ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်းရောင်းချလျက်ရှိသောရှမ်းနနွင်း

         ကယားပြည်နယ်ဈေးကွက်အတွင်းတွင်ရှမ်းနနွင်းသည် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသော နနွင်းမျိုးဖြစ်ပါသည်။ နနွင်းကို စာဖိုဆောင်များတွင်ပုံမှန်သုံးစွဲနေကြသောကြောင့် စျေးကွက် အတွင်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခုနှစ်နနွင်းဈေးသည် ယခင်နှစ်နနွင်းဈေးများ ထက်ကျဆင်းလျက်ရှိပါသည်။ ယခင်နနွင်းလက်ကျန်အတော်အများ ကျန်ရှိနေသောကြောင့်  နနွင်းတစ်ပိဿာစျေးနှုန်း အနိမ့်ဆုံး ၄၀၀၀ိ/- မှ အမြင့်ဆုံး ၅၀၀၀ိ/ အထိသာရောင်းချလျက်ရှိနေသည် ဟု လွိုင်ကော်မြို့သီရီမင်္ဂလာဈေးအတွင်းရောင်းချနေသော ဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းသို့ဝင်ရောက်လာသောထိုင်ဝမ်ဇီးသီး

      ကယားပြည်နယ် သစ်သီးဝလံဈေးကွက်တွင် အရောင်းသွက်လာသောထိုင်ဝမ်ဇီးသီးကို လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်လည်းကောင်း ၊ပျံကျဈေးတို့တွင်လည်းကောင်းများစွာ ရောင်းချ လျှက်ရှိပါသည်။ ထိုင်ဝမ်ဇီးသီးကို စဉ့်ကိုင်မြို့ တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ယခုဇန်နဝါရီလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ထိုင်ဝမ်ဇီးသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့်ရောင်းချကြကြောင်းသီရိမင်္ဂလာဈေးတွင် ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၆.၂.၂၀၂၃)

        ၆.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

      တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၅.၂.၂၀၂၃)

         ၅.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကလေးဒေသ၏ ငြုတ်သီးစျေးကွက်

      ကလေးမြို့နယ်တွင် ငြုတ်သီးပင်များကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် ပျိုးထောင်ကာ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် သီးညှပ်ငြုတ်သီးများ စတင်သီးပြီး ဖေဖော်ဝါရီလတွင် ငြုတ်သီးများ လှိုင်လှိုင်ကောက်ယူရမည်ဖြစ်ပါသည်။ ယခင်နှစ်များက ငြုတ် တစ်ပိဿာလျင် ဖောက်သည်ဈေး ( ၁၅၀၀ - ၂၀၀၀ ) ကျပ် ဝန်းကျင်သာ ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ကလေးမြို့မှ ငြုတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့်အတွက် ငြုတ်သီးဈေးကွက်မှာ ဖောက်သည်ဈေး တစ်ပိဿာ ( ၇၀၀၀ - ၈၀၀၀ ) ကျပ် ဈေးနှုန်းသို့ ရောက်ရှိခဲ့ပြီး လက်လီဈေးကွက်တွင် တစ်ပိဿာလျင် ( ၁၀၀၀၀ ) ကျပ် ဈေးနှုန်းမြှင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

          ထိုကဲ့သို့ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ဒေသထွက် ငြုတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့် ကာလတွင် မုံရွာ၊ မန္တလေးမြို့များမှ မှာယူရောင်းချလျက်ရှိရာ မုံရွာ - ကလေး ကားလမ်းများ ( ၁၉.၁.၂၀၂၃ ) မှ ( ၂၇.၁.၂၀၂၃ ) ရက်နေ့ထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသတွင်း လိုအပ်ချက်များအရ ငြုတ်သီးဈေးနှုန်းများ မြှင့်တက်ရခြင်းဖြစ်ပါကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်) လျှင် ၆၅၀၀၀ကျပ်၊ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၀၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း) (တစ်အိတ်) လျှင် ၄၈၀၀၀ ကျပ်၊ ငစိန်ဆန်(သစ်) (တစ်အိတ်) လျှင် ၄၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၉၅၀-၁၂၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာ ဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ)လျှင်၆၄၀၀-၆၄၅၀ကျပ်၊ ဆား(တစ်ပိဿာ) လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၆၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၂၀၀ မှ ၄၅၀၀ ကျပ်၊ ကြက် သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၄၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၄၃၀၀-၄၅၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၂၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ ဈေးအနည်းငယ်တက်နေပါကြောင်း၊ ဆန် ဈေးနှုန်းတက်ရခြင်းမှာ ဆန်(အဟောင်း)များ လက်ကျန်မရှိသလောက် နည်းပါးလာခြင်း၊ စပါးထွက်ပေပြီး ယခုအချိန်သည် သိုလှောင်ထားရန် ရည်ရွယ်သူများက ဝယ်ယူသည့် အချိန်ဖြစ်ခြင်းကြောင့် စပါး/ဆန်ဈေးနှုန်းများ တက်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ (ရှမ်းစ)ဈေး အနည်းငယ် တက်နေပြီး၊ မန်ကျည်းမှည့်ဈေး အနည်ငယ်ကျဆင်းနေပါသည်။ ကြက်သွန်နီ(သစ်) ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှု ရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်း ဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်း ဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။   

DOCA(စစ်ကိုင်း)  

                                                                                                                                                             

“ မြို့ညွန့်‌အောင် ” ဝါကြိတ်စက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊မုံရွာခရိုင်ဦးစီးရုံးမှခရိုင်ဦးစီးမှူး၊ဒုခရိုင်ဦးစီးမှူးနှင့် စစ်ဆေး ရေး အရာရှိ(၂)ဦးတို့သည် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ “မြို့ညွန့်အောင်” ဝါကြိတ်စက် လုပ်ငန်းအားသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်ရုံ၏ကုန်ကြမ်း ရရှိမှု၊ ထုတ်လုပ်မှု၊ဈေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ မေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က ယခုကာလသည် ဝါအသစ်များပေါ်ချိန်ဖြစ်၍ ချင်းတွင်းမြစ် တစ်ဖက်ကမ်းရှိ ယင်းမာပင်ခရိုင်အတွင်းရှိမြို့နယ်များမှ လာရောက်ရောင်းချကြကြောင်း လက်ရှိဈေးနှန်းများအနေဖြင့်ဝါတစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀)ကျပ်၊ဝါဂွမ်း တစ်ပိဿာ (၆၇၀၀)ကျပ်၊ဝါစေ့ဆီတစ်ပိဿာလျှင်(၆၄၀၀)ကျပ်၊ဝါကြိတ်ဖတ်တစ်ပိဿာလျှင်(၁၀၅၀)ကျပ်နှင့်ဝါစေ့တစ်ပိဿာလျှင် (၁၁၅၀)-၁၂၀၀)ကျပ် ရှိပြီး  ကြိတ်ခွဲရရှိသော ဝါဂွမ်းကို မန္တလေးမြို့ရှိ (CYT)  စက်ရုံသို့တင်ပို့ရောင်းချကြောင်း ဆွေးနွေးသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

        တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၄.၁၉၁)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၂.၀၄၁) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဇန်နဝါရီလ(၂၇)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၇၁၄)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၇၉) စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁.၅၉၃)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.၅၆၄)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၅.၀၇၀)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၃.၆၃၄)ဖြစ်၍ (၁)နှစ်စာလျာထားချက်အပေါ်(၁၈.၆၇၇)%ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှဇန်နဝါရီလ (၂၇)ရက်နေ့အထိ (၁၀)လတာ လျာထားချက်အပေါ် (၂၄.၄၇၈)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

       တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးနှင့်ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

                                               

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီးဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင်ရှိပြီး တစ်နှစ်စာပျမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်းသိရှိရပါသည်။

        မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက်(၅ )မျိုးရှိပါသည်။ ယခုလက်ရှိ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခုအပတ်တွင်   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ၁၄၅၀ ကျပ်နှုန်း၊ RSS-5 တစ်ပေါင်လျှင်  ၁၃၅ဝ ကျပ်နှုန်းပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာ အဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်းသိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ခြေကိုက်လျက်ရှိသောကြောင့် ‌ရော်ဘာအစေးခြစ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းမြင့်တက်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်းသိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခမှာ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)ကျပ်နှုန်းရှိကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း