥနီ (၁ ပိဿာ) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၄၅၀၀ အတွင်း၊ ဗူးသီး (၁ လုံး) ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း (၁ ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ၁ ပိဿာ ကျပ် ၁၁၀၀ မှ ၁၈၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) (၁ ပိဿာ)ကျပ် ၃၂၀၀ မှ ၆၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁ ပိဿာ) ကျပ် ၃၈၀၀ မှ ၄၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၆၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် ( ၁ စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်( ၁ စီး) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်)( ၁ ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ သံပရာသီး( ၁ လုံး)ကျပ် ၈၅ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) ( ၁ ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀၀၀ မှ ၅၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၀၅၃၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၄၁၆၅၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၃၇၃၃)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၂၉၀၀)ကျော်၊ ဂေါ်ဖီထုပ် ပေါင်း (၁၇၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၀၁၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၉၅၅၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၁၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

ပခုက္ကူ၌ အစေ့ထုတ်ပြောင်း (CP) ဈေးကောင်းရလျက်ရှိ

    ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေမြို့တွင် ပြောင်းစိုက်ဧက (၄၀)၊ ရေစကြိုမြို့နယ်တွင် ဧက (၉၀၀၀) ကျော်၊ ပေါက်မြို့နယ်တွင် ဧက (၅၀၀၀) ကျော်ဖြင့် (CP) ပြောင်း အများဆုံးစိုက်ပျိုးထွက်ရှိ သောနေရာများဖြစ်ပါသည်။ အစေ့ထုတ်ပြောင်း (CP) ကို ပြည်တွင်းသုံးစွဲမှုအနေဖြင့် မွေးမြူရေးလုပ်ငန်းအတွက် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြသည့်အပြင် ပြည်ပသို့ပါတင်ပို့နိုင်သဖြင့် ယခုအချိန်တွင် အရောင်းအဝယ်များစွာဖြစ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင်လည်း နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်နေ့လျှင် (၃၀) ပိဿာဝင် အိတ်ရေ (၉၀၀) မှ (၁၀၀၀ )ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာမှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်ပေါ်စအချိန်တွင်(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၇၅၀၀) ရှိသော်လည်း ယခု ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယ) ပတ်တွင် (၃၀) ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၂၀၂၀၀) ထိဈေးတက်နေပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

     ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသကဲ့သို့ စိုက်ပျိုးသူတောင်သူများကလည်း အကျိုးအမြတ်များရရှိကြောင်း၊ ပြောင်းစိုက်ဧက (၅)ဧကစိုက်ပျိုးလျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ သွင်းအားစုများဈေးမြင့်လာသောကြောင့် (၅)သိန်းဝန်းကျင်ခန့်ကုန်ကျသော်လည်း တစ်ဧကအထွက်နှုန်းမှာ (၆၂) တင်းဝန်းကျင်ထွက်ရှိသောကြောင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ (၆)သိန်းနီးပါးရရှိပြီး ယခုအခါတွင် အစေ့ထုတ်ပြောင်း (CP) သီးနှံကို များစွာတိုးချဲ့စိုက်ပျိုးနေကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

     အစေ့ထုတ်ပြောင်း (CP) ကို ပြန်လည်ဖြန့်ဖြူးရာတွင် ဒေသတွင်းအနေဖြင့် မွေးမြူရေးအစာကုန်ကြမ်းထုတ်လုပ်သော ကြိတ်ခွဲစက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်တွင်းဒေသအနှံ့အပြားနှင့် ထိုင်း၊ တရုတ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။အစေ့ထုတ်ပြောင်း (CP) သီးနှံအနေဖြင့် ယခုအခါတွင် ဈေးကောင်းရရှိပြီး ဈေးကွက်ခိုင်မာမှုရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့နေရသောကြောင့် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ စျေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အတွင်း မကွေးမြို့၊ မြို့မစျေးတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (၁) ပြည်လျှင် ကျပ် (၅၀၀၀)၊ မြောင်းမြပေါ်ဆန်း (၁) ပြည်လျှင် ကျပ် (၃၅၀၀)၊ ကုန်းဇောင်း(ဧရာပဒေသာ) (၁) ပြည်လျှင် ကျပ် (၃၈၀၀)၊ မြောင်းမြ (ဧရာပဒေသာ) (၁) ပြည်လျှင် ကျပ် (၃၀၀၀)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်သွန်နီလက်လီစျေးမှာ (ကြီး) တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ (လတ်) တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ (သေး) တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်ဖြူလက်လီစျေးမှာ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၄၅၀၀)၊ ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ မကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ် (၃၅၀၀မှ ၇၀၀၀) တွင်း၊ ဆားတစ်ပိဿာလျှင် ကျပ် (၅၀၀ မှ ၁၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀ မှ ၂၂၀၀) အတွင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၅၀၀) နှင့် ကြက်ဥလက်လီစျေးမှာ တစ်လုံးလျှင် ကျပ် (၂၂၀ မှ ၂၆၀)ထိဖြစ်ပါသည်။ မြို့မစျေး၏ အသားငါးစျေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၄၀၀၀)ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀ မှ ၁၆၀၀၀)ထိ၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀ မှ ၁၈၀၀၀) ထိ၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀ မှ ၁၆၀၀၀) ထိ၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၁၈၀၀၀ မှ ၂၀၀၀၀) ထိ၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၈၀၀၀ မှ ၁၆၀၀၀) ထိ ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

     စားသုံးဆီစျေးနှုန်းမှာ ပဲဆီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၇၂၀၀) ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မစျေးအတွင်းရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

     တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ပဲယင်း(နီ)သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

     ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ တစ်နိုင်တစ်ပိုင်စတင်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူထံမှသိရပါသည်။

    တောင်သူ ဦးမြင့်ကိုက ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ) (၀.၅)ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာ၍ ပဲယင်း(နီ)ကို စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက စိုက်ပျိုးခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသရာသီဥတုနှင့်ကိုက်ညီမှုရှိခြင်းကြောင့် ပဲယင်း(နီ)ကို ကြက်သွန်နီသီးနှံအား အစားထိုးစိုက်ပျိုးကြောင်း၊ ဂျပန်ပဲယင်း(နီ)မျိုးများကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းကြောင်း၊ (၀.၅)ဧကလျှင် ပဲယင်း(နီ) နှစ်ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး အလုပ်သမားငှားရမ်းရမှုနည်းခြင်း၊ သွင်းအားစုနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းများမပြုလုပ်ရကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်း၊ ဂျပန်ပဲယင်း(နီ)တစ်ဧကအထွက်နှုန်းမှာ တင်း(၃၀ မှ ၄၀)ထိထွက်ရှိကြောင်း၊ (၀.၅)ဧကစိုက်ပျိုးထားပြီး ရေမြေရာသီဥတုကောင်းမွန်ခြင်းကြောင့် ပဲယင်းမှာ တင်း (၂၀) ခန့်ထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်စ၌ ဒေသပေါက်ဈေးမှာ ကျပ်(၇၀၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၁၄)သိန်းခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ဝန်းကျင်ခန့်ကုန်ကျခဲ့၍ ကျပ်(၁၂)သိန်းခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ)စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြပါကြောင်း ဒေသခံတောင်သူ ဦးမြင့်ကိုထံမှ သိရှိရပါသည်။

     ဂျပန်ပဲယင်း(နီ)သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်သောသီးနှံဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိပြီး စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူရရှိသောသီးနှံဖြစ်၍ စိုက်တောင်သူများ နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၃.၂၀၂၃ )

      ၂၃.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း