ညောင်တုန်းမြို့နယ်၏ သိုလှောင်ရုံမှတ်ပုံတင် လုပ်ငန်းများ၏ စက်တင်ဘာလ စပါး/ဆန် လက်ကျန်အခြေအနေများ

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သိုလှောင်ရုံ မှတ်ိပုံတင်ပြီး လုပ်ငန်း ၇၄ခုရှိပြီး သက်တမ်းတိုးလုပ်ငန်းများကို တစ်နှစ်ပြည်မီသူလုပ်ငန်းရှင်များ သက်တမ်းတိုးဆောင်ရွက်လျက်ရှိသည်။ ၁၀-၁၀-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ညောင်တုန်းမြို့နယ်မှ ကွင်းဆင်း၍ စပါးဆန် လက်ကျန်စားရင်းများကို အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တင်ပြလာသော စာရင်းများအရသိရသည်။
ညောင်တုန်းမြို့နယ် အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ သက်တမ်းပြည်မီသူ လုပ်ငန်းရှင်များကလည်း သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သလို လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင် များကိုလည်း လုပ်ငန်းများကိုယ်တိုင် My Ro စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပြီး အောက်တိုဘာလများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ စပါးအနေဖြင့် တောင်သူ ၈၀၈၉၈၂ တင်း၊ စက်ပိုင် ၅၇၇၈၉၄တင်း၊ ကုန်သည် ၁၄၀၀၀တင်း နှင့် ဆန်တောင်သူ ၉၈၀၀ အိတ်၊ စက်ပိုင် ၆၆၇၄၉၄အိတ်၊ ကုန်သည် ၄၁၉၅ အိတ် ရှိကြောင်း သိရပြီး စက်တင်ဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှု အရသိရသည်။
DOCA(ဧရာဝတီ)










