ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံတွင် ဆော့ဝဲလ် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ခဲ့သည့် Volkswagen နှင့် XPeng

             Volkswagen ကုမ္ပဏီနှင့် XPeng ကုမ္ပဏီတို့သည် တရုတ်နိုင်ငံလျှပ်စစ်အနုပညာ (CEA) အသုံးချမှုနယ်ပယ်ချဲ့ထွင်ခြင်းအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ၂၀၂၇ ခုနှစ်မှ စတင်၍ Volkswagen သည် ၎င်း၏ လျှပ်စစ်ကားများတွင် CEA များကို စတင်မိတ်ဆက်မည်ဖြစ်ကြောင်းနှင့် combustion အင်ဂျင် နှင့် plug-in hybrid မော်ဒယ်များကို ထုတ်လုပ်တော့မည် ဖြစ်ကြောင်း သိရပါသည်။ ဗဟိုကွန်ပျူတာယူနစ်များနှင့်အတူ CEA သည် ပိုမိုကောင်းမွန်သော ဘေးကင်းမှုအတွက် အဆင့်မြင့်မောင်းနှင်မှု အကူအညီစနစ်များနှင့် AI နည်းစနစ်ပါရှိသော ယာဥ်မောင်းလက်ကိုင်များကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ CEA သည် လျှပ်စစ်ထိုင်းချုပ်မှုယူနစ်များ ပါဝင်မှုကို လျော့ချပေးမည်ဖြစ်ကြောင်း နှင့် စနစ်ရှုပ်ထွေးမှုများ ကိုပါ ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ XPeng ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံရှိ Volkswagen ကုမ္ပဏီအတွက် နောက်ထပ် မှတ်တိုင်တစ်ခုဖြစ်ပြီး နည်းဗျဟာမြောက်လုပ်ဆောင်မှုဖြစ်ကြောင်း သိရပါသည်။ ၂၀၃၀ ခုနှစ်တွင် Volkswagen ကုမ္ပဏီသည် ခန့်မှန်းခြေ လျှပ်စစ်ကားမော်ဒယ်အသစ် ၃၀ မျိုးထုတ်လုပ်ရန် စီစဥ်ထားကြောင်း သိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                        

တရုတ်နိုင်ငံသို့ ဒူးရင်းသီးများတိုက်ရိုက်တင်ပို့နေသည့် ကမ္ဘောဒီးယားနိုင်ငံ

          ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပိုးထားသော ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ မကြာသေးမီ ရက်သတ္တပတ်များအတွင်းတင်ပို့ခဲ့ပြီး အဆိုပါတင်ပို့မှုသည် နှစ်နိုင်ငံကြား လတ်ဆတ်သော အသီးအနှံများကို လေကြောင်းကုန်သွယ်မှုဖြင့် ပထမဆုံးတင်ပို့ခြင်းဖြစ်ကြောင်း သိရပါသည်။ အလေးချိန် တန်ချိန် ၂ တန်ခန့်ရှိသော အဆိုပါ ဒူးရင်းသီးများကို လေအေးပေးစနစ်ထောက်ပို့မှုဖြင့် ၄ နာရီ အတွင်းတရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသားများအနေဖြင့် လတ်ဆတ်သောဒူးရင်းသီးများကို သုံးဆောင်မှုများရရှိခဲ့ကြောင်း တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ဒူးရင်းသီးသည် လက်ရှိတွင် ငှက်ပျောသီး၊ သရက်သီး၊ ကြက်မောက်သီး၊ အုန်းသီးပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရှိသော ပဥ္စမ‌မြောက်အသီးအနှံဖြစ် ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဒူးရင်းသီးများကို ဟက်တာဧက ၁၁၀၀၀ ကျော် တွင် စိုက်ပျိုးလျက်ရှိပြီး နှစ်စဥ်တန်ချိန် ၁၂၀၀၀၀ ကျော်ခန့် ထုတ်လုပ်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံအခွန်ရုံးမှ အသိမှတ်ပြုလက်မှတ်ရရှိထားသော စိုက်ပျိုးခြံ ၁၁၃ ခြံနှင့် ထုတ်လုပ်ရေးလုပ်ငန်းပေါင်း ၃၀ ခုရှိကြောင်း သိရပါသည်။ ၂၀၀၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် တစ်ခြားနိုင်ငံများမှ ဒူးရင်းတင်ပို့မှုစျေးကွက်ဝင်ရောက်ခွင့်ကို ချဲ့ထွင်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားသုံးသူစျေးကွက်ဖြစ်ပြီး ယခင်နှစ်တွင် ဒေါ်လာ ၇ ဘီလီယံတန်ကြေးရှိသော အသီးအနှံများကို တင်သွင်းခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိသော အသီးအနှံများကို တင်ပို့ခဲ့ပြီး ဗီယက်နမ်နိုင်ငံ သည်လည်း ဒေါ်လာ ၂.၉ ဘီလီယံ တန်ကြေးရှိသော အသီးအနှံများကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ယခင်နှစ်တွင် ဒူးရင်းသီးတင်ပို့မှုများ ကျဆင်းခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် ဒူးရင်းသီး တန်ချိန် ၇၀၈၁၉၀ ခန့်တင်သွင်းခဲ့ပြီး ယခင်နှစ် ထက် ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: VN Express 

DOCA (ရန်ကုန်)                                                                  

ထိုင်ဝမ် Semiconductor ထုတ်လုပ်မှုမြင့်တက်နိုင်ဖွယ်ရှိ

          ထိုင်ဝမ်အစိုးရမှ ထောက်ပံ့ပေးနေသော စက်မှုနည်းပညာသုတေသနဌာန (ITRI) သည် ၂၀၂၅ ခုနှစ်တွင် AI အသုံးချမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားများလာမှုကြောင့် ၎င်း၏ semiconductor လုပ်ငန်း ထုတ်လုပ်မှုမျှော်မှန်းတန်ဖိုးကို ၂၂ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ITRI က ပြည်တွင်း Semiconductor ထုတ်လုပ်သည့်လုပ်ငန်းများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် NT ဒေါ်လာ ၆.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁၆.၆၇ ဘီလီယံ)ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်းနှင့် ယခင်နှစ်အစောပိုင်းကာလထက် ၂၂.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက ပြည်တွင်း Semiconductor ထုတ်လုပ်မှုစွမ်းဆောင်ရည် သည် IC ထုတ်လုပ်မှုထက် ပိုမိုကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် ချစ်ပ်ထုတ်လုပ်သည့်အဖွဲ့အစည်း Taiwan Semiconductor Manufacturing Co.(TSMC) ၏ ၂၀၂၅ ခုနှစ်အတွက် ၎င်း၏ ခန့်မှန်းရောင်းအားသည် ၂၄ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်းနှုန်း သို့ မြင့်တက်လာခြင်းအပြီးတွင် ITRI ၏ ခန့်မှန်းချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ Focus Taiwan ၏ အစီရင်ခံစာအရ TSMC သည် ကွန်ပျူတာစွမ်းအင်အတွက် လိုအပ်သော ကမ္ဘာ့စျေးကွက်ဝယ်လိုအားမြင့်နိုင်မှုကို ယူဆောင်ပေး နိုင်သည့် အဆင့်မြင့် ချစ်ပ်ဆက်များ ထုတ်လုပ်ရေးအတွက် လမ်းပြမှုများကို ထောက်ပံ့ပေးနေကြောင်း သိရပါသည်။ ITRI ၏ အဆိုအရ IC ထုတ်လုပ်ရေးကဏ္ဍမှ NT ‌ဒေါ်လာ ၄.၃၆ ထရီလီယံခန့်ထုတ်ပေးနေပြီး ယခင်နှစ်ခန့်မှန်း တန်ဖိုးနှင့် နှိုင်းယှဥ်လျှင် ၂၃.၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ IC ဒီဇိုင်း‌ရေးဆွဲ ခြင်း ကဏ္ဍသည် ယခုနှစ်တွင် ထုတ်လုပ်မှုတန်ဖိုး NTဒေါ်လာ ၁.၀၆ထရီလီယံအထိ ရောက်ရှိခဲ့ပြီး  ယခင်နှစ်ခန့်မှန်းတန်ဖိုးထက် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဒုတိယသုံးလပတ်ကာလတွင် ထိုင်ဝမ် semiconductor ထုတ်လုပ်မှုမှ NTဒေါ်လာ ၁.၆ ထရီလီယံခန့်ရရှိခဲ့ပြီး ပထမသုံးလပတ် ကာလထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ITRI သည် ပြည်တွင်း semiconductor ထုတ်လုပ်မှုလုပ်ငန်းကို တတိယသုံးလပတ်ကာလတွင် NTဒေါ်လာ ၁.၆၈ ထရီလီယံ အထိရရှိရန် မျှော်မှန်းထားပြီး အစောပိုင်းသုံးလပတ်ကာလများထက် ၄.၈ ရာခိုင်နှုန်းမြင့် တက်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် IC ထုတ်လုပ်မှုကဏ္ဍကို NTဒေါ်လာ ၁.၁၅ သန်း ရရှိရန်နှင့် ယခင်ကာလများထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်နိုင်ရန်မျှော်မှန်းထားကြောင်း သိရပါသည်။

Source: livemint.com

DOCA (ရန်ကုန်)                                                                 

၂၀၃၀ ခုနှစ်တွင် ဝင်ငွေများ ပီဆို ၇ ထရီလီယံအထိ ရရှိရန်မျှော်မှန်းနေသည့် ဖိလစ်ပိုင်နိုင်ငံမှ DOF

          ဖိလစ်ပိုင်အစိုးရသည် စီးပွားရေးတိုးတက်ကောင်းမွန်မှုများနှင့် ဘဏ္ဍာရေးအခြေအနေ ခိုင်မာလာခြင်းတို့ကြောင့် ၂၀၃၀ ခုနှစ်တွင် ပီဆို ၇ ထရီလီယံအထိ ရရှိရန်မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန  (DOF) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ သြဂုတ်လ ၂၀ ရက်နေ့တွင် ဘဏ္ဍာရေးမှူးဆိုသူ Ralph Recto က အစိုးရသည် ၂၀၃၀ ခုနှစ်တွင် ဝင်ငွေ ၇.၁၃ ထရီလီယံ ရရှိရန် စီမံကိန်းများရေးဆွဲနေပြီး ပိုမိုသန်မာကောင်းမန်သော ဘဏ္ဍာနှစ်ကို ဦးတည်နေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ပြည်တွင်းဝင်ငွေဗျူရို (BIR) သည် ပီဆို ၅.၅၁ ထရီလီယံ ထောက်ပံ့ ပေးမည်ဖြစ်ပြီး အခွန်ဗျူရို (BOC) သည် ပီဆို ၁.၂၈ ထရီလီယံ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Recto ၏ အဆိုအရ အဆိုပါဝင်ငွေအလားအလာခန့်မှန်းခြေသည် အစိုးရ ဝင်ငွေထုတ်လုပ်မှုလမ်းကြောင်းကို အရှိန်အဟုန်မြှင့်ရန်ရည်ရွယ်၍ အသစ်ထုတ်ပြန်လိုက်သည့် မြို့ပြစျေးကွက်အကျိုးဖြစ်ထွန်းမှုမြှင့်တင်ခြင်းဥပဒေနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် အခွန် ပေးဆောင်ရခြင်းစသည့် ဥပဒေသစ်များထုတ်ပြန်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်တွင် အစိုးရ၏ အသုံးစရိတ် ပီဆို ၆.၀၈ ထရီလီယံသည် အခွန်ဝင်ငွေ ပီဆို ၄.၅၂ ထရီလီယံနှင့် အခွန်မဟုတ်သောဝင်ငွေ ပီဆို ၃၀၆.၅ ဘီလီယံ တို့ထက် ကျော်လွန်၍ ထုတ်ပေးရခြင်းကြောင့် ဘဏ္ဍာရေးလိုငွေ ပီဆို ၁.၅၆ ထရီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Philstar 

DOCA (ရန်ကုန်)                                                                       

ရှန်ကျင်းမြို့သည် ဇန်နဝါရီ-ဇူလိုင်လတွင် တရုတ်မြို့များ၏ နိုင်ငံခြားကုန်သွယ်ရေးတွင် ဦးဆောင်နေ

           တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့သည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လအတွင်း နိုင်ငံခြားကုန်သွယ်မှုမှာ ယွမ် ၂.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆၁.၇ ဘီလီယံခန့်) ရရှိခဲ့ပြီး တရုတ်ပြည်မကြီးရှိ မြို့များအနက် ပထမနေရာတွင် ရပ်တည်နေခဲ့ကြောင်း ရှန်ကျန်း အကောက်ခွန်ဌာနက သြဂုတ်လ ၁၉ရက်နေ့က ပြောကြားခဲ့ပါသည်။

          ဇူလိုင်လတွင် ရှန်ကျန်း၏ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ယွမ် ၄၁၅.၉၄ ဘီလီယံ သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ပို့ကုန် စုစုပေါင်းမှာ ယွမ် ၂၅၅.၆၂ ဘီလီယံ ရှိပြီး ယခုနှစ်အတွက် လစဉ်ပို့ကုန် ၄.၇ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးစံချိန်သစ်ကို မှတ်တမ်းတင်ခဲ့ပါသည်။သွင်းကုန်များမှာ ၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် ၁၆၀.၃၂ ဘီလီယံ ရရှိခဲ့ပါသည်။

          လျှပ်စစ်စက်မှုပို့ကုန်များသည် ပထမ ခုနှစ်လတွင် ၇၄.၇ရာခိုင်နှုန်း ရှိခဲ့ပြီး ယွမ် ၁.၁၇ ထရီလီယံ ရရှိခဲ့ပါသည်။မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းများသည် ခိုင်မာသောတိုးတက်မှု ရှိခဲ့ပြီး လစ်သီယမ် ယက်ထရီနှင့် လျှပ်စစ်ကားပို့ကုန်မှာ ၃၇.၉ ရာခိုင်နှုန်းနှင့် ၂၁.၇ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။ ဆားကစ်တင်ပို့မှုမှာ ၄၀.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

          လျှပ်စစ်ပစ္စည်းများလိုအပ်ချက်မြင့်တက်လာမှုကြောင့် ရှန်ကျန်း၏ လျှပ်စစ်စက်မှုပစ္စည်း များ သွင်းကုန်သည် ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ရှန်ကျန်း၏ ကုန်သွယ်မှုလုပ်ငန်းများသည် ပုဂ္ဂလိကလုပ်ငန်းများကြောင့် ယွမ် ၁.၈ ထရီယံ ရရှိခဲ့ပြီး ၆၉.၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                                   

ထိုင်းနိုင်ငံ၏ ပဲပုပ်နှင့် အုန်းသီး တင်သွင်းမှု ရေရှည်တည်တံ့ရန်ပြင်ဆင်

           စီးပွားရေးဝန်ကြီးဌာနသည် လုံလောက်သော ထောက်ပံ့မှုများကို ထိန်းသိမ်းရန် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရန်၊ တောင်သူများ အကျိုးအမြတ် ရရှိစေရန် ပဲပုပ်နှင့် အုန်းသီးများ ဈေးကွက်ဖွင့်လှစ်ပြီး တင်သွင်းနိုင်ရန် စီစဉ်နေပါသည်။

       စီးပွားရေးဝန်ကြီး Jatuporn Buruspat သည် ယခုနှစ်ပထမဆုံးအကြိမ် ကျင်းပသော ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ကော်မတီအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ပဲပုပ်နှင့် အုန်းဆီများကို မှီခိုနေသော စက်ရုံများအတွက် ကုန်ကြမ်းများ လုံလောက်စွာရရှိစေရန်နှင့် ဒေသခံလယ်သမားများကို ဆက်လက်ကာကွယ်ပေးရန် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစား အတည်ပြုခဲ့ပါသည်။

        သီးနှံဈေးနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်းရန်နှင့် စက်မှုလုပ်ငန်းသုံးအတွက် လုံလောက်သော ကုန်ကြမ်းထောက်ပံ့ပေးနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

          နောက်ထပ်ရည်မှန်းချက်တစ်ခုမှာ ၂၀၂၆- ၂၀၂၈ ခုနှစ်မှ စ၍ ပဲပုပ်ဆီနှင့် ၄င်း၏ အစိတ် အပိုင်းများ၊ အုန်းသီး၊ အုန်းသီးခြောက်နှင့် အုန်းဆီတို့ကို ထိုင်းနိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO)၏  လယ်ယာစိုက်ပျိုးရေး သဘောတူညီချက်နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ ညီချက်များ (FTAs) အရ ကတိပြုထားသည့်အတိုင်း ဈေးကွက်ဖွင့်လှစ်ခြင်းနှင့် တင်သွင်းခြင်းကို စီမံခန့်ခွဲရန်ဖြစ်ပါသည်။ တင်သွင်းမှုများသည် ပြင်တွင်းဈေးကွက်အပေါ် အခြေခံမည်ဖြစ်ကြောင်း သိရပါသည်။

          မစ္စတာ Jatuporn က အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ထုတ်ကုန်များအတွက် ထိရောက်သော စီမံခန့်ခွဲမှုကို ထူထောင်ရန်နှင့် ထိုင်းတောင်သူများ၏ အကျိုးစီးပွားကို  ဦးစားပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

           တောင်သူများအတွက် မျှတသောဈေးနှုန်းများ ရရှိစေရန်နှင့် စက်မှုလုပ်ငန်းများ လိုအပ်သောကုန်ကြမ်းများ ရရှိစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

Source: Bangkok Post 

DOCA (ရန်ကုန်)                                                                        

တောင်ကိုရီးယားနိုင်ငံ၏ ထုတ်လုပ်မှုပေါက်ဈေးများ ဇူလိုင်လတွင် ဒုတိယအကြိမ် ဈေးနှုန်းမြင့်တက်

         လယ်ယာထွက်ကုန်နှင့် ရေနံထွက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်ကိုရီးယား ပေးသွင်းသူများကြားတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ နှစ်လဆက်တိုက်မြင့် တက်ခဲ့ကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် ရရှိသော ဗဟိုဘဏ် အချက်အလက်များအရ သိရပါသည်။

          ထုတ်လုပ်မှုပေါက်ဈေးအညွှန်းကိန်း (PPI) သည် ကုန်ခဲ့သည့်လက ၀.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ဇူလိုင်လတွင် ၀.၄  ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကိုရီးယားဘဏ် (BOK) က ပြောကြားခဲ့ပါသည်။

         စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း ထွက်ကုန်များ၏ ကုန်ပစ္စည်းပေးသွင်းသူများ အကြား ဈေးနှုန်းသည် ဇူလိုင်လတွင်၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဇွန်လတွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ထက် ပိုမိုမြန်ဆန်ခဲ့ခြင်း ဖြစ်ပါသည်။

          ရေနံထွက်ကုန်ပစ္စည်းများ အပါအဝင် စက်မှုထုတ်ကုန်ပစ္စည်းများသည် ဇူလိုင်လတွင် လစဉ်အခြေပြု၍ ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

        ကျောက်မီးသွေးနှင့် ရေနံထွက်ကုန်များ၏ ဈေးနှုန်းသည် ဇူလိုင်လတွင် ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လက ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများသည် ဂဏန်းတစ်လုံးသာ မြင့်တက်ခဲ့ပါသည်။

          လျှပ်စစ်၊သဘာဝဓာတ်ငွေ့နှင့် ရေ ဈေးနှုန်းသည် ဇူလိုင်လတွင် ယခင်လကထက် ၁.၁ ရာခိုင်နှုန်း သုံးလဆက်တိုက် ကျဆင်းလျက်ရှိပါသည်။

         ဝန်ဆောင်မှုဈေးနှုန်းသည် သယ်ယူပို့ဆောင်ရေး၊ စာသောက်ဆိုင်နှင့် တည်းခိုခန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်မြင့်မာခြင်းကြောင့် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                                    

ပြည်ပဆန်သတင်း (၁၄ -၈-၂၀၂၅ မှ ၂၀-၈-၂၀၂၅ အထိ)

                 ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃ ဖြင့်လည်းကောင်း ပေါင်းဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၈၈ ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

                ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့် ဈေးနှုန်း အနည်းငယ်မြင့် တက်လျက်ရှိပြီး၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၂ ဖြင့် ဈေးနှုန်း  အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ဆန်ကွဲဈေးနှုန်း ဖော်ပြထားခြင်း မရှိပါ။

                အိန္ဒိယ ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ ဖြင့်  ဈေးနှုန်း အနည်းငယ်မြင့် တက်လျက်ရှိပြီး ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၃၆၄ ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်းသိရှိရသည်။

                ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉ ဖြင့် လည်းကောင်း၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၁ ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၄ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပြီး ဆန်ကွဲဈေးနှုန်း ဖော်ပြထားခြင်းမရှိကြောင်းသိရှိရပါသည်။

Source  : Thai Rice Exporter

DOCA(ရန်ကုန်)

ယူကရိန်းနိုင်ငံ၏ စပါးနှင့် ဆီထွက်သီနှံရိတ်သိမ်းမှုသည် ၂၀၂၅-၂၀၂၆ တွင် ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြ

          ယူကရိန်းနိုင်ငံ၏ စပါးနှင့် ဆီထွက်သီးနှံရိတ်သိမ်းမှုသည် ၂၀၂၅-၂၀၂၆ စျေးကွက်နှစ်တွင် တန်ချိန် ၇၃.၄ သန်းခန့်အထိ ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု Ukrainian Agribusiness Club (UCAB) ၏ ခန့်မှန်းချက်အရသိရသည်။ UCAB မှ သြဂုတ်လ ၂၀ ရက်နေ့တွင်ထုတ်ပြန်သော ခန့်မှန်းချက်တစ်ခုအရ စပါးအထွက်နှုန်းမှာ တန်ချိန် ၅၄.၆ သန်းမှ ၃ ရာခိုင်နှုန်းကျဆင်း ဖွယ်ရှိပြီး ဆီထွက်သီးနှံအထွက်နှုန်း ၁၁ ရာခိုင်နှုန်းမှ တန်ချိန် ၁၈.၈ သန်းသို့ ကျဆင်းမည်ဖြစ် ကြောင်းသိရသည်။ အထူးသဖြင့် လယ်သမားများသည် စပါးတန်ချိန် ၂၆.၇ သန်း၊ ဂျုံတန်ချိန် ၂၁ သန်းနှင့် နေကြာစေ့တန်ချိန် ၁၀.၁ သန်းရိတ်သိမ်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။ ယူကရိန်း ဆန်စပါးအသင်း၏ အဆိုအရ ဇွန်လ ၃၀ ရက်နေ့က ကုန်ဆုံးခဲ့သည် ၂၀၂၄-၂၀၂၅ စျေးကွက်ရှာဖွေရေးနှစ်တွင် ယူကရိန်းစပါးနှင့် ဆီထွက်သီးနှံတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၆.၇ သန်း ရှိပြီးယခင်ရာသီကတန်ချိန် ၅၇.၅ သန်းထက်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                           

ဥဇဘက်ကစ္စတန်နိုင်ငံသည် ၂၀၂၅ ဇန်နဝါရီမှ ဇူလိုင်လအထိ အမေရိကန်‌ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိ ချယ်ရီသီးများ တင်ပို့ရောင်းချနိုင်ခဲ့

          ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုနှစ်ပထမ ခုနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိချယ်ရီသီးများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။      ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဇွန်လအထိ ဥဇဘတ်ကစ္စတန်နိုင်ငံမှ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၁ သန်းရှိသော ချယ်ရီသီးတန်ချိန် ၂၅၂၀၀ အား ပြည်ပနိုင်ငံ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ တင်ပို့ရောင်းချသည့် နိုင်ငံများအနက်မှ ရုရှားနိုင်ငံသည် ချယ်ရီသီးတန်ချိန် ၁၈၂၀၀ တင်သွင်းခဲ့ပြီး ကာဇက်စတန်နိုင်ငံမှ တန်ချိန် ၃၆၀၀၊ ကာဂျစ်စတန်နိုင်ငံမှ တန် ချိန် ၂၇၀၀ အသီးသီးတင်သွင်းခဲ့သည်။

          ဥဇဘက်ကစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်တွင် ၆.၅ ရာခိုင်တိုးတက်လာစေရန် အစိုးရမှကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း Eurasian Development Bank ၏ ထုတ်ပြန်ချက်ကို ကိုးကားထားသော ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                            

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ